unicode
"၂၀၂၀ မှာ တိုးတက်ပြောင်းလဲတဲ့ လူတစ်ယောက်အဖြစ်ရပ်တည်ဖို့ လိုက်နာပြင်ဆင်သင့်တဲ့ အချက်များ"
ကဲ ၂၀၁၉ ဆိုတဲ့ နှစ်တစ်နှစ်ဟာ ကုန်ဆုံးဖို့ နှစ်လသာ လိုပါတော့တယ်။ သင့်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း သင့်ရဲ့ အောင်မြင် တိုးတက်မှု တွေကို အားရကျေနပ်မှုတွေ ရှိခဲ့ပါသလား။
ပြောင်းလဲခြင်းဆိုတာ အချိန်တိုင်းဖြစ်ပေါ်နေပါတယ်။ ကိုယ်ရဲ့ဘဝ တိုးတက်ဖို့အတွက် အခြား သူတွေရဲ့ လုပ်ဆောင်မှုထက် ကိုယ်ကိုယ်ကို တိုးတက်အောင်လုပ်တာ အမှန်ကန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
နှစ်တစ်နှစ်ကိုပြောင်းလဲရောက်ရှိလာပြီဖြစ်တာကြောင့် ဒီနှစ်အတွက် ပြောင်းလဲခြင်းတွေကို စတင်လုပ်ဆောင်ဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။ ပြောင်းလဲတိုးတက်ဖို့အတွက် ပြင်ဆင်ရမယ့် အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ကျန်းမာရေးကောင်းအောင်လေ့ကျင့်ပါ။
ကျန်းမာရေးကောင်းမွန်ခြင်းဟာ အကောင်းဆုံးဆုလဒ်ဆိုတဲ့အတိုင်း တိုးတက်မှုတွေ လုပ်ဆောင်ဖို့အတွက် ကျန်းမာ နေဖို့ လိုအပ်ပါတယ်။
(၂) ကိုယ်ကိုယ်ကိုဂရုစိုက်ပါ။
လူတွေဟာကိုယ်ကိုယ်ကို ဂရုစိုက်မှုပြုလုပ်ကြပေမဲ့ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ဂရုစိုက်မှုတွေလျော့ နည်းတတ် ပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုများတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ပိုဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။
(၃) ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ဖို့ လေ့လာပါ။
တိုးတက်လာတဲ့ခေတ်မှာ ဘာသာစကားကျွမ်းကျင်မှု ဟာ ဘဝရဲ့တိုးတက်မှုအတွက် အကောင်းဆုံး အထောက်အကူ တစ်ခုဖြစ်လာမှာပဲ ဖြစ်ပါတယ်။
(၄) တိကျတဲ့ ရည်ရွယ်ချက်ကို ချမှတ်ပါ။
(၅) ဖန်တီးမှုအသစ်၊ တွေးခေါ်မှုအသစ်တွေကို ပြုလုပ်နိုင်အောင် လုပ်ဆောင်ပါ။
(၆) ကိုယ်ရဲ့ တွေးခေါ်ထားတဲ့အကြောင်းအရာတွေကို လုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာဖွေပါ။
(၇) သင်ယူလေ့လာစရာရှိတာတွေကို ဆက်လက်သင်ယူပြီး ကိုယ်ကိုယ်ကို တိုးတက်မှုရှိအောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(၈) စွန့်စားပြီး လုပ်ကိုင်ရမယ့်အကြောင်းအရာမျိုးတွေ ရှိခဲ့မယ်ဆိုရင်လည်း သတ္တိရှိရှိ၊ မှန်ကန်စွာလုပ်ကိုင်နိုင်ဖို့ ပြင်ဆင်ရပါမယ်။
(၉) အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အခက်အခဲ ဆိုတာ အောင်မြင်ခြင်းတွေဆီကို သွားဖို့ လှေကား ထစ်တွေပဲ ဖြစ်ပါတယ်။
(၁၀) ရည်မှန်းချက် မြှင့်မြှင့်ထားပါ။ တိုးတက်ချင်တဲ့သူတွေဟာ ရည်မှန်းချက်ကြီးကြီးမားမား ထားပြီး ရောက်ဖို့ အတွက် ပုံမှန်ကြိုးစား ကြပါတယ်။