×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 13 November 2019

“ဆုံးျဖတ္ခ်က္ခ်ျခင္း အႏုပညာ”

“ဆုံးျဖတ္ခ်က္ခ်ျခင္း အႏုပညာ” google.com

တကယ္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဘ၀ကို ဆုံးျဖတ္ခ်က္ေတြနဲ႔ တည္ေဆာက္ထားပါတယ္။

မနက္မိုးလင္း ႏႈိးစက္ျမည္လို႔ ႏိုးသြားတယ္ဆိုရင္ ႏႈိးစက္ကို ပိတ္ၿပီး ျပန္အိပ္မလား၊ အိပ္ရာထမလား ဆိုတာကေန စဆုံးျဖတ္ရတာ တစ္ေနကုန္လုံးပါပဲ။ ဘာစားမလဲ၊ ဘယ္လမ္းကေန သြားမလဲ၊ ဘာကားစီးမလဲ၊ စသျဖင့္ စသျဖင့္ေပါ့။ အဲ့လို နိစၥဓူ၀ လုပ္ေနရတဲ့ ဆုံးျဖတ္ခ်က္ေတြ ရွိသလို၊ ဘ၀တစ္ခုလုံးနဲ႔ ဆိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြလည္း လုပ္ေနၾကရတာပဲ။ တကၠသိုလ္၊ အသက္ေမြး၀မ္းေက်ာင္းအလုပ္၊ လုပ္မယ့္ အဖြဲ႕အစည္း၊ အိမ္ေထာင္ဖက္ စသျဖင့္ ေ႐ြးခ်ယ္ေနၾကရတယ္၊ ဆုံးျဖတ္ခ်က္ေတြ ခ်ေနၾကရတယ္။

ဒီဆုံးျဖတ္ခ်က္ အမွန္အမွားေပၚ မူတည္ၿပီး ကြၽန္ေတာ္တို႔ ဘဝေတြလည္း ေအာင္ျမင္တယ္၊ မေအာင္ျမင္ဘူး ဆိုၿပီး ကြဲျပားလာၾကတယ္။ ၁၀ တန္းေအာင္တုန္းက တူတူပဲ၊ ဒါေပမဲ့ ဘယ္တကၠသိုလ္ တက္လိုက္သလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ကြာျခားကုန္ၾကတယ္။ အဲ့လိုပဲ၊ တကၠသိုလ္ ၿပီးသြားတာခ်င္း တူတူပဲ၊ ဘာဆက္လုပ္သလဲ၊ ဘယ္အလုပ္အကိုင္ကို ေ႐ြးလိုက္သလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ဘဝေတြ မတူၾကေတာ့ျပန္ဘူး။ အိမ္ေထာင္ဖက္ အေ႐ြးမွားလို႔ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္သူေတြလည္း အမ်ားႀကီးပဲ ေတြ႕ဖူးၾကပါလိမ့္မယ္။

ဒီအတြက္ ကြၽန္ေတာ္တို႔ေတြဟာ ဆုံးျဖတ္ခ်က္ေတြ မွန္မွန္ကန္ကန္ ခ်တတ္ဖို႔ လိုတယ္။ ဒီအတြက္ ထည့္စဥ္းစားစရာ အခ်က္တခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။

 

၁။ သတင္းအခ်က္အလက္ (Information)

ဆုံးျဖတ္ခ်က္ေတြ မွန္ဖို႔အတြက္ အေျခခံအက်ဆုံး လိုအပ္ခ်က္ဟာ ဘာလဲလို႔ေမးရင္ Information ပဲ။ ဘယ္ဆုံးျဖတ္ခ်က္မဆို မ်ားမ်ားသိေအာင္ လုပ္ၿပီးမွ ခ်တဲ့ ဆုံးျဖတ္ခ်က္ဟာ အမွန္ႏိုင္ဆုံးပါပဲ။

ဥပမာ ဒီ႐ုံးမွာ ကိုယ္ေတြ႕ခ်င္တဲ့လူ ရွိတယ္ ဆိုတာ သိၿပီးမွ ႐ုံးကို လာမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ရင္ မွန္ႏိုင္တာေပါ့။ ရွိမွန္းမသိ မရွိမွန္းမသိဘဲ တျခားအေရးႀကီးတာတစ္ခုကို ဖ်က္ၿပီးမွ လာခဲ့လိုက္ရင္ မေတာ္တဆ အဲဒီလူက ရွိမေနဘူးဆို လာတာ မွားသြားႏိုင္တယ္။

တကၠသိုလ္ ေ႐ြးခ်ယ္မယ္၊ ဘ၀လမ္းေၾကာင္း ေ႐ြးခ်ယ္မယ္ ဆိုလည္း အဲ့လို မ်ားမ်ားသိေအာင္ လုပ္ႏိုင္ဖို႔က သိပ္အေရးႀကီးတယ္။ အိမ္က တက္ခိုင္းလို႔၊ သူငယ္ခ်င္းေတြလည္း အတူတက္ၾကလို႔ ဆိုၿပီး ဒီအတိုင္း ေဆးတကၠသိုလ္ကို လာတက္မယ့္အစား ဒီတကၠသိုလ္ရဲ႕ အေၾကာင္း၊ ဆရာ၀န္ဘ၀ရဲ႕ အေၾကာင္းေတြ မ်ားမ်ားသိေအာင္ ႀကိဳးစားသင့္တယ္။ ဒါဆို တက္သင့္ မတက္သင့္ ဆုံးျဖတ္တဲ့ေနရာမွာ ပိုမွန္ႏိုင္တာေပါ့။

ဒီေတာ့ မ်ားမ်ားသိေအာင္ ဘယ္လိုလုပ္မလဲ။

အ႐ိုးရွင္းဆုံးနဲ႔ အထိေရာက္ဆုံး နည္းလမ္းကေတာ့ စာဖတ္ပါ ဆိုတာပဲ။ ဟုတ္တယ္၊ စာမဖတ္ရင္ အသိမႂကြယ္ဘူး၊ အသိမႂကြယ္ရင္ လူေတြအေၾကာင္း မသိ၊ ဘဝေတြအေၾကာင္း မသိ၊ ဒီအခါ ဆုံးျဖတ္သမွ် အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ျဖစ္ကုန္ေရာ။ လွည့္ခံ ပတ္ခံ လိမ္ခံ ညာခံရေရာ။ ေခတ္နဲ႔ မ်က္ျခည္ျပတ္ကုန္ေရာ။

ဒီေန႔ေခတ္မွာ စာအုပ္ဖတ္တာ တစ္ခုတည္းကပဲ အသိပညာ ရွာေဖြတာမ်ိဳးလည္း မဟုတ္ေတာ့ဘူး။ အင္တာနက္ သုံးမယ္၊ You tube ၾကည့္မယ္၊ သတင္း၀က္ဘ္ဆိုက္ေတြ ၀င္ဖတ္မယ္၊ ႐ုပ္သံေတြၾကည့္မယ္၊ ဒါေတြဟာလည္း အသိပညာ ရွာေဖြေနတာပဲ။

ေနာက္တစ္ခ်က္၊ ကိုယ္ကိုယ္တိုင္ ေလ့လာရမွာေတြ ရွိသလို တစ္ဖက္ကလည္း ကိုယ့္ထက္ ဝါႀကီး၊ ပညာႀကီးတဲ့သူေတြဆီကေနလည္း ဆည္းပူးရလိမ့္မယ္။

ဥပမာ ကိုယ္က ေဆးေက်ာင္းတက္ေတာ့မယ္ဆို ဆရာ၀န္တစ္ေယာက္ကို ေမးၾကည့္တာမ်ိဳးေပါ့။ သူတို႔ေတြနဲ႔ စကားေျပာၾကည့္၊ ျဖစ္ႏိုင္ မျဖစ္ႏိုင္ ေမးၾကည့္၊ အႀကံဉာဏ္ေတာင္းၾကည့္။

ဒါဆို ကိုယ့္အေနနဲ႔ ေသခ်ာဆုံးျဖတ္ႏိုင္တာေပါ့။ ဒါေၾကာင့္ ဆုံးျဖတ္ခ်က္တစ္ခုခ်ဖို႔ ရႈေထာင့္စုံစုံ သိရေအာင္ လူမ်ားမ်ားကို ေမး။ လူမ်ားမ်ားကို ခ်ဥ္းကပ္။ မိတ္ေကာင္းေဆြေကာင္းေတြ ရွိေအာင္လုပ္။

ဆရာေကာင္းသမားေကာင္းေတြ ရွိေအာင္လုပ္။သူတို႔ေတြဟာ ကိုယ့္ဆုံးျဖတ္ခ်က္ေတြ မွန္ေအာင္ အေကာင္းဆုံး ကူညီေပးလိမ့္မယ္။

Recommended For You >>> ရင့္က်က္လာသူေတြရဲ႕ သဘာဝ

 

၂။ ေၾကာင္းက်ိဳးဆက္စပ္ စဥ္းစားႏိုင္စြမ္း (Logical thinking)

အသိပညာ ၿပီးသြားရင္ ေနာက္ထပ္တစ္ခ်က္က ေၾကာင္းက်ိဳးဆက္စပ္ စဥ္းစားႏိုင္စြမ္း ျဖစ္ပါတယ္။ ဘာလို႔ဆိုေတာ့ ကိုယ္ရသမွ်၊ ကိုယ့္ကို လာေပးသမွ် သတင္းအခ်က္အလက္တိုင္းဟာ မမွန္ႏိုင္ပါဘူး။

တခ်ိဳ႕က ရည္႐ြယ္ခ်က္နဲ႔ လိမ္မယ္။ တခ်ိဳ႕က သူတို႔အေတြ႕အႀကဳံသက္သက္ကိုပဲ အေျခခံၿပီး လာေျပာမယ္။ ဒါေတြကို တစ္ထစ္ခ် ယုံလိုက္လို႔ မရဘဲ ကိုယ့္ဦးေႏွာက္နဲ႔ကိုယ္ စဥ္းစားေတြးေခၚရမယ္။

ဥပမာ မာ့ခ္ဇူကာဘတ္တို႔ တကၠသိုလ္ တစ္၀က္တစ္ပ်က္နဲ႔ ေအာင္ျမင္တိုင္း ကိုယ္က ေက်ာင္းလိုက္ထြက္လို႔ မရဘူး။

ဘာလို႔ဆိုေတာ့ သူတို႔ႏိုင္ငံနဲ႔ ကိုယ့္ႏိုင္ငံ၊ သူတို႔ပညာေရးစနစ္နဲ႔ ကိုယ့္ပညာေရးစနစ္ မတူဘူး။ သက္ေသာင့္သက္သာ ျဖစ္ေနတဲ့ Comfort zone ထဲက ထြက္ပါဆိုလို႔ အလုပ္ထြက္ၿပီး ကိုယ္ပိုင္လုပ္ငန္း လုပ္လိုက္တာ ဒုကၡျဖစ္ကုန္သူေတြ မနည္းဘူး။ ဒါေၾကာင့္ သတင္းအခ်က္အလက္နဲ႔တင္ မရဘူး။ စနစ္တက် စဥ္းစားေတြးေခၚတတ္ဖို႔လည္း လိုေသးတယ္။

 

၃။ စိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ႏိုင္စြမ္း (Emotional control)

တတိယေျမာက္နဲ႔ ဒီေဆာင္းပါးမွာ အႀကံျပဳခ်င္တဲ့ ေနာက္ဆုံးတစ္ခ်က္ေတာ့ စိတ္ခံစားခ်က္ (Emotion) ပါ။

လူဟာ စိတ္ခံစားခ်က္ လြန္ကဲေနခ်ိန္ ခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္ဟာ မွားႏိုင္ပါတယ္။ စိတ္ဆိုးတုန္းခဏ ေျပာလိုက္မိတဲ့ စကားေၾကာင့္ တစ္သက္လုံး ေနာင္တရေနရတာမ်ိဳးေတြဟာ အေကာင္းဆုံး ဥပမာပဲေပါ့။

စိတ္ဆိုးေနတာကို မထိန္းလိုက္ႏိုင္တဲ့အခါ မေျပာသင့္တဲ့ စကားကို ေျပာမယ္ ဆိုတဲ့ ဆုံးျဖတ္ခ်က္ ခ်မိလိုက္တယ္၊ တခ်ိဳ႕လူငယ္ေတြဆိုလည္း မိဘကို အ႐ြဲ႕တိုက္ခ်င္စိတ္နဲ႔ ျဖစ္ခ်င္ရာျဖစ္ ဆိုၿပီး လုပ္လိုက္မိလို႔ အဆင္မေျပ ျဖစ္ေနရတယ္ ဆိုတာေတြ အမ်ားႀကီးပဲ။

ဒါေၾကာင့္ တခုခုကို ဆုံးျဖတ္ေတာ့မယ္ ဆိုတဲ့အခါတိုင္း စိတ္ခံစားခ်က္ေတြကို ထိန္းႏိုင္ရင္ အေကာင္းဆုံးပါပဲ။ ဝိတ္ခ်ေနတုန္း ကိုယ္သိပ္ႀကိဳက္တဲ့ အစားအစာကို ေတြ႕တဲ့အခါ မစားဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်ႏိုင္ေအာင္ စိတ္ဘယ္လိုထိန္းမလဲ ဆိုတဲ့ အေသးအဖြဲကေန ဘ၀လမ္းေၾကာင္း ေ႐ြးခ်ယ္တာ၊ မိသားစုနဲ႔ ပတ္သက္တာေတြလို အေရးႀကီးကိစၥေတြအားလုံးအတြက္ ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ ဒီစိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဟာ သိပ္အေရးႀကီးပါတယ္။

ဒါေၾကာင့္ ေဆာင္းပါးတစ္ပုဒ္လုံးကို အႏွစ္ျပန္ခ်ဳပ္ရရင္ ကြၽန္ေတာ္တို႔ဘ၀မွာ ေအာင္ျမင္ဖို႔၊ ေပ်ာ္႐ြင္ဖို႔၊ အဓိပၸါယ္ရွိဖို႔အတြက္ ဆုံးျဖတ္ခ်က္ေတြ မွန္ဖို႔ လိုပါတယ္။

ကိုယ္ဆုံးျဖတ္လိုက္တဲ့ ကိစၥတစ္ခုဟာ မွန္တယ္ မွားတယ္ ႀကိဳမသိႏိုင္တဲ့ အေျခအေနမွာ တတ္ႏိုင္သေလာက္ေတာ့ အမွားနည္းေအာင္ လုပ္ၾကရမွာပါပဲ။ ဒီအတြက္ သတင္းအခ်က္အလက္ မ်ားမ်ားစုဖို႔ (Information)၊ ေၾကာင္းက်ိဳးဆက္စပ္ စဥ္းစားတတ္ဖို႔ (Logical thinking) နဲ႔ စိတ္ခံစားခ်က္ေတြကို ထိန္းႏိုင္ဖို႔ (Emotional control) ဆိုတဲ့ အခ်က္ ၃ ခ်က္ကေတာ့ အေရးႀကီးဆုံး ျဖစ္မယ္လို႔ ယူဆလို႔ ဒီေဆာင္းပါးေလးကတစ္ဆင့္ ေဝမွ်လိုက္ရတာ ျဖစ္ပါတယ္။ တစ္စုံတစ္ရာ အက်ိဳးရွိမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

(မွတ္ခ်က္ - သဃၤန္းကြၽန္း ဆရာအတတ္သင္​ ပညာ​ေရးေကာလိပ္ ​ေ႐ႊရတုႏွစ္ပတ္လည္ မဂၢဇင္းပါ ​ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္)

Recommended For You >>> "အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု"


Credit : ေဒါက္တာ ၿဖိဳးသီဟ

 

UNICODE

“ဆုံးဖြတ်ချက်ချခြင်း အနုပညာ”

တကယ်တော့ ကျွန်တော်တို့ရဲ့ ဘဝကို ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားပါတယ်။ မနက်မိုးလင်း နှိုးစက်မြည်လို့ နိုးသွားတယ်ဆိုရင် နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်မလား၊ အိပ်ရာထမလား ဆိုတာကနေ စဆုံးဖြတ်ရတာ တစ်နေကုန်လုံးပါပဲ။ ဘာစားမလဲ၊ ဘယ်လမ်းကနေ သွားမလဲ၊ ဘာကားစီးမလဲ၊ စသဖြင့် စသဖြင့်ပေါ့။ အဲ့လို နိစ္စဓူ၀ လုပ်နေရတဲ့ ဆုံးဖြတ်ချက်တွေ ရှိသလို၊ ဘဝတစ်ခုလုံးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေလည်း လုပ်နေကြရတာပဲ။ တက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းအလုပ်၊ လုပ်မယ့် အဖွဲ့အစည်း၊ အိမ်ထောင်ဖက် စသဖြင့် ရွေးချယ်နေကြရတယ်၊ ဆုံးဖြတ်ချက်တွေ ချနေကြရတယ်။

ဒီဆုံးဖြတ်ချက် အမှန်အမှားပေါ် မူတည်ပြီး ကျွန်တော်တို့ ဘဝတွေလည်း အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုပြီး ကွဲပြားလာကြတယ်။ ၁၀ တန်းအောင်တုန်းက တူတူပဲ၊ ဒါပေမဲ့ ဘယ်တက္ကသိုလ် တက်လိုက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကွာခြားကုန်ကြတယ်။ အဲ့လိုပဲ၊ တက္ကသိုလ် ပြီးသွားတာချင်း တူတူပဲ၊ ဘာဆက်လုပ်သလဲ၊ ဘယ်အလုပ်အကိုင်ကို ရွေးလိုက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဘဝတွေ မတူကြတော့ပြန်ဘူး။ အိမ်ထောင်ဖက် အရွေးမှားလို့ အောင်မြင်သင့်သလောက် မအောင်မြင်သူတွေလည်း အများကြီးပဲ တွေ့ဖူးကြပါလိမ့်မယ်။

ဒီအတွက် ကျွန်တော်တို့တွေဟာ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချတတ်ဖို့ လိုတယ်။ ဒီအတွက် ထည့်စဉ်းစားစရာ အချက်တချို့ကို ပြောပြချင်ပါတယ်။

 

၁။ သတင်းအချက်အလက် (Information)

ဆုံးဖြတ်ချက်တွေ မှန်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဟာ ဘာလဲလို့မေးရင် Information ပဲ။ ဘယ်ဆုံးဖြတ်ချက်မဆို များများသိအောင် လုပ်ပြီးမှ ချတဲ့ ဆုံးဖြတ်ချက်ဟာ အမှန်နိုင်ဆုံးပါပဲ။

ဥပမာ ဒီရုံးမှာ ကိုယ်တွေ့ချင်တဲ့လူ ရှိတယ် ဆိုတာ သိပြီးမှ ရုံးကို လာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရင် မှန်နိုင်တာပေါ့။ ရှိမှန်းမသိ မရှိမှန်းမသိဘဲ တခြားအရေးကြီးတာတစ်ခုကို ဖျက်ပြီးမှ လာခဲ့လိုက်ရင် မတော်တဆ အဲဒီလူက ရှိမနေဘူးဆို လာတာ မှားသွားနိုင်တယ်။

တက္ကသိုလ် ရွေးချယ်မယ်၊ ဘဝလမ်းကြောင်း ရွေးချယ်မယ် ဆိုလည်း အဲ့လို များများသိအောင် လုပ်နိုင်ဖို့က သိပ်အရေးကြီးတယ်။ အိမ်က တက်ခိုင်းလို့၊ သူငယ်ချင်းတွေလည်း အတူတက်ကြလို့ ဆိုပြီး ဒီအတိုင်း ဆေးတက္ကသိုလ်ကို လာတက်မယ့်အစား ဒီတက္ကသိုလ်ရဲ့ အကြောင်း၊ ဆရာဝန်ဘဝရဲ့ အကြောင်းတွေ များများသိအောင် ကြိုးစားသင့်တယ်။ ဒါဆို တက်သင့် မတက်သင့် ဆုံးဖြတ်တဲ့နေရာမှာ ပိုမှန်နိုင်တာပေါ့။

ဒီတော့ များများသိအောင် ဘယ်လိုလုပ်မလဲ။

အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ စာဖတ်ပါ ဆိုတာပဲ။ ဟုတ်တယ်၊ စာမဖတ်ရင် အသိမကြွယ်ဘူး၊ အသိမကြွယ်ရင် လူတွေအကြောင်း မသိ၊ ဘဝတွေအကြောင်း မသိ၊ ဒီအခါ ဆုံးဖြတ်သမျှ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ရော။ လှည့်ခံ ပတ်ခံ လိမ်ခံ ညာခံရရော။ ခေတ်နဲ့ မျက်ခြည်ပြတ်ကုန်ရော။

ဒီနေ့ခေတ်မှာ စာအုပ်ဖတ်တာ တစ်ခုတည်းကပဲ အသိပညာ ရှာဖွေတာမျိုးလည်း မဟုတ်တော့ဘူး။ အင်တာနက် သုံးမယ်၊ You tube ကြည့်မယ်၊ သတင်းဝက်ဘ်ဆိုက်တွေ ဝင်ဖတ်မယ်၊ ရုပ်သံတွေကြည့်မယ်၊ ဒါတွေဟာလည်း အသိပညာ ရှာဖွေနေတာပဲ။

နောက်တစ်ချက်၊ ကိုယ်ကိုယ်တိုင် လေ့လာရမှာတွေ ရှိသလို တစ်ဖက်ကလည်း ကိုယ့်ထက် ဝါကြီး၊ ပညာကြီးတဲ့သူတွေဆီကနေလည်း ဆည်းပူးရလိမ့်မယ်။

ဥပမာ ကိုယ်က ဆေးကျောင်းတက်တော့မယ်ဆို ဆရာဝန်တစ်ယောက်ကို မေးကြည့်တာမျိုးပေါ့။ သူတို့တွေနဲ့ စကားပြောကြည့်၊ ဖြစ်နိုင် မဖြစ်နိုင် မေးကြည့်၊ အကြံဉာဏ်တောင်းကြည့်။

ဒါဆို ကိုယ့်အနေနဲ့ သေချာဆုံးဖြတ်နိုင်တာပေါ့။ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချဖို့ ရှုထောင့်စုံစုံ သိရအောင် လူများများကို မေး။ လူများများကို ချဉ်းကပ်။ မိတ်ကောင်းဆွေကောင်းတွေ ရှိအောင်လုပ်။

ဆရာကောင်းသမားကောင်းတွေ ရှိအောင်လုပ်။သူတို့တွေဟာ ကိုယ့်ဆုံးဖြတ်ချက်တွေ မှန်အောင် အကောင်းဆုံး ကူညီပေးလိမ့်မယ်။

Recommended For You >>> ရင့်ကျက်လာသူတွေရဲ့ သဘာဝ

 

၂။ ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်း (Logical thinking)

အသိပညာ ပြီးသွားရင် နောက်ထပ်တစ်ချက်က ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်း ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ရသမျှ၊ ကိုယ့်ကို လာပေးသမျှ သတင်းအချက်အလက်တိုင်းဟာ မမှန်နိုင်ပါဘူး။

တချို့က ရည်ရွယ်ချက်နဲ့ လိမ်မယ်။ တချို့က သူတို့အတွေ့အကြုံသက်သက်ကိုပဲ အခြေခံပြီး လာပြောမယ်။ ဒါတွေကို တစ်ထစ်ချ ယုံလိုက်လို့ မရဘဲ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ရမယ်။

ဥပမာ မာ့ခ်ဇူကာဘတ်တို့ တက္ကသိုလ် တစ်ဝက်တစ်ပျက်နဲ့ အောင်မြင်တိုင်း ကိုယ်က ကျောင်းလိုက်ထွက်လို့ မရဘူး။

ဘာလို့ဆိုတော့ သူတို့နိုင်ငံနဲ့ ကိုယ့်နိုင်ငံ၊ သူတို့ပညာရေးစနစ်နဲ့ ကိုယ့်ပညာရေးစနစ် မတူဘူး။ သက်သောင့်သက်သာ ဖြစ်နေတဲ့ Comfort zone ထဲက ထွက်ပါဆိုလို့ အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်လိုက်တာ ဒုက္ခဖြစ်ကုန်သူတွေ မနည်းဘူး။ ဒါကြောင့် သတင်းအချက်အလက်နဲ့တင် မရဘူး။ စနစ်တကျ စဉ်းစားတွေးခေါ်တတ်ဖို့လည်း လိုသေးတယ်။

 

၃။ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း (Emotional control)

တတိယမြောက်နဲ့ ဒီဆောင်းပါးမှာ အကြံပြုချင်တဲ့ နောက်ဆုံးတစ်ချက်တော့ စိတ်ခံစားချက် (Emotion) ပါ။

လူဟာ စိတ်ခံစားချက် လွန်ကဲနေချိန် ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ မှားနိုင်ပါတယ်။ စိတ်ဆိုးတုန်းခဏ ပြောလိုက်မိတဲ့ စကားကြောင့် တစ်သက်လုံး နောင်တရနေရတာမျိုးတွေဟာ အကောင်းဆုံး ဥပမာပဲပေါ့။

စိတ်ဆိုးနေတာကို မထိန်းလိုက်နိုင်တဲ့အခါ မပြောသင့်တဲ့ စကားကို ပြောမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချမိလိုက်တယ်၊ တချို့လူငယ်တွေဆိုလည်း မိဘကို အရွဲ့တိုက်ချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ် ဆိုပြီး လုပ်လိုက်မိလို့ အဆင်မပြေ ဖြစ်နေရတယ် ဆိုတာတွေ အများကြီးပဲ။

ဒါကြောင့် တခုခုကို ဆုံးဖြတ်တော့မယ် ဆိုတဲ့အခါတိုင်း စိတ်ခံစားချက်တွေကို ထိန်းနိုင်ရင် အကောင်းဆုံးပါပဲ။ ဝိတ်ချနေတုန်း ကိုယ်သိပ်ကြိုက်တဲ့ အစားအစာကို တွေ့တဲ့အခါ မစားဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် စိတ်ဘယ်လိုထိန်းမလဲ ဆိုတဲ့ အသေးအဖွဲကနေ ဘဝလမ်းကြောင်း ရွေးချယ်တာ၊ မိသားစုနဲ့ ပတ်သက်တာတွေလို အရေးကြီးကိစ္စတွေအားလုံးအတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဒီစိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

ဒါကြောင့် ဆောင်းပါးတစ်ပုဒ်လုံးကို အနှစ်ပြန်ချုပ်ရရင် ကျွန်တော်တို့ဘဝမှာ အောင်မြင်ဖို့၊ ပျော်ရွင်ဖို့၊ အဓိပ္ပါယ်ရှိဖို့အတွက် ဆုံးဖြတ်ချက်တွေ မှန်ဖို့ လိုပါတယ်။

ကိုယ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုဟာ မှန်တယ် မှားတယ် ကြိုမသိနိုင်တဲ့ အခြေအနေမှာ တတ်နိုင်သလောက်တော့ အမှားနည်းအောင် လုပ်ကြရမှာပါပဲ။ ဒီအတွက် သတင်းအချက်အလက် များများစုဖို့ (Information)၊ ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်ဖို့ (Logical thinking) နဲ့ စိတ်ခံစားချက်တွေကို ထိန်းနိုင်ဖို့ (Emotional control) ဆိုတဲ့ အချက် ၃ ချက်ကတော့ အရေးကြီးဆုံး ဖြစ်မယ်လို့ ယူဆလို့ ဒီဆောင်းပါးလေးကတစ်ဆင့် ဝေမျှလိုက်ရတာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

(မှတ်ချက် - သင်္ဃန်းကျွန်း ဆရာအတတ်သင် ပညာရေးကောလိပ် ရွှေရတုနှစ်ပတ်လည် မဂ္ဂဇင်းပါ ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်)

Recommended For You >>> "အသက် ၂၀ ကျော်လာရင် သင့်အနေနဲ့ မဖြစ်မနေ စွန့်လွှတ်လိုက်သင့်တဲ့ အရာ (၉) ခု"

 


Credit : ဒေါက်တာ ဖြိုးသီဟ

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:50
Rate this articles
(0 votes)