×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 14 November 2019

"ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖုိ႔အတြက္ ၾကိဳးစားေနသူတုိင္းအတြက္ Leadership Management Style သင္ခန္းစာအတုိ"

"ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖုိ႔အတြက္ ၾကိဳးစားေနသူတုိင္းအတြက္ Leadership Management Style သင္ခန္းစာအတုိ" google.com

ဒီသင္ခန္းစာကေတာ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖုိ႔အတြက္ အေထာက္အပံ့ေပးတဲ့ Leadership Management Style ““tannenbaum & schmidt continuum leadership model” အေၾကာင္းကို ေဆြးေႏြး တင္ျပလိုပါတယ္။

သင့္အေနနဲ႔ ဒီသင္ခန္းစာကုိေလ့လာျပီး မိမိေရာက္ရွိရာေနရာမွ မိမိလက္ေအာက္ငယ္သားေတြကုိ ဘယ္လုိကုိင္တြယ္ရမလဲ ၊ အခုလက္ရွိအေနနဲ႔ဆိုရင္ ကိုယ္က ဘယ္လိုနည္းနဲ႔အုပ္ခ်ဳပ္ေနသလဲ၊ ၀န္ထမ္းေတြရဲ႕ Motivation ကလည္း မိမိအုပ္ခ်ဳပ္ေနတဲ့ ပံုစံနဲ႔ ဘယ္လိုဆက္စပ္ေနသလဲဆိုတာကို ဆုိတာကုိ သေဘာေပါက္နားလည္သြားမယ္လုိ႔ ယုံၾကည္ပါတယ္။
အဒီကအားျဖင့္ Leadership Management Style (7) မ်ိဳးရွိပါတယ္။


• Tell
• Sell
• Consult
• Share
• Delegate
• Empower
• Abdicate ဆုိျပီး ရွိၾကပါတယ္။

asasasasdff

 

 

ဒီ Style (၇) မ်ိဳးမွာ အဓိပၸါယ္ကုိယ္စီရွိၾကပါတယ္။ ရွင္းျပေပးပါမယ္..။


Tell - ဆုံးျဖတ္ခ်က္ခ်ျခင္း၊ ေၾကညာျခင္းလုိ႔ အဓိပၸါယ္ရတယ္။ သူကေျပာတဲ့အဆင့္၊ ခုိင္းတဲ့အဆင့္မွာရွိပါတယ္။ ေမးခြန္းျပန္ထုတ္ခြင့္မရွိပါဘူး။

လုပ္ဆုိရင္လုပ္ မလုပ္နဲ႔ဆုိမလုပ္နဲ႔ ဆုိတဲ့ Level တစ္ခုမွာရွိပါတယ္။ အဲ့ဒီအတြက္ ၀န္ထမ္းေတြက သင့္ရဲ႕ ခုိင္းေစတဲ့အတိုင္းကို လုပ္ကိုင္ရမွာျဖစ္ပါတယ္။ ခိုင္းေစတဲ့အတိုင္းကို လုပ္ကိုင္ရတဲ့နည္းတူ သူတို႔ရဲ႕ Motivation ဟာဆိုရင္လည္း အနိမ့္ဆံုးမွာ ေရာက္ရွိေနမွာပဲျဖစ္ပါတယ္။

 

Sell - ဒီအဆင့္ကေတာ့ Tell ထက္ျမင့္ပါတယ္။ ကိစၥတစ္ခုကုိလုပ္ေဆာင္ဖုိ႔ ဆုံးျဖတ္ခ်က္ခ်တယ္။ ေနာက္ျပီး ရွင္းျပေဆြးေႏြးတယ္၊ စည္းရုံးတယ္။

ဒါေပမဲ့တစ္ဖက္က ေမးခြန္းျပန္ထုတ္ခြင့္မရွိပါဘူး။ Tell ထက္စာရင္ေတာ့ Sell က ကုိယ္လုပ္ေနတဲ့အလုပ္ ဘာေၾကာင့္လုပ္တဲ့ဆုိတာကုိ သိရတဲ့အတြက္ motivation အနည္းငယ္ ရရွိမွာျဖစ္ေပမယ့္လည္း အေပၚမွာေျပာခဲ့သလုိပဲ ေမးခြန္းေတာ့ ျပန္ထုတ္ခြင့္မရွိဘူး။

 

Consult – Consultကေတာ့ တိုင္ပင္ေဆြးေႏြးတယ္ဆုိတဲ့ပုံစံမ်ိဳးပါပဲ။ ေဆာင္ရြက္ရမည့္ ကိစၥရပ္ေတြနဲ႔ အစီစဥ္ကုိလည္းေျပာျပ သူတုိ႔ဆီကလည္းအၾကံဥာဏ္ယူ၊ သူတုိ႔အၾကံ ေတြ ထုတ္ေျပာလာေအာင္လည္းလုပ္တယ္။ ထုိ႔ေနာက္ ဆုံးျဖတ္ခ်က္ခ်ပါတယ္။ ဒီ အဆင့္မွာလည္း တကယ္တမ္းဆံုးျဖတ္ပိုင္ခြင့္ကေတာ့ သင့္လက္ထဲမွာပဲရွိေနပါတယ္။

Business ႏွင့္ပက္သက္ေသာ သင္တန္းမ်ားကို အနီးကပ္ပို ့ခ်ေပးေသာ မွ sayar.com.mm ဆရာ၊ ဆရာမမ်ားအား ဝင္ေရာက္ရွာေဖြလိုပါက  ဤလင့္ခ္https://www.sayar.com.mm/subjects.html(Business) တြင္အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

Share - ဒီအဆင့္ကေတာ့ ေတာ္ေတာ္ေလးအေရးပါအရာေရာက္ပါတယ္။ ကိစၥတစ္ခုကုိ မွ်ေဝလုိက္ျပီဆုိတာနဲ႔ ကုိယ္နဲ႔အတူတျခားလူေတြအားလုံး ပါဝင္လာၾကပါျပီ။ ဒီလုိပါဝင္လာတဲ့အတြက္ motivation လည္း တတ္ၾကြလာသလုိ ကုိယ့္ရဲ႕လုပ္ပုိင္ပါ၀င္ခြင့္ကလည္း ေလ်ာ့နည္းသြားတတ္ပါတယ္။ အားလုံးရဲ႕အၾကံဳဥာဏ္ အားလုံးသေဘာတူမွာ ဆုံးျဖတ္ခ်က္ခ်ရမွာျဖစ္ပါတယ္။

ရရွိလာတဲ့ ဆုံးျဖတ္ခ်က္ကလည္း အလြန္ေကာင္းမြန္ထိေရာက္ထဲ ဆုံးျဖတ္ခ်က္ပါ။ သုိ႔ေပမဲ့ တစ္ခုတည္းေသာ ျပႆနာက အခ်ိန္သုံးစြဲမႈမ်ားပါလိမ့္မယ္။ ခ်က္ခ်င္းကုိယ့္ရဲဆုံးျဖတ္ခ်က္နဲ႔ လုပ္လုိ႔မရဘဲ အားလုံးပါဝင္ေဆြးေႏြးတာျဖစ္တာေၾကာင့္ အခ်ိန္ေပးရပါလိမ့္မယ္။

 

Delegate - ဒါကေတာ့လြဲေျပာင္းေပးအပ္တယ္လုိ႔ဆုိတာေပါ့..။ ဒီအဆင့္က အေပၚကအဆင့္ေတြအားလုံးထက္ လုပ္ပုိင္ခြင့္အာဏာ အျမင့္ဆုံးရရွိထားတဲ့အဆင့္ပါ။

သင္ဟာတစ္ေယာက္ေယာက္ကုိ လြဲေျပာင္းတာဝန္ေပးအပ္လုိက္ျပီဆုိရင္ သူတုိ႔ဘာပဲလုပ္လုပ္ ေကာင္းတာဆုိးတာအားလုံးသင္ပဲရရွိမွာပါ။ ဒါအျပင္ သင့္မွာသူတုိ႔လုပ္ေဆာင္ခ်က္ေတြကုိ ေက်ာ္လြန္ထိန္းခ်ဳပ္လုိ႔မရပါဘူး။သူတုိ႔ဘာလုပ္ေနလဲဆုိတာကုိပဲ ေစာင့္ၾကည့္ေနဖုိ႔သာ လုပ္ေဆာင္ႏုိင္မွာပါ။ သုိ႔ေပမဲ့ သင့္အတြက္ လုပ္ေဆာင္ခ်က္ေတြက ပုိမုိျမန္ဆန္လာပါျပီး သူတုိ႔အတြက္လဲ အျမင့္ဆုံး motivation ရရွိပါတယ္။ 

 

Empower - သင္ကဒီအေပၚမွာ ေစာင့္ၾကည့္မေနတတ္ပါဘူး။ ဒါေပမဲ့ အကူအညီေပးဖုိ႔ေတာ့ အသင့္ရွိေနပါတယ္။ သင္ထိန္းခ်ဳပ္ခြင့္မရွိတာေတြပဲလုပ္ေဆာင္ႏုိင္ေပမဲ့ ဒီအေပၚမွာ အကူအညီေပးဖုိ႔ေတာ့ အဆင္သင့္ရွိေနပါတယ္။

သင္တုိ႔ဟာ Empower အတြက္လုပ္ေနၾကတဲ့သူေတြဆုိရင္ သတိထားသင့္တဲ့အခ်က္က သင္ကေစာင့္ၾကည့္ေနသူမဟုတ္ေတာ့တဲ့အတြက္ ဒီကိစၥရပ္မွာ အမွားရွိေနလားဆုိတာသိႏုိင္ဖုိ႔မလြယ္ကူေတာ့ဘဲ တစ္ဖက္ကျပႆနာေတြေပၚလာတဲ့အခ်ိန္မွာ လာေရာက္ေမးျမန္းမယ္ဆုိရင္ေတာ့ သူတုိ႔အတြက္ မျဖစ္မေနအကူအညီေပးရပါမယ္။

 

Abdicate - လ်စ္လ်ဳရႈတယ္လုိ႔ အဓိပၸါယ္ဖြင့္လု႔ိရပါတယ္။ ဒီေနရာမွာေတာ့ သင္က ေစာင့္ၾကည့္ျခင္းလည္း မလုပ္၊ အကူအညီေပးျခင္းလည္း မလုပ္ပါဘူး။ ဒီေတာ့ အမွားတစ္ခုခုျဖစ္သြားရင္ေတာင္ ဒီအရာကုိၾကည့္ရႈဖုိ႔ ထိန္းသိမ္းဖုိ႔အတြက္ သင္ကအဲ့အနားမရွိမေနပါဘူး။

သင့္ရဲ႕အစီအစဥ္က သူတုိ႔ဘက္က အမွားတစ္ခုခုျဖစ္လာခဲ့ရင္ အျပစ္တင္ဖုိ႔ျဖစ္တယ္။ တကယ္ေတာ့ သင္ကလ်စ္လ်ဴရႈျပီးမွ အမွားတစ္ခုခုျဖစ္လာခဲ့ဆုိရင္ ဒါဟာဘယ္သူအမွားလဲေမးရင္ သင္အမွားပါပဲ။ ဘာေၾကာင့္လဲဆုိရင္ ေစာင့္ၾကည့္ျခင္း၊ အကူအညီေပးျခင္း ဘာမွမရွိဘဲ ဆုံးျဖတ္ခ်က္ခ်ျပီး သူတုိ႔ကုိ လုပ္ခုိင္းလုိက္တာပါ။ ဒီအတြက္သင့္မွာသာအျပစ္ရွိပါတယ္။ ဒါကေတာ့ Abdicate level ပါ။


အထက္ပါအခ်က္ေတြကေတာ့ Leadership Management style ေတြျဖစ္ျပီး သင့္ရဲ႕ေခါင္းေဆာင္အရည္အခ်င္းကုိ ပုိမုိတုိးတတ္ေစႏုိင္မွာပါ။ ဒီ သင္ခန္းစာကုိေလ့လာျပီး ကုိယ္ဘယ္ level ေရာက္ေနသလဲ၊ ေရာက္ေနတဲ့ level နဲ႔ သုံးေနတဲ့ level က ကြဲျပားေနလား၊ ဒီထက္ပုိေကာင္းတဲ့ level ေတြကုိ ဘယ္လုိအသုံးခ်မလဲဆိုတာကုိ အနည္းနဲ႔အမ်ား ေဝဖန္ပုိင္းျခားႏုိင္လိမ့္မယ္လုိယုံၾကည္ပါတယ္။

ds2



ယခုပုံမွာ Management style ေတြရဲ႕ တစ္ခုျခင္းစီမွာ ဘာေတြက ေလ်ာ့သြားတယ္ ဘာေတြကတုိးသြားတယ္ဆုိတာကုိေဖာ္ျပထားျပီး ဒီလုိအခ်က္ေတြကုိၾကည့္ရင္း သင့္ရဲ႕ Leadership skill ကုိ ပုိမုိျမင့္ႏုိင္မယ္လုိ႔ထင္ပါတယ္။

as2

 

ပုံကုိနားမလည္ခဲ့ရင္ ဥပမာအေနနဲ႔ Tell ကုိ ရွင္းျပပါတယ္။ 

Tell ရဲ႕ေဘးမွာ - Time Required, Control, Motivation, Quality ဆုိျပီး အကြက္ေလး (၄) ကြက္ရွိပါတယ္။
Tell က Time Required မွာဆုိရင္ အခ်ိန္နည္းနည္းပဲကုန္ပါတယ္။ Control အေနနဲ႔ကေတာ့ သင့္က အျပည့္အ၀ ထိန္းခ်ဳပ္ထားပါတယ္။ Motivation ကေတာ့ နဲပါတယ္ ခုိင္းတဲ့အတုိင္းလုပ္ရတဲ့ေနရာက တတ္ၾကြမႈေတာ့ရွိမွာမဟုတ္ပါဘူး။ Quality ကလည္း အနဲဆုံးပါပဲ ဘာမွန္းမသိဘဲလုပ္ရတာျဖစ္တဲ့အတြက္ပါ။
အဲလုိပဲ ေအာက္က Level ေတြကုိလည္း ၾကည့္ရႈျပီး သင့္အေနနဲ႔ လုိအပ္ေနတာေတြကုိျဖည့္စြပ္ျပီး မလုိအပ္တာေတြကုိ ဖယ္ထုတ္ကာ ထူးခၽြန္ထက္ျမက္တဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္ဖုိ႔ ဒီသင္ခန္းစာနဲ႔ အသုံးခ်ႏုိင္ပါတယ္။

Business ႏွင့္ပက္သက္ေသာ သင္တန္းမ်ားကို အနီးကပ္ပို ့ခ်ေပးေသာ sayar.com.mm မွ ဆရာ၊ ဆရာမမ်ားအား ဝင္ေရာက္ရွာေဖြလိုပါက  ဤလင့္ခ္  https://www.sayar.com.mm/subjects.html(Business) တြင္အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။


ZLO (sayar.com.mm)

 

UNICODE

"ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေသူတိုင်းအတွက် Leadership Management Style သင်ခန်းစာအတို"
ဒီသင်ခန်းစာကတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အထောက်အပံ့ပေးတဲ့ Leadership Management Style ““tannenbaum & schmidt continuum leadership model” အကြောင်းကို ဆွေးနွေး တင်ပြလိုပါတယ်။

သင့်အနေနဲ့ ဒီသင်ခန်းစာကိုလေ့လာပြီး မိမိရောက်ရှိရာနေရာမှ မိမိလက်အောက်ငယ်သားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ၊ အခုလက်ရှိအနေနဲ့ဆိုရင် ကိုယ်က ဘယ်လိုနည်းနဲ့အုပ်ချုပ်နေသလဲ၊ ဝန်ထမ်းတွေရဲ့ Motivation ကလည်း မိမိအုပ်ချုပ်နေတဲ့ ပုံစံနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဆိုတာကို သဘောပေါက်နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။


အဒီကအားဖြင့် Leadership Management Style (7) မျိုးရှိပါတယ်။


• Tell
• Sell
• Consult
• Share
• Delegate
• Empower
• Abdicate ဆိုပြီး ရှိကြပါတယ်။

asasasasdff

 

ဒီ Style (၇) မျိုးမှာ အဓိပ္ပါယ်ကိုယ်စီရှိကြပါတယ်။ ရှင်းပြပေးပါမယ်..။


Tell - ဆုံးဖြတ်ချက်ချခြင်း၊ ကြေညာခြင်းလို့ အဓိပ္ပါယ်ရတယ်။ သူကပြောတဲ့အဆင့်၊ ခိုင်းတဲ့အဆင့်မှာရှိပါတယ်။ မေးခွန်းပြန်ထုတ်ခွင့်မရှိပါဘူး။

လုပ်ဆိုရင်လုပ် မလုပ်နဲ့ဆိုမလုပ်နဲ့ ဆိုတဲ့ Level တစ်ခုမှာရှိပါတယ်။ အဲ့ဒီအတွက် ဝန်ထမ်းတွေက သင့်ရဲ့ ခိုင်းစေတဲ့အတိုင်းကို လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ခိုင်းစေတဲ့အတိုင်းကို လုပ်ကိုင်ရတဲ့နည်းတူ သူတို့ရဲ့ Motivation ဟာဆိုရင်လည်း အနိမ့်ဆုံးမှာ ရောက်ရှိနေမှာပဲဖြစ်ပါတယ်။


Sell - ဒီအဆင့်ကတော့ Tell ထက်မြင့်ပါတယ်။ ကိစ္စတစ်ခုကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချတယ်။ နောက်ပြီး ရှင်းပြဆွေးနွေးတယ်၊ စည်းရုံးတယ်။

ဒါပေမဲ့တစ်ဖက်က မေးခွန်းပြန်ထုတ်ခွင့်မရှိပါဘူး။ Tell ထက်စာရင်တော့ Sell က ကိုယ်လုပ်နေတဲ့အလုပ် ဘာကြောင့်လုပ်တဲ့ဆိုတာကို သိရတဲ့အတွက် motivation အနည်းငယ် ရရှိမှာဖြစ်ပေမယ့်လည်း အပေါ်မှာပြောခဲ့သလိုပဲ မေးခွန်းတော့ ပြန်ထုတ်ခွင့်မရှိဘူး။

 

Consult – Consultကတော့ တိုင်ပင်ဆွေးနွေးတယ်ဆိုတဲ့ပုံစံမျိုးပါပဲ။ ဆောင်ရွက်ရမည့် ကိစ္စရပ်တွေနဲ့ အစီစဉ်ကိုလည်းပြောပြ သူတို့ဆီကလည်းအကြံဉာဏ်ယူ၊ သူတို့အကြံ တွေ ထုတ်ပြောလာအောင်လည်းလုပ်တယ်။ ထို့နောက် ဆုံးဖြတ်ချက်ချပါတယ်။ ဒီ အဆင့်မှာလည်း တကယ်တမ်းဆုံးဖြတ်ပိုင်ခွင့်ကတော့ သင့်လက်ထဲမှာပဲရှိနေပါတယ်။

Business နှင့်ပက်သက်သော သင်တန်းများကို အနီးကပ်ပို့ချပေးသော sayar.com.mm မှ  ဆရာ၊ ဆရာမများအား ဝင်ရောက်ရှာဖွေလိုပါက  ဤလင့် https://www.sayar.com.mm/subjects.html(Business) တွင်အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

Share - ဒီအဆင့်ကတော့ တော်တော်လေးအရေးပါအရာရောက်ပါတယ်။ ကိစ္စတစ်ခုကို မျှဝေလိုက်ပြီဆိုတာနဲ့ ကိုယ်နဲ့အတူတခြားလူတွေအားလုံး ပါဝင်လာကြပါပြီ။ ဒီလိုပါဝင်လာတဲ့အတွက် motivation လည်း တတ်ကြွလာသလို ကိုယ့်ရဲ့လုပ်ပိုင်ပါဝင်ခွင့်ကလည်း လျော့နည်းသွားတတ်ပါတယ်။ အားလုံးရဲ့အကြုံဉာဏ် အားလုံးသဘောတူမှာ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

ရရှိလာတဲ့ ဆုံးဖြတ်ချက်ကလည်း အလွန်ကောင်းမွန်ထိရောက်ထဲ ဆုံးဖြတ်ချက်ပါ။ သို့ပေမဲ့ တစ်ခုတည်းသော ပြဿနာက အချိန်သုံးစွဲမှုများပါလိမ့်မယ်။ ချက်ချင်းကိုယ့်ရဲဆုံးဖြတ်ချက်နဲ့ လုပ်လို့မရဘဲ အားလုံးပါဝင်ဆွေးနွေးတာဖြစ်တာကြောင့် အချိန်ပေးရပါလိမ့်မယ်။

 

Delegate - ဒါကတော့လွဲပြောင်းပေးအပ်တယ်လို့ဆိုတာပေါ့..။ ဒီအဆင့်က အပေါ်ကအဆင့်တွေအားလုံးထက် လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံးရရှိထားတဲ့အဆင့်ပါ။

သင်ဟာတစ်ယောက်ယောက်ကို လွဲပြောင်းတာဝန်ပေးအပ်လိုက်ပြီဆိုရင် သူတို့ဘာပဲလုပ်လုပ် ကောင်းတာဆိုးတာအားလုံးသင်ပဲရရှိမှာပါ။ ဒါအပြင် သင့်မှာသူတို့လုပ်ဆောင်ချက်တွေကို ကျော်လွန်ထိန်းချုပ်လို့မရပါဘူး။သူတို့ဘာလုပ်နေလဲဆိုတာကိုပဲ စောင့်ကြည့်နေဖို့သာ လုပ်ဆောင်နိုင်မှာပါ။ သို့ပေမဲ့ သင့်အတွက် လုပ်ဆောင်ချက်တွေက ပိုမိုမြန်ဆန်လာပါပြီး သူတို့အတွက်လဲ အမြင့်ဆုံး motivation ရရှိပါတယ်။

 

Empower - သင်ကဒီအပေါ်မှာ စောင့်ကြည့်မနေတတ်ပါဘူး။ ဒါပေမဲ့ အကူအညီပေးဖို့တော့ အသင့်ရှိနေပါတယ်။ သင်ထိန်းချုပ်ခွင့်မရှိတာတွေပဲလုပ်ဆောင်နိုင်ပေမဲ့ ဒီအပေါ်မှာ အကူအညီပေးဖို့တော့ အဆင်သင့်ရှိနေပါတယ်။

သင်တို့ဟာ Empower အတွက်လုပ်နေကြတဲ့သူတွေဆိုရင် သတိထားသင့်တဲ့အချက်က သင်ကစောင့်ကြည့်နေသူမဟုတ်တော့တဲ့အတွက် ဒီကိစ္စရပ်မှာ အမှားရှိနေလားဆိုတာသိနိုင်ဖို့မလွယ်ကူတော့ဘဲ တစ်ဖက်ကပြဿနာတွေပေါ်လာတဲ့အချိန်မှာ လာရောက်မေးမြန်းမယ်ဆိုရင်တော့ သူတို့အတွက် မဖြစ်မနေအကူအညီပေးရပါမယ်။

 

Abdicate - လျစ်လျုရှုတယ်လို့ အဓိပ္ပါယ်ဖွင့်လု့ိရပါတယ်။ ဒီနေရာမှာတော့ သင်က စောင့်ကြည့်ခြင်းလည်း မလုပ်၊ အကူအညီပေးခြင်းလည်း မလုပ်ပါဘူး။ ဒီတော့ အမှားတစ်ခုခုဖြစ်သွားရင်တောင် ဒီအရာကိုကြည့်ရှုဖို့ ထိန်းသိမ်းဖို့အတွက် သင်ကအဲ့အနားမရှိမနေပါဘူး။

သင့်ရဲ့အစီအစဉ်က သူတို့ဘက်က အမှားတစ်ခုခုဖြစ်လာခဲ့ရင် အပြစ်တင်ဖို့ဖြစ်တယ်။ တကယ်တော့ သင်ကလျစ်လျူရှုပြီးမှ အမှားတစ်ခုခုဖြစ်လာခဲ့ဆိုရင် ဒါဟာဘယ်သူအမှားလဲမေးရင် သင်အမှားပါပဲ။ ဘာကြောင့်လဲဆိုရင် စောင့်ကြည့်ခြင်း၊ အကူအညီပေးခြင်း ဘာမှမရှိဘဲ ဆုံးဖြတ်ချက်ချပြီး သူတို့ကို လုပ်ခိုင်းလိုက်တာပါ။ ဒီအတွက်သင့်မှာသာအပြစ်ရှိပါတယ်။ ဒါကတော့ Abdicate level ပါ။


အထက်ပါအချက်တွေကတော့ Leadership Management style တွေဖြစ်ပြီး သင့်ရဲ့ခေါင်းဆောင်အရည်အချင်းကို ပိုမိုတိုးတတ်စေနိုင်မှာပါ။ ဒီ သင်ခန်းစာကိုလေ့လာပြီး ကိုယ်ဘယ် level ရောက်နေသလဲ၊ ရောက်နေတဲ့ level နဲ့ သုံးနေတဲ့ level က ကွဲပြားနေလား၊ ဒီထက်ပိုကောင်းတဲ့ level တွေကို ဘယ်လိုအသုံးချမလဲဆိုတာကို အနည်းနဲ့အများ ဝေဖန်ပိုင်းခြားနိုင်လိမ့်မယ်လိုယုံကြည်ပါတယ်။

ds2

 

ယခုပုံမှာ Management style တွေရဲ့ တစ်ခုခြင်းစီမှာ ဘာတွေက လျော့သွားတယ် ဘာတွေကတိုးသွားတယ်ဆိုတာကိုဖော်ပြထားပြီး ဒီလိုအချက်တွေကိုကြည့်ရင်း သင့်ရဲ့ Leadership skill ကို ပိုမိုမြင့်နိုင်မယ်လို့ထင်ပါတယ်။

ds2

 

ပုံကိုနားမလည်ခဲ့ရင် ဥပမာအနေနဲ့ Tell ကို ရှင်းပြပါတယ်။
Tell ရဲ့ဘေးမှာ - Time Required, Control, Motivation, Quality ဆိုပြီး အကွက်လေး (၄) ကွက်ရှိပါတယ်။
Tell က Time Required မှာဆိုရင် အချိန်နည်းနည်းပဲကုန်ပါတယ်။ Control အနေနဲ့ကတော့ သင့်က အပြည့်အ၀ ထိန်းချုပ်ထားပါတယ်။ Motivation ကတော့ နဲပါတယ် ခိုင်းတဲ့အတိုင်းလုပ်ရတဲ့နေရာက တတ်ကြွမှုတော့ရှိမှာမဟုတ်ပါဘူး။ Quality ကလည်း အနဲဆုံးပါပဲ ဘာမှန်းမသိဘဲလုပ်ရတာဖြစ်တဲ့အတွက်ပါ။
အဲလိုပဲ အောက်က Level တွေကိုလည်း ကြည့်ရှုပြီး သင့်အနေနဲ့ လိုအပ်နေတာတွေကိုဖြည့်စွပ်ပြီး မလိုအပ်တာတွေကို ဖယ်ထုတ်ကာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဒီသင်ခန်းစာနဲ့ အသုံးချနိုင်ပါတယ်။

Business နှင့်ပက်သက်သော သင်တန်းများကို အနီးကပ်ပို့ချပေးသော sayar.com.mm မှ ဆရာ၊ ဆရာမများအား ဝင်ရောက်ရှာဖွေလိုပါက  ဤလင့် https://www.sayar.com.mm/subjects.html(Business) တွင်အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 


ZLO (sayar.com.mm)

Read times Last modified on Wednesday, 08 January 2020 17:38
Rate this articles
(0 votes)