×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Monday, 02 December 2019
"လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေး စာများ (၁) “
"လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေး စာများ (၁) “ google.com
၁။ Thomas Murphy
၃။ Maya Angelou
၎။ Richard Branson
၅။ J.K Rowling
၆။ Eric Schmidt
eric_schmidt_a_p.jpg
၇။ Marissa Mayer
vftt-mayer-1630_1.jpg
၈။ Steve Jobs
၉။ Suze Orman
TRI695806.jpeg
၁၀။ Bill Gate
၁၁။ Arianna Huffington
Ywa0eYRp.jpg
၁၂။ Stewart Butterfield
416x416.jpg
Credit : CEO Myanmar
UNICODE
"လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေး စာပေများ (၁) “
အသက်ကလဲငယ်ငယ် အလုပ်ကိုလဲခုမှစလုပ်တာဘဲရှိသေးရင် အောက်ဖော်ပြပါများဟာ အသက်အရွယ် ၂၁ နှစ်ဝန်းကျင် လူငယ်များအတွက် ဘဝမှာ အောင်မြင်နေကြသူများရဲ့ အကြံပြုချက် လေးများ ဖြစ်ပါတယ်။
၁။ Thomas Murphy
wis260011-1_20191001.jpg
"မိမိကုယ်မိမိ နှိမ့်ချပါ၊ စိတ်ကိုထိန်းပါ"
၂၀၁၀ ပြည့်နှစ်တုန်းက တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ Berkshire Hathaway ရဲ့ ဥက္ကဋ္ဌလဲဖြစ် (CEO) လဲဖြစ်တဲ့ Warren Buffett က အဲဒီကုမ္မဏီရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ (Thomas Murphy) ရဲ့ အောက်ပါအကြံလေးအတိုင်းကို သူ့ဘဝမှာအကြိုက်ဆုံးကို ပြောပေးပါ။ စိတ်ဆိုးပြီး ''လူတစ်ယောက်ကို ခင်ဗျားအနေနဲ့ စိတ်ဆိုးပြီးဘုပြောပစ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် မနက်ဖြန်မှဘဲ ပြောပစ်လိုက်လို့ ရပါတယ်။ ဒါခင်ဗျားရဲ့လုပ်ပိုင်ခွင့်ဘဲ။ ဒါကြောင့် ဒီကနေ့တော့ ခင်ဗျားပါးစပ်ပိတ်ထားပါ။ မနက်ဖြန်မှာ ခင်ဗျားခုလိုဒေါသဖြစ်နေသေးတယ်ဆိုတာကြည်ဗျာ''တဲ့။
၂။ George Stephanopoulos
abc_george_stephanopoulos_2_dm_120124_wmain.jpg
''ဒီကနေ့ သင်စိုးရိမ်ပူပန်မှုတွေအားလုံးလိုလိုဟာ မနက်ဖြန်ကို တကယ်ဖြစ်လာမှာ မဟုတ်ဘူးလို့ Gow Moruip Averice မှာ တင်ဆက်သင်ကြားနေရသူ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။ 
''ကိုယ်ဝါသနာပါတာကို လုပ်ဖို့အတွက် လခနည်းသွားမှာကို မရည်ရွယ်ပါနဲ့။ ဒါပေမဲ့ ငွေနည်းနည်းပါးပါးတော့ စုထားပါ။
၃။ Maya Angelou
maya_angelou_photo_by_deborah_feingold_corbis_entertainment_getty_533084708.jpg
ကိုယ်လမ်းကိုယ်ထွင်ပါ။
စာရေးဆရာ၊ ကဗျာဆရာ၊ အကအနုပညာရှင် ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော်ဖြစ်သူ (Maya Augelou) က အောက်ပါအတိုင်း ပြောတယ်။
''ကျမအဖေဘက်က အဖွားကပြောဖူးတာရှိတယ်။ အဲဒီစကားအတိုင်း ကျွန်မ (၆၅) နှစ်လုံးလုံး လိုက်နာကျင့်ကြံခဲ့ပါတယ်။ အဖွားက ကိုယ်နောက်လှမ်းချင်လမ်းမပေါ်မှာ နောက်နေတယ်။ ရှေ့မှာတွေ့ရ တဲ့ အလုပ်ကိုလဲ မကြိုက်ဘူး။ နောက်ပြန်လှည့်ကြည့်တော့လဲ အဲဒီနောက်ကို ပြန်မသွားချင်ဘူး။ အဲသလို ဖြစ်နေရင်တော့ ညည်း ကိုယ့်ပါသာလမ်းသစ်တစ်ခုကိုသာ ထွင်ပေတော့တဲ့။
၄။ Richard Branson
1_4Mus3xmxYkx1CcEqr8u6Tw.jpeg
Virgin Group ကို တည်ထောင်သူလဲဖြစ် ဥက္ကဋ္ဌလဲဖြစ်တဲ့ Richard Branson က (Virgin Group) အောက်မှာရှိတဲ့ လုပ်ငန်းအားလုံးကို ဦးဆောင်လုပ်ကိုင်နေရတာ ကျွန်တော်ပျော်တယ်။ ဒါကြောင့်လုပ်ငန်း ဆုတ်ယုတ်သွားတာမျိုးကြုံရင် ဒါဟာကျွန်နော်အတွက် ဆိုးဝါးတဲ့အတွေ့အကြုံရယ်ကို အရှုံးဟုမထင်မှတ်ပါဘူး၊ သင်ခန်းစာတစ်ရပ်ကိုဘဲခံယူတယ် လို့ ပြောတယ်။ ''လူတွေဟာ မိမိတို့အလုပ်တွေ မအောင်မမြင်ဖြစ်သွားခဲ့တာတွေကိုဘဲ တဝဲလယ်လယ်တွေးပြီး အချိန်ဖြုန်းနေကြတယ်။ အဲသလိုအချိန်ဖြုန်းပစ်မယ့်အစား တခြားအလုပ်ကို အားစိုက်လုပ်သင့်တယ်။ လူတွေ ဒီလိုအချိန်ဖြုန်းပစ်နေကြတာကို ငါအံ့သြပါတယ်။
၅။ J.K Rowling
2019_06_01_73727_1559403221._large.jpg
အရှုံးကို အပြုံးနဲ့လက်ခံပါ။
(J.K Rowling) ဟာ အရောင်းရဆုံးဇတ်များအတွက် ဝတ္ထုဇာတ်လမ်း (Harry Potter) ကို ဖန်တီးရေးသားသူ ဖြစ်တယ်။ အောင်မြင်မှုတွေရော ဆုံးရှုံးမှုတွေပါ အများကြီးတွေ့ကြုံရသူ ဖြစ်တယ်။
လက်ရှိမှာကို ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတွေထဲမှ တစ်ဦးအပါအဝင်၊ မဖြစ်သင့်ဆုံးက သူမဟာ ယူကေနိုင်ငံမှာ တစ်ခုလပ်၊ တစ်လင်ကွာ၊ ကလေးတစ်ယောက် မိခင်တစ်ဦးအဖြစ် လူမှုဖူလုံရေးရဲ့ အထောက်အပံ့လေးနဲ့ ဘဝရပ်တည်ရှင်သန်နေခဲ့ရတယ်။ အခုအခါ အလွန်အောင်မြင်နေတဲ့ ကလေးဇာတ် ကောင် မှော်ဆရာလေး (Harry Potter) ကို ဖန်တီးရေးသားပြီး ပုံနှိပ်ထုတ်ဝေသူတွေဆီ ပေးပို့ကြည့်တုန်းက ဆိုရင် ပုံမနှိပ်ချင်ကို လက်မခံကြသူတွေအများကြီးဘဲ ၂၀၀၈ ခုနှစ် ဟားဗတ်တက္ကသိုလ်မိန့်ခွန်းတစ်ခုထဲမှာ သူမက ''ကျွန်မရဲ့ အိမ်ထောင်သက်တမ်းက တော်တော်ကြီးကို ကြာပါတယ်။
အဲဒီတုန်းက ကျွန်မအလုပ်မှာ မရှိဘူး ကလေးမိခင်တစ်ယောက်တည်းသမားအနေနဲ့ အိမ်မဲ့ရာမဲ့ မဟုတ်ပေမဲ့ ဗြိတိန်နိုင်ငံမှာ ဆင်းရဲသားလူတန်းစားမှာ ပါပါတယ်။ ဘယ်ကိုပဲကြည့်ကြည့် ကျွန်မဟာ ဘဝမှာဆုံးရှုံးနေသူပါ'' လို့ ပြောတယ်။အဲဒီလို အရင်တုန်းက အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာကို သူမက ကောင်းဘက်ကရှု့မြင်ပြီး ဒါဟာ ''ရင်နစ်အောင်ခံစားပြီး ရခဲ့တဲ့အကျိုးအမြတ်ပါ'' လို့ ဆိုတယ်။
၆။ Eric Schmidt
eric_schmidt_a_p.jpg
Google ရဲ့ အမှုဆောင်ဥက္ကဋ္ဌ Eric Schmidt အောက်ပါ အတိုင်း အကြံပေးထားတယ်။
''လုပ်ရမှာကို လုပ်နိုင်တဲ့နည်းရှာပါ မရောက်ဖူးသေးတဲ့နိုင်ငံကိုသွားဖို့ ဖိတ်ခေါ်တာတွေရှိရင် သွားမယ့် မိတ်ဆွေသစ်နဲ့ တွေ့ရမယ်ဆိုရင် တွေ့မယ်။ အသစ်အဆန်းတစ်ခုခုကို လေ့လာသင်ကြားရမယ်ဆိုရင် သင်မယ်။ အဲဒီလိုဖြစ်ပါစေ ပထမဦးဆုံးရသွားတယ်ဆိုတာ အဲဒီလိုလုပ်လို့ဖြစ်တယ်။ နောက်အလုပ်လိုချင် ရင်လည်း ဒီလိုပဲလုပ်ရမယ်။ အိမ်ထောင်ဖက်ရဖို့အရေးနဲ့ သားသမီးတွေရဖို့တောင် အဲဒီလိုအဓိဋ္ဌာန်ချလုပ်ရမှာ ဖြစ်တယ်။
Recommended For You >>> "Professional တစ်ယောက်အဖြစ်ရပ်တည်ဖို့ ရှိသင့်တဲ့ အရည်အချင်း (၇) ခု"
၇။ Marissa Mayer
vftt-mayer-1630_1.jpg
၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုထဲမှာ အခုလက်ရှိ (Yahoo) ရဲ့ ဥက္ကဋ္ဌနဲ့ (CEO) ဖြစ်သူ (Marissa Mayer) က သူမတစ်သက်တာမှာ ရခဲဘူးတဲ့ အကောင်းဆုံးအကြံပေးအကျိုးကို အောက်ပါအတိုင်း သူ့သူငယ်ချင်းက သူ့ကိုပြောခဲ့တာကို အောက်ပါအတိုင်း ပြန်ပြောပါတယ်။
''ငါပြောမယ် သူငယ်ချင်း၊ မင်းဟာရွေးချယ်မှု မှန်ဘို့အတွက် မင်းကိုဖိအားတွေ သိပ်ပေးနေတာဘဲ။ အမှန်အတိုင်း ငါပြောမယ်။ ဒီမှာငါတွေ့ကတာက ဒီလိုမလုပ်ဘူး၊ ကောင်းတဲ့ရွေးချယ်မှုတွေ အတော်များ များရှိပေမယ်နေမယ်။ ရွေးပြီးလိုက်တာ အောင်မြင်သွားတာတွေရတယ်''တဲ့။
Marisa ကတစ်ခုခုကို ရွေးချယ်ပြီး အောင်မြင်အောင်လုပ်ပါလို့ တိုက်တွန်းထားတာဖြစ်တယ်။
၈။ Steve Jobs
Steve-Jobs-iPhone-2010.jpg
Steve Jobs ဟာ သူ မကွယ်လွန်မှီလေးမှာ သူ့အထုပ္ပတ္တိကို ရေးတဲ့သူကိုအောက်ပါအတိုင်း ထည့် သွင်းကြရခဲ့တယ်။
''ကျွန်တော်တို့ဟာ ကိုယ်အရမ်းလုပ်ချင်စိတ်ရှိတာတွေကိုချည်း ပြောနေကြတယ်။ ကျွန်တော်တို့ဟာ သမိုင်းရေစီးကြောင်းနဲ့အတူ ကိုယ်ပါနေကြရသူတွေဖြစ်တယ်။ ဒီတော ဒီသမိုင်းထဲကို ကျွန်တော်တို့ တစ်ခုခုတော့ ပြန်ထည့်ရမှာပေါ့၊ ကိုယ့်ပတ်ဝန်းကျင်ရှိလူတွေကို အကျိုးပြုနိုင်တဲ့အလုပ်မျိုးတွေပေါ့။ ဒါဆိုရင် နှောင်အနှစ် ၂၀၊ ၃၀၊ ၄၀ ကြာတဲ့အခါ ဒီလူတွေက ကျွန်တော်တို့ကို ဒီလူတွေက သူတို့ဝါသနာပါတာတွေ ကိုလည်း လုပ်ခဲ့တာမဟုတ်ဘူး။ အခြားလူတွေ အကျိုးရှိမယ့်ဟာတွေကိုပဲ ဂရုတစိုက်ဆောင်ရွက်လုပ်နိုင်ခဲ့ တာ ဖြစ်တယ်'' လို့ ကြေငြာမှာပါ။
၉။ Suze Orman
TRI695806.jpeg
သူမဟာ စိတ်အားထက်သန်စရာ အကြံဉာဏ်များကို ဟောပြောပို့ချသူလဲဖြစ်၊ စာရေးဆရာမလဲဖြစ်တယ်။ သူမကို ပြစ်ပြစ်ခါခါဝေဖန်ကြသူတွေကို အစကတော့ စိတ်ဆိုးခဲ့ဖူးတယ်။ နောက်အခါကျတော့ ဒါတွေကို မျက်ကွယ်နေနိုင်ခဲ့တယ်လို့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။
''အိန္ဒိယက ပညာရှိဆရာတစ်ဦးက ကျွန်မကို ပြောပြခဲ့ဖူးတယ်။ ခွေးတွေဝိုင်းဟောင်နေပေမဲ့ ဆင်က တော့လမ်းလျောက် မရပ်ပါဘူးတဲ့။
''ဝမ်းနည်းစရာ ကောင်းတာကတော့ လူအားလုံးဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်း အလုပ်တွေကို လုပ်ရာမှာ အဲသလိုခွေးတွေကို ရှောင်ရှောင်ပြီးလုပ်နေရတဲ့ အချက်ဖြစ်ပါတယ်။ အပြင်က ဝေဖန်နေကြသူတွေ၊ လုပ်ဖော်ယှဉ်ပြိုင်ဘက်တွေ၊ ရိုင်းစိုင်းတဲ့ အထက်လူကြီးတွေ၊ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ လုပ်ဖော် ပိုင်ဖက်တွေပါဘဲ။ ဒါကြောင့်အောင်မြင်လာတာနဲ့အမျ ဝိုင်းဟောင်ကြမယ့်အရေအတွက် ပြင်ဆင်ထားကြပါ လို့ တိုက်တွန်းချင်ပါတယ်။
၁၀။ Bill Gate
BillGatesHeadshot.jpg
Warren Buffett's ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ Bill Gates က Warren Buffett နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းဖော်ပြပါတယ်။
''သူလုပ်မယ့် လုပ်ငန်းအစီအစဉ် ရေးစွဲထားတာတွေ ကြိုက်ပါတယ်။ အတော်ရှင်းပါတယ်။ သူစိတ်ဝင်စားတဲ့ အလုပ်အကြောင်းပြောနော်။ အဲဒီအလုပ်အကြောင်း သူနည်းနည်းပါးပါး အခြေခံအားဖြင့် သိထားတာဘဲ။ သူတွေ့ချင်စိတ်သိပ်မရှိလှဘူးဆိုတာ သိလာရင် သူအဲဒီအလုပ်ကိုရွေးပြီး ရင်းနှီးမြုပ်နှံသွားတော့မှာ ဖြစ်တယ်။ အလုပ်တစ်ခုဟာ ရှေ့အလားလာကိုလည်း မြင်ကတယ်။ ရေရှည်လည်း ဆက်လုပ်နိုင်တယ်ဆိုရင် အဲဒီအလုပ်ဟာ သူ့ရဲ့စိတ်ကြို့က်အလုပ်အဖြစ် ရွေးချယ်တယ်။ သူဟာ အချက်အလက်အများကြီးထဲက လိုရင်းအချက်ကို ထုတ်ယူနိုင်တယ်။ အရေးကြီးတာကိုဘဲ လုပ်တယ်။ အဓိက အခြေခံကျတဲ့အချက်တွေကို စဉ်းစားသုံးသပ်တယ်။ အဲသလိုလုပ်နိုင်တာဟာ တကယ်ကို အံ့သြချီးကျူးပါတဲ့။ ပါရမီရှင်တစ်မျိုးပေါ့။
၁၁။ Arianna Huffington
Ywa0eYRp.jpg
Huffington Post ရဲ့ အကြီးအကဲလဲဖြစ်၊ အယ်ဒီတာချုပ်လဲဖြစ်တဲ့ (Arianna Huffington) ကို လူတွေက လူငယ်တွေဟာ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မအိပ်မနေကြိုးစားမှ ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ အလုပ်လုပ်နေကြတာ ကြာလှပေါ့''လို့ ပြန်ပြောတယ်။ သူမက ခုနေများပြန် ငယ်သွားရင် အောက်ပါအတိုင်း သူ့ကိုယ်သူပြောလိုက် ချင်ပါတယ်လို့ ဆိုတယ်။
Arianna မင်းဟာအလုပ်ကို ကြိုးကြိုးစား စားလုပ်တယ်။ ဖြစ်သင့်တာက အလုပ်ကြိုးစားရုံသာမက အလုပ်ကိုရပ်ပြီး ခွန်အားတွေပြန်ကြည့်။ စိတ်သစ်လူသစ်နဲ့ လန်းဆန်းသွားအောင်လဲ လုပ်သင့်တယ်။ ဒါဆိုရင် မင်းအလုပ်တွေ တကယ်အောင်မြင် တိုးတက်လာပါတယ်'' လို့သူ့ကိုယ်သူ ပြောလိုက်ချင်ပါသတဲ့။
၁၂။ Stewart Butterfield
416x416.jpg
ဆော့ဝဲလ်လုပ်ငန်း (Flickr) ရဲ့ တည်ထောင်သူလဲဖြစ် CEO လဲဖြစ်တဲ့ Stewart Butterfield က လူငယ်များကို အောက်ပါအတိုင်း အကြံပေးခဲ့ပါတယ်။
''တချို့လူတွေဟာ ငယ်ငယ်ရွယ်ရွယ်မှာ အလုပ်လုပ်ရမယ်ဆိုတာ သိကြပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေက နည်းတယ် ၂၀၊ ၂၅ နှစ်ရွယ်တွေဟာ သိပ်ပြီး စိတ်အားထက်သန်တယ်လို့ ထင်မိတယ်။ အသက်အရွယ် ငယ်ငယ်လေးနဲ့ အများကြီးအောင်မြင်တယ်လို့ ထင်ကြတယ်။ ဘာကဘယ်ကိုဆိုတာလဲ အောင် မကြိုးစားချင်ဘူး။ ဒါကြောင့်ဘာမဆို ပိုပြီးစမ်းသပ်လုပ်ကိုင်စိတ်ရှိအောင် ကြိုးစားဘို့ တိုက်တွန်းပါတယ်။
သင့်ရဲ့အရည်အချင်တွေကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ sayar.com.mm မှာ ဘာသာရပ်ပေါင်းစုံသင်ကြား ပြသပေးသော ကိုယ်ပိုင် Study Guide ဆရာ၊ ဆရာမ များရှိပါသည်။
ဆရာ၊ ဆရာမများကိုဝင်ရောက်ကြည့်ရှုလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်နဲ့အခမဲ့ ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်။
sayar.com.mm
Credit : CEO Myanmar
Read times Last modified on Wednesday, 08 January 2020 17:43
Rate this articles
(0 votes)