×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Friday, 06 December 2019
"လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေးစာများ (၂)" google.com
၁။ Maria Malcolm
၂။ T.J. Miller
TJTJ
၃။ Alexa von Tobel
image_1.png
၎။ Salli Setta
၅။ Deepak Chopra
download.jpeg
၆။ Cynthia Tidwell
၇။ StumbleUpon
၈။ Hermione Way
၉။ John Chen
M1vJyN8T_400x400.jpg
၁၀။ Brian Chesky
416x416_1.jpg
၁၁။ David Melancon 
၁၂။ Diane von Furstenberg
322679-500w.jpg
၁၃။ Rick Goings
Credit :CEO Myanmar
UNICODE
"လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေးစာများ (၂)"
၁။ Maria Malcolm
54cff677eab8ea3116dc14d6.jpg
Bluemercury ရဲ့ (CEO) က ကျောင်းသားများကို အောက်ပါအတိုင်း အကြံပေးတယ်။ ''ဘွဲ့ရပြီး ဝင်လုပ်တဲ့ အလုပ်နဲ့ချည်းတစ်သက်လုံးသွားမယ့်သူ မရှိပါဘူး။ ဒီတော့ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို ရှာပေါ့။ စိတ်ဝင်စားတဲ့ အလုပ်မှာဆိုရင် လုပ်ရတာအောင်မြင်လေ့ရှိတယ်။ အဲဒီအလုပ်ကို လုပ်ဖြစ်အောင်တော့လုပ်ပါ။ ဘာမှအရှုံးမရှိပါဘူး။ နောက်တစ်ခုအကြံပေးချင်တာက နည်းပညာဆိုင်ရာ လုပ်ငန်းထဲကို ဝင်လုပ်ပါ။ ကုမ္ပဏီတွေက လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေကို ကြိုက်မယ်ဆိုရင် နည်းပညာတွေ ကို အဆင့်ဆင့်အေးအေးဆေးဆေး သင်ယူတတ်ကျွမ်းသွားနိုင်မှာ တွေ့ရမှာဖြစ်တယ်။
၂။ T.J. Miller
TJTJ
"Silicon Valley" ထဲမှာပါဝင်သရုတ်ဆောင်သူလဲဖြစ်၊ ဟာသသရုပ်ဆောင်လဲဖြစ်တယ်။ သူက လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေထက်ပိုပြီး ကြိုးစားလုပ်ကိုင်ဘို့ တိုက်တွန်းထားတယ်။ ဒါဟာ အောင်မြင်ရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ဆိုတယ်။ ကျွန်တော့်အဘို့ ဒီအတိုင်းအလုပ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူတို့ငါ့ကို အရည်အချင်းရှိတဲ့သူပါ။ ဒါပေမဲ့ ဇွဲနဲ့ဘဲလုပ်တတ်ပါတယ်။
၃။ Alexa von Tobel
image_1.png
Learn Vest ကို တည်ထောင်သူနဲ့ (CEO) လဲ ဖြစ်တယ် (New York Lives) က ဖော်ပြတဲ့ အရောင်းရဆုံး စာနယ်စာရင်းဝင် (Financially Fearless) ကို ရေးသူလဲဖြစ်တယ်။ သူ့အကြံပေးချက်ရဲ့ ဆိုလိုရင်ကတော့ လုပ်ရတော့မယ့် အလုပ်အတွက် စိတ်ဓာတ်ကြွနေဖို့၊ လုပ်ဆောင်ရမှာတွေကို အသင့်ပြင်ထားဖို့နဲ့ စတင်ဆောင်ရွက်ဖို့ အသင့်ဖြစ်နေဖို့ပါဖြစ်တဲ့။
''သင်ဟာ အလုပ်ခွင်ကိုဝင်ပြီဆိုရင် အခြေအနေအသစ်အဆန်းတွေ တွေ့ရမှာဖြစ်တယ်။ အဲဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလုပ်ကိုင်သွားမလဲကို ဆုံးဖြတ်ဖို့က ခင်ဗျားရဲ့တာဝန်ဘဲ။
''ခင်ဗျားရဲ့ အလုပ်ရှင်မန်နေဂျာက အလုပ်တွေများလို့ အချိန်သိပ်မပေးနိုင်ဘူး။ ဒါကြောင့်ပေးစရာရှိရင် အဲဒီအချိန်မျိုးမှာ ပေးရမယ်ဆိုတာသိဘို့ကိုလည်း ကိုယ့်ကိုပေးထားတဲ့ အလုပ်တာဝန်ရဲ့ ရည်ရွယ်ချက်ကို အသေးအချာမသိဘူး ဖြစ်နေရင် အဲဒီမန်နေဂျာကိုပေးဖို့အရေးကြီးတယ်။ ရည်ရွယ်ချက်က ဘာမှန်း တော့မသိသေးဘဲ အောင်အောင်မြင်မြင်လုပ်ဖို့ တော်လေးခက်ပါတယ်။
''ပေးခွန်အသေးအဖွဲလေးတွေကို သွားမမေးပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်းပေးရင်၊ ဒါမှမဟုတ် (Google) မှာရှာလိုက်ရင်လဲ မြန်မြန် သိနိုင်တာဘဲ။
၄။ Salli Setta
salli-setta-1_320xx2725-4089-23-0.jpg
Red Lobsterရဲ့ ဥက္ကဋ္ဌဖြစ်သူက နေ့လည်စားသောက်ချိန်တွေမှာ အလုပ်ကခွာပြီး အပြင်ကိုထွက်ဖို့လိုတယ်။ အဲဒီအချိန်ဟာ အချင်းချင်း သတင်းအချက်တွေ ဖလှယ်ခြင်း၊ ဆွေးနွေးခြင်းပြုလုပ်ဖို့ ကောင်းတဲ့အချိန်ဖြစ်တယ်။ ထမင်းနှစ်ယောက် အတူတူစားရင်း မိမိရဲ့ အယူအဆအတွေးအမြင်တွေ ကို ပြောင်းလဲရာမှာ အထောက်အကူရနိုင်သလို စားဖော်စာဘက်ရဲ့ အတွေးအမြင်တွေကိုလဲ သိခွင့်ရလာနိုင်တယ်။
၅။ Deepak Chopra
download.jpeg
လူသိများတဲ့စာရေးဆရာလဲဖြစ် The Chopra Foundation ကို တည်ထောင်သူလဲဖြစ်တယ်။
''ဆေးနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ကျွန်တော်စလုပ်ခါစက ရှေ့ဘာဖြစ်တယ်ဆိုတာ အတိအကျသိပြီး စိတ်ချလက်ချနေခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းကလူဘဝမှာ မရေရာမသေချာမှုဆိုတာ ရှိပါလားဆိုတာ ရှိပါလားဆိုတာ ထည့်မတွက်ခဲ့မိဘူး၊ မရေရာမှုကြောင့် လူဟာဘယ်လိုဖြစ်နိုင်သလဲဆို တာလဲ မစဉ်းစားခဲ့ဘူး။
''အဲနေ့မှာ ကျွန်တော်သိသလို အဲဒီတုန်းကများ မရေရာမှုနဲ့ ပတ်သက်ပြီး ချင့်ချင့်ချိန်ချိန်စဉ်းစား တတ်ခဲ့ရင် အကောင်းသား။ အသိပညာဟာ မသိနိုင်တာကို သိလာစေနိုင်ပါတယ်။ မသိတာတွေကနေ ဘဝကို အမြဲသစ်လွင်အောင် လုပ်ပေးနိုင်တယ်။
၆။ Cynthia Tidwell
bade2230-dd9e-11e6-8ce1-8b152b1dee87_Cynthia_Tidwell_Web_2016-3c7bbeb974e8b215b8.jpg
Royal Neighbors of America ဆိုတဲ့ အမခံကုမ္ပဏီရဲ့ (CEO) ဖြစ်ပါတယ်။ သူက လူငယ်တွေကို ပညာရဖို့အတွက် စိတ်ရှည်ပါ။ ဒါပေမဲ့ စွန့်စားလုပ်ကိုင်ဖို့ဆိုရင် စိတ်ရှည်ပြီးအောင် ထည့်မနေပါနဲ့လို့ အကြံပေးထားတယ်။ ''စွန့်လုပ်တာကို ကျွန်မအားပေးတယ်။ အဆိုးဝါးဆုံးကဘာတွေဖြစ်လာနိုင်သလဲ။ မအောင်မြင်ရင် ယခင်လုပ်နေခဲ့တဲ့အလုပ်ကို ပြန်လုပ်ကိုင်ရုံပါဘဲ။
၇။ StumbleUpon
'' ကျွန်တော်တို့တတွေဟာ ဘတ်ဂျက်အကြောင်းပြောကြ၊ ဘဏ္ဍာရေးစီမံကိန်းအကြောင်းတွေ ပြောကြလုပ်နေကြတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်များနဲ့ ပတ်သက်ပြီး ၁၂၊ ၁၈၊ ၂၄ လ စသဖြင့်ကြိုပြီးစံမံထားတာမျိုး မလုပ်ကြတာများပါတယ်။
အဲဒါကတော့ (StumbleUpon) ရဲ့ (CEO) ကပြောတာဖြစ်တယ်။ ကြိုတင်စီမံကျောက်ချထားခြင်းမရှိရင် မိမိတို့ရဲ့လုပ်ငန်းကို တိုးတက်ရေးမှာ ဆက်လက်ရပ်တည်နိုင်ရေးတွေမှာ ထိခိုက်နစ်နာနိုင်တယ်။ ဘာတွေလိုအပ်မယ်ဆိုတာ စီစဉ်ထားရင် အဲဒီဟာတွေပေါ်မှာ မူတည်ပြီး မိမိတို့ရဲ့အောင်မြင်မှုကို တန် ဘိုးဖြစ်ကြည့်နိုင်မှာ ဖြစ်တယ်လို့ သူကဆိုတယ်။
၈။ Hermione Way
hermione-way-1f82fff6-aa5d-487b-9078-ea766c72351-resize-750.jpeg
''စီးပွားရေးလုပ်ငန်းစလုပ်ဘို့ ခေတ်အဆက်ဆက် ဒီခေတ်လျောက်လှမ်းတာ မရှိဘူးလို့ (Way Media) ကို တည်ထောင်သူနဲ့ Start-Ups: Silicon Valley ရှိတဲ့ တီဗွီအစီအစဉ် အပါအဝင်သရုပ်ဆောင်ခဲ့သူဖြစ်တဲ့ အထက်ပါပုဂ္ဂိုလ်ကဆိုပါတယ်။
''အကြံဉာဏ်တွေ၊ လိုအပ်ချက်တွေကို အွန်လိုင်းကနေ အခမဲ့ရယူနိုင်တယ်။ စပြီးတော့ လုပ်လိုက်မယ်ပေါ့။ အဲဒီလိုမလုပ်နိုင်ရင်လဲ ပုံမှန်အလုပ်ကိုဘဲ လုပ်လိုက်ရင် လုပ်ရင်းအတွေးအကြုံတွေ ရလာမှာပါဖြစ်တယ်။
၉။ John Chen
M1vJyN8T_400x400.jpg
BlackBerry ရဲ့ (CEO) ဖြစ်တဲ့ ဒီပုဂ္ဂိုလ်က ''ဝန်ထမ်းအများစုဟာ မိမိတို့လုပ်တဲ့အလုပ်ကို အထက်လူကြီးက တန်ဘိုးထားလာစေချင်ရင် ဒီအလုပ်ကို မိမိလုပ်ထားတာပါဆိုပြီး အရမ်းအသားယူပြီး ပြောပြလိုက်တဲ့နည်းက အကောင်းဆုံးကို တင်ပြတာ ဖြစ်ပါတယ်။
''မိမိလုပ်ထားတာကို ကုမ္ပဏီကိုအကျိုးပိုရှိ သွားတဲ့အတွက အသိအမှတ်ပြုခံတာဟာ အရေးကြီးတာမှန်ပေမယ့် အတင်းမရမက ဂုဏ်ယူချင်တာကတော့ လုပ်ဖော်ကိုင်ဖက်တွေအလေးပေးရာပါဘဲ။ အထက်လူကြီးလဲ အလေးပေးသွားမှာပါ။''အင်မတန်တော်တဲ့လူလို့အထင်ခံရအောင် သိပ်ပြီးကြိုးစားလွန်းရင် မိမိအကောင်းဆုံးရနိုင်တဲ့ အကျိုးစီးပွားကိုဘဲ ကြည့်သူဖြစ်တယ်။
၁၀။ Brian Chesky
416x416_1.jpg
Airbnb ရဲ့ (CEO) ဖြစ်တဲ့ ဒီပုဂ္ဂိုကတော့ မိဘတွေစကားနားမထောင်ကြနဲ့လို့ အကြံပေးထားတယ်။
''မိဘများဟာ လူ့ဘဝလူအချင်းချင်း ဆက်ဆံရေးမှာအရေးအကြီးဆုံးသူတွေ ဖြစ်ကြပါတယ်။ သို့သော် သင့်ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လာရင် သူတို့ရဲ့ အကြံပေးစာတိုတွေကို ဘယ်တော့မှ မယူကြတော့နဲ့။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတာက မိဘတွေကို ကမ္ဘာမှာရှိသမျဖိအားတွေကိုယ်စား တင်းစားပြောလိုက်တာပါ။ ဘယ်အလုပ်ကိုဘဲလုပ် နေနေ၊ အကြီးအကျယ် မအောင်မမြင်ဖြစ်တော့မှာဘဲ ဆိုတာ တွက်ထားပါ။ ဒီတော့ အောင်မြင်ရေးငွေကြေး နဲ့ လုပ်ငန်းတွေအပေါ် အခြေခံဆုံးဖြတ်ချက်ချတာမ ဟုတ်တော့ဘူး။ ကိုယ်မြတ်နိုးနှစ်သက်ရာ ဝါသနာပါတာကိုဘဲ အခြေခံလုပ်နေတာဖြစ်တယ်။
၁၁။ David Melancon
DavidMelanconuyAKpVjEpAdm.jpg
စီးပွားရေးလုပ်ငန်းများရဲ့ အဆင့်အတန်းကို ဆန်းစစ်သတ်မှတ်ပေးတဲ့ (btr) ဆိုတဲ့ ကုမ္ပဏီရဲ့ (CEO) ဖြစ်သူက အင်တာဗျူးဖြေတဲ့သူက နောက်ဆုံးမှာ အင်တာဗျူးဖြေသူကို အသားပေးတာများရှိသလဲ။ ကိုယ်ပေးရင် လာအပ်လိုက်ပေးမလဲ။ လုပ်ငန်းလိုအပ်ချက်တွေက ဘာလဲဆိုတဲ့ မေးခွန်းများအရေးကြီးတဲ့ အောက်ပါမေးခွန်းသုံးပုဒ်ကို ဖြေသင့်တယ်လို့ ဆိုပါတယ်။
''၁။ ဆရာတို့ရဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ကိုင် ပုံဓလေ့အရ သုံးခုကိုသာဝယ်ယူရတဲ့ အလုပ်အောင် မြင်ဘို့အတွက် ဘာအရည်အချင်းတွေ လိုပါသလဲ။
၂။ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ပတ်သက်ပြီး ဆရာတို့ကုမ္ပဏီရဲ့ အနေအထားဘာလဲ။ ကျောင်းသားတွေ ပညာဆက်သင်ဘို့ အစိုးရဆီက ချေးထားတာတွေထုတ်ပေးခြင်းနဲ့ ကျူရှင်ခပေးခြင်းအ ပါအဝင်များ။
၃။ ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွနေအောင် အလုပ်လုပ်ချင်လာအောင်၊ ဆန်းသစ်တီထွင်လာနိုင်အောင် ရမှတ်က ဘယ်လိုဆောင်ရွက်ပေးပါသလဲ။
၁၂။ Diane von Furstenberg 
322679-500w.jpg
ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်သူ ဒီအမျိုးသမီးကတော့ မိမိကိုယ်မိမိယုံနော်။ စိတ်ချခြင်းဟာ အောင် မြင်ရေးအတွက် အဓိကသော့ချက်ပါလို့ ဆိုပါတယ်။''မိမိကိုယ်မိမိ ဓိတ်ချယုံကြည်မှု ရှိနိုင်ဘို့အတွက် မိမိဟာ မိမိအရွယ်နဲ့ ဆက်ဆံရေးပြေလည်နေဘို့လိုတယ်။ ဒီအတွက် မိမိကိုယ်မိမိ မထောက်မရရှာဘဲ ပြင်တတ်ဘို့လိုတယ်။ စိတ်ကူးယဉ်နေလို့ မဖြစ်ဘူး''တဲ့။
၁၃။ Rick Goings
RickGoingsBusinessheadshot.jpg
Tupperware Brandsကုမ္ပဏီရဲ့(CEO) ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ဝင်ငွေအလွန်ကောင်းပြီး ဒေါ်လာ (၂.၆) ဘီလီယံရခဲ့တယ်။ အလုပ်အတွက် အင်တာဗျူးများ ဖြေသူတိုင်းနဲ့ ယဉ်ကျေးပျူငှာစာ ဆက်ဆံဘို့ အလေးထားတယ်။ ''အလုပ်အတွက် အင်တာဗျူးကိုဖြေတဲ့သူ ဟာ ကျွန်တော်ရဲ့ ပန်းဖောင်ကြိုဆိုလက်ခံရေး ဝန်ထမ်းနဲ့ လက်ထောက်တွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ သူတို့ကို ပေးချင်ပါတယ်။ သူများနဲ့ ဘယ်လို ဆက်ဆံသလဲဆိုတာ သိပ်အရေးကြီးပါတယ်''တဲ့။
Recommended For You >>> "လူငယ်များအတွက် အောင်မြင်သူတွေရဲ့ အကြံပေး စာများ (၁) “
sayar.com.mm
Credit :CEO Myanmar
Read times Last modified on Wednesday, 08 January 2020 17:43
Rate this articles
(0 votes)