×

Warning

JUser: :_load: Unable to load user with ID: 723


Success

Tuesday, 29 August 2017

ကိုယ့္ဘဝကိုယ္ တန္ဖိုးထားျပီး ခ်စ္ခင္လာဖို႔နည္းလမ္းေလးေတြ

ကိုယ့္ဘဝကိုယ္ တန္ဖိုးထားျပီး ခ်စ္ခင္လာဖို႔နည္းလမ္းေလးေတြ google.com

ငါ့ဘဝၾကီးကို မုန္းလိုက္တာ။ ဘာျဖစ္လို႔ အဆင္ေျပမွဳေတြမရွိရတာလဲ။ ဒီလိုမ်ိဳးကိုယ့္ဘဝကိုယ္ မုန္းတယ္ဆိုတဲ့လူေတြ ရွိပါတယ္။

သူတို႔ကို ေလာကၾကီးက မ်က္ႏွာလိုက္ျပီး စိတ္ဆင္းရဲစရာေတြကိုပဲ ေပးေနတာ မဟုတ္ပါဘူး။ သူတို႔မွာရွိတဲ့ ေကာင္းမြန္တဲ့ဆုလာဒ္ေတြကို မျမင္နိုင္လို႔ပါ။ သူတို႔မွာ ရွိေနတဲ့အရာေတြနဲ႕ မေပ်ာ္ရႊင္နိုင္ၾကပါဘူး။

သင္လည္းဒီလိုမ်ိဳး ျဖစ္ေနမယ္ဆိုရင္ သင္ဟာ ခ်မ္းသာမွဳ၊ ေအာင္ျမင္မွဳ၊ မိတ္ေဆြအေပါင္းအသင္းေတြ အမ်ားၾကီးရမွ၊ နာမည္ေက်ာ္ၾကားမွ၊ ျပည့္စံုတဲ့မိသားစုရွိမွ ေပ်ာ္ရႊင္မယ္ဆိုတဲ့ လူေတြထဲက တစ္ေယာက္ျဖစ္ေနပါျပီ။ ဒါဟာ စစ္မွန္တဲ့ ေပ်ာ္ရႊင္မွဳမဟုတ္ပါဘူး။

သင္ေနာက္တစ္ၾကိမ္ ကိုယ့္ဘဝကိုယ္စိတ္ပ်က္တယ္ မုန္းတယ္လုိ႔ ေျပာမိျပီဆုိရင္ ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္လိုက္ပါ။ ေသသြားရင္ ပိုေကာင္းမလားေပါ့ ေတြးၾကည့္ရံုပါပဲ။ ေသသြားရံုနဲ႕ေတာ့ ဘာမွ ေျပလည္သြားမွာမဟုတ္ပါဘူး။ သင္ရင္မဆိုင္ရရံုပဲ ရွိတာပါ။ ျပီးသြားတာမဟုတ္ပါဘူး။

သင္အသက္ရွင္ေနေသးတယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္မွဳကို ခံစားနိုင္ပါေသးတယ္။ ပိုျပီးစိတ္ခ်မ္းသာစရာ ေကာင္းတဲ့ဘဝတစ္ခုကို ဖန္တီးနိုင္ဖို႔အခြင့္အေရး သင့္ဆီမွာ ရွိပါေသးတယ္။ ကိုယ့္ဘဝကို ခ်စ္ျမတ္နိုးပါ။

၁. ဘ၀ရဲ႕ ေကာင္းတဲ့အရာေတြအေပၚမွာ အာရုံစိုက္လုိက္ပါ

ဘ၀နဲ႕ပတ္သက္လို႕ ေကာင္းတဲ့အရာေတြကို တစ္ခုမွ မစဥ္းစားႏုိင္ဘူးဆုိရင္ေတာ့ သင့္မွာ အဆိုးျမင္အေတြးေတြ ရွိေနဆဲပဲ။ အဲဒီအေတြးေတြကုိ ထြက္သြားခြင့္ေပးလုိက္ပါ။ သင့္ဘ၀ရဲ႕ ဘယ္အရာေတြကို သင္ တကယ္ျမတ္ႏိုးသလဲ?

၂. မေက်မနပ္မျဖစ္ပါနဲ႕

ဘ၀ကို သင္မခ်စ္ဘူးဆိုရင္ေတာင္မွ အဲဒါကို တစ္ခ်ိန္လုံး ေျပာေနဖို႕မလိုပါဘူး။ သင့္ဘ၀ကိုသင္ မခ်စ္ဘူးလို႕ ေျပာေလေလ၊ အဲဒီ အႏွဳတ္လကၡဏာအေတြးေတြက ပိုအားေကာင္းလာေလေလပါပဲ။

၃. သင့္ရဲ႕ဘ၀ကို အျခားသူေတြနဲ႕ မႏွိဳင္းယွဥ္ပါနဲ႕

သင့္ရဲ႕ဘ၀ဟာ တျခားတစ္ေယာက္ေယာက္ရဲ႕ဘ၀နဲ႕ ဘယ္ေတာ့မွ တစ္သမတ္တည္း မတူႏိုင္ပါဘူး။
ကိုယ္ မတတ္ႏုိင္တဲ့ အ၀တ္အစား ၀တ္တဲ့သူေတြ၊ ကိုယ္မစီးႏုိင္တဲ့ကား စီးတဲ့သူေတြ၊ ကိုယ္မေနႏုိင္တဲ့အိမ္မ်ိဳးမွာ ေနသူေတြကေတာ့ ကိုယ့္အနားမွာ အၿမဲတမ္း ရွိေနမွာပါပဲ။
ဒါကို က်င့္သားရေအာင္လုပ္ပါ။ ေနသားက်သြားၿပီဆုိရင္ေတာ့ ဘာမွ ျပႆနာမရွိေတာ့ပါဘူး။ တျခားတစ္ေယာက္ေယာက္ရဲ႕ ေအာင္ျမင္မွဳကိုသင့္ကိုယ္ပုိင္ေအာင္ျမင္မွဳရရွိဖုိ႕အတြက္ တြန္းအားတစ္ခုအျဖစ္ အသုံးခ်ႏုိင္ပါတယ္။ ဒါေပမဲ့ သင့္မွာမရွိတဲ့အရာေတြအတြက္ေတာ့ ဘယ္ေတာ့မွ စိတ္မေကာင္းမျဖစ္ပါနဲ႕။

RECOMMENDED FOR YOU - ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ

၄. သင္တကယ္ ခ်စ္ျမတ္ႏိုးတဲ့အရာေတြကို ပုိလုပ္ပါ

သင့္ကို ေပ်ာ္ရႊင္ေစမယ့္အလုပ္တစ္ခုခုကို အနည္းဆုံးတစ္ခုေလာက္ျဖစ္ျဖစ္ ေန႕တုိင္းလုပ္ပါ။    

၅. ဘ၀ဟာ အၿမဲတမ္းေျပာင္းလဲေနတယ္ဆုိတာ အသိအမွတ္ျပဳပါ

သင့္မွာ အလုပ္ေကာင္းေကာင္း မရလုိ႕၊ ဒါမွမဟုတ္ ေငြေရးေၾကးေရးက သင္ေမွ်ာ္မွန္းထားသေလက္ အဆင္မေျပလို႕ စိတ္ဓာတ္က်ေနတယ္ဆိုရင္ သင့္ရဲ႕ လက္ရွိအေျခအေနဟာ အေျခအေနတစ္ခုမွ်သာျဖစ္တယ္လို႕ လက္ခံပါ။ အရာအားလုံးဟာ ေျပာင္းလဲၾကပါတယ္။

၆. အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းပါ

သင္ အၿမဲေပါင္းသင္းေနတဲ့သူေတြနဲ႕ ပတ္သက္လို႕ ဂရုစိုက္ပါ။ ေပ်ာ္ရႊင္တဲ့သူေတြ၊ အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းမယ္ဆုိရင္ သင္လည္း ပိုၿပီးေပ်ာ္ရႊင္လာပါလိမ့္မယ္။ အကယ္၍ သင့္အေပါင္းအသင္းေတြဟာ အဆိုးျမင္တတ္သူေတြျဖစ္ေနမယ္ဆုိရင္ေတာ့ အဲဒီအေတြးေတြဟာ သင့္ကိုလည္း လႊမ္းမိုးလာႏုိင္တယ္ဆုိတာ ဂရုျပဳပါ။

၇. TV သိပ္မၾကည့္ပါနဲ႕

ေၾကာ္ျငာေတြရဲ႕အလုပ္က – သင့္ဘ၀ဟာ မျပည့္စုံဘူး၊ ဒါေပမဲ့ အဲဒါကို ေကာင္းမြန္ေအာင္ ျပဳလုပ္ႏုိင္တယ္၊ အဲလိုျပဳလုပ္ဖုိ႕ သူတုိ႕ရဲ႕ ေနာက္ဆုံးေပၚ အ၀တ္အစားေတြ၊ အသုံးအေဆာင္ေတြ၊ ကားေတြကို ၀ယ္ရမယ္လုိ႕ သင့္ကို ေျပာဖို႕ပါပဲ။ အဲဒီအလိမ္အညာေတြကို လက္မခံမိပါေစနဲ႕။ED

RECOMMENDED FOR YOU -ဥာဏ္ေကာင္းလြန္းရင္လည္း single ျဖစ္တတ္ပါတယ္။

၈. ေသးငယ္တဲ့အရာေလးေတြအေပၚမွာ တန္ဖုိးထားတတ္လာပါေစ

ဘဘာ၀ေလာကႀကီးကို အေသအခ်ာ ၾကည့္ဖူးပါသလား။မိုးေကာင္းကင္ ၊ တိရစၱာန္ေလးေတြ၊ အပင္ေတြနဲ႕ ျမစ္ေခ်ာင္းေတြ။ဒါေတြဟာ တကယ္ကို လွပပါတယ္။ အဲဒါေတြကို ရွာေဖြၾကည့္ပါ။ ၿပီးေတာ့ ဘ၀ကို သူ႕အရွိအတုိင္း ခ်စ္ျမတ္ႏုိးတတ္ေအာင္ သင္ယူပါ။

၉. အျခားသူေတြကို ကူညီပါ

အျခားသူေတြကို မ်ားမ်ားကူညီေလ၊ သင့္ရဲ႕ဘ၀နဲ႕ပတ္သက္လို႕ ညည္းတြားေနဖို႕ အခ်ိန္မရေလပါပဲ။ ဒါတင္မကပါဘူး၊ လူေတြကို ကူညီျခင္းက သင့္ကို တကယ္ပဲ ေပ်ာ္ရႊင္ေစႏုိင္ပါတယ္။

Credit; abt

Unicode

ငါ့ဘဝကြီးကို မုန်းလိုက်တာ။ ဘာဖြစ်လို့ အဆင်ပြေမှုတွေမရှိရတာလဲ။ ဒီလိုမျိုးကိုယ့်ဘဝကိုယ် မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။

သူတို့ကို လောကကြီးက မျက်နှာလိုက်ပြီး စိတ်ဆင်းရဲစရာတွေကိုပဲ ပေးနေတာ မဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ ကောင်းမွန်တဲ့ဆုလာဒ်တွေကို မမြင်နိုင်လို့ပါ။ သူတို့မှာ ရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။

သင်လည်းဒီလိုမျိုး ဖြစ်နေမယ်ဆိုရင် သင်ဟာ ချမ်းသာမှု၊ အောင်မြင်မှု၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြည့်စုံတဲ့မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ ဒါဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုမဟုတ်ပါဘူး။

သင်နောက်တစ်ကြိမ် ကိုယ့်ဘဝကိုယ်စိတ်ပျက်တယ် မုန်းတယ်လို့ ပြောမိပြီဆိုရင် ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပါ။ သေသွားရင် ပိုကောင်းမလားပေါ့ တွေးကြည့်ရုံပါပဲ။ သေသွားရုံနဲ့တော့ ဘာမှ ပြေလည်သွားမှာမဟုတ်ပါဘူး။ သင်ရင်မဆိုင်ရရုံပဲ ရှိတာပါ။ ပြီးသွားတာမဟုတ်ပါဘူး။

သင်အသက်ရှင်နေသေးတယ်ဆိုရင်တော့ ပျော်ရွှင်မှုကို ခံစားနိုင်ပါသေးတယ်။ ပိုပြီးစိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့အခွင့်အရေး သင့်ဆီမှာ ရှိပါသေးတယ်။ ကိုယ့်ဘဝကို ချစ်မြတ်နိုးပါ။

၁. ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘဝနဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘဝရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂. မကျေမနပ်မဖြစ်ပါနဲ့

ဘဝကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘဝကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃. သင့်ရဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘဝဟာ တခြားတစ်ယောက်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။
ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကိုသင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

RECOMMENDED FOR YOU - ဘာမှ မလုပ်ချင်တော့တဲ့အခါ

၄. သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။    

၅. ဘဝဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆. အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ

သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇. TV သိပ်မကြည့်ပါနဲ့

ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘဝဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။ED

RECOMMENDED FOR YOU -ဉာဏ်ကောင်းလွန်းရင်လည်း single ဖြစ်တတ်ပါတယ်။

၈. သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ

ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘဝကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၉. အခြားသူတွေကို ကူညီပါ

အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

Credit; abt

Read times Last modified on Monday, 30 December 2019 14:18
Rate this articles
(3 votes)