×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 24 January 2020

အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္သူေတြျပဳလုပ္ေလ့ရွိတဲ့ အလုပ္ (၁၂) မ်ိဳး

အိပ္ရာမဝင္ခင္မွာ ေအာင္ျမင္သူေတြျပဳလုပ္ေလ့ရွိတဲ့ အလုပ္ (၁၂) မ်ိဳး google.com

သင္အိပ္ရာမဝင္ခင္ သင္လုပ္ေလ့ရွိတဲ့အရာေတြက ေနာက္ေန႔မွာသင့္စိတ္အေျခအေနရဲ႕ စြမ္းအင္အဆင့္အေပၚ သိသာတဲ့သက္ေရာက္မႈျဖစ္ေစမွာျဖစ္ပါတယ္။

ေအာင္ျမင္သူေတြဟာ သူတို႔ရဲ႕ေအာင္ျမင္မႈက သူတို႔စိတ္နဲ႔႐ုပ္က်န္းမာေရးနဲ႔စတင္ၿပီး အဲဒါနဲ႔ပဲအဆုံးသတ္ၾကတာကို သေဘာေပါက္ၾကပါတယ္။ အဲဒါက သူတို႔အိပ္ေရး၀၀အိပ္စက္မႈအေပၚ လုံးဝနီးပါးမူတည္ပါတယ္။ ေအာင္ျမင္သူအမ်ားအျပား အိပ္ရာဝင္ခါနီးမွာျပဳလုပ္ေလ့ရွိတဲ့ အလုပ္ ၁၂ မ်ိဳးကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

 

၁။ သူတို႔စာဖတ္ၾကတယ္
ေအာင္ျမင္သူအမ်ားစုဟာ မအိပ္ခင္ေနာက္ဆုံးအလုပ္အျဖစ္ စာဖတ္ၾကေၾကာင္း ကြၽမ္းက်င္သူေတြကေျပာပါတယ္။ သမၼတအိုဘားမားနဲ႔ ဘီလ်ံနာဘီလ္ဂိတ္တို႔ဟာ မအိပ္ခင္အနည္းဆုံးနာရီဝက္ၾကာ စာဖတ္ၾကပါတယ္။ တက္က်မ္းစာေရးဆရာနဲ႔ ႏိုင္ငံတကာစီးပြားေရးဘာသာရပ္ေဟာေျပာသူမိုက္ကယ္ကားရ္က ေအာင္ျမင္သူေတြဟာ မအိပ္ခင္စာဖတ္ဖို႔အခ်ိန္ယူေၾကာင္း၊ သူတို႔ရဲ႕ျပကၡဒိန္မွာ အဲဒါကိုညႇိႏႈိင္းလို႔ မရႏိုင္တဲ့ကိစၥအျဖစ္ မွတ္သားထားေၾကာင္းေျပာပါတယ္။ ''ဒါက စီးပြားေရးစာအုပ္၊ ဒါမွမဟုတ္ လႈံ႕ေဆာ္မႈေပးတဲ့ စာအုပ္ဖတ္ဖို႔အခ်ိန္ခ်န္လွပ္ထားတာ မဟုတ္ဘူး။ ေအာင္ျမင္သူအမ်ားစုဟာ ဇာစ္ျမစ္မ်ိဳးစုံကေန သတင္းေတြေမႊေႏွာက္ရွာေဖြျခင္းရဲ႕တန္ဖိုးကိုသိၾကတယ္။ အဲဒါကပိုႀကီးက်ယ္တဲ့ တီထြင္ဖန္တီးမႈနဲ႔ သူတို႔ဘဝရဲ႕ရမၼက္ကို ျဖည့္တင္းေပးတယ္လို႔ ယုံၾကည္ၾကတယ္'' လို႔ သူကေျပာပါတယ္။

 

 

၂။ သူတို႔အလုပ္နဲ႔ လုံးဝအဆက္ျဖတ္ထားၾကတယ္
တကယ္ေအာင္ျမင္တဲ့လူေတြဟာ အိပ္ခါနီးမွာအလုပ္ကိစၥေတြ ဘာမွမလုပ္ပါဘူး။ သူတို႔ အီးေမးလ္ေတြကို အ႐ူးအမူးမစစ္ေဆးဘူး။ အလုပ္နဲ႔ပတ္သက္တဲ့ ျပႆနာေတြကိုမစဥ္းစားဘူး။ အိပ္တဲ့အခါ အလုပ္အေၾကာင္းစဥ္းစားရင္ အိပ္ရာေပၚအနားယူဖို႔ ပိုခက္လိမ့္မယ္။The You Plan စာအုပ္ေရးသူနဲ႔အသင္းအဖြဲ႕ဆိုင္ရာ စိတ္ကုပညာရွင္ ေဒါက္တာမိုက္ကယ္ဝုဒ္လပ္က အခုလိုေျပာပါတယ္။

''အိပ္ရာေပၚ သင္လဲေလ်ာင္းေနခ်ိန္မွာဇြဲေကာင္းလြန္းတဲ့ အလုပ္ရွင္အထက္လူႀကီးဆီကရတဲ့ အီးေမးလ္ေတြဖတ္ၿပီး ေတြးေတာမေနသင့္ဘူး။ သင္အိပ္တဲ့အခ်ိန္နဲ႔ ေနာက္ဆုံးအီေမးလ္ဖတ္ခဲ့တဲ့ အခ်ိန္ၾကားမွာ နာရီဝက္ေလာက္အလြတ္ထားပါ။

 

 

၃။ သူတို႔က ပလပ္အကုန္လုံးျဖဳတ္ပစ္တယ္
အလုပ္နဲ႔အဆက္ျဖတ္တယ္ဆိုတာ မအိပ္ခင္အီးေမးလ္မစစ္ေတာ့႐ုံမ် မဟုတ္ပါဘူး။ ဆိုရွယ္မီဒီယာေတြသုံးတာ၊ ဒါမွမဟုတ္ ဖုန္းနဲ႔ဂိမ္းကစားတာေတြလည္း မလုပ္သင့္ပါဘူး။ မအိပ္ခင္ဖုန္းကလိတာ သင့္အတြက္ ေကာင္းက်ိဳးထက္ဆိုးက်ိဳးပိုရေစမယ္လို႔ သုေတသီေတြကေျပာပါတယ္။ သင့္ဖုန္းစကရင္က မီးေရာင္ျပာျပာကေနေရာင္ျခည္လိုလင္းထိန္ပါတယ္။

အဲဒါက သင့္ခႏၶာကိုယ္ အိပ္ခ်ိန္၊ ႏိုးခ်ိန္သတိေပးတဲ့ Circadian နာရီစည္းခ်က္ကိုလည္ပတ္ေစတဲ့ မရွိမျဖစ္မယ္လာတိုနင္ေဟာ္မုန္းဓာတ္ထုတ္လုပ္မႈ ရပ္တန႔္ထားဖို႔ ဦးေႏွာက္ကို အမိန႔္ေပးပါတယ္။ အဲဒါေၾကာင့္သင္အိပ္ေရးပ်က္႐ုံမက အျမင္အာ႐ုံျပႆနာ၊ ကင္ဆာနဲ႔စိတ္က်ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။ အြန္လိုင္းသတင္းစာ Huffington Post တည္ေထာင္တဲ့ အယ္ဒီတာခ်ဳပ္ အာရီးယားနားဟတ္ဖင္တန္ဟာ ပင္ပန္းႏြမ္းနယ္လို႔လဲေခြက်ၿပီးေနာက္ပိုင္းမွာ အိပ္စက္နည္းကို လုံးဝေျပာင္းလဲခဲ့ပါတယ္။ သူဟာ iPad ေတြ၊ Kindle လို e-book ဖတ္တဲ့ Tablet ၊ Laptop နဲ႔ တျခား အီလက္ထေရာနစ္ကိရိယာအားလုံးကို သူ႔အိပ္ခန္းထဲမွာမထားေတာ့ပါဘူးတဲ့။

 

 

၄။ သူတို႔က လုပ္စရာကိစၥကို စာရင္းျပဳစုတယ္
ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ဖို႔ စိတ္ကိုရွင္းလင္းထားတာဟာ ေအာင္ျမင္သူအမ်ားစုအတြက္ အေရးပါလွပါတယ္။ မ်ားေသာအားျဖင့္ သူတို႔က ေနာက္ေန႔မွာေဆာင္႐ြက္ရမယ့္၊ ဒါမွမဟုတ္ ၫႊန္ၾကားရမယ့္ မလုပ္ရေသးတဲ့ကိစၥမွန္သမ်ကို အဲဒီအခ်ိန္မွာ စာရင္းလုပ္တယ္။ ဒါေၾကာင့္ အဲဒီအေတြးေတြက ညပိုင္းမွာသူတို႔ေခါင္းထဲ ဝင္မလာေတာ့ဘူး'' လို႔ မိုက္ကယ္ကားရ္ကေျပာပါတယ္။ ဥပမာေျပာရရင္ American Express ကုမၸဏီရဲ႕ စီအီးအိုျဖစ္သူကက္နက္ခ်င္ေနာ့လ္ဟာ ေနာက္ေန႔က်သူလုပ္ခ်င္တဲ့ ကိစၥသုံးခုကိုစာရင္းခ်ေရးေလ့ရွိပါတယ္။

 

 

၅။ သူတို႔က မိသားစုနဲ႔အခ်ိန္ျဖဳန္းတယ္
လက္တြဲေဖာ္၊ ဒါမွမဟုတ္ မိမိရဲ႕မိသားစုနဲ႔စကားေျပာတာ၊ ဒါမွမဟုတ္ သင့္ေခြးေလးနဲ႔ေဆာ့တာကို အခ်ိန္ေပးဖို႔အေရးႀကီးတယ္လို႔ ဝုဒ္ဝပ္ဒ္ကေျပာပါတယ္။သိပ္ေအာင္ျမင္တဲ့လူေတြၾကားမွာ ဒီဟာကလုပ္ေနက်ကိစၥပါလို႔ I Know How She Does It စာအုပ္ေရးတဲ့ ေလာ္ရာဗင္ဒါကမ္းက ေျပာပါတယ္။

''ဘယ္သူမဆို ကိုယ့္ဘဝလက္တြဲေဖာ္နဲ႔ အတူတူအိပ္ရာဝင္လို႔ရေပမဲ့ ျဖစ္ႏိုင္ရင္ သင့္ရဲ႕ေန႔ရက္ေတြအေၾကာင္း ဆက္သြယ္ေျပာဆိုမႈျပဳလုပ္တာ သိပ္ေကာင္းတဲ့နည္းလမ္းမွန္း ကြၽန္မသိတယ္'' လို႔ သူကေျပာပါတယ္။

 

 

၆။ သူတို႔က ညေနခင္းမွာလမ္းေလ်ာက္ၾကတယ္
Buffer Co.တည္ေထာင္သူနဲ႔ စီအီးအိုဂ်ိဳဝယ္လ္ဂယ္စ္ကြိဳင္းဟာ အိပ္ရာမဝင္ခင္မိနစ္ ၂၀ ၾကာ လမ္းေလ်ာက္ ေလ့ရွိပါတယ္။ ''ဒါက စိတ္လက္ေျဖေလ်ာ့တဲ့အခ်ိန္ေလးေပါ့။ တစ္ေန႔တာလုပ္ခဲ့သမ်ကို ျပန္အကဲျဖတ္တာ၊ ပိုႀကီးမားတဲ့ စိန္ေခၚမႈေတြစဥ္းစားတာထက္ တျဖည္းျဖည္းခ်င္း အလုပ္ကိစၥမစဥ္းစားေတာ့ဘဲ အနားယူတာကိုလုပ္ခြင့္ရေစတယ္'' လို႔ သူ႔ရဲ႕ဘေလာ့ဂ္မွာေရးထားပါတယ္။ အရင္က မအိပ္ခင္ေလ့က်င့္ခန္းလုပ္ရင္ အိပ္မေပ်ာ္ဘူးလို႔ယူဆခဲ့ေပမဲ့ ညဘက္မွာေတာင္ ေလ့က်င့္ခန္းလုပ္ျခင္းက ပိုၿပီးႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစေၾကာင္း၊ လမ္းေလ်ာက္တာက ေသာကနဲ႔ဖိစီးမႈကိုေလ်ာ့ခ်ေပးေၾကာင္း အမ်ိဳးသားအိပ္စက္မႈေလ့လာေရး ေဖာင္ေဒးရွင္းက ေတြ႕ရွိခဲ့တယ္။

 

 

၇။ တစ္ေန႔တာလုပ္ခဲ့သမ်ကို ျပန္သုံးသပ္ၾကတယ္
ေအာင္ျမင္တဲ့ ပုဂၢိဳလ္အမ်ားအျပားဟာ ၿပီးဆုံးခဲ့တဲ့တစ္ေန႔တာအတြင္း သူတို႔တန္ဖိုးထားတဲ့ ကိစၥသုံးခုကို ျပန္သုံးသပ္၊ ဒါမွမဟုတ္ ေရးမွတ္ၾကတယ္လို႔ ကားရ္ကေျပာပါတယ္။ 'ေက်းဇူးတင္မွတ္တမ္း' ျပဳစုထားျခင္းက ေအာင္ျမင္သူေတြရဲ႕ဘဝမွာဘယ္အခ်ိန္မဆို ဒါကဆက္လက္ၿပီး လႈံ႕ေဆာ္ေပးေနပါလိမ့္မယ္။ သင္ပုံစံတစ္မ်ိဳးေျပာင္းၿပီး ေျဖရွင္းခဲ့ရင္ေကာင္းမယ္လို႔ ေနာင္တရမိတဲ့ေန႔က်မွ အပ်က္သေဘာေဆာင္တဲ့ အေျခအေနေတြကို ျပန္စဥ္းစားမိတဲ့ ေထာင္ေခ်ာက္ထဲက်ဖို႔ လြယ္ကူပါတယ္။

အဲဒီေန႔က ဘယ္ေလာက္ဆိုးဆိုး ေအာင္ျမင္သူေတြကဖိစီးမႈပိုျဖစ္ေစမယ္လို႔ သိတာေၾကာင့္ အဆိုးျမင္မႈဆန္တဲ့ ေျပာဆိုမႈကိုေရွာင္ရွားတတ္ပါတယ္။ ဘင္ဂ်မင္ဖရန္ကလင္ဟာ ညတိုင္း ''ဒီေန႔ေကာင္းတာေတြ ငါလုပ္ခဲ့သလား'' လို႔ သူ႔ကိုယ္သူျပန္ေမးေလ့ရွိတယ္။ တစ္ေန႔တာအတြင္း သင့္ကိုအျပဳသေဘာေဆာင္ၿပီး ေက်နပ္အားရေစေအာင္ ဘယ္ကိစၥကမွန္ကန္ေခ်ာေမာေစသလဲ၊ အခ်ိန္ခဏေပးၿပီး စဥ္းစားပါ'' လို႔ ဗင္ဒါကမ္းက ျဖည့္စြက္ေျပာပါတယ္။

 

 

၈။ မနက္ျဖန္ရဲ႕ေအာင္ျမင္မႈကို သူတို႔မွန္းဆတယ္
ေအာင္ျမင္သူအမ်ားအျပားဟာ လက္ရွိလုပ္ေနတဲ့ သူတို႔ရဲ႕စီမံကိန္းေတြအတြက္ ေကာင္းတဲ့ရလဒ္ကို အိပ္ရာမဝင္ခင္မိနစ္အနည္းငယ္ၾကာ ႀကိဳတင္မွန္းဆဖို႔ ေဖာ္ျပတယ္လို႔ Tame Your Terrible Office Tyrant စာအုပ္ ေရးသူ 'လင္းေတလာ' က ေျပာပါတယ္။ လူအမ်ားစုအတြက္ ဒီဟာက အလုပ္တာဝန္မဟုတ္သလို ေလ့က်င့္ခန္းမဟုတ္ဘူး။ သူတို႔ဟာ ခိုင္မာတဲ့အေျဖရွာနည္းကြၽမ္းက်င္တဲ့ပါရမီပါလာသူေတြ ျဖစ္ပါတယ္။

 

 

၉။ သူတို႔က ကမၼ႒ာန္းထိုင္ၾကတယ္
ေအာင္ျမင္သူအမ်ားစုဟာ မအိပ္ခင္ဆယ္မိနစ္ၾကာကမၼ႒ာန္းထိုင္ၾကပါတယ္။ အဲဒါက စိတ္ကိုၾကည္လင္ေအးခ်မ္းေစၿပီး ကိုယ္ခႏၶာကို ေျပေလ်ာ့ေစတယ္လို႔ နယူးေယာက္ၿမိဳ႕မွ အရာရွိသင္တန္းနည္းျပဆရာ ေဒးလ္ကူ႐ိုးက ေျပာပါတယ္။

 

 

၁၀။ သူတို႔က အိပ္စက္ဖို႔အစီအစဥ္ႀကိဳတင္ေရးဆြဲတယ္
အလုပ္မ်ားတဲ့လူေတြဟာ နာတာရွည္အိပ္ေရးပ်က္ ေဝဒနာခံစားရပါတယ္။ အလုပ္မနားတမ္းလုပ္သူ၊ ဒါမွမဟုတ္ အလုပ္စြဲေနသူ၊ ဒါမွမဟုတ္ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေတြအတြက္ စိန္ေခၚမႈျဖစ္ႏိုင္တဲ့ကိစၥက ေအာင္ ျမင္သူေတြဟာ သူတို႔အိပ္ေရး၀၀အိပ္ေရးကို ဦးစားေပးကိစၥအျဖစ္ သတ္မွတ္ျခင္းပါပဲ။ အဲဒါလုပ္ဖို႔က ညတိုင္းအခ်ိန္မွန္အိပ္ဖို႔ပါ။ ဒါဟာ က်န္းမာေရးညီၫြတ္တဲ့ အိပ္စက္မႈျဖစ္ဖို႔ အေထာက္အကူအဓိကအက်င့္ျဖစ္ေၾကာင္း အိပ္စက္မႈ သုေတသီေတြအားလုံးကေထာက္ခံပါတယ္။

သင္အိပ္ရာက ထမယ့္အခ်ိန္ကို သတ္မွတ္၊ သင္အိပ္ဖို႔အခ်ိန္ဘယ္ေလာက္ပဲ လိုအပ္သည္ျဖစ္ေစ ေနာက္ျပန္ေရတြက္ဖို႔၊ အိပ္ဖို႔အသင့္ျဖစ္တဲ့အခါ ႏႈိးစက္ခလုတ္ဖြင့္ထားရမယ္လို႔ ဗင္ဒါကမ္းက ဆက္လက္အႀကံေပးထားပါတယ္။ ''သင္ဟာညဥ့္နက္ေအာင္ေနၿပီး မနက္မိုးလင္းမွ ျပန္ႏွပ္ေနတာအဆိုးဆုံးပဲ။ လူသားမွာ စိတ္စြမ္းအင္ကအကန႔္အသတ္ရွိတယ္။ ကိုးမိနစ္စီေလာက္ ထုံ႔ပိုင္းထုံ႔ပိုင္းဆက္ၿပီး ႏွပ္ျခင္း (မွိန္းျခင္း)၊ ထရမယ့္အခ်ိန္အတြက္ ျငင္းခုံၿပီးေတာ့ သင့္ရဲ႕စိတ္စြမ္းအင္ကို မျဖဳန္းတီးပါနဲ႔လို႔ ဗင္ဒါကမ္းက ေျပာပါတယ္။

 

 

၁၁။ သူတို႔မွာ က်န္းမာသန႔္ရွင္းတဲ့ အေလ့အက်င့္ရွိတယ္
သင္ဟာ အိပ္ရာဝင္ဖို႔အသင့္ျဖစ္ေၾကာင္း စိတ္ပိုင္းဆိုင္ရာအခ်က္ျပတဲ့ က်န္းမာသန႔္ရွင္းေရး အေလ့အက်င့္ကိုဖန္တီးထားပါလို႔ အမ်ိဳးသားအိပ္စက္မႈ ေလ့လာေရးေဖာင္ေဒးရွင္းက အႀကံေပးထားပါတယ္။အဲဒါက သြားတိုက္ျခင္း၊ မ်က္ႏွာသစ္ျခင္း၊ ႀကိဳးနဲ႔သြားတိုက္ျခင္း (Flossing) နဲ႔ ေခါင္းၿဖီးျခင္းတို႔ပါဝင္ပါတယ္။

 

 

၁၂။ သူတို႔က ဝိုင္အရက္မေသာက္ၾကဘူး
အာရီယားနားဟတ္ဖင္တန္ဟာ သူ႔ရဲ႕စာအုပ္ Thrive အတြက္ သုေတသနျပဳစဥ္ကအိပ္စက္မႈကြၽမ္းက်င္သူအေတာ္မ်ားမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး အႀကံေကာင္းေတြရယူခဲ့ပါတယ္။ သူအႀကိဳက္ဆုံးတစ္ခုက အိပ္ခါနီးအရက္ေရွာင္ျခင္းပါ။ အရက္ကသင့္ကို အိပ္ေပ်ာ္ေစေပမဲ့ အိပ္စက္မႈအရည္အေသြးကို ထိခိုက္ေၾကာင္း အမ်ိဳးသားက်န္းမာေရးတကၠသိုလ္ (NIH) က ေတြ႕ရွိထားသတဲ့။

အရက္ဟာ လူေတြကို ႏိုးႏိုးၾကားၾကားအိပ္ေပ်ာ္ေစတာေၾကာင့္ အလြယ္တကူျပန္ႏိုးေစႏိုင္ၿပီး ႏွစ္ၿခိဳက္စြာအိပ္ေမာက်တာကို အဟန႔္အတားျပဳတယ္လို႔ သူကျဖည့္စြက္ေျပာပါတယ္။

 

Credit : CEO Myanmar

 

Unicode ဖြင့်ဖတ်ရန်
အိပ်ရာမဝင်ခင်မှာ အောင်မြင်သူတွေပြုလုပ်လေ့ရှိတဲ့ အလုပ် (၁၂) မျိုး


သင်အိပ်ရာမဝင်ခင် သင်လုပ်လေ့ရှိတဲ့အရာတွေက နောက်နေ့မှာသင့်စိတ်အခြေအနေရဲ့ စွမ်းအင်အဆင့်အပေါ် သိသာတဲ့သက်ရောက်မှုဖြစ်စေမှာဖြစ်ပါတယ်။ အောင်မြင်သူတွေဟာ သူတို့ရဲ့အောင်မြင်မှုက သူတို့စိတ်နဲ့ရုပ်ကျန်းမာရေးနဲ့စတင်ပြီး အဲဒါနဲ့ပဲအဆုံးသတ်ကြတာကို သဘောပေါက်ကြပါတယ်။ အဲဒါက သူတို့အိပ်ရေး၀၀အိပ်စက်မှုအပေါ် လုံးဝနီးပါးမူတည်ပါတယ်။ အောင်မြင်သူအများအပြား အိပ်ရာဝင်ခါနီးမှာပြုလုပ်လေ့ရှိတဲ့ အလုပ် ၁၂ မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

၁။ သူတို့စာဖတ်ကြတယ်
အောင်မြင်သူအများစုဟာ မအိပ်ခင်နောက်ဆုံးအလုပ်အဖြစ် စာဖတ်ကြကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ သမ္မတအိုဘားမားနဲ့ ဘီလျံနာဘီလ်ဂိတ်တို့ဟာ မအိပ်ခင်အနည်းဆုံးနာရီဝက်ကြာ စာဖတ်ကြပါတယ်။ တက်ကျမ်းစာရေးဆရာနဲ့ နိုင်ငံတကာစီးပွားရေးဘာသာရပ်ဟောပြောသူမိုက်ကယ်ကားရ်က အောင်မြင်သူတွေဟာ မအိပ်ခင်စာဖတ်ဖို့အချိန်ယူကြောင်း၊ သူတို့ရဲ့ပြက္ခဒိန်မှာ အဲဒါကိုညှိနှိုင်းလို့ မရနိုင်တဲ့ကိစ္စအဖြစ် မှတ်သားထားကြောင်းပြောပါတယ်။ ''ဒါက စီးပွားရေးစာအုပ်၊ ဒါမှမဟုတ် လှုံ့ဆော်မှုပေးတဲ့ စာအုပ်ဖတ်ဖို့အချိန်ချန်လှပ်ထားတာ မဟုတ်ဘူး။ အောင်မြင်သူအများစုဟာ ဇာစ်မြစ်မျိုးစုံကနေ သတင်းတွေမွှေနှောက်ရှာဖွေခြင်းရဲ့တန်ဖိုးကိုသိကြတယ်။ အဲဒါကပိုကြီးကျယ်တဲ့ တီထွင်ဖန်တီးမှုနဲ့ သူတို့ဘဝရဲ့ရမ္မက်ကို ဖြည့်တင်းပေးတယ်လို့ ယုံကြည်ကြတယ်'' လို့ သူကပြောပါတယ်။

 

 

၂။ သူတို့အလုပ်နဲ့ လုံးဝအဆက်ဖြတ်ထားကြတယ်
တကယ်အောင်မြင်တဲ့လူတွေဟာ အိပ်ခါနီးမှာအလုပ်ကိစ္စတွေ ဘာမှမလုပ်ပါဘူး။ သူတို့ အီးမေးလ်တွေကို အရူးအမူးမစစ်ဆေးဘူး။ အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုမစဉ်းစားဘူး။ အိပ်တဲ့အခါ အလုပ်အကြောင်းစဉ်းစားရင် အိပ်ရာပေါ်အနားယူဖို့ ပိုခက်လိမ့်မယ်။The You Plan စာအုပ်ရေးသူနဲ့အသင်းအဖွဲ့ဆိုင်ရာ စိတ်ကုပညာရှင် ဒေါက်တာမိုက်ကယ်ဝုဒ်လပ်က အခုလိုပြောပါတယ်။

''အိပ်ရာပေါ် သင်လဲလျောင်းနေချိန်မှာဇွဲကောင်းလွန်းတဲ့ အလုပ်ရှင်အထက်လူကြီးဆီကရတဲ့ အီးမေးလ်တွေဖတ်ပြီး တွေးတောမနေသင့်ဘူး။ သင်အိပ်တဲ့အချိန်နဲ့ နောက်ဆုံးအီမေးလ်ဖတ်ခဲ့တဲ့ အချိန်ကြားမှာ နာရီဝက်လောက်အလွတ်ထားပါ။

 

 

၃။ သူတို့က ပလပ်အကုန်လုံးဖြုတ်ပစ်တယ်
အလုပ်နဲ့အဆက်ဖြတ်တယ်ဆိုတာ မအိပ်ခင်အီးမေးလ်မစစ်တော့ရုံမျ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာတွေသုံးတာ၊ ဒါမှမဟုတ် ဖုန်းနဲ့ဂိမ်းကစားတာတွေလည်း မလုပ်သင့်ပါဘူး။ မအိပ်ခင်ဖုန်းကလိတာ သင့်အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုရစေမယ်လို့ သုတေသီတွေကပြောပါတယ်။ သင့်ဖုန်းစကရင်က မီးရောင်ပြာပြာကနေရောင်ခြည်လိုလင်းထိန်ပါတယ်။

အဲဒါက သင့်ခန္ဓာကိုယ် အိပ်ချိန်၊ နိုးချိန်သတိပေးတဲ့ Circadian နာရီစည်းချက်ကိုလည်ပတ်စေတဲ့ မရှိမဖြစ်မယ်လာတိုနင်ဟော်မုန်းဓာတ်ထုတ်လုပ်မှု ရပ်တန့်ထားဖို့ ဦးနှောက်ကို အမိန့်ပေးပါတယ်။ အဲဒါကြောင့်သင်အိပ်ရေးပျက်ရုံမက အမြင်အာရုံပြဿနာ၊ ကင်ဆာနဲ့စိတ်ကျရောဂါတွေဖြစ်လာနိုင်ပါတယ်။ အွန်လိုင်းသတင်းစာ Huffington Post တည်ထောင်တဲ့ အယ်ဒီတာချုပ် အာရီးယားနားဟတ်ဖင်တန်ဟာ ပင်ပန်းနွမ်းနယ်လို့လဲခွေကျပြီးနောက်ပိုင်းမှာ အိပ်စက်နည်းကို လုံးဝပြောင်းလဲခဲ့ပါတယ်။ သူဟာ iPad တွေ၊ Kindle လို e-book ဖတ်တဲ့ Tablet ၊ Laptop နဲ့ တခြား အီလက်ထရောနစ်ကိရိယာအားလုံးကို သူ့အိပ်ခန်းထဲမှာမထားတော့ပါဘူးတဲ့။

 

 

၄။ သူတို့က လုပ်စရာကိစ္စကို စာရင်းပြုစုတယ်
နှစ်ခြိုက်စွာအိပ်ပျော်ဖို့ စိတ်ကိုရှင်းလင်းထားတာဟာ အောင်မြင်သူအများစုအတွက် အရေးပါလှပါတယ်။ များသောအားဖြင့် သူတို့က နောက်နေ့မှာဆောင်ရွက်ရမယ့်၊ ဒါမှမဟုတ် ညွှန်ကြားရမယ့် မလုပ်ရသေးတဲ့ကိစ္စမှန်သမျကို အဲဒီအချိန်မှာ စာရင်းလုပ်တယ်။ ဒါကြောင့် အဲဒီအတွေးတွေက ညပိုင်းမှာသူတို့ခေါင်းထဲ ဝင်မလာတော့ဘူး'' လို့ မိုက်ကယ်ကားရ်ကပြောပါတယ်။ ဥပမာပြောရရင် American Express ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူကက်နက်ချင်နော့လ်ဟာ နောက်နေ့ကျသူလုပ်ချင်တဲ့ ကိစ္စသုံးခုကိုစာရင်းချရေးလေ့ရှိပါတယ်။

 

 

၅။ သူတို့က မိသားစုနဲ့အချိန်ဖြုန်းတယ်
လက်တွဲဖော်၊ ဒါမှမဟုတ် မိမိရဲ့မိသားစုနဲ့စကားပြောတာ၊ ဒါမှမဟုတ် သင့်ခွေးလေးနဲ့ဆော့တာကို အချိန်ပေးဖို့အရေးကြီးတယ်လို့ ဝုဒ်ဝပ်ဒ်ကပြောပါတယ်။သိပ်အောင်မြင်တဲ့လူတွေကြားမှာ ဒီဟာကလုပ်နေကျကိစ္စပါလို့ I Know How She Does It စာအုပ်ရေးတဲ့ လော်ရာဗင်ဒါကမ်းက ပြောပါတယ်။

''ဘယ်သူမဆို ကိုယ့်ဘဝလက်တွဲဖော်နဲ့ အတူတူအိပ်ရာဝင်လို့ရပေမဲ့ ဖြစ်နိုင်ရင် သင့်ရဲ့နေ့ရက်တွေအကြောင်း ဆက်သွယ်ပြောဆိုမှုပြုလုပ်တာ သိပ်ကောင်းတဲ့နည်းလမ်းမှန်း ကျွန်မသိတယ်'' လို့ သူကပြောပါတယ်။

 

 

၆။ သူတို့က ညနေခင်းမှာလမ်းလျောက်ကြတယ်
Buffer Co.တည်ထောင်သူနဲ့ စီအီးအိုဂျိုဝယ်လ်ဂယ်စ်ကွိုင်းဟာ အိပ်ရာမဝင်ခင်မိနစ် ၂၀ ကြာ လမ်းလျောက် လေ့ရှိပါတယ်။ ''ဒါက စိတ်လက်ဖြေလျော့တဲ့အချိန်လေးပေါ့။ တစ်နေ့တာလုပ်ခဲ့သမျကို ပြန်အကဲဖြတ်တာ၊ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေစဉ်းစားတာထက် တဖြည်းဖြည်းချင်း အလုပ်ကိစ္စမစဉ်းစားတော့ဘဲ အနားယူတာကိုလုပ်ခွင့်ရစေတယ်'' လို့ သူ့ရဲ့ဘလော့ဂ်မှာရေးထားပါတယ်။ အရင်က မအိပ်ခင်လေ့ကျင့်ခန်းလုပ်ရင် အိပ်မပျော်ဘူးလို့ယူဆခဲ့ပေမဲ့ ညဘက်မှာတောင် လေ့ကျင့်ခန်းလုပ်ခြင်းက ပိုပြီးနှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ လမ်းလျောက်တာက သောကနဲ့ဖိစီးမှုကိုလျော့ချပေးကြောင်း အမျိုးသားအိပ်စက်မှုလေ့လာရေး ဖောင်ဒေးရှင်းက တွေ့ရှိခဲ့တယ်။

 

 

၇။ တစ်နေ့တာလုပ်ခဲ့သမျကို ပြန်သုံးသပ်ကြတယ်
အောင်မြင်တဲ့ ပုဂ္ဂိုလ်အများအပြားဟာ ပြီးဆုံးခဲ့တဲ့တစ်နေ့တာအတွင်း သူတို့တန်ဖိုးထားတဲ့ ကိစ္စသုံးခုကို ပြန်သုံးသပ်၊ ဒါမှမဟုတ် ရေးမှတ်ကြတယ်လို့ ကားရ်ကပြောပါတယ်။ 'ကျေးဇူးတင်မှတ်တမ်း' ပြုစုထားခြင်းက အောင်မြင်သူတွေရဲ့ဘဝမှာဘယ်အချိန်မဆို ဒါကဆက်လက်ပြီး လှုံ့ဆော်ပေးနေပါလိမ့်မယ်။ သင်ပုံစံတစ်မျိုးပြောင်းပြီး ဖြေရှင်းခဲ့ရင်ကောင်းမယ်လို့ နောင်တရမိတဲ့နေ့ကျမှ အပျက်သဘောဆောင်တဲ့ အခြေအနေတွေကို ပြန်စဉ်းစားမိတဲ့ ထောင်ချောက်ထဲကျဖို့ လွယ်ကူပါတယ်။

အဲဒီနေ့က ဘယ်လောက်ဆိုးဆိုး အောင်မြင်သူတွေကဖိစီးမှုပိုဖြစ်စေမယ်လို့ သိတာကြောင့် အဆိုးမြင်မှုဆန်တဲ့ ပြောဆိုမှုကိုရှောင်ရှားတတ်ပါတယ်။ ဘင်ဂျမင်ဖရန်ကလင်ဟာ ညတိုင်း ''ဒီနေ့ကောင်းတာတွေ ငါလုပ်ခဲ့သလား'' လို့ သူ့ကိုယ်သူပြန်မေးလေ့ရှိတယ်။ တစ်နေ့တာအတွင်း သင့်ကိုအပြုသဘောဆောင်ပြီး ကျေနပ်အားရစေအောင် ဘယ်ကိစ္စကမှန်ကန်ချောမောစေသလဲ၊ အချိန်ခဏပေးပြီး စဉ်းစားပါ'' လို့ ဗင်ဒါကမ်းက ဖြည့်စွက်ပြောပါတယ်။

 

 

၈။ မနက်ဖြန်ရဲ့အောင်မြင်မှုကို သူတို့မှန်းဆတယ်
အောင်မြင်သူအများအပြားဟာ လက်ရှိလုပ်နေတဲ့ သူတို့ရဲ့စီမံကိန်းတွေအတွက် ကောင်းတဲ့ရလဒ်ကို အိပ်ရာမဝင်ခင်မိနစ်အနည်းငယ်ကြာ ကြိုတင်မှန်းဆဖို့ ဖော်ပြတယ်လို့ Tame Your Terrible Office Tyrant စာအုပ် ရေးသူ 'လင်းတေလာ' က ပြောပါတယ်။ လူအများစုအတွက် ဒီဟာက အလုပ်တာဝန်မဟုတ်သလို လေ့ကျင့်ခန်းမဟုတ်ဘူး။ သူတို့ဟာ ခိုင်မာတဲ့အဖြေရှာနည်းကျွမ်းကျင်တဲ့ပါရမီပါလာသူတွေ ဖြစ်ပါတယ်။

 

 

၉။ သူတို့က ကမ္မဋ္ဌာန်းထိုင်ကြတယ်
အောင်မြင်သူအများစုဟာ မအိပ်ခင်ဆယ်မိနစ်ကြာကမ္မဋ္ဌာန်းထိုင်ကြပါတယ်။ အဲဒါက စိတ်ကိုကြည်လင်အေးချမ်းစေပြီး ကိုယ်ခန္ဓာကို ပြေလျော့စေတယ်လို့ နယူးယောက်မြို့မှ အရာရှိသင်တန်းနည်းပြဆရာ ဒေးလ်ကူရိုးက ပြောပါတယ်။

 

 

၁၀။ သူတို့က အိပ်စက်ဖို့အစီအစဉ်ကြိုတင်ရေးဆွဲတယ်
အလုပ်များတဲ့လူတွေဟာ နာတာရှည်အိပ်ရေးပျက် ဝေဒနာခံစားရပါတယ်။ အလုပ်မနားတမ်းလုပ်သူ၊ ဒါမှမဟုတ် အလုပ်စွဲနေသူ၊ ဒါမှမဟုတ် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုဖြစ်နိုင်တဲ့ကိစ္စက အောင် မြင်သူတွေဟာ သူတို့အိပ်ရေး၀၀အိပ်ရေးကို ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ခြင်းပါပဲ။ အဲဒါလုပ်ဖို့က ညတိုင်းအချိန်မှန်အိပ်ဖို့ပါ။ ဒါဟာ ကျန်းမာရေးညီညွတ်တဲ့ အိပ်စက်မှုဖြစ်ဖို့ အထောက်အကူအဓိကအကျင့်ဖြစ်ကြောင်း အိပ်စက်မှု သုတေသီတွေအားလုံးကထောက်ခံပါတယ်။

သင်အိပ်ရာက ထမယ့်အချိန်ကို သတ်မှတ်၊ သင်အိပ်ဖို့အချိန်ဘယ်လောက်ပဲ လိုအပ်သည်ဖြစ်စေ နောက်ပြန်ရေတွက်ဖို့၊ အိပ်ဖို့အသင့်ဖြစ်တဲ့အခါ နှိုးစက်ခလုတ်ဖွင့်ထားရမယ်လို့ ဗင်ဒါကမ်းက ဆက်လက်အကြံပေးထားပါတယ်။ ''သင်ဟာညဉ့်နက်အောင်နေပြီး မနက်မိုးလင်းမှ ပြန်နှပ်နေတာအဆိုးဆုံးပဲ။ လူသားမှာ စိတ်စွမ်းအင်ကအကန့်အသတ်ရှိတယ်။ ကိုးမိနစ်စီလောက် ထုံ့ပိုင်းထုံ့ပိုင်းဆက်ပြီး နှပ်ခြင်း (မှိန်းခြင်း)၊ ထရမယ့်အချိန်အတွက် ငြင်းခုံပြီးတော့ သင့်ရဲ့စိတ်စွမ်းအင်ကို မဖြုန်းတီးပါနဲ့လို့ ဗင်ဒါကမ်းက ပြောပါတယ်။

 

 

၁၁။ သူတို့မှာ ကျန်းမာသန့်ရှင်းတဲ့ အလေ့အကျင့်ရှိတယ်
သင်ဟာ အိပ်ရာဝင်ဖို့အသင့်ဖြစ်ကြောင်း စိတ်ပိုင်းဆိုင်ရာအချက်ပြတဲ့ ကျန်းမာသန့်ရှင်းရေး အလေ့အကျင့်ကိုဖန်တီးထားပါလို့ အမျိုးသားအိပ်စက်မှု လေ့လာရေးဖောင်ဒေးရှင်းက အကြံပေးထားပါတယ်။အဲဒါက သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း၊ ကြိုးနဲ့သွားတိုက်ခြင်း (Flossing) နဲ့ ခေါင်းဖြီးခြင်းတို့ပါဝင်ပါတယ်။

 

 

၁၂။ သူတို့က ဝိုင်အရက်မသောက်ကြဘူး
အာရီယားနားဟတ်ဖင်တန်ဟာ သူ့ရဲ့စာအုပ် Thrive အတွက် သုတေသနပြုစဉ်ကအိပ်စက်မှုကျွမ်းကျင်သူအတော်များများနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံကောင်းတွေရယူခဲ့ပါတယ်။ သူအကြိုက်ဆုံးတစ်ခုက အိပ်ခါနီးအရက်ရှောင်ခြင်းပါ။ အရက်ကသင့်ကို အိပ်ပျော်စေပေမဲ့ အိပ်စက်မှုအရည်အသွေးကို ထိခိုက်ကြောင်း အမျိုးသားကျန်းမာရေးတက္ကသိုလ် (NIH) က တွေ့ရှိထားသတဲ့။

အရက်ဟာ လူတွေကို နိုးနိုးကြားကြားအိပ်ပျော်စေတာကြောင့် အလွယ်တကူပြန်နိုးစေနိုင်ပြီး နှစ်ခြိုက်စွာအိပ်မောကျတာကို အဟန့်အတားပြုတယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

 

Credit : CEO Myanmar

Read times
Rate this articles
(0 votes)