×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 05 March 2020

"ဓါတ္ပုံဆရာေကာင္းတစ္ယာက္ျဖစ္ဖို႔အတြက္ လိုက္နာစရာ ၁၁ ခ်က္"

"ဓါတ္ပုံဆရာေကာင္းတစ္ယာက္ျဖစ္ဖို႔အတြက္ လိုက္နာစရာ ၁၁ ခ်က္" google.com

Screenshot from 2020 03 05 16 39 30

၁။ Patient စိတ်ရှည်ရမယ်
ပုံကောင်းတစ်ပုံ ရဖို့ အတွက် စိတ်ရှည်ရှည်နဲ့ စောင့်စားနိုင်ရတယ်။ ပြီးပြီးရော ရိုက်တာ နဲ့ အချိန်ယူပြီး ရိုက်တာ ရလာဒ်ချင်းကွာခြားပါတယ်။


၂။ Honesty ရိုးသားရမယ်
ဒီစကားက အပြောလွယ်သလောက် အင်မတန် နက်နဲတဲ့ အဓိပ္ပါယ် ကိုဆောင်ပါတယ်။ ကိုပြချင်တဲ့ subject တစ်ခု ကို ကိုယ် မြင်စေချင်တဲ့ အတိုင်း တခြားသူတွေ မြင်အောင်ရိုက်နိုင်ရမယ်။ ဒီနေရာမှ simplicity ဆိုတာပါလာပြီ။ ဥပမာ နေရာတစ်ခုထဲမှာ ရိုက်စရာတွေက အများကြီး ဆိုပါစို့။ ကစားကွင်းရယ်၊ ကားမှတ်တိုင်ရယ်၊ ရေအိုးစင်ရယ်၊ ခုံတန်းတွေ၊ သစ်ပင်တွေ၊ ဒါတွေအားလုံးကို ပါအောင်ရိုက်နိုင်ရင် ပုံကောင်းတစ်ပုံ ရပြီလို့ မထင်လိုက်ပါနဲ့။ ကြည့်သူရဲ့ စိတ်ထဲမှာ ဘယ်ဟာကို ကြည့်ရမှန်းမသိပဲ ရှုပ်ထွေးသွားစေ နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း နဲ့ ကိုယ်ပြချင်တဲ့ subject ၁ခု ၂ခု လောက်ကိုပဲ ပေါ် လွင်အောင်ပြပါ။

 


၃။ Observation စူးစမ်းလေ့လာမှုအားကောင်းရမယ်
ဓါတ်ပုံသမားကောင်း တစ်ယောက် ရဲ့ မျက်လုံး ဟာ ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့ရှိတယ်။ ရိုက်စရာ တစ်ခုမဟုတ် တစ်ခုကို ကြံဖန်ရှာနေတတ်တယ်။ အပြင်မထွက်ဖြစ်ရင်တောင် အိမ်မှာ ရှိတဲ့ပစ္စည်းလေးတွေ ကို ဘယ်လိုရိုက်ရ ကောင်းမလဲ စူးစမ်းနေတတ် တယ်။

 


၄။Training ကိုယ်တိုင် လေ့ကျင့်မှု
ဓါတ်ပုံ ပညာ မှာ self training က အရေးပါ ပါတယ်။ အဖန်တလဲလဲ လေ့ကျင့် ရိုက်ယူနေ သင့်ပါတယ်။ ဆိုရိုးတစ်ခုရှိတယ်။ သင်ရိုက်ကူးတဲ့ ပထမဆုံးပုံ ၁သောင်းက အဆိုးဝါးဆုံးပုံတွေပါတဲ့။ ဆိုလိုတာက ကြိမ်ဖန်များစွာရိုက်ကူးရင်းနဲ့ အတွေ့အကြုံ များလာမှ နောက်ပိုင်း ရိုက်တဲ့ပုံတွေက တဖြေးဖြေး ကောင်းလာပါတယ်။

 


၅။ Outperform ထူးခြားသာလွန်ကောင်းမွန်ခြင်း
အများသူငါ ရိုက်တဲ့ ပုံစံခွက်ထဲက ခွဲထွက်ပြီး ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေ နဲ့ ရိုက်ကူးတတ်ကြတယ်။ အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တစ်ခုကို ပိုင်ဆိုင်ထားရမယ်။

Sayar Guice banner design 2 3


၆။ Guidance မိမိကိုယ်ကို ထိမ်းကြောင်းနိုင်ရမယ်
ဓါတ်ပုံသမားကောင်း တစ်ယောက်ဆိုတာ စံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို လိုက်နာစောင့်ထိမ်းတတ်တယ်။ ဥပဒေသ တစ်ခုကို မလိုအပ်ပဲ ဘယ်တော့မှ မချိုးဖောက်ဘူး။ အနည်းဆုံး Rule of Thirds ဆိုတာမျိုး ကို အလေးထားဖို့ သူတို့စိတ်ထဲမှာ အလိုလို လက်ခံထားကြတယ်။ စံသတ်မှတ်ထားတဲ့ ဥပဒေသတစ်ခု ကိုချိုးဖောက်ခဲ့တယ်ဆိုရင်တောင် သူတို့ မသိလို့ မဟုတ်ဘူး။ ပုံကို ပိုကောင်းမွန်အောင် လိုအပ်လို့ ချိုးဖောက်ကြတာပါ။

 


၇။ Reliability ယုံကြည်စိတ်ချရမှု
အင်မတန်အရေးကြီးတဲ့ အချက်ပါ။ တခြားသူတွေရဲ့အမြင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မှာ ယုံကြည်လေးစားမှု ရှိအောင် နေထိုင်နိုင်ရတယ်။ ကိုယ် ရိုက်သမျှ ပုံတိုင်းမှာ အားစိုက်ထုတ်မှု ဆိုတာ ပေါ်လွင်နေအောင် ယုံကြည်စိတ်ချထိုက်သူဖြစ် တယ်။

 


၈။ Ambitious ရည်ရွယ်ချက်ကြီးမားခြင်း
သာလွန်ကောင်းမွန်တဲ့ ပုံကောင်းတွေရဖို့ ရည်ရွယ်ချက် အမြဲရှိရတယ်။ ရည်းမှန်းချက်ဆိုတဲ့နေရာမှာ ပုံတွေပိုကောင်း ရိုက်မယ်ဆိုတာက စလို့ ပြိုင်ပွဲတွေမှာ ဆုရအောင်ကြိုးစားမယ်ဆိုတဲ့အထိပါတယ်။

 


၉။ Plan ကြိုတင်စီမံခြင်း 
အနည်းဆုံးတော့ ကိုယ်ရိုက်ကူးမယ့်နေရာ အကြောင်းကို နှံ့ စပ်အောင်လေ့လာ တတ်ရတယ်။ ရာသီဥတု အနေအထား၊ နေဝင်နေထွက်ချိန် မှတ်သားခြင်း၊ ဘယ်လိုပစ္စည်းမျိုးတွေ ယူသွားသင့် သလဲဆိုတာက အစ စနစ်တကျ စီမံ တတ်ရပါတယ်။

 


၁၀။ Handling ထိန်းကျောင်း ကိုင်တွယ်နိုင်ခြင်း
အနည်း ဆုံးတော့ မိမိ ရိုက်တဲ့ ကင်မရာ အကြောင်းကို ခရေစေ့ တွင်းကျသိနေဖို့ လိုပါတယ်။ ဒါမှလည်း setting ချိန်တဲ့အခါ ဘယ်ဟာက အားသာချက်ရှိလဲ ဘယ်နေရာမှာ အကန့် အသတ်ရှိလည်းဆို တာ သိနိုင်မှာပါ။ ရွေ့လျား နေတဲ့ subject ငြိမ်နေတဲ့ subject တွေ ရိုက်နိုင်ဖို့ ကင်မရာ setting တွေကိုကောင်းကောင်း အသုံးချနိုင်ရပါမယ်။ အထူးသဖြင့် ညဘက်ရိုက်တဲ့ အခါ shutter speed, Aperture , White Balance စတာတွေကို ချိန်ညှိတတ်ဖို့ လိုပါတယ်။ User Manual တွေ၊ Review တွေဖတ်ထားသင့်ပါတယ်။

 

 

၁၁။ You သင်ကိုယ်တိုင်
နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ပါ။ ဈေးအကြီးဆုံး ကင်မရာတွေက သင့်ကို အကောင်းဆုံး ဓါတ်ပုံဆရာတစ်ယောက် ဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။
သုံးတဲ့ပစ္စည်းထက် ရိုက်တဲ့သူရဲ့ စိတ်ကူးစိတ်သန်း၊ အယူအဆ၊ အလေ့အကျင့်၊ ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု တို့ကသာ သင့်ကို ဓါတ်ပုံ ဆရာကောင်းတစ်ယောက်ဖြစ်စေမှာပါ။ ကင်မရာထက် ကင်မရာနောက်က လူက ပိုအရေးကြီးပါတယ်။

ဓါတ်ပုံ ပညာရပ်သင် ကြားပေးသော Guide ဆရာ၊ ဆရာမများ ရှာဖွေရန်နှိပ်ပါ >>> https://www.sayar.com.mm/subjects/all-teachers/subject-361.html

 

 

Zawgyi ျဖင့္ဖတ္ရန္

ဓါတ္ပုံဆရာေကာင္းတစ္ယာက္ျဖစ္ဖို႔အတြက္ လိုက္နာစရာ ၁၁ ခ်က္


၁။ Patient စိတ္ရွည္ရမယ္
ပုံေကာင္းတစ္ပုံ ရဖို႔ အတြက္ စိတ္ရွည္ရွည္နဲ႔ ေစာင့္စားႏိုင္ရတယ္။ ၿပီးၿပီးေရာ ႐ိုက္တာ နဲ႔ အခ်ိန္ယူၿပီး ႐ိုက္တာ ရလာဒ္ခ်င္းကြာျခားပါတယ္။

 


၂။ Honesty ႐ိုးသားရမယ္

ဒီစကားက အေျပာလြယ္သေလာက္ အင္မတန္ နက္နဲတဲ့ အဓိပၸါယ္ ကိုေဆာင္ပါတယ္။ ကိုျပခ်င္တဲ့ subject တစ္ခု ကို ကိုယ္ ျမင္ေစခ်င္တဲ့ အတိုင္း တျခားသူေတြ ျမင္ေအာင္႐ိုက္ႏိုင္ရမယ္။ ဒီေနရာမွ simplicity ဆိုတာပါလာၿပီ။ ဥပမာ ေနရာတစ္ခုထဲမွာ ႐ိုက္စရာေတြက အမ်ားႀကီး ဆိုပါစို႔။ ကစားကြင္းရယ္၊ ကားမွတ္တိုင္ရယ္၊ ေရအိုးစင္ရယ္၊ ခုံတန္းေတြ၊ သစ္ပင္ေတြ၊ ဒါေတြအားလုံးကို ပါေအာင္႐ိုက္ႏိုင္ရင္ ပုံေကာင္းတစ္ပုံ ရၿပီလို႔ မထင္လိုက္ပါနဲ႔။ ၾကည့္သူရဲ႕ စိတ္ထဲမွာ ဘယ္ဟာကို ၾကည့္ရမွန္းမသိပဲ ရႈပ္ေထြးသြားေစ ႏိုင္ပါတယ္။ ႐ိုး႐ိုးရွင္းရွင္း နဲ႔ ကိုယ္ျပခ်င္တဲ့ subject ၁ခု ၂ခု ေလာက္ကိုပဲ ေပၚ လြင္ေအာင္ျပပါ။

 

 

၃။ Observation စူးစမ္းေလ့လာမႈအားေကာင္းရမယ္

တ္ပုံသမားေကာင္း တစ္ေယာက္ ရဲ႕ မ်က္လုံး ဟာ ပတ္ဝန္းက်င္ကို အၿမဲစူးစမ္းေလ့ရွိတယ္။ ႐ိုက္စရာ တစ္ခုမဟုတ္ တစ္ခုကို ႀကံဖန္ရွာေနတတ္တယ္။ အျပင္မထြက္ျဖစ္ရင္ေတာင္ အိမ္မွာ ရွိတဲ့ပစၥည္းေလးေတြ ကို ဘယ္လို႐ိုက္ရ ေကာင္းမလဲ စူးစမ္းေနတတ္ တယ္။

 

 

၄။Training ကိုယ္တိုင္ ေလ့က်င့္မႈ
ဓါတ္ပုံ ပညာ မွာ self training က အေရးပါ ပါတယ္။ အဖန္တလဲလဲ ေလ့က်င့္ ႐ိုက္ယူေန သင့္ပါတယ္။ ဆို႐ိုးတစ္ခုရွိတယ္။ သင္႐ိုက္ကူးတဲ့ ပထမဆုံးပုံ ၁ေသာင္းက အဆိုးဝါးဆုံးပုံေတြပါတဲ့။ ဆိုလိုတာက ႀကိမ္ဖန္မ်ားစြာ႐ိုက္ကူးရင္းနဲ႔ အေတြ႕အႀကဳံ မ်ားလာမွ ေနာက္ပိုင္း ႐ိုက္တဲ့ပုံေတြက တေျဖးေျဖး ေကာင္းလာပါတယ္။

 


၅။ Outperform ထူးျခားသာလြန္ေကာင္းမြန္ျခင္း
အမ်ားသူငါ ႐ိုက္တဲ့ ပုံစံခြက္ထဲက ခြဲထြက္ၿပီး ဆန္းသစ္တဲ့ စိတ္ကူးစိတ္သန္းေတြ နဲ႔ ႐ိုက္ကူးတတ္ၾကတယ္။ အမ်ားနဲ႔မတူတဲ့ ကိုယ္ပိုင္ဟန္တစ္ခုကို ပိုင္ဆိုင္ထားရမယ္။

Sayar Guice banner design 2 3


၆။ Guidance မိမိကိုယ္ကို ထိမ္းေၾကာင္းႏိုင္ရမယ္
ဓါတ္ပုံသမားေကာင္း တစ္ေယာက္ဆိုတာ စံထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ကို လိုက္နာေစာင့္ထိမ္းတတ္တယ္။ ဥပေဒသ တစ္ခုကို မလိုအပ္ပဲ ဘယ္ေတာ့မွ မခ်ိဳးေဖာက္ဘူး။ အနည္းဆုံး Rule of Thirds ဆိုတာမ်ိဳး ကို အေလးထားဖို႔ သူတို႔စိတ္ထဲမွာ အလိုလို လက္ခံထားၾကတယ္။ စံသတ္မွတ္ထားတဲ့ ဥပေဒသတစ္ခု ကိုခ်ိဳးေဖာက္ခဲ့တယ္ဆိုရင္ေတာင္ သူတို႔ မသိလို႔ မဟုတ္ဘူး။ ပုံကို ပိုေကာင္းမြန္ေအာင္ လိုအပ္လို႔ ခ်ိဳးေဖာက္ၾကတာပါ။

 


၇။ Reliability ယုံၾကည္စိတ္ခ်ရမႈ
အင္မတန္အေရးႀကီးတဲ့ အခ်က္ပါ။ တျခားသူေတြရဲ႕အျမင္ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အျမင္မွာ ယုံၾကည္ေလးစားမႈ ရွိေအာင္ ေနထိုင္ႏိုင္ရတယ္။ ကိုယ္ ႐ိုက္သမွ် ပုံတိုင္းမွာ အားစိုက္ထုတ္မႈ ဆိုတာ ေပၚလြင္ေနေအာင္ ယုံၾကည္စိတ္ခ်ထိုက္သူျဖစ္ တယ္။

 


၈။ Ambitious ရည္႐ြယ္ခ်က္ႀကီးမားျခင္း
သာလြန္ေကာင္းမြန္တဲ့ ပုံေကာင္းေတြရဖို႔ ရည္႐ြယ္ခ်က္ အၿမဲရွိရတယ္။ ရည္းမွန္းခ်က္ဆိုတဲ့ေနရာမွာ ပုံေတြပိုေကာင္း ႐ိုက္မယ္ဆိုတာက စလို႔ ၿပိဳင္ပြဲေတြမွာ ဆုရေအာင္ႀကိဳးစားမယ္ဆိုတဲ့အထိပါတယ္။

 


၉။ Plan ႀကိဳတင္စီမံျခင္း
အနည္းဆုံးေတာ့ ကိုယ္႐ိုက္ကူးမယ့္ေနရာ အေၾကာင္းကို ႏွံ႔ စပ္ေအာင္ေလ့လာ တတ္ရတယ္။ ရာသီဥတု အေနအထား၊ ေနဝင္ေနထြက္ခ်ိန္ မွတ္သားျခင္း၊ ဘယ္လိုပစၥည္းမ်ိဳးေတြ ယူသြားသင့္ သလဲဆိုတာက အစ စနစ္တက် စီမံ တတ္ရပါတယ္။

 


၁၀။ Handling ထိန္းေက်ာင္း ကိုင္တြယ္ႏိုင္ျခင္း
အနည္း ဆုံးေတာ့ မိမိ ႐ိုက္တဲ့ ကင္မရာ အေၾကာင္းကို ခေရေစ့ တြင္းက်သိေနဖို႔ လိုပါတယ္။ ဒါမွလည္း setting ခ်ိန္တဲ့အခါ ဘယ္ဟာက အားသာခ်က္ရွိလဲ ဘယ္ေနရာမွာ အကန႔္ အသတ္ရွိလည္းဆို တာ သိႏိုင္မွာပါ။ ေ႐ြ႕လ်ား ေနတဲ့ subject ၿငိမ္ေနတဲ့ subject ေတြ ႐ိုက္ႏိုင္ဖို႔ ကင္မရာ setting ေတြကိုေကာင္းေကာင္း အသုံးခ်ႏိုင္ရပါမယ္။ အထူးသျဖင့္ ညဘက္႐ိုက္တဲ့ အခါ shutter speed, Aperture , White Balance စတာေတြကို ခ်ိန္ညႇိတတ္ဖို႔ လိုပါတယ္။ User Manual ေတြ၊ Review ေတြဖတ္ထားသင့္ပါတယ္။

 

 

၁၁။ You သင္ကိုယ္တိုင္
ေနာက္ဆုံးနဲ႔ အေရးအႀကီးဆုံးအခ်က္ပါ။ ေဈးအႀကီးဆုံး ကင္မရာေတြက သင့္ကို အေကာင္းဆုံး ဓါတ္ပုံဆရာတစ္ေယာက္ ျဖစ္ေအာင္ လုပ္မေပးႏိုင္ပါဘူး။
သုံးတဲ့ပစၥည္းထက္ ႐ိုက္တဲ့သူရဲ႕ စိတ္ကူးစိတ္သန္း၊ အယူအဆ၊ အေလ့အက်င့္၊ ကြၽမ္းက်င္မႈ၊ စိတ္အားထက္သန္မႈ တို႔ကသာ သင့္ကို ဓါတ္ပုံ ဆရာေကာင္းတစ္ေယာက္ျဖစ္ေစမွာပါ။ ကင္မရာထက္ ကင္မရာေနာက္က လူက ပိုအေရးႀကီးပါတယ္။


ဓါတ္ပုံ ပညာရပ္သင္ ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား ရွာေဖြရန္ႏွိပ္ပါ >>> https://www.sayar.com.mm/subjects/all-teachers/subject-361.html

 

 

Credit : Chan Nyein Win

Read times
Rate this articles
(0 votes)