×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Tuesday, 24 March 2020
စကားပြောနှင့်ချမ်းသာလာသည့် အမေရိကန် လူမည်းအမျိုးသမီး Oprah Winfrey
စကားပြောနှင့်ချမ်းသာလာသည့် အမေရိကန် လူမည်းအမျိုးသမီး Oprah Winfrey google
စကားပြောနှင့်ချမ်းသာလာသည့် အမေရိကန် လူမည်းအမျိုးသမီး Oprah Winfrey
           ၂၀ ရာစုနှစ်နှစ်မှာ အမေရိကန်နိုင်ငံက အမျိုးသမီးတွေထဲမှာ လအချမ်းသာဆုံးအမျိုးသမီးဟာ Oprah Winfrey ပါ။
တကယ်တော့ သူမဟာအငင်မတန်ဆင်းရဲ တဲ့မိသားစုကနေ မွေးလာခဲ့ပြီး စကားပြောကောင်းလို့ချမ်းသာလာတယ်လို့ပြော ရင်မယုံချင်စရာပါ။ သူမရဲ့ ဘဝမှာ သနားစရာတွေ၊ အားကျစရာတွေ နဲ့ ပြည့်လွှမ်းနေသော်လည်လည်း ဘဝကိုအရှုံးမပေးဘဲ အောင်မြင်တွေဘယ်လိုရရှိ ခဲ့လဲဆိုတာကိုဖတ်ကြည့် ကြရအောင်။
           Oprah ကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရိလ ၂၉ ရက်နေ့က မြီးကောက်ပေါက် အရွယ်ကောင်မလေးတစ်ယောက်က အဖေမပေါ် ပဲ မွေးခဲ့ပါတယ်။ သူမကို မွေးပြီးသိပ်မကြာခင် မှာပဲ Oprah ကိုအဖွားနဲ့ ထားခဲ့ပြီး အိမ်ကထွက်သွားပါတယ်။ ဆင်းရဲတဲ့အဖွားအိမ်မှာ Oprah ရဲ့ဘဝဟာ သာသာယာယာ မရှိလှပါဘူး။ သူမမှာ ကစားဖောာ်ကလေးသူငယ် မရှိလို့ အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ပဲ ကစားရင်းူမစိတ်ကူးယဉ်တာလေးတွေကို စကားပြောပြီး သရုပ်ဆောင်လုပ်လေ့ ရှိပါတယ်။ အဲ့ဒါကြောင့် သူမဟာ ငယ်ငယ်လေးကတည်းက စကားပြောတာနဲ့ သရုပ်ဆောင်တာကို ဝါသနာပါလာခဲ့ပါတယ်။
            Oprah ဟာ သုံးနှစ်မပြည့်ခင်မှာပဲ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းမှာ ကဗျာလေးတွေ ရွတ်ဆိုပြတယ်။ ကျမ်းစာအုပ်ထဲက ကျမ်းပိုဒ်တွေဆိုပြတယ်။ သူမဟာအရွယ်နဲ့ မလိုက်အောင် တော်လွန်းလို့ လူကြီးတွေက သူမကို " The Little Speaker’’ (တရားဟောကောင်းသူသေးသေးလေး)လို့ စနောက် ကျီစယ်ကြပါတယ်။ Oprah အသက် နှစ်ရောက်တော့ သူ့အမေဆီ မှာသွားနေခဲ့တယ်။ သူပအမေက တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အိမ်မှုကိစ္စ တွေလုပ်ပေးရင်းပိုက်ဆံရှာရလို့ သူမကို ဂရုမစိုက်နိုင်ပါဘူး။
            Oprah အသက် ၉ နှစ်အရွယ်မှာ သူ့အမေကက သူ့ကိုစောင့်ကြည့်ထိန်းဖို့ အိမ်မှာခေါ်ထားတဲ့ အသက် ၁၉ နှစ်အရွယ် အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ကိုခံခဲ့ရတယ်။ ဒါ့အပြင် Oprah ဟာ သူ့အမေရဲ့သူငယ်ချင်း ယောကျ်ားတစ်ယောက်၊ သူ့အမေရဲ့ ရည်းစား၊ သူ့အမေရဲ့မောင် စတဲ့ ယောကျာ်းတွေရဲ့ အနိုင်ကျင့်စော်ကား တာတွေကို အကြိမ်ကြိမ်ခံ ခဲ့ရပါတယ်။ တခြားသူတွေကိုပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထား၇လို့Oprah ဟာငယ်ရွယ်သူပီပီ ကြောင့်ပြီးသူ့အမေကိုတောင် မပြောပဲ တစ်ယေယာက်ထဲကြိတ်မှိတ်ခံစား ခဲ့ရတယ်။
              သူမ ၁၃ နှစ်မှာအိမ်က ထွက်ပြေးတယ် ။ အသက် ၁၄ နှစ်မှာကိုယ်ဝန်ရခဲ့ပြီး မွေးတဲ့ ကလေးကမွေးမွေးပြီးချင်းပဲ သေဆုံးသွားခဲ့ပါတယ်။ ကလေးဆုံးလို့ စိတ်ထိခိုက်နေတဲ့ သူမဟာ သူ့ဘဝတိုးတတ်ပြောင်းလဲဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်။ အဲ့ဒါက သူမ အမေက သူမကို အဖေဆီမှာ သွားနေခိုင်းတယ်။ Oprah ရဲ့အဖေဟာ Oprah ကို စည်းနဲ့ကမ်းနဲ့ နေခိုင်းပြီး အထက်တန်းကျောင်းကောင်းကောင်းတစ်ခုမှာ ထားပေးခဲ့တယ်။
              Oprah ဟာကျောင်းမှာစာတော် ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းလိုပ သူမကိုကောျင်းရဲ့ ကျောင်းသားရေးရာ ဥက္ကဌ အဖြစ်တင်မြှောက်ခဲ့တယ်။ အထက်တန်းကျောင်းနောာက်ဆုံး နှစ်မှာ အော်ပရာ နဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ပြဇာတ်တစ်ခု ကပြဖို့အတွက်အစမ်းလေ့ကျင့်နေ ကြတယ်။ အဲ့ဒီ ချိန်မှာကျောင်းမှာရောက်နေတဲ့ မြို့ရဲ့ ရေဒီယိုအသံလွှင့်ဌာန အရာရှိတစ်ဦးက သူမရဲ့ စကားပြောကိုသဘောကျ လို့သူတို့ရေဒီယို လိုင်းမှာစကားပြောပေးဖို့ ကမ်းလှမ်းခဲ့တယ်။ Oprah လဲလက်ခံလိုက်လို့ ရေဒီယိုကနေ သတင်းကြေညာတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။
              တနေ့ မှာလူထု မိန့်ခွန်းပြောပြိုင်မှာ ဝင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမှာပထမရခဲ့ တာကြောင့် တက်နက်ဆီတက္ကသိုလ်မှာ စကောလားရှစ် နဲ့ သူမတတ်ခွင့်ရလိုက်တယ်။ တက္ကသိုလ်မှာ အတတ်ပညာနဲ့ သရုပ်ဆောင်ပညာ ဘာသာရပ်ကို သင်ယူတယ်။သူမ တက္ကသိုလ်တတ်နေတုန်းမှာ CBS ရုပ်မြင်သံကြား ကုမ္ပဏီက သူမကိုသတင်းထောက် လုပ်ဖို့ကမ်းလှမ်းလာတယ်။ တက္ကသိုလ် တတ်နေဆဲမို့လို့သူမ ကမ်းလှမ်းချက်ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာ ပါမောက္ခက အဲ့ဒီအလုပ်ဟာသူ့ဘဝအတွက်တက်လမ်းရှိလို့ လက်ခ့သင့်တယ်လို့ပြောလို့ တက္ကသိုလ်ကနေထွက်ပြီး သတင်းထောက် အလုပ်ကိုလက်ခံခဲ့တယ်။ တက္ကသိုလ်ကထွက်လိုက်တဲ့ အချိန်မှာသူမဘွဲ့ ရဖို့လအနည်းငယ်သာလိုပါတော့တယ်။
                အလုပ်ဝင်ပြီးမကြာခင်မှာပဲ မကျွမ်းကျင်တဲ့သတင်းထောက်အလုပ်မှာ အမှားအယွင်းတွေလုပ်မိလို့ သိပ်မကြာခင်မှာ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ သူမရဲ့အရည်အချင်းကို သိထားပြီးတဲ့ သူမရဲ့ ဆရာက " Morning talk show’’ ဆိုတဲ့ စကားပြောဆွေးနွေးပွဲရုပ်မြင်သံကြား အစီအစဉ်မှာ ဦးဆောင်ဆွေးနွေးသူတစ်ယောက်အဖြစ် ပါဝင်ခိုင်းခဲ့တယ်။သူူမဝါသနာ ပါတဲ့စကားပြောတာကို လုပ်ရလို့ ပျော်သွားပြီး စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ပါတော့တယ်။ ရုပ်မြင်သံကြားအစီအစဉ် မှာ ၇ နှစ်ကြာအောင်လုပ်ခဲ့ပြီး နောက်တော့သူမဘဝတတ်လမ်းရှာဖွေဖို့ အလုပ်ကထွက်လိုက်ပါတယ်။
               ၁၉၈၅ ခုနှစ်မှာ Oprah ဟာသူမပါဝင်ခဲ့တဲ့ ဆွေးနွေးပွဲ video အခွေကို A.M Chicago ရုပ်မြင်သံကြားကုမ္ပဏီကြီးကိုပို့လိုက်တယ်။ A.M Chicago ကသူမရဲ့ အခွေကိုကြည့်ပြီး စကားပြောတာတွေကို နှစ်သက်တာကြောင့် သူမကိုချက်ချင်းပဲ အလုပ်ခန့်လိုက်ပါတယ်။ ၁၉၈၅ မှာOprah ဟာသူမပါဝင်ခဲ့တဲ့ ဆွေးနွေးပွဲအခွေကို A.M Chicago ကနေ မူပိုင်အဖြစ်ဝယ်လိုက်တယ်။ အဲ့ဒါတွေကိုပြင်ဆင်တည်းဖြတ်ပြီး " Oprah Winfrey Show’’ ဆိုပြီး နာမည်တပ်လိုက်တယ်။ သူမရဲ့ ပထမဆုံး show ကို ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ျှာ အမေရိကန် တစ်နိုင်ငံလုံးမှာ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့တယ်။ ပထမမှာဆုံးပွဲ မှာတင်လူကြုက်အရမ်းများပြီး Oprah Winfrey တဲ့နာမည်က အမေရိကန်တစ်နိုင်ငံလုံး မှာကျော်ကြားသွားခဲ့တယ်။
              Oprah ဟာ show ပွဲတွေမှာ ပထမတော့ အမျိုးသမီးတွေနဲ့ပဲ အမျိုးသမီးရေးရာကိစ္စ တွေကိုဆွေးနွေးခန်းရိုက်ပါတတယ်။ နောက်ပိုင်းမှာ ယောကျ်ား၊ မိန်းမ၊ ကလေး အရွယ်စုံ နဲ့ ကဏ္ဏ ပေါင်းစုံကိုရိုက်ကူးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ တွေမှာပရိတ်သတ်သဘောကျတဲ့ မေးခွန်းေတွေ ကိုမေးတတ်တာရယ် ပရိတ်သတ် သိချင်တဲ့ အကြောင်းအရာတွေကိုပါလာအောင် တစ်ဖက်သားကို ပညာသားပါပါ နဲ့ ဖြေချင်အောင်ဆွဲဆောင်စည်းရုံး နိုင်တာကြောင့် ပရိတ်သတ် တွေအရမ်းသဘောကျသလို ရုပ်မြင်သံကြားဌာနတွေ ကလဲဆုတွေအများ ကြီးသူမကိုချီးမြှင့် ပေးခဲ့တယ်။ အော်ပရာဟာ အဲ့ဒါတင်မကပဲ ကိုယ်ပိုင်မဂ္ဂဇင်းစာစောင်တွေ ထုတ်တယ်။ ရုပ်ရှင်တစ်ကားမှာ သူမရဲ့သရုပ်ဆောင်ကောင်းလို့ ဟောလိဝုဒ် အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင်ဆု ဆန်ကာတင်စာရင်းမှာ ပါခဲ့ပါသေးတယ်။
                   အမေရိကန်နိုင်ငံမှာ အရပ်သားတွေကိုချီးမြှင့်တဲ့ ဆုတွေထဲက အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်လပ်မှု ဆုကြီးကို သမ္မတ အိုဘားမားထံက ရရှိခဲ့ပါတယ်။ ယနေ့မှာတော့ Oprah ရဲ့ ပိုင်ဆိုင်ကြွယ်ဝယ်မှုဟာ အမေရိကန်ဒေါ်လာ (၃) ဘီလီယံဖြစ်လို့ အမေရိကန် အမျိုးသမီးတွေထဲမှာ အချမ်းသာဆုံး လူမည်းအမျိုးသမီး ဖြစ်နေပါတယ်။
                  ဆင်းရဲတဲ့မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကေလေးမှာာ လိင်မှုဆိုင်ရာအနိုင်ကျင့်မှုတွေ အကြိမ်ကြိမ် ခံခဲ့ရပေ မဲ့ဘဝကို အရှုံးမပေး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရင်း အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ Oprah Winfrey ရဲ့ဘဝဟာအတုယူ အားကျဖွယ်ကောင်းလှ့ပါတယ်။
(Zaw gyi)
register
              ဆင်းရဲတဲ့မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကလေးမှာာ လိင်မှုဆိုင်ရာအနိုင်ကျင့်မှုတွေ အကြိမ်ကြိမ် ခံခဲ့ရပေ မဲ့ဘ၀ကို အရှုံးမပေး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရင်း အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ Oprah  Winfrey ရဲ့ဘ၀ဟာအတုယူ အားကျဖွယ်ကောင်းလှပါတယ်။
သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ ( ဗနိးမော်သိန်းဖေ)
https://www.sayar.com.mm/
Read times Last modified on Tuesday, 24 March 2020 09:49
Rate this articles
(0 votes)