×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 30 March 2020

စာအုပ်တစ်အုပ် ကိုဘယ်လိုဖတ်သင့်သလဲ

စာအုပ်တစ်အုပ် ကိုဘယ်လိုဖတ်သင့်သလဲ pexels

တချို့တွေက စာအုပ်တစ်အုပ်ကို တစ်ထိုင်ထည်းအပြီးဖတ်လိုက်တယ်တဲ့။ တချို့တွေကကျတော့ စာအုပ်တစ်အုပ်ကို တစ်ပတ်ကြာအောင်ဖတ်ယူရတယ်တဲ့။

စာဖတ်တာ နှေးတာကိုမရှုံ့ချလိုပါ။ ထိုနည်းအတူ စာဖတ်မြန်လို့လဲ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အဓိက ကျတာကဖတ်ပြီးတာနဲ့ စာအုပ်ရဲ့ မှတ်မိနေဖို့ ကအရေးကြီးပါတယ်။

 

ဒီထက်ပိုအရေးကြီးတာက စာအုပ်ထဲက အကြောင်းအရာက မိမိကို ဘယ်လိုအတွေးအခေါ် ဘယ်လိုအသိအမြင်တွေ ပေးလိုက်သလဲဆိုတာ ပိုင်းခြားစိတ်ဖြာ သုံးသပ်ခြင်းပါပဲ။ အခန်းတစ်ခန်းကို ဖတ်ပြီးသွားတိုင်း အဲ့ဒီအခန်းအပေါ် စဉ်းစားသုံးသပ်ဝေဖန်တဲ့ အကျင့်လေးလုပ်ပေးပါ။

 

ဖတ်ရုံသက်သက် မဟုတ်ဘဲ မိမိရဲ့ စဉ်းစားသုံးသပ်တဲ့ အတွေးတွေထည့်ပေးရင် ပိုပြီးမှတ်မိနေပါလိမ့်မယ်။ မိမိ ကဖတ်ပြီးရင်မေ့သွားပြီလို့ ထင်ရပေမဲ့ တကယ့်ကို စဉ်းစားသုံးသပ်ပြီး ဖတ်ခဲ့တာတွေက သင့်ရဲ့ မသိစိတ်ထဲမှာ ဖျောက်ဖျက်မရအောင် စွဲမြဲစွာ မှတ်မိနေပါလိမ့်မယ်။

 

တစ်ချိန်မှာ ကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်ချဖို့ ကြုံလာရင် ကိုယ်ဖတ်ခဲ့တဲ့ အကြောင်းအရာ(သို့မဟုတ်) အဖြေဟာ ခေါင်းထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။ ဒါဟာစာဖတ်ခြင်းရဲ့ ကြီးမားတဲ့အကျိုးကျေးဇူးပါပဲ။ စာဖတ်သူနဲ့ စာမဖတ်သူတွေကို ကွာခြားသွားစေတဲ့ အချက်ပါ။

 

စာအုပ်တစ်အုပ်ကိုဖတ်ရင်းနဲ့ ဘာအတွေးအမြင်၊ ဘာခံစားချက်မှ ဖြစ်ပေါ်မလာဘူး၊ ဘာအကျိုးမှလည်း မရှိဘူးဆိုရင် အဲ့ဒီစာအုပ်ကို လွှင့်တာပစ်လိုက်ပါ။ စာအုပ်ဖိုး နှမြောပြီး အိမ်ထဲမှာ သိမ်းမထားပါနဲ့။ သားသမီးတွေ ဖတ်မိရင် သူတို့ရဲ့ ကြည်လင်နေတဲ့စိတ်ကို အဆိပ်အတောက်ဖြစ်လာစေနိုင်ပါတယ်။

စာအုပ်ဖတ်ရင် အောက်ကအချက်အလက်လေးကို သတိပြုစေချင်ပါတယ်။
“ စာအုပ်တစ်အုပ်ကို ဝယ်ဖတ်လိုက်လို့ အဲ့ဒီစာအုပ်ထဲက စာလေးတစ်ကြောင်း (သို့မဟုတ်) စာပိုဒ်လေးတစ်ခုဟာ မိမိဘဝကို ပြောင်းလဲတိုးတတ်သွားစေတယ်ဆိုရင် အဲ့ဒီစာအုပ်ဖိုး ကျေပါတယ်" တဲ့။

(Zaw Gyi)

90251442 832926683874316 4730726126572273664 n

register

စာအုပ္တစ္အုပ္ ကိုဘယ္လိုဖတ္သင့္သလဲ

တခ်ိဳ့ေတြက စာအုပ္တစ္အုပ္ကို တစ္ထိုင္ထည္းအျပီးဖတ္လိုက္တယ္တဲ့။ တခ်ိဳ့ေတြကက်ေတာ့ စာအုပ္တစ္အုပ္ကို တစ္ပတ္ၾကာေအာင္ဖတ္ယူရတယ္တဲ့။ စာဖတ္တာ ေႏွးတာကိုမရႈံ႕ခ်လိုပါ။ ထိုနည္းအတူ စာဖတ္ျမန္လို႔လဲ ဂုဏ္ယူစရာမဟုတ္ပါဘူး။ အဓိက က်တာကဖတ္ျပီးတာနဲ့ စာအုပ္ရဲ႔ မွတ္မိေနဖို့ ကအေရးၿကီးပါတယ္။

 

ဒီထက္ပိုအေရးၾကီးတာက စာအုပ္ထဲက အေၾကာင္းအရာက မိမိကို ဘယ္လိုအေတြးအေခၚ ဘယ္လိုအသိအျမင္ေတြ ေပးလိုက္သလဲဆိုတာ ပိုင္းျခားစိတ္ျဖာ သံုးသပ္ျခင္းပါပဲ။ အခန္းတစ္ခန္းကို ဖတ္ျပီးသြားတိုင္း အဲ့ဒီအခန္းအေပၚ စဥ္းစားသံုးသပ္ေ၀ဖန္တဲ့ အက်င့္ေလးလုပ္ေပးပါ။

 

ဖတ္ရုံသက္သက္ မဟုတ္ဘဲ မိမိရဲ႕ စဥ္းစားသံုးသပ္တဲ့ အေတြးေတြထည့္ေပးရင္ ပိုျပီးမွတ္မိေနပါလိမ့္မယ္။ မိမိ ကဖတ္ျပီးရင္ေမ့သြားျပီလို႔ ထင္ရေပမဲ့ တကယ့္ကို စဥ္းစားသံုးသပ္ျပီး ဖတ္ခဲ့တာေတြက သင့္ရဲ့ မသိစိတ္ထဲမွာ ေဖ်ာက္ဖ်က္မရေအာင္ စြဲျမဲစြာ မွတ္မိေနပါလိမ့္မယ္။

 

တစ္ခ်ိန္မွာ ကိစၥတစ္ခုအတြက္ ဆံုးျဖတ္ခ်က္ခ်ဖို႔ ၾကံဳလာရင္ ကိုယ္ဖတ္ခဲ့တဲ့ အေၾကာင္းအရာ(သို႔မဟုတ္) အေျဖဟာ ေခါင္းထဲမွာ အလိုလို ေပၚလာပါလိမ့္မယ္။ ဒါဟာစာဖတ္ျခင္းရဲ႕ ၾကီးမားတဲ့အက်ိဳးေက်းဇူးပါပဲ။ စာဖတ္သူနဲ့ စာမဖတ္သူေတြကို ကြာျခားသြားေစတဲ့ အခ်က္ပါ။

 

စာအုပ္တစ္အုပ္ကိုဖတ္ရင္းနဲ႔ ဘာအေတြးအျမင္၊ ဘာခံစားခ်က္မွ ျဖစ္ေပၚမလာဘူး၊ ဘာအက်ိဳးမွလည္း မရွိဘူးဆိုရင္ အဲ့ဒီစာအုပ္ကို လြွင့္တာပစ္လိုက္ပါ။ စာအုပ္ဖိုး ႏွေျမာျပီး အိမ္ထဲမွာ သိမ္းမထားပါနဲ့။ သားသမီးေတြ ဖတ္မိရင္ သူတို႔ရဲ႔ ၾကည္လင္ေနတဲ့စိတ္ကို အဆိပ္အေတာက္ျဖစ္လာေစႏိုင္ပါတယ္။

စာအုပ္ဖတ္ရင္ ေအာက္ကအခ်က္အလက္ေလးကို သတိျပဳေစခ်င္ပါတယ္။

“ စာအုပ္တစ္အုပ္ကို ၀ယ္ဖတ္လိုက္လို႔ အဲ့ဒီစာအုပ္ထဲက စာေလးတစ္ေၾကာင္း (သို့မဟုတ္) စာပိုဒ္ေလးတစ္ခုဟာ မိမိဘ၀ကို ေျပာင္းလဲတိုးတတ္သြားေစတယ္ဆိုရင္ အဲ့ဒီစာအုပ္ဖိုး ေက်ပါတယ္" တဲ့။

 

https://www.sayar.com.mm/

Read times Last modified on Tuesday, 31 March 2020 14:38
Rate this articles
(0 votes)