×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 27 April 2020

ခေါင်းဆောင်မှုမှာ ဘာက အရေးအကြီးဆုံးလဲ

ခေါင်းဆောင်မှုမှာ ဘာက အရေးအကြီးဆုံးလဲ

ခေါင်းဆောင်မှု (Leadership) ဆိုတာ ယနေ့ခေတ်မှာ အရမ်းရေပန်းစားပြီး လူတိုင်းနေ့စဉ်နီးပါး ကြားနေရတဲ့ ခေါင်းစဉ်တစ်ခုပါ။
”ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ရဘူး”
“ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှုရှိရတယ်”
“ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိရတယ်”
“ခေါင်းဆောင်ဆိုတာ ပေါင်းသင်းဆက်ဆံရေးကောင်းရတယ်”
အစရှိသဖြင့် ခေါင်းဆောင်တစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အရည်အချင်းတွေကို အားလုံး ကြားဖူး၊ မှတ်ဖူး၊ လေ့လာဖူးကြမှာပါ။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးက မမှားသော်ငြားလည်း ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာကို စဉ်းစားကြည့်ခဲ့ဘူးပါသလား။

 

အထက်လူကြီးဆိုတဲ့ နေရာတစ်ခုရောက်ပြီဆိုတာနဲ့ အလိုလို ခေါင်းဆောင်ဖြစ်ပြီလို့ ယူဆတတ်ကြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှုဆိုတာ နေရာတစ်ခုနဲ့ မသက်ဆိုင်ပါဘူး။ နေရာဆိုတာက မတည်မြဲတတ်ပေမယ့် ခေါင်းဆောင်မှုအရည်အခင်းကတော့ အမြဲတမ်း တည်မြဲနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အတတ်ပညာတစ်ခုပါ။

 

ဒါဆိုရင် ခေါင်းဆောင်လို့ ဘာကြောင့်ခေါ်ကြသလဲ။ ဘယ်သူတွေက သတ်မှတ်ကြသလဲ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ လူအချင်းချင်းကပဲ ဒီလူကတော့ ခေါင်းဆောင်ဖြစ်တယ်။ ဒီလူကတော့ နောက်လိုက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် လူအချင်းချင်းကပဲ သတ်မှတ်ထားခြင်းကိုခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးအနေနဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုက “လူတွေကို ရှေ့တန်းတင်ခြင်း” ဆိုတာပါပဲ။

 

ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ် ကိုယ့်ထက်အများကို (နောက်လိုက်တွေကို) ရှေ့တန်းတင်တတ်ဖို့ အရေးကြီးပါတယ်။ ခြင်္သေ့ကို တောဘုရင်လို့ သတ်မှတ်လေ့ရှိကြသော်ငြားလည်း ခြင်္သေ့တစ်ကောင်တး်ပဲရှိတဲ့ တောအုပ်ထဲမှာ သူက ဘုရင်မဖြစ်နိုင်ပါဘူး။ သူ့ကိုယ်သူ ဘုရင်လို့ သမားရိုးကျ နည်းလမ်းအားဖြင့် သတ်မှတ်နိုင်သော်ငြားလည်း အမှန်စင်စစ်အားဖြင့်တော့ သူကိုယ်တိုင်ပဲ နောက်လိုက်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခေါင်းဆောင်မှုနောက်ကို လိုက်မယ့် နောက်လိုက်တွေ မရှိလို့ဖြစ်ပါတယ်။

 

ဒါဆိုရင် လူတိုင်းကို အသေးစိတ်ကအစ လိုက်ဂရုစိုက်နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် လူတိုင်းကို အစစအရာရာ အသေးစိတ်ကအစ ဂရုစိုက်နေရမယ်လို့ မဆိုလိုပါဘူး။

 

ခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်လိုက်တွေက ကိုယ့်ထက်ပိုတော်သွားမှာ ပိုတတ်သွားမှကြို စိုးရိမ်နေတတ်တဲ့ ကိုယ့်ရဲ့အတ္တတွေကို ခဝါချပြီး ကိုယ့်နောက်လိုက်တွေ အောင်မြင်ဖို့ကို အာရုံစိုက်ပေးဖို့ လိုအပ်ပါသတယ်။

 

လူတိုင်းဟာ နေရာတိုင်းမှာ ကောင်းမွန်မနေတတ်ပါဘူး။ လူတိုင်းမှာ အားသာချက်တွေရှိပါတယ်။ လူတိုင်းမှာ အားသာချက်တွေရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်နောက်လိုက်တွေရဲ့အားသားချက်တွေကို သိအောင် လေ့လာစူးစမ်းမှုတွေပြုလုပ်ပါ။ သူတို့ရဲ့အားသာချက်တွေကို မောင်းမွန်စွာ အသုံးချနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ သူတို့ရဲ့အားနည်းချက်တွေကို သိမြင်လာအောင် အပြုသဘောဆောင်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်ပေးပြီး အားနည်းချက်တွေကနေ အားသာချက်တွေ ဖြစ်လာအောင် ပြောင်းလဲနိုင်တဲ့အခြေအနေ အဃါင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

 

ဖန်တီးပေးထားတဲ့အခြေအနေ၊ အခွင့်အလမ်းတွေကို နောက်လိုက်များ ကိုယ်တိုင်အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်ချက်တစ်ခု ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှိနေသင့်သလို ထိုကဲ့သို့ ယုံကြည်ကြောင်းကိုလည်း နောက်လိုက်များ သိမြင်စေရန် ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။

 

အမှားနှင့်ကင်းနိုင်သူများ မရှိသဖြင့် နောက်လိုက်များ တစ်စုံတစ်ခု အမှားအယွင်းဖြစ်ခဲ့လျှင်လည်း ထိုအမှားကို ကောင်းမွန်စေရန် မည်ကဲ့သို့ပြုပြင်သင့်သည်ဟူသော မှတ်ချက်မျိုးပေးခြင်းအားဖြင့် (၂)ဦး(၂)ဘက် အထောက်အကူဖြစ်စေနိုင်ပြီး ထိုအမှားကို နမူနာယူကာ ပိုမိုကောင်းမွန်သော အရာတစ်ခုကို လုပ်ဆောင်နိုင်ပါလိမ့်မည်။

 

နိဂုံးချုပ်အားဖြင့် အဖွဲ့အစည်းတစ်ခု အောင်မြင်စေရန် နောက်လိုက်များအား အလေးထားသော ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းသည် အလွန်အဓိကကျပေသည်။


Credit : Tr. Nway

 

ေခါင္းေဆာင္မႈမွာ ဘာက အေရးအႀကီးဆံုးလဲ

ေခါင္းေဆာင္မႈ (Leadership) ဆိုတာ ယေန႔ေခတ္မွာ အရမ္းေရပန္းစားၿပီး လူတိုင္းေန႔စဥ္နီးပါး ၾကားေနရတဲ့ ေခါင္းစဥ္တစ္ခုပါ။
”ေခါင္းေဆာင္ဆိုတာ ေခါင္းမေရွာင္ရဘူး”
“ေခါင္းေဆာင္ဆိုတာ တာ၀န္ယူမႈ တာ၀န္ခံမႈရွိရတယ္”
“ေခါင္းေဆာင္ဆိုတာ အရည္အခ်င္းရွိရတယ္”
“ေခါင္းေဆာင္ဆိုတာ ေပါင္းသင္းဆက္ဆံေရးေကာင္းရတယ္”
အစရွိသျဖင့္ ေခါင္းေဆာင္တစ္ေယာက္မွာရွိသင့္ရွိထိုက္သည့္ အရည္အခ်င္းေတြကို အားလံုး ၾကားဖူး၊ မွတ္ဖူး၊ ေလ့လာဖူးၾကမွာပါ။ အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေတြအားလံုးက မမွားေသာ္ျငားလည္း ဘယ္အရာက အေရးအႀကီးဆံုးလဲဆိုတာကို စဥ္းစားၾကည့္ခဲ့ဘူးပါသလား။

 

အထက္လူႀကီးဆိုတဲ့ ေနရာတစ္ခုေရာက္ၿပီဆိုတာနဲ႔ အလိုလို ေခါင္းေဆာင္ျဖစ္ၿပီလို႔ ယူဆတတ္ၾကပါတယ္။ တကယ္ကေတာ့ ေခါင္းေဆာင္မႈဆိုတာ ေနရာတစ္ခုနဲ႔ မသက္ဆိုင္ပါဘူး။ ေနရာဆိုတာက မတည္ၿမဲတတ္ေပမယ့္ ေခါင္းေဆာင္မႈအရည္အခင္းကေတာ့ အၿမဲတမ္း တည္ၿမဲေနတတ္တဲ့ ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာ အတတ္ပညာတစ္ခုပါ။

 

ဒါဆိုရင္ ေခါင္းေဆာင္လို႔ ဘာေၾကာင့္ေခၚၾကသလဲ။ ဘယ္သူေတြက သတ္မွတ္ၾကသလဲ။ ရိုးရိုးေလးပဲ ေတြးၾကည့္ပါ။ လူအခ်င္းခ်င္းကပဲ ဒီလူကေတာ့ ေခါင္းေဆာင္ျဖစ္တယ္။ ဒီလူကေတာ့ ေနာက္လိုက္ျဖစ္တယ္လို႔ သတ္မွတ္ၾကပါတယ္။ ဒါဆိုရင္ လူအခ်င္းခ်င္းကပဲ သတ္မွတ္ထားျခင္းကိုခံရတဲ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ပထမဦးဆံုးအေနနဲ႔ ရွိသင့္တဲ့ အရည္အခ်င္းတစ္ခုက “လူေတြကို ေရွ႕တန္းတင္ျခင္း” ဆိုတာပါပဲ။

 

ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ကိုယ့္ကိုယ္ ကိုယ့္ထက္အမ်ားကို (ေနာက္လိုက္ေတြကို) ေရွ႕တန္းတင္တတ္ဖို႔ အေရးႀကီးပါတယ္။ ျခေသၤ့ကို ေတာဘုရင္လို႔ သတ္မွတ္ေလ့ရွိၾကေသာ္ျငားလည္း ျခေသၤ့တစ္ေကာင္တး္ပဲရွိတဲ့ ေတာအုပ္ထဲမွာ သူက ဘုရင္မျဖစ္ႏိုင္ပါဘူး။ သူ႔ကိုယ္သူ ဘုရင္လို႔ သမားရိုးက် နည္းလမ္းအားျဖင့္ သတ္မွတ္ႏိုင္ေသာ္ျငားလည္း အမွန္စင္စစ္အားျဖင့္ေတာ့ သူကိုယ္တိုင္ပဲ ေနာက္လိုက္တစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ေခါင္းေဆာင္မႈေနာက္ကို လိုက္မယ့္ ေနာက္လိုက္ေတြ မရွိလို႔ျဖစ္ပါတယ္။

 

ဒါဆိုရင္ လူတိုင္းကို အေသးစိတ္ကအစ လိုက္ဂရုစိုက္ေနရမွာလားဆိုတဲ့ ေမးခြန္းတစ္ခု ေပၚလာပါတယ္။ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ လူတိုင္းကို အစစအရာရာ အေသးစိတ္ကအစ ဂရုစိုက္ေနရမယ္လို႔ မဆိုလိုပါဘူး။

ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ေနာက္လိုက္ေတြက ကိုယ့္ထက္ပိုေတာ္သြားမွာ ပိုတတ္သြားမွၾကို စိုးရိမ္ေနတတ္တဲ့ ကိုယ့္ရဲ႕အတၱေတြကို ခ၀ါခ်ၿပီး ကိုယ့္ေနာက္လိုက္ေတြ ေအာင္ျမင္ဖို႔ကို အာရံုစိုက္ေပးဖို႔ လိုအပ္ပါသတယ္။

 

လူတိုင္းဟာ ေနရာတိုင္းမွာ ေကာင္းမြန္မေနတတ္ပါဘူး။ လူတိုင္းမွာ အားသာခ်က္ေတြရွိပါတယ္။ လူတိုင္းမွာ အားသာခ်က္ေတြရွိပါတယ္။ ေခါင္းေဆာင္ေကာင္းတစ္ေယာက္အေနနဲ႔ ကိုယ့္ေနာက္လိုက္ေတြရဲ႕အားသားခ်က္ေတြကို သိေအာင္ ေလ့လာစူးစမ္းမႈေတြျပဳလုပ္ပါ။ သူတို႔ရဲ႕အားသာခ်က္ေတြကို ေမာင္းမြန္စြာ အသံုးခ်ႏိုင္တဲ့ အခြင့္အလမ္းေတြ ဖန္တီးေပးပါ။ သူတို႔ရဲ႕႕အားနည္းခ်က္ေတြကို သိျမင္လာေအာင္ အျပဳသေဘာေဆာင္တဲ့လမ္းညႊန္မႈေတြ ျပဳလုပ္ေပးၿပီး အားနည္းခ်က္ေတြကေန အားသာခ်က္ေတြ ျဖစ္လာေအာင္ ေျပာင္းလဲႏိုင္တဲ့အေျခအေန အဃါင့္အလမ္းေတြ ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။

 

ဖန္တီးေပးထားတဲ့အေျခအေန၊ အခြင့္အလမ္းေတြကို ေနာက္လိုက္မ်ား ကိုယ္တိုင္ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္သည္ဟူေသာ ယံုၾကည္ခ်က္တစ္ခု ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ရွိေနသင့္သလို ထိုကဲ့သို႔ ယံုၾကည္ေၾကာင္းကိုလည္း ေနာက္လိုက္မ်ား သိျမင္ေစရန္ ေဖာ္ထုတ္ျပသဖို႔ လိုအပ္ပါတယ္။

 

အမွားႏွင့္ကင္းႏိုင္သူမ်ား မရွိသျဖင့္ ေနာက္လိုက္မ်ား တစ္စံုတစ္ခု အမွားအယြင္းျဖစ္ခဲ့လွ်င္လည္း ထိုအမွားကို ေကာင္းမြန္ေစရန္ မည္ကဲ့သို႔ျပဳျပင္သင့္သည္ဟူေသာ မွတ္ခ်က္မ်ိဳးေပးျခင္းအားျဖင့္ (၂)ဦး(၂)ဘက္ အေထာက္အကူျဖစ္ေစႏိုင္ၿပီး ထိုအမွားကို နမူနာယူကာ ပိုမိုေကာင္းမြန္ေသာ အရာတစ္ခုကို လုပ္ေဆာင္ႏိုင္ပါလိမ့္မည္။

နိဂံုးခ်ဳပ္အားျဖင့္ အဖြဲ႕အစည္းတစ္ခု ေအာင္ျမင္ေစရန္ ေနာက္လိုက္မ်ားအား အေလးထားေသာ ေခါင္းေဆာင္မႈဆိုင္ရာ အရည္အခ်င္းသည္ အလြန္အဓိကက်ေပသည္။


Credit : Tr. Nway

Read times
Rate this articles
(0 votes)