×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 07 May 2020

သားသမီး တွေကို အမွေ မပေးခဲ့တဲ့ ဘီလျှံနာ သုံးယောက်

ဘီလျှံနာတွေ အများစု ခေါင်းကိုက်တဲ့ အချက်ထဲမှာ တခုအပါအဝင်က ငါသေရင် ပိုက်ဆံတွေ ဘယ်သူ့ပေးရမလဲဆိုတာပါပဲ (ကိုတွေ နဲ့များကွာပါ့) လူအများစုကတော့ ထင်ကြပါလိမ့်မယ် သူတို့တွေ သေရင် သူတို့သားသမီးတွေက အမွေ ဆက်ခံရလိမ့်မယ်ပေါ့၊ တခါတုန်းက သူငယ်ချင်းတွေကို ဘေလ်ဂိတ် သမီးပုံကို ပြတာ သကောင့်သားတွေများ မျက်နှာကြီးတွေကို ဝင်းနေတာပဲ မစားရ ဝခမန်း အပျော်တွေလွန်နေတာ။

 

ဘီလျံနာတွေ ရဲ့ ခံယူချက်ကတော့ တမျိုးပါ သူတို့ရဲ့သားသမီးတွေ သဘာ၀ လောက ကြီးရဲ့ အရသာ အမျိုးမျိုးကို တွေ့ကြုံခံစားစေချင်ကြတယ် (ကွာပြန်ပီ မြန်မာပေါကားတွေနဲ့) သူတို့ဖြတ်သန်း ကြုံဆုံခဲ့ရတဲ့ လောကဒဏ် အမျိုးမျိုးရဲ့ တန်ဖိုးကို ပိုက်ဆံတွေထက် ပိုတန်ဖိုး ရှိကြောင်း ပြောပြချင်ပုံရပါတယ်။

 

Mark Zuckerberg -- $74 billion

-------------------------------------

 

Forbes magazine ရဲ့အဆိုအရ facebook တည်ထောင်သူ Mark Zuckerberg ရဲ့ကြွယ်ဝချမ်းသာမှု့ဟာ $74billion ရှိပါတယ်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ရက် ဆောင်းဦးပေါက်နေ့လေးတနေ့ဟာ Mark Zuckerberg နဲ့ သူ့ဇနီး Priscilla Chan တို့အတွက် ကြည်နူးစရာနေ့လေး တနေ့ဖြစ်ခဲ့ပါတယ် သူတို့ရဲ့သမီးဦးလေး Max ကိုအဲ့ဒီ့နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ အဲ့ဒီ့နေ့မှာ ပဲ Zuckerberg က သမီးငယ်လေးသို့လို့လိပ်မူကာ post တခုတင်လိုက်ပါတယ်။ အဲ့ဒီ့မှာ သူ့သမီးငယ် အမွေအားလုံးရဲ့ ၉၉% ကို အလှူအတန်း တွေ အတွက်ထည့်ဝင်ဖို့ အတွက်သာရည်ရွယ်ထားကြောင်း တခါတည်း ကြေငြာလိုက်ပါတယ်။ သဘောက တော့ ၁% သာ သူ့သမီး ငယ် Max ဟာ ဖအေဖြစ်သူဆီက အမွေရမှာ ဖြစ်ပါတယ်။


Zuckerberg Post : https://www.facebook.com/notes/mark-zuckerberg/a-letter-to-our-daughter/10153375081581634?pnref=story

 

Warren Buffett -- $78.9 billion

-------------------------------------

 

Forbes magazine ရဲ့အဆိုအရ Warren Buffett ရဲ့ အသားတင် ပိုင်ဆိုင်မှု့ $78.9billion ရှိပါတယ်။
Berkshire Hathaway ကုမ္မပဏီ တနည်း apple အပါဝင် ကုမ္မပဏီ များစွာထဲမှာ ရင်းနှီးမြှပ်နှံထားသော Investment ကုမ္မဏီကြီး ရဲ့ ပိုင်ဆိုင်သူလည်းဖြစ် CEO လည်းဖြစ်သူ Warren Buffett ဟာ သူသေပြီးတဲ့နောက်မှာ သူ့ရဲ့ပိုင်ဆိုင်မှု့တွေ အကုန်လုံးကို ပရဟိတ အဖွဲ့စည်း အသီးသီးကို လှူဒန်းဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။
သူ့သားသမီး ၃ယောက်ကို ရော့အင့်ဆိုပီး တိုက်ရိုက် အမွေပေး မယ့်အစား သူတို့ရဲ့ကိုယ်ပိုင် ပရဟိတလုပ်ငန်း လုပ်ဖို့အတွက် $2.1billion တန်ဖိုးရှိတဲ့ ရှယ်ယာ ကို Berkshire Hathaway company မှ ဆုလာဒ် အဖြစ်ပေးမယ်လို့ Warren Buffett ကကတိပြုလိုက်ပါတယ်။ ဒါဟာလည်း သူ့သားသမီးတွေက ပရဟိတ ဖောင်ဒေးရှင်းလုပ်မှ ရမှာဖြစ်ပါတယ်။
သူ့ရဲ့ ပိုက်ဆံအများစုကတော့ Bill and Melinda Gates Foundation နဲ့ Susan Thompson Buffett Foundation အတွက် ထားခဲ့မှာ ဖြစ်ပါတယ်။

 

Bill Gates -- $89.6 billion

------------------------------

 

ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်တော်တော်ကြာအောင် ထိန်းသိမ်း ထားခဲ့နိုင်သူ Bill Gates ရဲ့အသားတင်းပိုင်ဆိုင်မှု့ဟာ $89.6 billion ရှိပါတယ်။ Microsoft ကိုတည်ထောင်သူ Bill Gates ဟာ ပြင်းပြတဲ့ ပရဟိတစိတ် ရှိသူဖြစ်ပီး ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပိုင် ပရဟိတ foundation ကြီးကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။ Bill and Melinda Gates Foundation အဖွဲ့စည်းဟာ နှစ်စဉ် ကမ္ဘာ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အလှူငွေ မတည်လျှက်ရှိပါတယ်။Bill Gate ရဲ့ သားသမီး ၃ ယောက်ကတော့ ဖအေရဲ့ ပရဟိတသွေး အပြည့်ပါလား မသိပါဘူး သူတို့ဟာ ဖခင်ဆီက အမွေကို မမျှော်မှန်းသလို အမွေမရတာလည်း ပျော်ရွှင်နေတဲ့အကြောင်း ပြောဆိုကြပါတယ် (ကိုတွေဆီမှာတော့ တမှု့ပီး တမှု့)။ Bill Gate နဲ့ အမေးအဖြေ ဆိုတဲ့ program မှာ သူပြောသွားတာက ခလေးတွေကို ကျွန်တော် အမွေအများကြီးပေးမှာ မဟုတ်ပါဘူး တယောက်ကို $10million ပေးဖို့တော့ ရည်ရွယ်ထားပါတယ်။ ဒီပမာဏ ဟာ Bill Gate ပိုင်ဆိုင်မှု့ရဲ့ 0.01116 percent မျှသာဖြစ်ပါတယ်။

 

Bill Gate အမေးအဖြေ : https://www.huffingtonpost.co.uk/entry/bill-gates-reddit-ama_n_2663872

 

<<< Zawgyi >>> 

 

သားသမီး ေတြကို အေမြ မေပးခဲ့တဲ့ ဘီလွ်ံနာ သုံးေယာက္

---------------------------------------------------

 

ဘီလွ်ံနာေတြ အမ်ားစု ေခါင္းကိုက္တဲ့ အခ်က္ထဲမွာ တခုအပါအဝင္က ငါေသရင္ ပိုက္ဆံေတြ ဘယ္သူ႔ေပးရမလဲဆိုတာပါပဲ (ကိုေတြ နဲ႔မ်ားကြာပါ့) လူအမ်ားစုကေတာ့ ထင္ၾကပါလိမ့္မယ္ သူတို႔ေတြ ေသရင္ သူတို႔သားသမီးေတြက အေမြ ဆက္ခံရလိမ့္မယ္ေပါ့၊ တခါတုန္းက သူငယ္ခ်င္းေတြကို ေဘလ္ဂိတ္ သမီးပုံကို ျပတာ သေကာင့္သားေတြမ်ား မ်က္ႏွာႀကီးေတြကို ဝင္းေနတာပဲ မစားရ ၀ခမန္း အေပ်ာ္ေတြလြန္ေနတာ။

 

ဘီလ်ံနာေတြ ရဲ႕ ခံယူခ်က္ကေတာ့ တမ်ိဳးပါ သူတို႔ရဲ႕သားသမီးေတြ သဘာ၀ ေလာက ႀကီးရဲ႕ အရသာ အမ်ိဳးမ်ိဳးကို ေတြ႕ႀကဳံခံစားေစခ်င္ၾကတယ္ (ကြာျပန္ပီ ျမန္မာေပါကားေတြနဲ႔) သူတို႔ျဖတ္သန္း ႀကဳံဆုံခဲ့ရတဲ့ ေလာကဒဏ္ အမ်ိဳးမ်ိဳးရဲ႕ တန္ဖိုးကို ပိုက္ဆံေတြထက္ ပိုတန္ဖိုး ရွိေၾကာင္း ေျပာျပခ်င္ပုံရပါတယ္။

 

Mark Zuckerberg -- $74 billion

 

Forbes magazine ရဲ႕အဆိုအရ facebook တည္ေထာင္သူ Mark Zuckerberg ရဲ႕ႂကြယ္၀ခ်မ္းသာမႈ႕ဟာ $74billion ရွိပါတယ္။၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁ရက္ ေဆာင္းဦးေပါက္ေန႔ေလးတေန႔ဟာ Mark Zuckerberg နဲ႔ သူ႔ဇနီး Priscilla Chan တို႔အတြက္ ၾကည္ႏူးစရာေန႔ေလး တေန႔ျဖစ္ခဲ့ပါတယ္ သူတို႔ရဲ႕သမီးဦးေလး Max ကိုအဲ့ဒီ့ေန႔မွာ ဖြားျမင္ခဲ့ပါတယ္။ အဲ့ဒီ့ေန႔မွာ ပဲ Zuckerberg က သမီးငယ္ေလးသို႔လို႔လိပ္မူကာ post တခုတင္လိုက္ပါတယ္။ အဲ့ဒီ့မွာ သူ႔သမီးငယ္ အေမြအားလုံးရဲ႕ ၉၉% ကို အလႉအတန္း ေတြ အတြက္ထည့္ဝင္ဖို႔ အတြက္သာရည္႐ြယ္ထားေၾကာင္း တခါတည္း ေၾကျငာလိုက္ပါတယ္။ သေဘာက ေတာ့ ၁% သာ သူ႔သမီး ငယ္ Max ဟာ ဖေအျဖစ္သူဆီက အေမြရမွာ ျဖစ္ပါတယ္။


Zuckerberg Post : https://www.facebook.com/notes/mark-zuckerberg/a-letter-to-our-daughter/10153375081581634?pnref=story

 

Warren Buffett -- $78.9 billion

 

Forbes magazine ရဲ႕အဆိုအရ Warren Buffett ရဲ႕ အသားတင္ ပိုင္ဆိုင္မႈ႕ $78.9billion ရွိပါတယ္။
Berkshire Hathaway ကုမၼပဏီ တနည္း apple အပါဝင္ ကုမၼပဏီ မ်ားစြာထဲမွာ ရင္းႏွီးျမႇပ္ႏွံထားေသာ Investment ကုမၼဏီႀကီး ရဲ႕ ပိုင္ဆိုင္သူလည္းျဖစ္ CEO လည္းျဖစ္သူ Warren Buffett ဟာ သူေသၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ပိုင္ဆိုင္မႈ႕ေတြ အကုန္လုံးကို ပရဟိတ အဖြဲ႕စည္း အသီးသီးကို လႉဒန္းဖို႔ အစီအစဥ္ေတြ လုပ္ထားပါတယ္။
သူ႔သားသမီး ၃ေယာက္ကို ေရာ့အင့္ဆိုပီး တိုက္႐ိုက္ အေမြေပး မယ့္အစား သူတို႔ရဲ႕ကိုယ္ပိုင္ ပရဟိတလုပ္ငန္း လုပ္ဖို႔အတြက္ $2.1billion တန္ဖိုးရွိတဲ့ ရွယ္ယာ ကို Berkshire Hathaway company မွ ဆုလာဒ္ အျဖစ္ေပးမယ္လို႔ Warren Buffett ကကတိျပဳလိုက္ပါတယ္။ ဒါဟာလည္း သူ႔သားသမီးေတြက ပရဟိတ ေဖာင္ေဒးရွင္းလုပ္မွ ရမွာျဖစ္ပါတယ္။
သူ႔ရဲ႕ ပိုက္ဆံအမ်ားစုကေတာ့ Bill and Melinda Gates Foundation နဲ႔ Susan Thompson Buffett Foundation အတြက္ ထားခဲ့မွာ ျဖစ္ပါတယ္။

 

Bill Gates -- $89.6 billion

 

ကမာၻ႔အခ်မ္းသာဆုံးဆိုတဲ့ ဂုဏ္ပုဒ္ကို ႏွစ္ေတာ္ေတာ္ၾကာေအာင္ ထိန္းသိမ္း ထားခဲ့ႏိုင္သူ Bill Gates ရဲ႕အသားတင္းပိုင္ဆိုင္မႈ႕ဟာ $89.6 billion ရွိပါတယ္။ Microsoft ကိုတည္ေထာင္သူ Bill Gates ဟာ ျပင္းျပတဲ့ ပရဟိတစိတ္ ရွိသူျဖစ္ပီး ကမာၻ႔အႀကီးဆုံး ပုဂၢလိကပိုင္ ပရဟိတ foundation ႀကီးကိုလည္း တည္ေထာင္ထားသူျဖစ္ပါတယ္။ Bill and Melinda Gates Foundation အဖြဲ႕စည္းဟာ ႏွစ္စဥ္ ကမာၻ႔က်န္းမာေရးနဲ႔ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြမွာ အလႉေငြ မတည္လွ်က္ရွိပါတယ္။Bill Gate ရဲ႕ သားသမီး ၃ ေယာက္ကေတာ့ ဖေအရဲ႕ ပရဟိတေသြး အျပည့္ပါလား မသိပါဘူး သူတို႔ဟာ ဖခင္ဆီက အေမြကို မေမွ်ာ္မွန္းသလို အေမြမရတာလည္း ေပ်ာ္႐ႊင္ေနတဲ့အေၾကာင္း ေျပာဆိုၾကပါတယ္ (ကိုေတြဆီမွာေတာ့ တမႈ႕ပီး တမႈ႕)။ Bill Gate နဲ႔ အေမးအေျဖ ဆိုတဲ့ program မွာ သူေျပာသြားတာက ခေလးေတြကို ကြၽန္ေတာ္ အေမြအမ်ားႀကီးေပးမွာ မဟုတ္ပါဘူး တေယာက္ကို $10million ေပးဖို႔ေတာ့ ရည္႐ြယ္ထားပါတယ္။ ဒီပမာဏ ဟာ Bill Gate ပိုင္ဆိုင္မႈ႕ရဲ႕ 0.01116 percent မွ်သာျဖစ္ပါတယ္။

 

Bill Gate အေမးအေျဖ : https://www.huffingtonpost.co.uk/entry/bill-gates-reddit-ama_n_2663872

 

References Link : Entrepreneur

Read times
Rate this articles
(1 Vote)