×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 09 July 2020

အောင်မြင်မှုရရှိစေရန် လိုအပ်သည့်အချက်များ

အောင်မြင်မှုရရှိစေရန် လိုအပ်သည့်အချက်များ


ဒီနေ့ခေတ်မှာ လူတိုင်းဟာ အရာရာကို မြန်မြန်ဆန်ဆန် လိုချင်လာကြပါတယ်။ ဒီလို မြန်မြန်ဆန်ဆန်ဆိုတဲ့ အရာတွေထဲမှာမှ ကိုယ့်ဘဝအတွက် အမှန်တကယ်အကျိုးရှိမယ့် အောင်မြင်မှုကို ဘယ်လိုမြန်မြန်ဆန်ဆန် ရယူမလဲဆိုတဲ့ နည်းလမ်းတွေကို လေ့လာကြပါစို့။


(၁) တိကျသော ပန်းတိုင်ကို ချမှတ်ပါ။
အောင်မြင်မှုများရရှိစေရန် အဓိကအနေနဲ့ မိမိက ဘယ်နယ်ပယ်မှာ ကျွမ်းကျင်တာလည်း၊ ဘယ်နယ်ပယ်မှာ အောင်မြင်ချင်တာလည်း၊ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်ခြင်တာလည်း . . . . . အစရှိသည့် မိမိဘ၀ အသက်မွေးဝမ်းကျောင်းအတွက် တိကျသော ဦတည်းချက် ပန်းတိုင်ကို ချမှတ်ပါ။

 

(၂) ကောင်းမွန်သည့်အကျင့်များကို ထပ်တလဲလဲ လုပ်ဆောင်ပါ။
ထပ်တလဲလဲ ကျင့်ကြံပြုမူခြင်းအားဖြင့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။ ဥပမာအားဖြင့် နေ့စဉ် ညအိပ်ခါနီးတိုင်း တစ်နာရီခန့် စာဖတ်တယ်ဆိုပါဆို့။ ဒီလိုစာဖတ်ခြင်းအားဖြင့် သင့်ရဲ့ စာဖတ်စွမ်းရည်ကို တိုးတက်စေနိုင်သည်။ မှတ်ဉာဏ်ကိုတိုးတက်စေနိုင်သည်။ ဒီလိုစာဖတ်ခြင်းနဲ့အလားသဏ္ဍာန်တူ ကိုယ်ဘဝအတွက် တိုးတက်စေနိုင်မယ့် မည်သည့်ကောင်းမွန်တဲ့အကျင့်ကိုမဆို ထပ်တလဲလဲ လုပ်ဆောင်သင့်ပါတယ်။

 

(၃) မိမိအား အမှန်တကယ် လမ်းညွှန်ပြသနိုင်မည့်တစ်ဦးကို ဆရာတင်ပါ။
အောင်မြင်မှုများစွာရှိသောသူများတွင် တူညီသောအချက်တစ်ခုရှိသည်။ ၎င်းမှာ လိုအပ်ချက်များကို အမှန်တကယ် လမ်းညွှန်ပြသပေးနိုင်သော ဆရာတစ်ဦးဆီ ရှိနေခြင်းပင်။ ထိုဆရာလို့ဆိုရာမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးပါဝင်ပါတယ်။ ဒီလို ဆရာတွေထံမှ မိမိဘဝအောင်မြင်ရေးအတွက် နည်းလမ်းများ၊ လမ်းညွှန်ချက်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

 

(၄) သင်၏အောင်မြင်မှုလမ်း ချောမွေ့ပါစေ။
အပြုသဘောဆောင်သော နည်းလမ်းများက အောင်မြင်မှုကို လျှင်မြန်စွာ တိုးတက်စေနိုင်ပါတယ်။ အကျင့်ဆိုးများနဲ့ အချိန်ဖြုန်းတီးခြင်းတွေကတော့ ဆန့်ကျင့်ဘက် အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့ အကျင့်ဆိုးတွေကို ဖယ်ဖျောက်ပါ။ သင်လျှောက်ရမည့် အောင်မြင်မှုလမ်း ရိုးရှင်းစွာဖြတ်သန်းရင် ချောမွေ့ပါစေ။

 

(၅) မလိုလားအပ်သည့်ကိစ္စရပ်များအတွက် “NO” ဟုပြောရန် မနှောင့်နှေးပါနှင့်။
https://www.sayar.com.mm/whats-new/lifestyle/item/2388-say-no.html

 

(၆) ငွေကြေး စီမံခန့်ခွဲတတ်ပါစေ။
ငွေကြေးကို မှန်ကန်စွာ စီမံခန့်ခွဲပါ။ ငွေကိုစုပါ။ မလိုအားအပ်တဲ့ကိစ္စတွေမှာ ငွေကြေးတွေဖြုန်းမိတာ၊ အသုံးအဖြုန်းကြီးတာတွေက သင်ရဲ့အောင်မြင်မှုလမ်းရဲ့ ဆူးညှောင့်ခလုတ်တွေ ပါ။ ငွေကြေးကို မှန်မှန်ကန်ကန် စီမံသုံးစွဲပါမှ ကိုယ်က ငွေရဲ့အရှင်သခင်ဖြစ်လာမှာပါ။

 

(၇) အမှားများမှတဆင့် လေ့လာပါ။
တိုးတက်မှုကိုအာရုံစိုက်ပါ။ အမှားများမှတဆင့် သင်ခန်းစာယူပါ။ ထိုသို့သင်ခန်းစာရယူနိုင်မည်ဆိုပါက ပိုမို ပါင်းရည်နပ်ရည်ရှိလာပြီး အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ့်အချက်တစ်ခုလည်းလည်းဖြစ်လာမှာပါ။ ကိစ္စရပ်တစ်ခုခုကို ဆောင်ရွက်တဲ့အခါမှာ မိမိကိုယ်တိုင်မှားခဲ့တဲ့အမှား၊ သူတပါးမှားခဲ့တဲ့အမှား၊ မှားလေ့မှားထရှိတဲ့အမှား . . . . . အစရှိတဲ့ အမှားများကို သတိပြု၍ ထိုသို့အမှားမျိုး ထပ်မံမဖြစ်ရလေအောင် ကြိုးစားပါ။

 

ဒီလိုအချက်တွေကို လိုက်နာခြင်းအားဖြင့် အောင်မြင်မှုများကို အလျှင်အမြန် ရရှိနိုင်မှာပဲဖြစ်ပါတယ်။

 

 

ေအာင္ျမင္မႈရရွိေစရန္ လိုအပ္သည့္အခ်က္မ်ား


ဒီေန႔ေခတ္မွာ လူတိုင္းဟာ အရာရာကို ျမန္ျမန္ဆန္ဆန္ လိုခ်င္လာၾကပါတယ္။ ဒီလို ျမန္ျမန္ဆန္ဆန္ဆိုတဲ့ အရာေတြထဲမွာမွ ကိုယ့္ဘ၀အတြက္ အမွန္တကယ္အက်ိဳးရွိမယ့္ ေအာင္ျမင္မႈကို ဘယ္လိုျမန္ျမန္ဆန္ဆန္ ရယူမလဲဆိုတဲ့ နည္းလမ္းေတြကို ေလ့လာၾကပါစို႔။


(၁) တိက်ေသာ ပန္းတိုင္ကို ခ်မွတ္ပါ။
ေအာင္ျမင္မႈမ်ားရရွိေစရန္ အဓိကအေနနဲ႔ မိမိက ဘယ္နယ္ပယ္မွာ ကၽြမ္းက်င္တာလည္း၊ ဘယ္နယ္ပယ္မွာ ေအာင္ျမင္ခ်င္တာလည္း၊ ဘယ္ေလာက္အတိုင္းအတာထိ ေအာင္ျမင္ျခင္တာလည္း . . . . . အစရွိသည့္ မိမိဘ၀ အသက္ေမြး၀မ္းေက်ာင္းအတြက္ တိက်ေသာ ဦတည္းခ်က္ ပန္းတိုင္ကို ခ်မွတ္ပါ။

 

(၂) ေကာင္းမြန္သည့္အက်င့္မ်ားကို ထပ္တလဲလဲ လုပ္ေဆာင္ပါ။
ထပ္တလဲလဲ က်င့္ႀကံျပဳမူျခင္းအားျဖင့္ ႀကီးမားေသာ အက်ိဳးေက်းဇူးကို ရရွိေစႏိုင္သည္။ ဥပမာအားျဖင့္ ေန႔စဥ္ ညအိပ္ခါနီးတိုင္း တစ္နာရီခန္႔ စာဖတ္တယ္ဆိုပါဆို႔။ ဒီလိုစာဖတ္ျခင္းအားျဖင့္ သင့္ရဲ႕ စာဖတ္စြမ္းရည္ကို တိုးတက္ေစႏိုင္သည္။ မွတ္ဥာဏ္ကိုတိုးတက္ေစႏိုင္သည္။ ဒီလိုစာဖတ္ျခင္းနဲ႔အလားသ႑ာန္တူ ကိုယ္ဘ၀အတြက္ တိုးတက္ေစႏိုင္မယ့္ မည္သည့္ေကာင္းမြန္တဲ့အက်င့္ကိုမဆို ထပ္တလဲလဲ လုပ္ေဆာင္သင့္ပါတယ္။

 

(၃) မိမိအား အမွန္တကယ္ လမ္းညႊန္ျပသႏိုင္မည့္တစ္ဦးကို ဆရာတင္ပါ။
ေအာင္ျမင္မႈမ်ားစြာရွိေသာသူမ်ားတြင္ တူညီေသာအခ်က္တစ္ခုရွိသည္။ ၄င္းမွာ လိုအပ္ခ်က္မ်ားကို အမွန္တကယ္ လမ္းညႊန္ျပသေပးႏိုင္ေသာ ဆရာတစ္ဦးဆီ ရွိေနျခင္းပင္။ ထိုဆရာလို႔ဆိုရာမွာ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာ အားလံုးပါ၀င္ပါတယ္။ ဒီလို ဆရာေတြထံမွ မိမိဘ၀ေအာင္ျမင္ေရးအတြက္ နည္းလမ္းမ်ား၊ လမ္းညႊန္ခ်က္မ်ားကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။

 

(၄) သင္၏ေအာင္ျမင္မႈလမ္း ေခ်ာေမြ႕ပါေစ။
အျပဳသေဘာေဆာင္ေသာ နည္းလမ္းမ်ားက ေအာင္ျမင္မႈကို လွ်င္ျမန္စြာ တိုးတက္ေစႏိုင္ပါတယ္။ အက်င့္ဆိုးမ်ားနဲ႔ အခ်ိန္ျဖဳန္းတီးျခင္းေတြကေတာ့ ဆန္႔က်င့္ဘက္ အက်ိဳးသက္ေရာက္မႈကို ရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အက်င့္ဆိုးေတြကို ဖယ္ေဖ်ာက္ပါ။ သင္ေလွ်ာက္ရမည့္ ေအာင္ျမင္မႈလမ္း ရိုးရွင္းစြာျဖတ္သန္းရင္ ေခ်ာေမြ႕ပါေစ။

 

(၅) မလိုလားအပ္သည့္ကိစၥရပ္မ်ားအတြက္ “NO” ဟုေျပာရန္ မေႏွာင့္ေႏွးပါႏွင့္။
https://www.sayar.com.mm/whats-new/lifestyle/item/2388-say-no.html

 

(၆) ေငြေၾကး စီမံခန္႔ခြဲတတ္ပါေစ။
ေငြေၾကးကို မွန္ကန္စြာ စီမံခန္႔ခြဲပါ။ ေငြကိုစုပါ။ မလိုအားအပ္တဲ့ကိစၥေတြမွာ ေငြေၾကးေတြျဖဳန္းမိတာ၊ အသံုးအျဖဳန္းႀကီးတာေတြက သင္ရဲ႕ေအာင္ျမင္မႈလမ္းရဲ႕ ဆူးေညွာင့္ခလုတ္ေတြ ပါ။ ေငြေၾကးကို မွန္မွန္ကန္ကန္ စီမံသံုးစြဲပါမွ ကိုယ္က ေငြရဲ႕အရွင္သခင္ျဖစ္လာမွာပါ။

 

(၇) အမွားမ်ားမွတဆင့္ ေလ့လာပါ။
တိုးတက္မႈကိုအာရံဳစိုက္ပါ။ အမွားမ်ားမွတဆင့္ သင္ခန္းစာယူပါ။ ထိုသို႔သင္ခန္းစာရယူႏိုင္မည္ဆိုပါက ပိုမို ပါင္းရည္နပ္ရည္ရွိလာၿပီး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ေပးႏိုင္မယ့္အခ်က္တစ္ခုလည္းလည္းျဖစ္လာမွာပါ။ ကိစၥရပ္တစ္ခုခုကို ေဆာင္ရြက္တဲ့အခါမွာ မိမိကိုယ္တိုင္မွားခဲ့တဲ့အမွား၊ သူတပါးမွားခဲ့တဲ့အမွား၊ မွားေလ့မွားထရွိတဲ့အမွား . . . . . အစရွိတဲ့ အမွားမ်ားကို သတိျပဳ၍ ထိုသို႔အမွားမ်ိဳး ထပ္မံမျဖစ္ရေလေအာင္ ႀကိဳးစားပါ။

 

ဒီလိုအခ်က္ေတြကို လိုက္နာျခင္းအားျဖင့္ ေအာင္ျမင္မႈမ်ားကို အလွ်င္အျမန္ ရရွိႏိုင္မွာပဲျဖစ္ပါတယ္။

 

Read times
Rate this articles
(3 votes)