×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 15 July 2020

ရည်မှန်းချက်ပန်းတိုင်မှ သင့်ကို ဝေးကွာသွားစေနိုင်သည့် အချက်များကို ဘယ်လိုရှောင်ရှားကြမလဲ

ရည်မှန်းချက်ပန်းတိုင်မှ သင့်ကို ဝေးကွာသွားစေနိုင်သည့် အချက်များကို ဘယ်လိုရှောင်ရှားကြမလဲ

ကျွန်တော်တို့အများစုက ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ရေးဆွဲကြသော်လည်း ဒီရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရန်အတွက်တော့ ခက်ခဲနေတတ်ကြပါတယ်။ အဓိကအချက်ကတော့ စိတ်ဓာတ်မပြတ်သားတာ၊ ခံယူချက်မပြင်းပြတာ၊ သည်းခံနိုင်စွမ်း လုံလောက်မှုမရှိတာတွေကြောင့်ပဲဖြစ်ပါတယ်။

ဒီလိုမျိုးတွေမဖြစ်ရအောင် ဘယ်လိုအချက်အလက်တွေ ပြင်ဆင်သင့်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။

 

(၁) တိကျတဲ့ ပန်းတိုင် “SMART Goal” ချမှတ်ပါ။
SMART ဆိုတာကတော့ Specific (တိကျခြင်း၊ သတ်သတ်မှတ်မှတ်ဖြစ်ခြင်း)၊ Measurable (တိုင်းတာ၍ရခြင်း)၊ Attainable (ရယူနိုင်ခြင်း)၊ Relevant (သက်ဆိုင်မှုရှိခြင်း)၊ Time-bound (အချိန်သတ်မှတ်ထားခြင်း) လို့ အဓိပ္ပာယ်ရပါတယ်။ အသေးစိတ်ထပ်ပြီးလေ့လာကြည့်ရအောင်။

S=Specific
ပထမဆုံး ကိုယ့်ရဲ့ပန်းတိုင်ကို ချမှတ်ဖို့လိုပါတယ်။ ဒီလိုချမှတ်တဲ့နေရာမှာ 5W နဲ့ ချမှတ်ရအောင်
(1) What - ဘာကို ပြီးမြောက်စေချင်တာလည်း
(2) Why - ဘာကြောင့် ဒီပန်းတိုင်ကို ချမှတ်ရတာလည်း။
(3) Who - ဘယ်သူတွေက ပူးပေါင်းပါဝင်မှာလဲ။
(4) Where – ဒီပန်းတိုင်ရဲ့ အဆုံးသတ်က ဘယ်နေရာမှာလဲ။
(5) When - ဘယ်အချိန်မှာ ဒီပန်းတိုင်ကို ရောက်ရမှာလဲ . . . . . အစရှိတဲ့အချက်တွေကို တိတိကျကျ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။

M = Measurable
သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို တကယ်ရောက်မရောက်ကို ဘယ်လိုနည်းနဲ့ တိုင်းတာကြမလဲ
(1) အရေအတွက်နဲ့လား (How Much?. How Many?)။
(2) ဒါမှမဟုတ် သင့်ပန်းတိုင်ကို ဘယ်လိုနည်းလမ်းနဲ့ရောက်မရောက်ကို သိနိုင်မလဲ (How Will . . . . ?) ဆိုတာကို အစပိုင်းထဲက တိတိကျကျ သိရှိထားဖို့ လိုပါတယ်။

A = Attainable
ရည်မှန်းချက်ပန်းတိုင်ဆိုတာ တနည်းပြောရရင် သင့်အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ရန်အတွက် ဗဟုသုတ၊ ကျွမ်းကျင်မှုရှိခြင်း အစရှိတာတွေ လိုအပ်ပါတယ်။ ဒီ့အတွက် ရည်မှန်းချက်ပနန်းတိုင်ရောက်ရှိစေခြင်းငှာ လိုအပ်တဲ့ စွမ်းရည်၊ ဗဟုသုတတွေ၊ မိမိရှေ့ကအောင်မြင်သွားသူတွေ ဘယ်လိုကြိုးစားခဲ့သလဲ၊ ဘာတွေလေ့လာခဲ့သလို ဆိုတာတွေကို လေ့လာပြီး လိုအပ်တာတွေကို သင်ယူဖို့ လိုအပ်ပါတယ်။

R = Relevant
မိမိ သိရှိနားလည်၊ တတ်ကြွမ်းထားတဲ့ ပညာရပ်တွေနဲ့ မိမိရောက်ရှိလိုတဲ့ ပန်းတိုင်က ကိုက်ညီမှုရှိဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ မိမိရဲ့ပန်းတိုင်က အောင်မြင်တဲ့စာရေးဆရာ၊ တကယ်တမ်း လေ့လာနေတာကတော့ ဖက်ရှင်ဒီဇိုင်းဆိုရင်တော့ ကိုယ်တကယ်ရောက်လိုတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။

T=Time-bound
ပန်းတိုင်တစ်ခုကိုချမှတ်ရာမှာ အချိန်အကန့်အသတ်မပါခဲ့ရင် အချီးအနှီးပါပဲ။ ဒီ့အတွက် ကိုယ်ရောက်ရှိရမယ်လို့ သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ဘယ်အချိန်အတွင်း ရောက်ရှိအောင် လုပ်ဆောင်မယ်ဆိုတဲ့ မိမိကိုယ်မိမိ စိန်ခေါ်တဲ့ Time-bound (အချိန်သတ်မှတ်ခြင်း) လွန်စွာမှ အရေးပါပါတယ်။

(၂) ဖုန်းအသုံးများခြင်းကို ရှောင်ကျဉ်ပါ။
ဒီနေ့ခေတ် လူငယ်အတော်များများက ဖုန်းကို အကျိုးမရှိတဲ့နေရာတွေမှာ အသုံးများပြီး အချိန်တွေ ကုန်ဆုံးလေ့ရှိတယ်။ Social Media, Game အစရှိတာတွေနဲ့ အချိန်တွေကုန်ဆုံးနေကြပါတယ်။ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို တကယ်ရောက်ချင်တာဆိုရင်တော့ ဒီလိုမျိုး အကျိုးမဲ့အချိန်ကုန်စေမယ့် ဖုန်းအသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ အချိန်တခုသတ်မှတ်ပြီး ဘယ်အချိန်မှာတော့ ဒီလိုကိစ္စရပ်မျိုးတွေအတွက်အသုံးပြုမယ်၊ ကျန်အချိန်တွေမှာတော့ ကိုယ့်ရဲ့ပန်းတိုင်ကို အောင်မြင်စေနိုင်မယ့် အကျိုးရှိတဲ့ပညာရပ်တွေကို လေ့လာမယ် အစရှိသဖြင့် မိမိကိုယ်မိမိ စီမံခန့်ခွဲရပါလိမ့်မယ်။

(၃) စိတ်ကိုတည်ငြိမ်အောင်ထားပါ။
အလုပ်တစ်ခုကို စလုပ်ပြီးဆိုရင် ဒီစလုပ်ထားတဲ့အလုပ်ကို အဆုံးသတ်နိုင်ဖို့ပဲ ကြိုးစားပါ။ ဟိုအလုပ်၊ ဒီအလုပ် အစရှိသဖြင့် စိတ်မတည်ငြိမ်ဘဲ လျှောက်လုပ်နေမယ်ဆိုရင်တော့ ဘယ်တစ်ခုမှ ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။ အလုပ်ကို လောဘကြီးတာ ကောင်းတယ်ဆိုပေမယ့် ပြီးမြောက်ချင်တဲ့စိတ်ဆန္ဒအားကြီးသွားရင်တော့ အမှားဖြစ်ဖို့ ပိုများပါတယ်။ ဒီ့အတွက် မိမိစိတ်ကိုတည်ငြိမ်အောင်ထားပါ။ စိတ်တည်ငြိမ်အောင် တရားမှတ်ပါ၊ စိတ်လေ့ကျင့်ခန်းပြုလုပ်ပါ။ ယောဂကျင့်ပါ။ အလုပ်တစ်ခုပြီးမြောက်မှ နောက်တစ်ခုကို အကောင်အထည်ဖော်ပါ။

(၄) အကြောင်းရင်းကို မမေ့ပါနဲ့။
တစ်ခါတစ်ရံမှာ အခြားသောကိစ္စရပ်တွေကြောင့် မိမိရဲ့ပန်းတိုင်ကို သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာတွေလုပ်နေသလဲ၊ ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့အတွက် သက်ဆိုင်မှုရှိရဲ့လား၊ ပန်းတိုင်ရောက်ဖို့ ကြိုးစားနေတာရော ဟုတ်ရဲ့လား အစရှိသဖြင့် မိမိကိုယ်မိမိ အမြဲသတိပေးနေဖို့ လိုအပ်ပါတယ်။

(၅) မိမိကိုယ်မိမိ အမြဲတက်ကြွလန်းဆန်းနေပါစေ။
ဘယ်ပန်းတိုင်မဆို အခက်အခဲကတော့ အနည်းနဲ့အများ ရှိကြတာပါပဲ။ ဒီ့အတွက် ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့၊ ကျန်းမာဖို့၊ တက်ကြွလန်းဆန်းနေစေဖို့၊ လေ့လာသင့်တာတွေလေ့လာရင်း အမြဲဘဲ လန်းဆက်တက်ကြွနေပါစေ။

 

 

 

ရည္မွန္းခ်က္ပန္းတိုင္မွ သင့္ကို ေဝးကြာသြားေစႏိုင္သည့္ အခ်က္မ်ားကို ဘယ္လိုေရွာင္ရွားၾကမလဲ

ကြၽန္ေတာ္တို႔အမ်ားစုက ရည္မွန္းခ်က္ပန္းတိုင္မ်ား ခ်မွတ္ေရးဆြဲၾကေသာ္လည္း ဒီရည္မွန္းခ်က္ပန္းတိုင္မ်ားကို အေကာင္အထည္ေဖာ္ရန္အတြက္ေတာ့ ခက္ခဲေနတတ္ၾကပါတယ္။ အဓိကအခ်က္ကေတာ့ စိတ္ဓာတ္မျပတ္သားတာ၊ ခံယူခ်က္မျပင္းျပတာ၊ သည္းခံႏိုင္စြမ္း လုံေလာက္မႈမရွိတာေတြေၾကာင့္ပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳးေတြမျဖစ္ရေအာင္ ဘယ္လိုအခ်က္အလက္ေတြ ျပင္ဆင္သင့္တယ္ဆိုတာကို ေဆြးေႏြးတင္ျပလိုပါတယ္။

(၁) တိက်တဲ့ ပန္းတိုင္ “SMART Goal” ခ်မွတ္ပါ။
SMART ဆိုတာကေတာ့ Specific (တိက်ျခင္း၊ သတ္သတ္မွတ္မွတ္ျဖစ္ျခင္း)၊ Measurable (တိုင္းတာ၍ရျခင္း)၊ Attainable (ရယူႏိုင္ျခင္း)၊ Relevant (သက္ဆိုင္မႈရွိျခင္း)၊ Time-bound (အခ်ိန္သတ္မွတ္ထားျခင္း) လို႔ အဓိပၸာယ္ရပါတယ္။ အေသးစိတ္ထပ္ၿပီးေလ့လာၾကည့္ရေအာင္။

S=Specific
ပထမဆုံး ကိုယ့္ရဲ႕ပန္းတိုင္ကို ခ်မွတ္ဖို႔လိုပါတယ္။ ဒီလိုခ်မွတ္တဲ့ေနရာမွာ 5W နဲ႔ ခ်မွတ္ရေအာင္
(1) What - ဘာကို ၿပီးေျမာက္ေစခ်င္တာလည္း
(2) Why - ဘာေၾကာင့္ ဒီပန္းတိုင္ကို ခ်မွတ္ရတာလည္း။
(3) Who - ဘယ္သူေတြက ပူးေပါင္းပါဝင္မွာလဲ။
(4) Where – ဒီပန္းတိုင္ရဲ႕ အဆုံးသတ္က ဘယ္ေနရာမွာလဲ။
(5) When - ဘယ္အခ်ိန္မွာ ဒီပန္းတိုင္ကို ေရာက္ရမွာလဲ . . . . . အစရွိတဲ့အခ်က္ေတြကို တိတိက်က် သတ္မွတ္ထားဖို႔ လိုအပ္ပါတယ္။

M = Measurable
သင့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို တကယ္ေရာက္မေရာက္ကို ဘယ္လိုနည္းနဲ႔ တိုင္းတာၾကမလဲ
(1) အေရအတြက္နဲ႔လား (How Much?. How Many?)။
(2) ဒါမွမဟုတ္ သင့္ပန္းတိုင္ကို ဘယ္လိုနည္းလမ္းနဲ႔ေရာက္မေရာက္ကို သိႏိုင္မလဲ (How Will . . . . ?) ဆိုတာကို အစပိုင္းထဲက တိတိက်က် သိရွိထားဖို႔ လိုပါတယ္။

A = Attainable
ရည္မွန္းခ်က္ပန္းတိုင္ဆိုတာ တနည္းေျပာရရင္ သင့္အတြက္ စိန္ေခၚမႈတစ္ခုပါပဲ။ ဒီရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိဖို႔ရန္အတြက္ ဗဟုသုတ၊ ကြၽမ္းက်င္မႈရွိျခင္း အစရွိတာေတြ လိုအပ္ပါတယ္။ ဒီ့အတြက္ ရည္မွန္းခ်က္ပနန္းတိုင္ေရာက္ရွိေစျခင္းငွာ လိုအပ္တဲ့ စြမ္းရည္၊ ဗဟုသုတေတြ၊ မိမိေရွ႕ကေအာင္ျမင္သြားသူေတြ ဘယ္လိုႀကိဳးစားခဲ့သလဲ၊ ဘာေတြေလ့လာခဲ့သလို ဆိုတာေတြကို ေလ့လာၿပီး လိုအပ္တာေတြကို သင္ယူဖို႔ လိုအပ္ပါတယ္။

R = Relevant
မိမိ သိရွိနားလည္၊ တတ္ႂကြမ္းထားတဲ့ ပညာရပ္ေတြနဲ႔ မိမိေရာက္ရွိလိုတဲ့ ပန္းတိုင္က ကိုက္ညီမႈရွိဖို႔လိုအပ္ပါတယ္။ ဥပမာအေနနဲ႔ မိမိရဲ႕ပန္းတိုင္က ေအာင္ျမင္တဲ့စာေရးဆရာ၊ တကယ္တမ္း ေလ့လာေနတာကေတာ့ ဖက္ရွင္ဒီဇိုင္းဆိုရင္ေတာ့ ကိုယ္တကယ္ေရာက္လိုတဲ့ ပန္းတိုင္ကို ေရာက္ရွိႏိုင္မွာ မဟုတ္ပါဘူး။

T=Time-bound
ပန္းတိုင္တစ္ခုကိုခ်မွတ္ရာမွာ အခ်ိန္အကန႔္အသတ္မပါခဲ့ရင္ အခ်ီးအႏွီးပါပဲ။ ဒီ့အတြက္ ကိုယ္ေရာက္ရွိရမယ္လို႔ သတ္မွတ္ထားတဲ့ ပန္းတိုင္ကို ဘယ္အခ်ိန္အတြင္း ေရာက္ရွိေအာင္ လုပ္ေဆာင္မယ္ဆိုတဲ့ မိမိကိုယ္မိမိ စိန္ေခၚတဲ့ Time-bound (အခ်ိန္သတ္မွတ္ျခင္း) လြန္စြာမွ အေရးပါပါတယ္။

(၂) ဖုန္းအသုံးမ်ားျခင္းကို ေရွာင္က်ဥ္ပါ။
ဒီေန႔ေခတ္ လူငယ္အေတာ္မ်ားမ်ားက ဖုန္းကို အက်ိဳးမရွိတဲ့ေနရာေတြမွာ အသုံးမ်ားၿပီး အခ်ိန္ေတြ ကုန္ဆုံးေလ့ရွိတယ္။ Social Media, Game အစရွိတာေတြနဲ႔ အခ်ိန္ေတြကုန္ဆုံးေနၾကပါတယ္။ မိမိရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို တကယ္ေရာက္ခ်င္တာဆိုရင္ေတာ့ ဒီလိုမ်ိဳး အက်ိဳးမဲ့အခ်ိန္ကုန္ေစမယ့္ ဖုန္းအသုံးျပဳျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။ အခ်ိန္တခုသတ္မွတ္ၿပီး ဘယ္အခ်ိန္မွာေတာ့ ဒီလိုကိစၥရပ္မ်ိဳးေတြအတြက္အသုံးျပဳမယ္၊ က်န္အခ်ိန္ေတြမွာေတာ့ ကိုယ့္ရဲ႕ပန္းတိုင္ကို ေအာင္ျမင္ေစႏိုင္မယ့္ အက်ိဳးရွိတဲ့ပညာရပ္ေတြကို ေလ့လာမယ္ အစရွိသျဖင့္ မိမိကိုယ္မိမိ စီမံခန႔္ခြဲရပါလိမ့္မယ္။

(၃) စိတ္ကိုတည္ၿငိမ္ေအာင္ထားပါ။
အလုပ္တစ္ခုကို စလုပ္ၿပီးဆိုရင္ ဒီစလုပ္ထားတဲ့အလုပ္ကို အဆုံးသတ္ႏိုင္ဖို႔ပဲ ႀကိဳးစားပါ။ ဟိုအလုပ္၊ ဒီအလုပ္ အစရွိသျဖင့္ စိတ္မတည္ၿငိမ္ဘဲ ေလွ်ာက္လုပ္ေနမယ္ဆိုရင္ေတာ့ ဘယ္တစ္ခုမွ ၿပီးေျမာက္ႏိုင္မွာ မဟုတ္ပါဘူး။ အလုပ္ကို ေလာဘႀကီးတာ ေကာင္းတယ္ဆိုေပမယ့္ ၿပီးေျမာက္ခ်င္တဲ့စိတ္ဆႏၵအားႀကီးသြားရင္ေတာ့ အမွားျဖစ္ဖို႔ ပိုမ်ားပါတယ္။ ဒီ့အတြက္ မိမိစိတ္ကိုတည္ၿငိမ္ေအာင္ထားပါ။ စိတ္တည္ၿငိမ္ေအာင္ တရားမွတ္ပါ၊ စိတ္ေလ့က်င့္ခန္းျပဳလုပ္ပါ။ ေယာဂက်င့္ပါ။ အလုပ္တစ္ခုၿပီးေျမာက္မွ ေနာက္တစ္ခုကို အေကာင္အထည္ေဖာ္ပါ။

(၄) အေၾကာင္းရင္းကို မေမ့ပါနဲ႔။
တစ္ခါတစ္ရံမွာ အျခားေသာကိစၥရပ္ေတြေၾကာင့္ မိမိရဲ႕ပန္းတိုင္ကို သတိလက္လြတ္ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဘာေတြလုပ္ေနသလဲ၊ ကိုယ့္ရဲ႕ပန္းတိုင္ေရာက္ဖို႔အတြက္ သက္ဆိုင္မႈရွိရဲ႕လား၊ ပန္းတိုင္ေရာက္ဖို႔ ႀကိဳးစားေနတာေရာ ဟုတ္ရဲ႕လား အစရွိသျဖင့္ မိမိကိုယ္မိမိ အၿမဲသတိေပးေနဖို႔ လိုအပ္ပါတယ္။

(၅) မိမိကိုယ္မိမိ အၿမဲတက္ႂကြလန္းဆန္းေနပါေစ။
ဘယ္ပန္းတိုင္မဆို အခက္အခဲကေတာ့ အနည္းနဲ႔အမ်ား ရွိၾကတာပါပဲ။ ဒီ့အတြက္ ကိုယ့္ကိုကိုယ္ တြန္းအားေပးဖို႔၊ က်န္းမာဖို႔၊ တက္ႂကြလန္းဆန္းေနေစဖို႔၊ ေလ့လာသင့္တာေတြေလ့လာရင္း အၿမဲဘဲ လန္းဆက္တက္ႂကြေနပါေစ။

 

 

Read times Last modified on Wednesday, 15 July 2020 15:31
Rate this articles
(0 votes)