×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 18 August 2020

အချိန်ကိုအကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ

အချိန်ကိုအကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ

“တစ်နေ့တစ်နေ့ အချိန်တွေသာ ကုန်သွားတယ်။ ဘာအလုပ်မှလည်း မပြီးဘူး။”လို့ များသင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ငြီးငြူဖူးပါသလား။

“ဟုတ်ကဲ့”လို့စိတ်ထဲကများ ဖြေလိုက်တယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ဝန်မလေးပါနဲ့တော့။

ကုန်သွားတဲ့အချိန်တွေကို ပြန်လိုချင်လို့ မရသလို အလုပ်မပြီးလို့လည်း အချိန်ကို ရပ်ထားလိုက်လို့မရပါဘူး။ အချိန်ကုန်သွားတာနဲ့အမျှအလုပ်တွေ ပြီးမြောက် သွားဖို့ က ပိုပြီးအရေးကြီးပါတယ်။

ဒီလိုအချိန်ကုန်တာနဲ့အမျှ အလုပ်တွေပြီးမြောက်ဖို့အတွက်ဆိုရင်တော့…

 

၁။ ရှင်းလင်းပါ
သင့်ရဲ့အလုပ်စားပွဲ၊ အံဆွဲ၊ email inbox စတာတွေကို အစီအစဉ်တကျ၊နေရာတကျဖြစ်နေအောင် ရှင်းလင်းထားပါ။ ဖတ်ကြည့်လိုက်ရင်တော့ မခက်ပေမယ့် တကယ်လိုက်နာပြီး လိုက်လုပ်ဖို့လည်း မလွယ်ကူလှပါဘူး။ အခုကစပြီး ရှုပ်နေတာလေးတွေကိုအရင်စရှင်းလိုက်တော့နော်။

၂။ အစီအစဉ်ဆွဲပါ
သင့်ရဲ့တစ်နေ့တာ ၊ တစ်ပတ်တာ ၊ တစ်လတာလုပ်မယ့်အကြောင်းအရာ၊အလုပ်ကိစ္စတွေကို ကြိုတင်အစီအစဉ်ဆွဲပြီးြ ပင်ဆင်ထားပါ။ အစီအစဉ်ဆွဲလည်း လုပ်ဖြစ်တာမှမဟုတ်တာဆိုပြီး အစီအစဉ် မဆွဲထားတာထက် ကြိုတင် အစီအစဉ်ဆွဲထားခြင်းက သင့်ကိုထူးခြားတဲ့ အကျိူးရလဒ်တွေကို ရရှိစေပါတယ်။


အစီအစဉ်ဆွဲရာမှာလည်း အရေးကြီးခြင်းနဲ့ အလျင်လိုခြင်းဆိုတဲ့ အကြောင်းအရာ(၂)ခုပေါ် မူတည်ပြီးစဉ်းစားတတ်ဖို့ အရေးကြီးပါတယ်။ ပိုပြီးရှင်းလင်းသွားအောင်အောက်ဖော်ပြပါဇယားလေးအတိုင်း အစီအစဉ်ဆွဲကြည့်ခြင်းအားဖြင့် ဘယ်အလုပ်က အရေးကြီးတယ်၊ဘယ်အလုပ်က အလျင်လိုတယ်ဆိုတာကို မြင်သာစေပြီး အရေးကြီးပြီး အလျင်လိုတာကို အရင်ပြီးအောင်လုပ်ပြီး အရေးမကြီး၊ အလျင်မလိုတာတွေကို နောက်မှလုပ်ဆောင်လို့ရပါတယ်။
အခုလို လုပ်ဆောင်ခြင်းအားဖြင့် မည်သည့်အလုပ်ကိုပထမဦးစားပေး အနေနဲ့ လုပ်ဆောင်သင့်ပြီး မည်သည့်အလုပ်ကို နောက်ဆုံးမှလုပ်ဆောင်သင့်တယ်ဆိုတာကိုလည်း ရှင်းလင်းမြင်သာစေနိုင်ပါတယ်။

 

၃။ အာရုံစိုက်ပါ
အလုပ် ၂ ခု၊ ၃ ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခြင်းသည်ကောင်းသော်ငြားလည်း အထက်ဖော်ပြပါ ဇယားထဲမှာ အစီအစဉ်ချထားသည့်အတိုင်း အရေးကြီးပြီး အလျင်လိုသော အလုပ်ကိစ္စများကိုသာ အာရုံစိုက်ခြင်းက ပိုမိုများပြားပြီး ကြီးမားသောအလုပ်များကိုပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ထို့ကြောင့် အရေးကြီးပြီး အလျင်လိုသောအလုပ်ကိစ္စများကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်ပါ။

 

၄။ အချိန်မဆွဲပါနဲ့
လူတော်တော်များများသည်လွယ်ကူသောအလုပ်များကိုသာ ပထမဦးစားပေးလုပ်ဆောင်တတ်ကြပြီး ခက်ခဲသောကိစ္စရပ်များကို မနက်ဖြန်မှလုပ်မည်၊ သန်ဘက်ခါမှလုပ်မည်ဟုဆို ကာ အချိန်ဆွဲတတ်ကြ ပါသည်။ အမှန် အားဖြင့် ခက်ခဲသော ကိစ္စရပ်များကိုအလျှင်လုပ် ဆောင်သင့်ပါတယ်။ ဒီလိုခက်ခဲတဲ့ကိစ္စတွေလုပ် ဆောင်ပြီးတိုင်း“ငါလုပ်နိုင်တယ်”“ငါလုပ်နိုင်ခဲ့ပါလား”ဟူ၍ မိမိကိုယ်ကိုယ်ယုံကြည်မှုကိုပါ တစ်ပါတည်း တိုးမြှင့်ပြီးသားဖြစ်စေနိုင်တဲ့အတွက် နောက်ပိုင်းတွင် ပိုမိုခက်ခဲသော အလုပ်ကိစ္စများကိုလည်း အချိန်တိုအတွင်းပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံသာမက လွယ်ကူသောကိစ္စရပ်များကိုလည်း ပိုမိုစိတ်လက်ပေါ့ပါး တက်ကြွစွာလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

 

၅။ လေ့ကျင့်ပျိူးထောင်ပါ
ပန်းကလေးများ စိုစိုပြည်ပြည်နဲ့ ပွင့်လန်းလှပစေနိုင်ဖို့ဥယျာဉ်မှူးများမှ အရိပ်တ ကြည့်ကြည့်နဲ့ ပြုစုပျိူးထောင်ရသကဲ့သို့ အထက်တွင် ဖော်ပြခဲ့သော ကောင်းမွန်သော အမူအကျင့်များမိမိတွင်ြ ဖစ်ပေါ်လာစေရန်အတွက်လည်း တစ်နေ့မပြတ် လေ့ကျင့်ပြီး ပြုစုပျိူးထောင်နေသင့်ပါသည်။သင်မနက်စာစားဖို့ အကြောင်းပြချက်မလိုသကဲ့သို့ ကောင်းမွန်သော အမူအကျင့်များ လေ့ကျင့်ပျိူးထောင်ရန်အတွက်လည်း အကြောင်းပြချက်မလိုပါ။

အားလုံးပဲ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းကို အကျိူးရှိစွာအသုံးချနိုင်ကြ ပါစေဟူသော ဆန္ဒမွန်ဖြင့်။

 

 

အခ်ိန္ကိုအက်ိဳးရွိေအာင္ ဘယ္လိုအသံုးခ်မလဲ

“တစ္ေန႔တစ္ေန႔ အခ်ိန္ေတြသာ ကုန္သြားတယ္။ ဘာအလုပ္မွလည္း မၿပီးဘူး။”လို႔ မ်ားသင့္ဘ၀မွာ တစ္ႀကိမ္တစ္ခါေလာက္ ၿငီးျငဴဖူးပါသလား။

“ဟုတ္ကဲ့”လို ့စိတ္ထဲကမ်ား ေျဖလုိက္တယ္ဆိုရင္ေတာ့ ဒီစာေလးကို ဆံုးေအာင္ ဖတ္ၾကည့္ဖို ့၀န္မေလးပါနဲ႔ေတာ့။

ကုန္သြားတဲ့အခ်ိန္ေတြကို ျပန္လိုခ်င္လို႔ မရသလို အလုပ္မၿပီးလို႔လည္း အခ်ိန္ကို ရပ္ထားလုိက္လို႔မရပါဘူး။ အခ်ိန္ကုန္သြားတာနဲ႔အမွ်အလုပ္ေတြ ၿပီးေျမာက္ သြားဖို႔ က ပိုၿပီးအေရးႀကီးပါတယ္။

ဒီလိုအခ်ိန္ကုန္တာနဲ႔အမွ် အလုပ္ေတြၿပီးေျမာက္ဖို႔အတြက္ဆိုရင္ေတာ့…

 

၁။ ရွင္းလင္းပါ
သင့္ရဲ ့အလုပ္စားပြဲ၊ အံဆြဲ၊ email inbox စတာေတြကို အစီအစဥ္တက်၊ေနရာတက်ျဖစ္ေနေအာင္ ရွင္းလင္းထားပါ။ ဖတ္ၾကည့္လုိက္ရင္ေတာ့ မခက္ေပမယ့္ တကယ္လိုက္နာၿပီး လုိက္လုပ္ဖို႔လည္း မလြယ္ကူလွပါဘူး။ အခုကစၿပီး ႐ႈပ္ေနတာေလးေတြကိုအရင္စရွင္းလိုက္ေတာ့ေနာ္။

 

၂။ အစီအစဥ္ဆြဲပါ
သင့္ရဲ႕တစ္ေန႔တာ ၊ တစ္ပတ္တာ ၊ တစ္လတာလုပ္မယ့္အေၾကာင္းအရာ၊အလုပ္ကိစၥေတြကို ႀကိဳတင္အစီအစဥ္ဆြဲၿပီးျ ပင္ဆင္ထားပါ။ အစီအစဥ္ဆြဲလည္း လုပ္ျဖစ္တာမွမဟုတ္တာဆိုၿပီး အစီအစဥ္ မဆြဲထားတာထက္ ႀကိဳတင္ အစီအစဥ္ဆြဲထားျခင္းက သင့္ကိုထူးျခားတဲ့ အက်ဴိးရလဒ္ေတြကို ရရွိေစပါတယ္။


အစီအစဥ္ဆြဲရာမွာလည္း အေရးႀကီးျခင္းနဲ႔ အလ်င္လိုျခင္းဆိုတဲ့ အေၾကာင္းအရာ(၂)ခုေပၚ မူတည္ၿပီးစဥ္းစားတတ္ဖို႔ အေရးႀကီးပါတယ္။ ပိုၿပီးရွင္းလင္းသြားေအာင္ေအာက္ေဖာ္ျပပါဇယားေလးအတိုင္း အစီအစဥ္ဆြဲၾကည့္ျခင္းအားျဖင့္ ဘယ္အလုပ္က အေရးႀကီးတယ္၊ဘယ္အလုပ္က အလ်င္လိုတယ္ဆိုတာကို ျမင္သာေစၿပီး အေရးႀကီးၿပီး အလ်င္လိုတာကို အရင္ၿပီးေအာင္လုပ္ၿပီး အေရးမႀကီး၊ အလ်င္မလိုတာေတြကို ေနာက္မွလုပ္ေဆာင္လို႔ရပါတယ္။
အခုလို လုပ္ေဆာင္ျခင္းအားျဖင့္ မည္သည့္အလုပ္ကိုပထမဦးစားေပး အေနနဲ႔ လုပ္ေဆာင္သင့္ၿပီး မည္သည့္အလုပ္ကို ေနာက္ဆံုးမွလုပ္ေဆာင္သင့္တယ္ဆိုတာကိုလည္း ရွင္းလင္းျမင္သာေစႏိုင္ပါတယ္။

 

၃။ အာ႐ုံစုိက္ပါ
အလုပ္ ၂ ခု၊ ၃ ခုကို တစ္ၿပိဳင္နက္တည္း လုပ္ေဆာင္ႏိုင္ျခင္းသည္ေကာင္းေသာ္ျငားလည္း အထက္ေဖာ္ျပပါ ဇယားထဲမွာ အစီအစဥ္ခ်ထားသည့္အတိုင္း အေရးႀကီးၿပီး အလ်င္လိုေသာ အလုပ္ကိစၥမ်ားကိုသာ အာ႐ုံစိုက္ျခင္းက ပိုမိုမ်ားျပားၿပီး ႀကိီးမားေသာအလုပ္မ်ားကိုၿပီးေျမာက္ေအာင္ျမင္ေစႏိုင္ပါတယ္။ထို႔ေၾကာင့္ အေရးႀကီးၿပီး အလ်င္လိုေသာအလုပ္ကိစၥမ်ားကိုသာ အာ႐ုံစိုက္ၿပီး လုပ္ေဆာင္ပါ။

 

၄။ အခ်ိန္မဆြဲပါနဲ႔
လူေတာ္ေတာ္မ်ားမ်ားသည္လြယ္ကူေသာအလုပ္မ်ားကိုသာ ပထမဦးစားေပးလုပ္ေဆာင္တတ္ၾကၿပီး ခက္ခဲေသာကိစၥရပ္မ်ားကို မနက္ျဖန္မွလုပ္မည္၊ သန္ဘက္ခါမွလုပ္မည္ဟုဆို ကာ အခ်ိန္ဆြဲတတ္ၾက ပါသည္။ အမွန္ အားျဖင့္ ခက္ခဲေသာ ကိစၥရပ္မ်ားကိုအလွ်င္လုပ္ ေဆာင္သင့္ပါတယ္။ ဒီလိုခက္ခဲတဲ့ကိစၥေတြလုပ္ ေဆာင္ၿပီးတိုင္း“ငါလုပ္ႏိုင္တယ္”“ငါလုပ္ႏိုင္ခဲ့ပါလား”ဟူ၍ မိမိကိုယ္ကိုယ္ယံုၾကည္မွုကိုပါ တစ္ပါတည္း တိုးျမႇင့္ၿပီးသားျဖစ္ေစႏိုင္တဲ့အတြက္ ေနာက္ပိုင္းတြင္ ပိုမိုခက္ခဲေသာ အလုပ္ကိစၥမ်ားကိုလည္း အခ်ိန္တိုအတြင္းၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္႐ုံသာမက လြယ္ကူေသာကိစၥရပ္မ်ားကိုလည္း ပိုမိုစိတ္လက္ေပါ့ပါး တက္ၾကြစြာလုပ္ေဆာင္လာႏိုင္မွာျဖစ္ပါတယ္။

 

၅။ ေလ့က်င့္ပ်ဴိးေထာင္ပါ
ပန္းကေလးမ်ား စိုစိုျပည္ျပည္နဲ႔ ပြင့္လန္းလွပေစႏိုင္ဖို ့ဥယ်ာဥ္မွဴးမ်ားမွ အရိပ္တ ၾကည့္ၾကည့္နဲ႔ ျပဳစုပ်ဴိးေထာင္ရသကဲ့သို ့ အထက္တြင္ ေဖာ္ျပခဲ့ေသာ ေကာင္းမြန္ေသာ အမူအက်င့္မ်ားမိမိတြင္ျ ဖစ္ေပၚလာေစရန္အတြက္လည္း တစ္ေန႔မျပတ္ ေလ့က်င့္ၿပီး ျပဳစုပ်ဴိးေထာင္ေနသင့္ပါသည္။သင္မနက္စာစားဖို႔ အေၾကာင္းျပခ်က္မလိုသကဲ့သို႔ ေကာင္းမြန္ေသာ အမူအက်င့္မ်ား ေလ့က်င့္ပ်ဴိးေထာင္ရန္အတြက္လည္း အေၾကာင္းျပခ်က္မလိုပါ။

 

အားလံုးပဲ စကၠန္႔တိုင္း၊ မိနစ္တိုင္း၊ နာရီတိုင္းကို အက်ဴိးရွိစြာအသံုးခ်ႏိုင္ၾက ပါေစဟူေသာ ဆႏၵမြန္ျဖင့္။

Read times
Rate this articles
(1 Vote)