×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 10 September 2020

သင်စိတ်ဓာတ်ကျနေချိန်မှာ လုပ်သင့်တဲ့အကြောင်းအရာများ

သင်စိတ်ဓာတ်ကျနေချိန်မှာ လုပ်သင့်တဲ့အကြောင်းအရာများ


စိတ်ဓာတ်ကျနေချိန်မှာ သင့်ဆီမှာ ရွေးချယ်စရာ (၂)ခုရှိနေပါတယ်။
(၁) သင်လုပ်နေတဲ့အလုပ်ကို ဆက်လုပ်ပါ။
(၂) ကိုယ့်ကိုကိုယ် ပြန်ရွေးချယ်နိုင်ရန် တစ်ခုခု ပြုလုပ်ပါ။

 

တစ်ခါတစ်ရံမှာ နံပါတ်(၂)ကို ရွေးချယ်ဖို့ရန် မလွယ်ကူပါဘူး။ ဒါကြောင့် မင်းအပြုံးကိုပြန်ရဖို့အတွက် အကောင်းဆုံးလို့ မခံစားရတဲ့အခါ သင်ကိုယ်တိုင် အောက်ပါ(၁၀)ချက် ကို ပြုလုပ်ကြည့်ပါလေ။

 

(၁) သင့်အတွက် ခက်ခဲတဲ့ကိစ္စရပ်တွေကို ရပ်တံ့လိုက်ပါ။
ကိစ္စရပ်တိုင်းမှာ သူများပေးတဲ့ဖိအားထက် မိမိကိုယ်မိမိပေးတဲ့ဖိအားက ပိုမိုဆိုးရွားပါတယ်။ ဒီ့အတွက်ကြောင့် ကိစ္စရပ်တွေဟာ မိမိအတွက် အရမ်းကိုခက်ခဲနေတယ်ဆိုရင် လုပ်နေတဲ့ ခက်ခဲ့တဲ့အလုပ်တွေကို တဒင်္ဂ ရပ်တံ့လိုက်ပါ။ ဒီကိစ္စတွေကို ပိုမိုလွယ်ကူအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းအမျိုးမျိုးကို အချိန်ယူစဉ်းစားပါ။ အခြားသူများထံက အကြံဉာဏ်များ ရယူခြင်းအားဖြင့် ခက်ခဲတဲ့ကိစ္စရပ်တွေဟာ သင်ထင်သလောက် မခက်ခဲဘူးဆိုတာကို တွေ့မြင်လာမှာပဲဖြစ်ပါတယ်။

 

 

(၂) ပြန်ထူထောင်နိုင်ဖို့ ကြိုးစားပါ။

မိမိဘဝမှာ မိမိသာအရှင်သခင်ဖြစ်တဲ့အတွက် သင်ကိုယ်တိုင် ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ ကိုယ်စိတ်ဝင်စားတဲ့ကိစ္စရပ်တွေကိုလေ့လာတာ၊ ပြသနာရပ်တွေကို ပြန်လည်သုံးသပ်တာ အစရှိသဖြင့် မိမိကိုယ်မိမိ ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားပါ။

 

 

(၃) မိမိကိုချစ်ခင်တဲ့သူတွေ၊ မိမိကချစ်ခင်ရတဲ့သူတွေနဲ့ အတူနေထိုင်ပါ။
မိမိချစ်ခင်ရတဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်ရသူတွေဟာဆိုရင်လည်း မိမိအတွက် ဆေးတစ်ခွက်ပါပဲ။ မိမိချစ်ခင်ရသူတွေကို ရင်ဖွင့်တာတွေ၊ ဖုန်းပြောတာတွေ၊ အကြံဉာဏ်ရယူတာတွေဟာဆိုရင် သင့်စိတ်အားငယ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ အားဆေးတစ်ခွက်ဖြစ်မှာ အမှန်ပါ။

 

 

(၄) ရယ်မောနိုင်အောင် ကြိုးစားပါ။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေဟာ ကိစ္စရပ်တိုင်းကို အလေးအနက်ထားစဉ်းစားနေတာတွေကြောင့် စိတ်ညစ်ရတာတွေ၊ စိတ်ဓာတ်ကျစရာတွေ ဖြစ်လာခဲ့တယ်ဆိုတာ မလွဲဧကန်ပါ။ ဒါကြောင့် ကိစ္စရပ်တိုင်းကို အလေးအနက်စဉ်းစားမနေဘဲ ဝမ်းနည်းစရာကိစ္စတွေက ခေတ္တခဏ၊ ဖြစ်မြဲဆိုတာကို သတိပြုပါ။ ဒါတွေကို မေ့ပျောက်နိုင်အောင် လွတ်လွတ်လပ်လပ် ရယ်မောနိုင်မယ့် နည်းလမ်းများကို ရှာပါ။ စာဖတ်တာ၊ ဟာသရုပ်ရှင်ကြည့်တာ အစရှိသဖြင့်ပေါ့။

 

 

(၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးပါ။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ မိမိလုပ်ချင်တဲ့အလုပ်တွေလုပ်နိုင်အောင်၊ ဘဝမှာ အသက်ရှည်ရှည်နေနိုင်အောင် ကျန်းမာရေးက အရေးအကြီးဆုံးပါ။ ဒါကြောင့်မို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပါ။ စိတ်ဓာတ်ကျနေချိန် တစ်ခြားဘယ်အရာမှ မလုပ်ချင်မကိုင်ချင်ဖြစ်နေရင်တောင် မိမိကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ကိုယ်တိုင်ဖန်တီးတာဖြစ်ဖြစ်၊ စီမံခန့်ခွဲတာဖြစ်ဖြစ် မဖြစ်မနေ လုပ်ဆောင်သင့်တယ်ဆိုတာ မမေ့ပါနဲ့။

 

 

(၆) အသက်ပြင်းပြင်းရှူပါ။ တရားထိုင်ပါ။
တရားထိုင်ခြင်းအားဖြင့် မိမိရဲ့စိတ်ကို အေးချမ်းစေပါတယ်။ ညစ်တွေတဲ့စိတ်တွေလည်း အေးချမ်းသွားမှာ အမှန်ပါ။ ဒီ့အတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာမျိုးတွေနဲ့ မိမိရဲ့စိတ်အေးချမ်းမှုကို ရှာဖွေပါ။

 

 

(၇) တိရိစ္ဆာန်လေးတွေမွေးထားတယ်ဆိုရင် သူတို့လေးတွေကို အချိန်ပေးပါ။
တိရစ္ဆာန်ငယ်လေးတွေနဲ့ ဆော့ကစားမယ်ဆိုရင် အချိန်တွေက ဘယ်လိုကုန်လို့ကုန်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန်မှာ မိမိချစ်တဲ့ အကောင်ငယ်လေးတွေနဲ့ ဆော့ကစားခြင်းအားဖြင့် မိမိရဲ့စိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။
(ဒီအချိန်မှာတော့ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးကလည်း အရမ်း အရမ်းကို အရေးကြီးတယ်ဆိုတာလည်း မမေ့နဲ့နော် :P)

 

 

(၈) စိတ်လှုပ်ရှားဖွယ်ကိစ္စရပ်တွေကို ရွေးချယ်လုပ်ဆောင်ပါ။
သင်အရင်ကမလုပ်ဘူးတဲ့အလုပ်မျိုးကို လုပ်ကြည့်ခြင်းအားဖြင့်လည်း စိတ်ဓာတ်ကျတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ တစ်ခါမှမမြင်ဘူးတဲ့သူတစ်ဦးကို ကိုယ်ကစပြီး မိတ်ဆက်တာမျိုး၊ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်တာမျိုး၊ ရပ်ရေးရွာရေးကိစ္စတွေမှာ ပါဝင်ကူညီတာမျိုး . . . .အစရှိတာတွေကို လုပ်ဆောင်ခြင်းအားဖြင့်လည်း သင့်ကိုစိတ်အပြောင်းအလဲ ဖြစ်စေမှာပါ။

 

 

(၉) စာဖတ်ပါ။
အားလပ်ချိန်တွေ၊ စိတ်ဓာတ်ကျနေချိန်တွေမှာ အကောင်းဆုံးနည်းလမ်းကတော့ စာဖတ်ခြင်းပါပဲ။ ဗဟုသုတရမယ့်စာတွေ၊ စိတ်ဓာတ်ခွန်အားရမယ့်စာတွေကို ရွေးချယ်ဖတ်ခြင်းအားဖြင့် မိမိမှာ တစ်ခါမှမကြုံဘူးတဲ့ စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ စာကြောင်းတစ်ကြောင်း၊ စာတစ်ပုဒ်က ဘဝတစ်ခုကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

 

 

(၁၀) မိမိစိတ်ပါဝင်စားတဲ့အလုပ်တစ်ခုကို ပြုလုပ်ခြင်းဖြင့် ပြန်လည်အားယူူပါ။
မကောင်းတဲ့အတွေးတွေကို ပယ်ဖျက်ဖို့အကောင်းဆုံးကတော့ အလုပ်လုပ်ပါ။ စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်ဖြစ်ဖြစ်၊ အိမ်မှုကိစ္စဖြစ်ဖြစ် သင်စိတ်အားထက်သန်တဲ့ စီမံကိန်းတစ်ခုကို လုပ်ဆောင်ပြီး ဒီအလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခြင်းက သင့်ရဲ့စိတ်ကို အကျိုးဖြစ်ထွန်းစေပြီး မကောင်းတဲ့စိတ်ခံစားမှုကလည်း လွတ်မြောက်စေပါလိမ့်မယ်။

 

 

သင္စိတ္ဓာတ္က်ေနခ်ိန္မွာ လုပ္သင့္တဲ့အေၾကာင္းအရာမ်ား


စိတ္ဓာတ္က်ေနခ်ိန္မွာ သင့္ဆီမွာ ေရြးခ်ယ္စရာ (၂)ခုရွိေနပါတယ္။
(၁) သင္လုပ္ေနတဲ့အလုပ္ကို ဆက္လုပ္ပါ။
(၂) ကိုယ့္ကိုကိုယ္ ျပန္ေရြးခ်ယ္ႏိုင္ရန္ တစ္ခုခု ျပဳလုပ္ပါ။

 

တစ္ခါတစ္ရံမွာ နံပါတ္(၂)ကို ေရြးခ်ယ္ဖို႔ရန္ မလြယ္ကူပါဘူး။ ဒါေၾကာင့္ မင္းအၿပံဳးကိုျပန္ရဖို႔အတြက္ အေကာင္းဆံုးလို႔ မခံစားရတဲ့အခါ သင္ကိုယ္တိုင္ ေအာက္ပါ(၁၀)ခ်က္ ကို ျပဳလုပ္ၾကည့္ပါေလ။

 

 

(၁) သင့္အတြက္ ခက္ခဲတဲ့ကိစၥရပ္ေတြကို ရပ္တံ့လိုက္ပါ။
ကိစၥရပ္တိုင္းမွာ သူမ်ားေပးတဲ့ဖိအားထက္ မိမိကိုယ္မိမိေပးတဲ့ဖိအားက ပိုမိုဆိုးရြားပါတယ္။ ဒီ့အတြက္ေၾကာင့္ ကိစၥရပ္ေတြဟာ မိမိအတြက္ အရမ္းကိုခက္ခဲေနတယ္ဆိုရင္ လုပ္ေနတဲ့ ခက္ခဲ့တဲ့အလုပ္ေတြကို တဒဂၤ ရပ္တံ့လိုက္ပါ။ ဒီကိစၥေတြကို ပိုမိုလြယ္ကူေအာင္ ဘယ္လိုလုပ္ေဆာင္ႏိုင္မလဲဆိုတဲ့ နည္းလမ္းအမ်ိဳးမ်ိဳးကို အခ်ိန္ယူစဥ္းစားပါ။ အျခားသူမ်ားထံက အႀကံဥာဏ္မ်ား ရယူျခင္းအားျဖင့္ ခက္ခဲတဲ့ကိစၥရပ္ေတြဟာ သင္ထင္သေလာက္ မခက္ခဲဘူးဆိုတာကို ေတြ႕ျမင္လာမွာပဲျဖစ္ပါတယ္။

 

 

(၂) ျပန္ထူေထာင္ႏိုင္ဖို႔ ႀကိဳးစားပါ။
မိမိဘ၀မွာ မိမိသာအရွင္သခင္ျဖစ္တဲ့အတြက္ သင္ကိုယ္တိုင္ ျပန္လည္ထူေထာင္ႏိုင္ေအာင္ ႀကိဳးစားဖို႔လိုအပ္ပါတယ္။ ေလ့က်င့္ခန္းေတြျပဳလုပ္တာ၊ ကိုယ္စိတ္၀င္စားတဲ့ကိစၥရပ္ေတြကိုေလ့လာတာ၊ ျပသနာရပ္ေတြကို ျပန္လည္သံုးသပ္တာ အစရွိသျဖင့္ မိမိကိုယ္မိမိ ျပန္လည္ထူေထာင္ႏို္င္ေအာင္ ႀကိဳးစားပါ။

 

 

(၃) မိမိကိုခ်စ္ခင္တဲ့သူေတြ၊ မိမိကခ်စ္ခင္ရတဲ့သူေတြနဲ႔ အတူေနထိုင္ပါ။
မိမိခ်စ္ခင္ရတဲ့မိသားစု၊ မိတ္ေဆြ၊ သူငယ္ခ်င္း၊ ခ်စ္ရသူေတြဟာဆိုရင္လည္း မိမိအတြက္ ေဆးတစ္ခြက္ပါပဲ။ မိမိခ်စ္ခင္ရသူေတြကို ရင္ဖြင့္တာေတြ၊ ဖုန္းေျပာတာေတြ၊ အႀကံဥာဏ္ရယူတာေတြဟာဆိုရင္ သင့္စိတ္အားငယ္ေနခ်ိန္၊ စိတ္ဓာတ္က်ေနခ်ိန္မွာ အားေဆးတစ္ခြက္ျဖစ္မွာ အမွန္ပါ။

 

 

(၄) ရယ္ေမာႏိုင္ေအာင္ ႀကိဳးစားပါ။
တစ္ခါတစ္ရံမွာ ကၽြန္ေတာ္တို႔ေတြဟာ ကိစၥရပ္တိုင္းကို အေလးအနက္ထားစဥ္းစားေနတာေတြေၾကာင့္ စိတ္ညစ္ရတာေတြ၊ စိတ္ဓာတ္က်စရာေတြ ျဖစ္လာခဲ့တယ္ဆိုတာ မလြဲဧကန္ပါ။ ဒါေၾကာင့္ ကိစၥရပ္တိုင္းကို အေလးအနက္စဥ္းစားမေနဘဲ ၀မ္းနည္းစရာကိစၥေတြက ေခတၱခဏ၊ ျဖစ္ၿမဲဆိုတာကို သတိျပဳပါ။ ဒါေတြကို ေမ့ေပ်ာက္ႏိုင္ေအာင္ လြတ္လြတ္လပ္လပ္ ရယ္ေမာႏိုင္မယ့္ နည္းလမ္းမ်ားကို ရွာပါ။ စာဖတ္တာ၊ ဟာသရုပ္ရွင္ၾကည့္တာ အစရွိသျဖင့္ေပါ့။

 

 

(၅) က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို စားသံုးပါ။
က်န္းမာျခင္းသည္ လာဘ္တစ္ပါးဆိုတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႔။ မိမိလုပ္ခ်င္တဲ့အလုပ္ေတြလုပ္ႏိုင္ေအာင္၊ ဘ၀မွာ အသက္ရွည္ရွည္ေနႏိုင္ေအာင္ က်န္းမာေရးက အေရးအႀကီးဆံုးပါ။ ဒါေၾကာင့္မို႔ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို ေရြးခ်ယ္စားသံုးပါ။ စိတ္ဓာတ္က်ေနခ်ိန္ တစ္ျခားဘယ္အရာမွ မလုပ္ခ်င္မကိုင္ခ်င္ျဖစ္ေနရင္ေတာင္ မိမိက်န္းမာေရးအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့အစားအစာေတြကို ကိုယ္တိုင္ဖန္တီးတာျဖစ္ျဖစ္၊ စီမံခန္႔ခြဲတာျဖစ္ျဖစ္ မျဖစ္မေန လုပ္ေဆာင္သင့္တယ္ဆိုတာ မေမ့ပါနဲ႔။

 

 

(၆) အသက္ျပင္းျပင္းရွဴပါ။ တရားထိုင္ပါ။
တရားထိုင္ျခင္းအားျဖင့္ မိမိရဲ႕စိတ္ကို ေအးခ်မ္းေစပါတယ္။ ညစ္ေတြတဲ့စိတ္ေတြလည္း ေအးခ်မ္းသြားမွာ အမွန္ပါ။ ဒီ့အတြက္ အသက္ရွဴေလ့က်င့္ခန္းလုပ္တာ၊ တရားထိုင္တာမ်ိဳးေတြနဲ႔ မိမိရဲ႕စိတ္ေအးခ်မ္းမႈကို ရွာေဖြပါ။

 

 

(၇) တိရိစၦာန္ေလးေတြေမြးထားတယ္ဆိုရင္ သူတို႔ေလးေတြကို အခ်ိန္ေပးပါ။
တိရစၦာန္ငယ္ေလးေတြနဲ႔ ေဆာ့ကစားမယ္ဆိုရင္ အခ်ိန္ေတြက ဘယ္လိုကုန္လို႔ကုန္မွန္းေတာင္ သိလိုက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စိတ္ဓာတ္က်ေနခ်ိန္မွာ မိမိခ်စ္တဲ့ အေကာင္ငယ္ေလးေတြနဲ႔ ေဆာ့ကစားျခင္းအားျဖင့္ မိမိရဲ႕စိတ္ေအးခ်မ္းမႈကို ရရွိႏိုင္ပါတယ္။
(ဒီအခ်ိန္မွာေတာ့ တိရစၦာန္ေလးေတြရဲ႕ က်န္းမာေရးကလည္း အရမ္း အရမ္းကို အေရးႀကီးတယ္ဆိုတာလည္း မေမ့နဲ႔ေနာ္ :P)

 

 

(၈) စိတ္လႈပ္ရွားဖြယ္ကိစၥရပ္ေတြကို ေရြးခ်ယ္လုပ္ေဆာင္ပါ။
သင္အရင္ကမလုပ္ဘူးတဲ့အလုပ္မ်ိဳးကို လုပ္ၾကည့္ျခင္းအားျဖင့္လည္း စိတ္ဓာတ္က်တာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။ ဥပမာ တစ္ခါမွမျမင္ဘူးတဲ့သူတစ္ဦးကို ကိုယ္ကစၿပီး မိတ္ဆက္တာမ်ိဳး၊ ေစတနာ့၀န္ထမ္းအျဖစ္ ၀င္ေရာက္လုပ္ကိုင္တာမ်ိဳး၊ ရပ္ေရးရြာေရးကိစၥေတြမွာ ပါ၀င္ကူညီတာမ်ိဳး . . . .အစရွိတာေတြကို လုပ္ေဆာင္ျခင္းအားျဖင့္လည္း သင့္ကိုစိတ္အေျပာင္းအလဲ ျဖစ္ေစမွာပါ။

 

 

(၉) စာဖတ္ပါ။
အားလပ္ခ်ိန္ေတြ၊ စိတ္ဓာတ္က်ေနခ်ိန္ေတြမွာ အေကာင္းဆံုးနည္းလမ္းကေတာ့ စာဖတ္ျခင္းပါပဲ။ ဗဟုသုတရမယ့္စာေတြ၊ စိတ္ဓာတ္ခြန္အားရမယ့္စာေတြကို ေရြးခ်ယ္ဖတ္ျခင္းအားျဖင့္ မိမိမွာ တစ္ခါမွမႀကံဳဘူးတဲ့ စိတ္ဓာတ္ခြန္အားေတြ ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ စာေၾကာင္းတစ္ေၾကာင္း၊ စာတစ္ပုဒ္က ဘ၀တစ္ခုကို ေျပာင္းလဲသြားေစႏိုင္တယ္ဆိုတာ မယံုမရွိပါနဲ႔။

 

 

(၁၀) မိမိစိတ္ပါ၀င္စားတဲ့အလုပ္တစ္ခုကို ျပဳလုပ္ျခင္းျဖင့္ ျပန္လည္အားယူူပါ။
မေကာင္းတဲ့အေတြးေတြကို ပယ္ဖ်က္ဖို႔အေကာင္းဆံုးကေတာ့ အလုပ္လုပ္ပါ။ စီးပြားေရးနဲ႔ပတ္သက္တဲ့အလုပ္ျဖစ္ျဖစ္၊ အိမ္မႈကိစၥျဖစ္ျဖစ္ သင္စိတ္အားထက္သန္တဲ့ စီမံကိန္းတစ္ခုကိုု လုပ္ေဆာင္ၿပီး ဒီအလုပ္ကို ၿပီးေျမာက္ေအာင္လုပ္ေဆာင္ႏိုင္ျခင္းက သင့္ရဲ႕စိတ္ကို အက်ိဳးျဖစ္ထြန္းေစၿပီး မေကာင္းတဲ့စိတ္ခံစားမႈကလည္း လြတ္ေျမာက္ေစပါလိမ့္မယ္။

Read times
Rate this articles
(0 votes)