×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 02 October 2020

ဘယ်လုပ်ငန်းခွင်မှာမဆို သင်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ပင်ကိုစွမ်းရည် ၉ မျိုး

ဘယ်လုပ်ငန်းခွင်မှာမဆို သင်အောင်မြင်ဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ပင်ကိုစွမ်းရည် ၉ မျိုး
----------------------------------------


အောင်မြင်မှုကို နည်းလမ်းအမျိုးမျိုးနဲ့တိုင်းတာလို့ရပါတယ်။ စိတ်ချမ်းသာမှု၊ ကျန်းမာရေး၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအလုပ်၊ ပုဂ္ဂိုလ်ရေးစွမ်းဆောင်မှုတွေနဲ့ သင်နှိုင်းယှဉ်တိုင်းတာတာဖြစ်စေ၊ အတိအကျသတ်မှတ်လို့ရတဲ့ နည်းလမ်းတစ်မျိုးတည်း မရှိပါဘူး။

 

အောင်မြင်သူအများစုဟာ ဘဝအတွက် ဘယ်လိုရည်မှန်းချက်ပန်းတိုင်တွေပဲထားထား၊ သူတို့ရွေးချယ်တဲ့ လုပ်ငန်းနယ်ပယ်မှာ ထိပ်ဆုံးရောက်စေတဲ့ ဆင်တူလက္ခဏာတွေရှိကြပါတယ်။ အဲဒီကျွမ်းကျင်မှုတွေဟာ မွေးရာပါလို့ သင်ယူဆကောင်းယူဆနိုင်ပေမယ့် အဲဒါအများစုကိုတော့ တကယ်ဆည်းပူး လေ့လာလို့ရနိုင်ပါတယ်။ သင်အောင်မြင်မှုရရှိပြီး သင့်ရဲ့အလုပ်အကိုင်တိုးတက်စေမယ့် ကျွမ်းကျင်မှုနဲ့ အစွမ်းအစတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

၁။ ပြောဆိုဆက်သွယ်မှုကျွမ်းကျင်ခြင်း

အောင်မြင်သူတွေဟာ တခြားသူတွေနဲ့ ဘယ်လိုလက်တွဲလုပ်ကိုင်ရမလဲသိကြလို့ ထိရောက်မှုရှိတဲ့ပြောဆိုဆက်သွယ် သူတွေဖြစ်ကြတယ်။ ဘွဲ့ရပြီးသူတွေရောအချိန်ပြည့်အမှုထမ်းတွေမှာပါ အများဆုံးမရှိတဲ့ ကျွမ်းကျင်မှုအနက် တစ်မျိုးက အဲဒါဖြစ်ကြောင်း ဝန်ထမ်းငှားရမ်းရေးမန်နေဂျာတွေ က ပြောပါတယ်။

 

 

၂။ Network တည်ဆောက်ပြီး ထိရောက်စွာလုပ်ကိုင်နိုင်ခြင်း

Network တည်ဆောက်ခြင်းဟာ သင့်အလုပ်ကိုမြှင့်တင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ များသောအားဖြင့် ထိရောက်မှုမရှိကြပါဘူး။ Twitter နဲ့ LinkedIn တို့မှာ ကျွန်ုပ်တို့ တက်ကြွလှုပ်ရှားမှုရှိခြင်းဟာ အထောက်အကူပြုတာမှန်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းတွေကတစ်ဆင့် အလုပ်အကိုင်၊ ဒါမှမဟုတ် အခွင့်အလမ်းတွေ တကယ်ရတဲ့လူက ဘယ်နှဦးရှိမလဲဆိုရင် တချို့တလေပဲရှိတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါကြောင့် ပြင်ပလောကမှာ Network တည်ဆောက်ပြီး လုပ်ငန်းတိုးတက်အောင် စွမ်းဆောင် နိုင်ဖို့ လိုပါတယ်။

 

 

၃။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း

ဝေဖန်ပိုင်းခြားပြီးစဉ်းစားနိုင်ကာ လိုအပ်ရင်ထင်မြင်ချက်တွေကို စိန်ခေါ်နိုင်စွမ်းရှိတာဟာ လွတ်လပ်စွာတွေးခေါ်တတ်သူနဲ့ သန်မာတဲ့ခေါင်းဆောင်ရဲ့ အမှတ်အသားဖြစ်တယ်။ ဒီကျွမ်းကျင်မှုဟာ တန်ဖိုးအလွန်ရှိပြီး လွယ်လွယ်ကူကူဆည်းပူးလို့ရနိုင်ပါတယ်။ တွေးခေါ်မှုဖြစ်စဉ်တွေမှာ ချွတ်ယွင်းချက်တွေကို သင်မြင်တတ်အောင်သင်ဖို့လိုပြီး သင့်ရဲ့နိစ္စဓူဝဘဝမှာ အလိမ်ခံရခြင်း၊ လှည့်စားခံရခြင်းတို့ကို ရှောင်ရှားဖို့ အထောက်အကူပြုပါလိမ့်မယ်။

 

 

၄။ လေ့လာဆည်းပူးနိုင်စွမ်းရှိခြင်း

အောင်မြင်သူတွေဟာ အသစ်အဆန်းတွေကို စပ်စုတတ်ပြီး ဆည်းပူးလေ့လာရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အများစုဟာ ဘယ်လိုကျကျနန ဆည်းပူးလေ့လာရမှန်းမသိကြပါဘူး။ လူဦးရေအများစုအတွက် ကျွန်ုပ်တို့ဖတ်ရှုလေ့လာဆည်းပူးသမျကို မှတ်ထားနိုင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မှတ်ယူနိုင်ဖို့အချိန်ကြာမယ်။ ဒီအတွက် စနစ်တကျလေ့လာသင်ယူဖို့ လိုပါတယ်။

 

 

၅။ ခေါင်းဆောင် (ဦးဆောင်သူ) ဖြစ်ခြင်း

မန်နေဂျာကောင်းတစ်ယောက်ဖြစ်ချင်ရင် သင့်အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုနဲ့ သစ္စာခံမှုရရှိအောင် သင်တည်ဆောက် နိုင်စွမ်းရှိဖို့ လိုပါတယ်။ တကယ်တော့ အဲဒီလူတွေမပါရင် သင့်ကုမ္ပဏီဟာ အလကားပါပဲ။ ဒါကြောင့် သင့်အမှုထမ်းတွေကို ကြည်လင်တဲ့အမြင် ပေးထားပါ။ ယုံကြည်မှု ရှိပါစေ။ သူတို့ကို ထိရောက်စွာဘယ်လိုစီမံကွပ်ကဲမလဲ သင်သိထားပါ။

 

 

၆။ အခြေခံစာရင်းစစ်ပညာကျွမ်းကျင်မှုရှိခြင်း

သင်ဟာ စာရင်းစစ်တစ်ဦးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် စာရင်းစစ်တစ်ဦး သင့်ဆီမှာ ရှိသည်ဖြစ်စေ လူတိုင်းဟာ စာရင်းစစ်ပညာအခြေခံကိုတော့ ပိုင်နိုင်စွာ သိထားဖို့လိုတယ်။ သင့်လုပ်ငန်းမှာ အောင်မြင်ပြီး ငွေတချို့တလေရရှိဖို့အတွက် သင့်ငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်မှာ ဘယ်လိုထိရောက်စွာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ သင်သိဖို့လိုအပ်ပါတယ်။

 

 

၇။ အချိန်စီမံခန့်ခွဲကျွမ်းကျင်ခြင်း

အောင်မြင်သူတွေဟာ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးအရှိဆုံးဖြစ်အောင်သုံးကြပါတယ်။ ညဉ့်သန်းခေါင်ကျော်အထိ မနားမနေအလုပ်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ မိမိတို့ခြေကုန် လက်ပန်းကျအောင် အလုပ်လုပ်တာက သုံးစားလို့မရမှန်းအောင်မြင်သူတွေသိကြပါတယ်။ ဒါကြောင့် သူတို့အလုပ်တာဝန်တွေကို တစ်နေ့တာအတွင်းအကုန်ပြီးစီးအောင်လုပ်ဖို့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲတာဖြစ်တယ်။ ဒါအပြင်သူတို့မြတ်နိုးတဲ့ အလုပ်တွေအတွက်လည်း အချိန်ပေးနိုင်တယ်။

 

 

၈။ Team နဲ့အတူ လုပ်နိုင်စွမ်းရှိခြင်း

အောင်မြင်သူတွေဟာ Team နဲ့ ထိရောက်စွာ ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာသိကြတယ်။ အဲဒါက သူများပြောတာကို နားထောင်နိုင်ပြီး စိတ်ကူးတွေကိုပိုကောင်းအောင်လုပ်၊ ကိုယ့်အဖွဲ့ဝင်တွေ ထုတ်လုပ်စွမ်းတိုးပွားဖို့အတွက် လှုံ့ဆော်နိုင်ခြင်းတို့ပါပဲ။ ဒါတွေအားလုံးကို မန်နေဂျာရဲ့ စည်းမကျော်ဘဲသင်လုပ်ရမှာပါ။ အဲဒါကို သင့်သူဌေး၊ အလုပ်ရှင်က သဘောကျလိမ့်မယ်ဆိုတာယုံပါ။

 

 

၉။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲတတ်ခြင်း

အောင်မြင်ဖို့ကြိုးစားသူတွေအတွက် စိတ်ဖိစီးမှုဟာ ဘဝမှာ ရှောင်လို့မရတဲ့ ကိစ္စတစ်ခုပါ။ ဖိအားကြောင့် သင်ဘုန်းဘုန်းမလဲရအောင် အဲဒါကိုရင်ဆိုင်းဖြေရှင်းဖို့ နည်းလမ်းရှာတတ်ရပါမယ်။

 

Credit : နိုင်သီဟ (Ref: businessinsider.com)

 

 

ဘယ္လုပ္ငန္းခြင္မွာမဆို သင္ေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့ကြၽမ္းက်င္မႈနဲ႔ပင္ကိုစြမ္းရည္ ၉ မ်ိဳး
----------------------------------------


ေအာင္ျမင္မႈကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔တိုင္းတာလို႔ရပါတယ္။ စိတ္ခ်မ္းသာမႈ၊ က်န္းမာေရး၊ ဒါမွမဟုတ္ အသက္ေမြးဝမ္းေက်ာင္းအလုပ္၊ ပုဂၢိဳလ္ေရးစြမ္းေဆာင္မႈေတြနဲ႔ သင္ႏႈိင္းယွဥ္တိုင္းတာတာျဖစ္ေစ၊ အတိအက်သတ္မွတ္လို႔ရတဲ့ နည္းလမ္းတစ္မ်ိဳးတည္း မရွိပါဘူး။

 

ေအာင္ျမင္သူအမ်ားစုဟာ ဘဝအတြက္ ဘယ္လိုရည္မွန္းခ်က္ပန္းတိုင္ေတြပဲထားထား၊ သူတို႔ေ႐ြးခ်ယ္တဲ့ လုပ္ငန္းနယ္ပယ္မွာ ထိပ္ဆုံးေရာက္ေစတဲ့ ဆင္တူလကၡဏာေတြရွိၾကပါတယ္။ အဲဒီကြၽမ္းက်င္မႈေတြဟာ ေမြးရာပါလို႔ သင္ယူဆေကာင္းယူဆႏိုင္ေပမယ့္ အဲဒါအမ်ားစုကိုေတာ့ တကယ္ဆည္းပူး ေလ့လာလို႔ရႏိုင္ပါတယ္။ သင္ေအာင္ျမင္မႈရရွိၿပီး သင့္ရဲ႕အလုပ္အကိုင္တိုးတက္ေစမယ့္ ကြၽမ္းက်င္မႈနဲ႔ အစြမ္းအစေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

 

၁။ ေျပာဆိုဆက္သြယ္မႈကြၽမ္းက်င္ျခင္း

ေအာင္ျမင္သူေတြဟာ တျခားသူေတြနဲ႔ ဘယ္လိုလက္တြဲလုပ္ကိုင္ရမလဲသိၾကလို႔ ထိေရာက္မႈရွိတဲ့ေျပာဆိုဆက္သြယ္ သူေတြျဖစ္ၾကတယ္။ ဘြဲ႕ရၿပီးသူေတြေရာအခ်ိန္ျပည့္အမႈထမ္းေတြမွာပါ အမ်ားဆုံးမရွိတဲ့ ကြၽမ္းက်င္မႈအနက္ တစ္မ်ိဳးက အဲဒါျဖစ္ေၾကာင္း ဝန္ထမ္းငွားရမ္းေရးမန္ေနဂ်ာေတြ က ေျပာပါတယ္။

 

 

၂။ Network တည္ေဆာက္ၿပီး ထိေရာက္စြာလုပ္ကိုင္ႏိုင္ျခင္း

Network တည္ေဆာက္ျခင္းဟာ သင့္အလုပ္ကိုျမႇင့္တင္ဖို႔ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕ လုပ္ေဆာင္မႈေတြဟာ မ်ားေသာအားျဖင့္ ထိေရာက္မႈမရွိၾကပါဘူး။ Twitter နဲ႔ LinkedIn တို႔မွာ ကြၽႏ္ုပ္တို႔ တက္ႂကြလႈပ္ရွားမႈရွိျခင္းဟာ အေထာက္အကူျပဳတာမွန္တယ္။ ဒါေပမဲ့ အဲဒီလမ္းေၾကာင္းေတြကတစ္ဆင့္ အလုပ္အကိုင္၊ ဒါမွမဟုတ္ အခြင့္အလမ္းေတြ တကယ္ရတဲ့လူက ဘယ္ႏွဦးရွိမလဲဆိုရင္ တခ်ိဳ႕တေလပဲရွိတယ္လို႔ ေျဖရပါလိမ့္မယ္။ ဒါေၾကာင့္ ျပင္ပေလာကမွာ Network တည္ေဆာက္ၿပီး လုပ္ငန္းတိုးတက္ေအာင္ စြမ္းေဆာင္ ႏိုင္ဖို႔ လိုပါတယ္။

 

 

၃။ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိျခင္း

ေဝဖန္ပိုင္းျခားၿပီးစဥ္းစားႏိုင္ကာ လိုအပ္ရင္ထင္ျမင္ခ်က္ေတြကို စိန္ေခၚႏိုင္စြမ္းရွိတာဟာ လြတ္လပ္စြာေတြးေခၚတတ္သူနဲ႔ သန္မာတဲ့ေခါင္းေဆာင္ရဲ႕ အမွတ္အသားျဖစ္တယ္။ ဒီကြၽမ္းက်င္မႈဟာ တန္ဖိုးအလြန္ရွိၿပီး လြယ္လြယ္ကူကူဆည္းပူးလို႔ရႏိုင္ပါတယ္။ ေတြးေခၚမႈျဖစ္စဥ္ေတြမွာ ခြၽတ္ယြင္းခ်က္ေတြကို သင္ျမင္တတ္ေအာင္သင္ဖို႔လိုၿပီး သင့္ရဲ႕နိစၥဓူဝဘဝမွာ အလိမ္ခံရျခင္း၊ လွည့္စားခံရျခင္းတို႔ကို ေရွာင္ရွားဖို႔ အေထာက္အကူျပဳပါလိမ့္မယ္။

 

 

၄။ ေလ့လာဆည္းပူးႏိုင္စြမ္းရွိျခင္း

ေအာင္ျမင္သူေတြဟာ အသစ္အဆန္းေတြကို စပ္စုတတ္ၿပီး ဆည္းပူးေလ့လာရတာကို ႏွစ္သက္ၾကပါတယ္။ ဒါေပမဲ့ ကြၽႏ္ုပ္တို႔အမ်ားစုဟာ ဘယ္လိုက်က်နန ဆည္းပူးေလ့လာရမွန္းမသိၾကပါဘူး။ လူဦးေရအမ်ားစုအတြက္ ကြၽႏ္ုပ္တို႔ဖတ္ရႈေလ့လာဆည္းပူးသမ်ကို မွတ္ထားႏိုင္မွာမဟုတ္ဘူး။ ဒါမွမဟုတ္ မွတ္ယူႏိုင္ဖို႔အခ်ိန္ၾကာမယ္။ ဒီအတြက္ စနစ္တက်ေလ့လာသင္ယူဖို႔ လိုပါတယ္။

 

 

၅။ ေခါင္းေဆာင္ (ဦးေဆာင္သူ) ျဖစ္ျခင္း

မန္ေနဂ်ာေကာင္းတစ္ေယာက္ျဖစ္ခ်င္ရင္ သင့္အဖြဲ႕ဝင္ေတြရဲ႕ ယုံၾကည္မႈနဲ႔ သစၥာခံမႈရရွိေအာင္ သင္တည္ေဆာက္ ႏိုင္စြမ္းရွိဖို႔ လိုပါတယ္။ တကယ္ေတာ့ အဲဒီလူေတြမပါရင္ သင့္ကုမၸဏီဟာ အလကားပါပဲ။ ဒါေၾကာင့္ သင့္အမႈထမ္းေတြကို ၾကည္လင္တဲ့အျမင္ ေပးထားပါ။ ယုံၾကည္မႈ ရွိပါေစ။ သူတို႔ကို ထိေရာက္စြာဘယ္လိုစီမံကြပ္ကဲမလဲ သင္သိထားပါ။

 

 

၆။ အေျခခံစာရင္းစစ္ပညာကြၽမ္းက်င္မႈရွိျခင္း

သင္ဟာ စာရင္းစစ္တစ္ဦးဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ၊ ဒါမွမဟုတ္ စာရင္းစစ္တစ္ဦး သင့္ဆီမွာ ရွိသည္ျဖစ္ေစ လူတိုင္းဟာ စာရင္းစစ္ပညာအေျခခံကိုေတာ့ ပိုင္ႏိုင္စြာ သိထားဖို႔လိုတယ္။ သင့္လုပ္ငန္းမွာ ေအာင္ျမင္ၿပီး ေငြတခ်ိဳ႕တေလရရွိဖို႔အတြက္ သင့္ေငြေတြကို ဘယ္လိုသုံးမလဲ၊ ဘယ္မွာ ဘယ္လိုထိေရာက္စြာ ရင္းႏွီးျမႇဳပ္ႏွံမလဲဆိုတာ သင္သိဖို႔လိုအပ္ပါတယ္။

 

 

၇။ အခ်ိန္စီမံခန႔္ခြဲကြၽမ္းက်င္ျခင္း

ေအာင္ျမင္သူေတြဟာ အခ်ိန္ရဲ႕တန္ဖိုးကိုသိၿပီး အက်ိဳးအရွိဆုံးျဖစ္ေအာင္သုံးၾကပါတယ္။ ညဥ့္သန္းေခါင္ေက်ာ္အထိ မနားမေနအလုပ္လုပ္ဖို႔ ေျပာေနတာ မဟုတ္ဘူး။ မိမိတို႔ေျခကုန္ လက္ပန္းက်ေအာင္ အလုပ္လုပ္တာက သုံးစားလို႔မရမွန္းေအာင္ျမင္သူေတြသိၾကပါတယ္။ ဒါေၾကာင့္ သူတို႔အလုပ္တာဝန္ေတြကို တစ္ေန႔တာအတြင္းအကုန္ၿပီးစီးေအာင္လုပ္ဖို႔ အခ်ိန္ကို ထိေရာက္စြာ စီမံခန႔္ခြဲတာျဖစ္တယ္။ ဒါအျပင္သူတို႔ျမတ္ႏိုးတဲ့ အလုပ္ေတြအတြက္လည္း အခ်ိန္ေပးႏိုင္တယ္။

 

 

၈။ Team နဲ႔အတူ လုပ္ႏိုင္စြမ္းရွိျခင္း

ေအာင္ျမင္သူေတြဟာ Team နဲ႔ ထိေရာက္စြာ ဘယ္လိုလုပ္ကိုင္ရမလဲဆိုတာသိၾကတယ္။ အဲဒါက သူမ်ားေျပာတာကို နားေထာင္ႏိုင္ၿပီး စိတ္ကူးေတြကိုပိုေကာင္းေအာင္လုပ္၊ ကိုယ့္အဖြဲ႕ဝင္ေတြ ထုတ္လုပ္စြမ္းတိုးပြားဖို႔အတြက္ လႈံ႕ေဆာ္ႏိုင္ျခင္းတို႔ပါပဲ။ ဒါေတြအားလုံးကို မန္ေနဂ်ာရဲ႕ စည္းမေက်ာ္ဘဲသင္လုပ္ရမွာပါ။ အဲဒါကို သင့္သူေဌး၊ အလုပ္ရွင္က သေဘာက်လိမ့္မယ္ဆိုတာယုံပါ။

 

 

၉။ စိတ္ဖိစီးမႈကို စီမံခန႔္ခြဲတတ္ျခင္း

ေအာင္ျမင္ဖို႔ႀကိဳးစားသူေတြအတြက္ စိတ္ဖိစီးမႈဟာ ဘဝမွာ ေရွာင္လို႔မရတဲ့ ကိစၥတစ္ခုပါ။ ဖိအားေၾကာင့္ သင္ဘုန္းဘုန္းမလဲရေအာင္ အဲဒါကိုရင္ဆိုင္းေျဖရွင္းဖို႔ နည္းလမ္းရွာတတ္ရပါမယ္။

 

Credit : ႏိုင္သီဟ (Ref: businessinsider.com)

Read times
Rate this articles
(0 votes)