×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 15 October 2020

ခေါင်းဆောင်အင်္ဂါရပ်

ခေါင်းဆောင်အင်္ဂါရပ်

ပြသနာတစ်ရပ်နှင့်ပတ်သက်၍ တိကျရေရာသော ဆုံးဖြတ်ချက်တစ်ခု လျင်မြန်စွာ ချမှတ်နိုင်စွမ်းရှိခြင်းသည် ခေါင်းဆောင်ဖြစ်လာသူတိုင်းတွင် တွေ့ရှိရသည့် အရည်အချင်းတစ်ရပ်ဖြစ်သည်။ တစ်နည်းပြောရလျှင် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ခြင်းသည်ပင် အကြီးအကဲ၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။

 

ဇဝေဇဝါ ချီတုံချတုံဖြစ်နေသည့် လူစုကြားထဲတွင် တစ်စုံတစ်ရာကို တိကျပြတ်သားစွာ ဆုံးဖြတ်ပြောဆိုရဲသူသည် ခေါင်းဆောင်ဖြတ်လာတတ်ခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။


စင်စစ် ကိုယ့်ဦတည်ချက်ကို ကိုယ်သိကာယင်းဦးတည်ရာသို့ တန်းတန်းမတ်မတ် လျှောက်တတ်သူမျိုးသာ ပန်းတိုင်ရောက်စမြဲဖြစ်သည်။ ချီတုံချတုံသမား၊ ဟိုဘက်သည်ဘက် အချိန်ဆလွန်ကာ ချိန်ခွင်လက်ကမချနိုင် ဖြစ်နေသူများကား ဦးတည်ချက် မရေရာသည့်အလျောက် ဘယ်ပန်းတိုင်သို့မလျှောက်နိုင်၊ မရောက်နိုင်ပေ။ ထိုသူမျိုးတွင် ဘာအရှိန်အဝါ၊ ဘာသြဇာမျှ မရှိ။ သူတို့အမြင်၊ သူတို့အယူအဆကို မည်သူမျှ မလေးစား၊ အားမကိုး။ အရေးကိစ္စကြုံလာလျှင် မည်သူမျှ ခေါင်းဆောင်မတင်ပေ။

 

မရေရာ မပြတ်သားသူများတွင် အဓိကဒုက္ခပေးနေသည့်အချက်ကား ဘာကိုမျှမပစ်နိုင်ခြင်းဖြစ်သည် သူတို့သည် “ပစ်ရမှာကလည်း အဆီနဲ့ဝင်းဝင်း၊ စားရမှာကလည်း သဲနှင့်ရှပ်ရှပ်” ဆိုသော အနေအထားမျိုးကို အမြဲရင်ဆိုင်နေကြသူများဖြသ်ည်။ ပြတ်သားသူအနေနှင့်ကား “ပစ်မည်ဆိုလျှင်အဆီ နှမြောမနေနှင့်၊ စးမည်ဆိုလျှင် သဲမကြောက်မနေနနှင့်” ဟုတွေးက တစ်ခုခုကို ယတိပြတ် ဆုံးဖြတ်မည်ဖြစ်သည်။

 

တစ်ခါက တွေ့ကြုံခဲ့ဘူးသော စိတ်ရောဂါဆေးရုံတစ်ခုတွင် ထိုသို့ဆုံးဖြတ်ချက် မကျနိုင်သည့် လူနာတစ်ဦးပြောပြရပေအုန်းမည်။ နံနက်စာ စားခါနီးအချိန် ကော်ရစ်ဒါတွင် ရပ်နေသည့် လူနာများအကြား သုတ်သုတ်ပျာပျာရောက်လာကာ နီးရာလူတစ်ဦးအား “ဝက်သားနဲ့ကြက်သား ဘာစားရင်ကောင်းမလဲ၊ ဝက်တော့ကြောက်တယ်” ဟုမေး၏။ အမေးခံရသူက မဖြေ။ နောက်တစ်ဦးကိုထပ်မေးပြန်၏။ အဖြေမရ။ ထို့နောက်တွင် လူနာထိမ်းတစ်ဦးအား ၎င်းအတိုင်း မေးပြန်သည့်အခါ လူနာထိမ်းက “ဝက်ကြောက်ရင် ကြက်စားပေါ့” ဟု ဖြေလိုက်သည်။ ထိုအခါတွင်မှ ဆုံးဖြတ်ချက်ရသွားသောလူနာခမျာ “ဝက်ကြောက်ရင် ကြက်သားစား၊ ဝက်ကြောက်ရင် ကြက်သားစား” ဟု ရေရွတ်ကာ ထွက်သွားနိုင်ရှာသည်။ လူနာထိမ်းနှင့်သာမတွေ့လျှင် သူသည် တစ်ဆောင်လုံးကို လှည့်ပတ်ပြီး မေးနေမည်လား မပြောတတ်ပေ။

 

စင်စစ် သူ့အမေးမှာပင် အဖြေအတွက် လမ်းစပါနေပြီးဖြစ်၏။ သို့သော် ထိုအဖြေကို သူ ယတိပြတ်မယူရဲပေ။ သူတစ်ပါးက ဆုံးဖြတ်ချက်ချပေးသည့်အခါမှသာ သူ့စိတ်ွင် ပြတ်သားသွားပေသည်။


ထိုအဖြစ်မျိုးကို စိတ်မှန် လူကောင်းများလောကတွင်လည်း မကြာခဏ တွေ့မြင်နိုင်ပေသည်။ ဥပမာ “ကျွန်တော် လက်ဖက်ရည်ဆိုင်ဖွင့်မလို့ဗျာ၊ ဒါပေမယ့် ဒီနားမှာဆိုင်ဖွင့်ရင် ကြွေးကျမှာဗျ” ဟူသောစကားမျိုး၊ “ကျွန်တော် ကန်ထရိုက်ဖြစ်ရင် ကြီးပွားမှာဗျ၊ ဒါပေမယ့် ကန်ထရိုက်လုပ်မယ်ဆိုရင် ဒီအလုပ်က ထွက်မှဖြစ်မှာ” ဆိုတာမျိုး . . .

 

သည်လူတွေ၏အဖြစ်မှာ လက်ထဲကမုန့်ကို စားလည်းစားပစ်ချင်သည်။ ကုန်သွားမှာလည်းကြောက်သည်ဆိုသော ကလေးတစ်ယောက်၏ အဖြစ်မျိုးနှင့် ဆင်တူလှသည်။
ပြတ်သားသူအတွက်ကားရှင်းသည်။ နှစ်ခုမရနိုင်၊ တစ်ခုပဲရမည်ဆိုသည့် အနေအထားမျိုးတွင် စွန့်လွှတ်ရမည့်အရာကို တွေး၍နှမြောမနေဘဲ မိမိဆန္ဒပိုပြင်းပြသောအရာကို ရွေးချယ်လိုက်မည်ဖြစ်သသည်။ လက်ဖက်ရည်ဆိုင်သိပ်ဖွင့်ချင်လျှင် ကြွေးကြောက်မနေနှင့်။ တကယ်ကြီးပွားချင်လျှင် လက်ရှိအလုပ်ကို စွန့်ပစ်လိုက်၊ မုန့်သိပ်စားချင်လျှင် နောင်ခါလါ နောင်ခါဈေး၊ ဘာမှမတွေးနှင့် စားပစ်လိုက်။ ဒါပဲဖြစ်သည်။

 

ဖေမြင့် - အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း မှ ကောက်နှုတ်ချက်

 

 

ေခါင္းေဆာင္အဂၤါရပ္

ျပသနာတစ္ရပ္ႏွင့္ပတ္သက္၍ တိက်ေရရာေသာ ဆံုးျဖတ္ခ်က္တစ္ခု လ်င္ျမန္စြာ ခ်မွတ္ႏိုင္စြမ္းရွိျခင္းသည္ ေခါင္းေဆာင္ျဖစ္လာသူတိုင္းတြင္ ေတြ႕ရွိရသည့္ အရည္အခ်င္းတစ္ရပ္ျဖစ္သည္။ တစ္နည္းေျပာရလွ်င္ ျပတ္ျပတ္သားသား ဆံုးျဖတ္လုပ္ကိုင္ျခင္းသည္ပင္ အႀကီးအကဲ၏ လကၡဏာတစ္ရပ္ျဖစ္သည္ဟု ဆိုႏိုင္သည္။

 

ဇေ၀ဇ၀ါ ခ်ီတံုခ်တံုျဖစ္ေနသည့္ လူစုၾကားထဲတြင္ တစ္စံုတစ္ရာကို တိက်ျပတ္သားစြာ ဆံုးျဖတ္ေျပာဆိုရဲသူသည္ ေခါင္းေဆာင္ျဖတ္လာတတ္ျခင္းမွာ ဓမၼတာပင္ျဖစ္သည္။
စင္စစ္ ကိုယ့္ဦတည္ခ်က္ကို ကိုယ္သိကာ ယင္းဦးတည္ရာသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္တတ္သူမ်ိဳးသာ ပန္းတိုင္ေရာက္စၿမဲျဖစ္သည္။ ခ်ီတံုခ်တံုသမား၊ ဟိုဘက္သည္ဘက္ အခ်ိန္ဆလြန္ကာ ခ်ိန္ခြင္လက္ကမခ်ႏိုင္ ျဖစ္ေနသူမ်ားကား ဦးတည္ခ်က္ မေရရာသည့္အေလ်ာက္ ဘယ္ပန္းတိုင္သို႔မေလွ်ာက္ႏိုင္၊ မေရာက္ႏိုင္ေပ။ ထိုသူမ်ိဳးတြင္ ဘာအရွိန္အ၀ါ၊ ဘာၾသဇာမွ် မရွိ။ သူတို႔အျမင္၊ သူတို႔အယူအဆကို မည္သူမွ် မေလးစား၊ အားမကိုး။ အေရးကိစၥႀကံဳလာလွ်င္ မည္သူမွ် ေခါင္းေဆာင္မတင္ေပ။

 

မေရရာ မျပတ္သားသူမ်ားတြင္ အဓိကဒုကၡေပးေနသည့္အခ်က္ကား ဘာကိုမွ်မပစ္ႏိုင္ျခင္းျဖစ္သည္ သူတို႔သည္ “ပစ္ရမွာကလည္း အဆီနဲ႔၀င္း၀င္း၊ စားရမွာကလည္း သဲႏွင့္ရွပ္ရွပ္” ဆိုေသာ အေနအထားမ်ိဳးကို အၿမဲရင္ဆိုင္ေနၾကသူမ်ားျဖသ္ည္။ ျပတ္သားသူအေနႏွင့္ကား “ပစ္မည္ဆိုလွ်င္အဆီ ႏွေျမာမေနႏွင့္၊ စးမည္ဆိုလွ်င္ သဲမေၾကာက္မေနနႏွင့္” ဟုေတြးက တစ္ခုခုကို ယတိျပတ္ ဆံုးျဖတ္မည္ျဖစ္သည္။

 

တစ္ခါက ေတြ႕ႀကံဳခဲ့ဘူးေသာ စိတ္ေရာဂါေဆးရံုတစ္ခုတြင္ ထိုသို႔ဆံုးျဖတ္ခ်က္ မက်ႏိုင္သည့္ လူနာတစ္ဦးေျပာျပရေပအုန္းမည္။ နံနက္စာ စားခါနီးအခ်ိန္ ေကာ္ရစ္ဒါတြင္ ရပ္ေနသည့္ လူနာမ်ားအၾကား သုတ္သုတ္ပ်ာပ်ာေရာက္လာကာ နီးရာလူတစ္ဦးအား “၀က္သားနဲ႔ၾကက္သား ဘာစားရင္ေကာင္းမလဲ၊ ၀က္ေတာ့ေၾကာက္တယ္” ဟုေမး၏။ အေမးခံရသူက မေျဖ။ ေနာက္တစ္ဦးကိုထပ္ေမးျပန္၏။ အေျဖမရ။ ထို႔ေနာက္တြင္ လူနာထိမ္းတစ္ဦးအား ၄င္းအတိုင္း ေမးျပန္သည့္အခါ လူနာထိမ္းက “၀က္ေၾကာက္ရင္ ၾကက္စားေပါ့” ဟု ေျဖလိုက္သည္။ ထိုအခါတြင္မွ ဆံုးျဖတ္ခ်က္ရသြားေသာလူနာခမ်ာ “၀က္ေၾကာက္ရင္ ၾကက္သားစား၊ ၀က္ေၾကာက္ရင္ ၾကက္သားစား” ဟု ေရရြတ္ကာ ထြက္သြားႏိုင္ရွာသည္။ လူနာထိမ္းႏွင့္သာမေတြ႕လွ်င္ သူသည္ တစ္ေဆာင္လံုးကို လွည့္ပတ္ၿပီး ေမးေနမည္လား မေျပာတတ္ေပ။

 

စင္စစ္ သူ႔အေမးမွာပင္ အေျဖအတြက္ လမ္းစပါေနၿပီးျဖစ္၏။ သို႔ေသာ္ ထိုအေျဖကို သူ ယတိျပတ္မယူရဲေပ။ သူတစ္ပါးက ဆံုးျဖတ္ခ်က္ခ်ေပးသည့္အခါမွသာ သူ႔စိတ္ြင္ ျပတ္သားသြားေပသည္။
ထိုအျဖစ္မ်ိဳးကို စိတ္မွန္ လူေကာင္းမ်ားေလာကတြင္လည္း မၾကာခဏ ေတြ႕ျမင္ႏိုင္ေပသည္။ ဥပမာ “ကၽြန္ေတာ္ လက္ဖက္ရည္ဆိုင္ဖြင့္မလို႔ဗ်ာ၊ ဒါေပမယ့္ ဒီနားမွာဆိုင္ဖြင့္ရင္ ေၾကြးက်မွာဗ်” ဟူေသာစကားမ်ိဳး၊ “ကၽြန္ေတာ္ ကန္ထရိုက္ျဖစ္ရင္ ႀကီးပြားမွာဗ်၊ ဒါေပမယ့္ ကန္ထရိုက္လုပ္မယ္ဆိုရင္ ဒီအလုပ္က ထြက္မွျဖစ္မွာ” ဆိုတာမ်ိဳး . . .

 

သည္လူေတြ၏အျဖစ္မွာ လက္ထဲကမုန္႔ကို စားလည္းစားပစ္ခ်င္သည္။ ကုန္သြားမွာလည္းေၾကာက္သည္ဆိုေသာ ကေလးတစ္ေယာက္၏ အျဖစ္မ်ိဳးႏွင့္ ဆင္တူလွသည္။
ျပတ္သားသူအတြက္ကားရွင္းသည္။ ႏွစ္ခုမရႏိုင္၊ တစ္ခုပဲရမည္ဆိုသည့္ အေနအထားမ်ိဳးတြင္ စြန္႔လႊတ္ရမည့္အရာကို ေတြး၍ႏွေျမာမေနဘဲ မိမိဆႏၵပိုျပင္းျပေသာအရာကို ေရြးခ်ယ္လိုက္မည္ျဖစ္သသည္။ လက္ဖက္ရည္ဆိုင္သိပ္ဖြင့္ခ်င္လွ်င္ ေၾကြးေၾကာက္မေနႏွင့္။ တကယ္ႀကီးပြားခ်င္လွ်င္ လက္ရွိအလုပ္ကို စြန္႔ပစ္လိုက္၊ မုန္႔သိပ္စားခ်င္လွ်င္ ေနာင္ခါလါ ေနာင္ခါေစ်း၊ ဘာမွမေတြးႏွင့္ စားပစ္လိုက္။ ဒါပဲျဖစ္သည္။

 

ေဖျမင့္ - အေျပာင္ေျမာက္ဆံုးဘ၀တစ္ခုတည္ေဆာက္ျခင္း မွ ေကာက္ႏႈတ္ခ်က္

Read times
Rate this articles
(0 votes)