×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 17 November 2020

အပြိုင်အဆိုင်တွေများလွန်းတဲ့ခေတ်မှာ စိတ်စွမ်းအင်မြင့်စေဖို့ အလေ့အကျင့်ကောင်း ( ၆ ) ချက်

အပြိုင်အဆိုင်တွေများလွန်းတဲ့ခေတ်မှာ စိတ်စွမ်းအင်မြင့်စေဖို့ အလေ့အကျင့်ကောင်း ( ၆ ) ချက်

 

နည်းပညာခေတ်ရောက်လာတာနဲ့အမျှ အခွင့်အရေးတွေ အခွင့်အလမ်းတွေ များလာသလောက် အပြိုင်အဆိုင်တွေလည်း အင်မတန်ပေါများလာပါတယ် ။
သင့်အနေနဲ့ ဒီ ခေတ်ရေစီးကြောင်းနဲ့ အပြိုင် မလိုက်နိုင်ဘူးဆိုရင် သေချာပေါက် သင်နောက်ကျကျန်ခဲ့မှာပါ ။ ခတ်ရေစီးကြောင်းနဲ့ အပြိုင် လိုက်နိုင်ရင်တော့ မတူညီတဲ့ ပြိုင်ဘက်မျိုးစုံနဲ့ တွေ့ကြုံရမှာပါ ။

 

ဒီတော့ နောက်ကျကျန်ခံမလား? ကြုံလာတဲ့အရာတွေကို ရင်ဆိုင်ကျော်ဖြတ်မလား? ဆိုတာ သင့်ဆုံးဖြတ်ချက်ပါ။ သင့်အနေနဲ့ ဒီ အပြိုင်အဆိုင်တွေကြားထဲမှာ ခေါင်းမော့ရင်ကော့ပြီး နေဖို့ အတွက် စိတ်စွမ်းအင်မြင့်မားနေဖို့ လိုပါတယ် ။

 

ဒါကြောင့် စိတ်စွမ်းအင်မြင့်မားစေဖို့ အလေ့အကျင့်ကောင်း ( ၆ ) ချက်ကို ဖော်ပြလိုက်ပါတယ် ။

( ၁ ) Stress တွေကို ဘယ်လို ကိုင်တွယ်မလဲ သင်ယူပါ ။
ပထမဆုံး ကတော့ သင့်ရဲ့ Stress Level ကို ကိုင်တွယ်နိုင်ရမယ် ။ Stress တွေ များလာလေ ခန္ဓာကိုယ် ရဲ့ လုပ်ဆောင်ချင်တွေက မြန်လာလေ ဖြစ်တာကြောင့် စွမ်းအင်တွ အလဟဿကုန်ခမ်းရပါတယ် ။ အဲတာကြောင့် သုတေသီ တွေက Stress တွေ ပိလာတဲ့အခါ သက်ပြင်းမချမိအောင် သတိထားနေပါတဲ့။ ဒါက စိတ်စွမ်းအင်မြှင့်တင်ဖို့ရန် အရေးကြီးတဲ့ ပထမဆုံး အချက်တစ်ချက် ဖြစ်ပါတယ် ။ မိမိရဲ့ အတွေးထဲကို ဘယ်ဖိအား မှ ဝင်မလာနိုင်စေဖို့ သက်ပြင်းမချရတာပါ ။

 

( ၂ ) မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ ။
မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ဖို့ ဆိုရင် အရင်ဆုံး မိမိကိုယ်ကို ယုံကြည်မှုရှိအောင်ကြိုးစားဖို့ အရေးကြီးပါတယ် ။ သင့်ကိုယ်သင် ယုံကြည်မှုရှိနေဖို့ အတွက်ကတော့ ကိုယ်တာဝန်ယူထားတဲ့ တာဝန်ဝတ္တရားအကုန်ပြီးမြောက်နေရပါမယ် ။ အဲ့တာကြောင့် အလုပ်လုပ်တဲ့အခါ သင့်စွမ်းရည်တွေကို မကန့်သတ်ထားသင့်ပါဘူး ။


ကိုယ်မလုပ်ရဲတဲ့၊ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်တစ်ခု လုပ်ရတော့မဲ့ အခါ “ ငါမလုပ်နိုင်ဘူး “ လို့ ကိုယ့်ကိုကိုယ် သတ်မှတ်လိုက်တာထက် “ ငါမလုပ်ဘူး “ လို့ ရဲရဲဝံ့ဝံ့ ငြင်းနိုင်ရပါမယ်လို့ ပညာရှင်အချို့ က ဆိုပါတယ် ။ ကိုယ်မလုပ်ရဲတဲ့အရာဆိုတည်းက အဲ့မှာ သင့်စိတ် တစ်ခေါက် သိမ်ငယ်နေရပါပြီ ။ “ ငါမလုပ်နိုင်ဘူး “ ဆိုတဲ့အတွေး နဲ့ ကိုယ့်ယုံကြည်မှုကို ထပ် မယိမ်းယိုင်ပါစေနဲ့ ။

 

( ၃ ) သင့် ဦးနှောက် ကောင်းကောင်းဖွံ့ဖြိုးဖို့ အိပ်ချိန်မှန်မှန်အိပ်ပါ ။
နေ့စဉ်(၆)နာရီ မှ (၈)နာရီကြား အိပ်တဲ့သူတွေက ဘဝမှာ တိုးတက်ပျော်ရွှင်မှုတွေ ကို သိမ်းပိုက်နိုင်ကြပါတယ်လို့ စစ်တမ်းတွေအရ သိရပါတယ် ။ အဲ့တာကြောင့် သင့်အနေနဲ့ အိပ်ချိန်မှန်မှန် အိပ်ဖို့ လိုပါတယ် ။ အိပ်ချိန်မှန်တာက ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို အထောက်အပံ့ကောင်းပေးတာကြောင့် စိတ်စွမ်းရည် တိုးတက်ဖို့ကိုလည်း တစ်ဖက်က အကျိုးပြုနေတာဖြစ်ပါတယ် ။

 

( ၄ ) တစ်ပတ်မှာတစ်ကြိမ် အနည်းဆုံးတရားထိုင်ပါ ။
Stress တွေ ပိလာတဲ့ အခါ အရေးကြီးဆုံးက စိတ်ထားတတ်ဖို့ပါ ။ စိတ်ထားတတ်ဖို့ က စိတ်ငြိမ်ဖို့ အရေးကြီးပါတယ် ။ အဲ့အတွက် တရားထိုင်ရပါမယ် ။ တရားထိုင်ခြင်း က သင့်စိတ်စွမ်းရည်မြင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ် ။ အဲ့တာကြောင့် တစ်ပတ်တစ်ခါ တရားထိုင်ဖို့ လိုကို လိုအပ်ပါတယ် ။

 

( ၅ ) လေ့ကျင့်ခန်းလုပ်ဖို့ သတိရပါ ။
လူအများစုဟာ လေ့ကျင့်ခန်းလုပ်ဖို့ ကို မေ့နေတတ်ကြပါတယ် ။ နေ့စဉ်လှုပ်ရှားမှုတွေကို လေ့ကျင့်ခန်းလို့သတ်မှတ်တတ်ကြပါတယ် ။ နေ့စဉ်လှုပ်ရှားမှုတွေကလည်း လေ့ကျင့်ခန်း လို့ သတ်မှတ်လို့ရပေမဲ့ Focus မတူတဲ့အတွက် မထိရောက်ပါဘူး ။ အဲ့တာကြောင့် လေ့ကျင့်ခန်းလုပ်ချိန်ဆိုပြီး သတ်သတ်မှတ်မှတ် ထားဖို့လိုပါတယ် ။ လေ့ကျင့်ခန်းလုပ်တာ က တစ်ပြိုင်နက်တည်းမှာ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကို အလုပ်ပေးတာဖြစ်တဲ့အတွက် စိတ်စွမ်းအင်မြင့်မားစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ် ။

 

( ၆ ) အဓိက နဲ့ သာမည ခွဲခြားတတ်ပါစေ ။
ခုလက်ရှိ သင့်အတွက် ဘာကအရေးကြီးနေလဲဆိုတာကို သိရပါမယ် ။ အရေးကြီးတဲ့အရာကို အာရုံစိုက်ဖို့အတွက် အသေးအမွှားလေးတွေကို နောက်ဆုတ်ထားရပါတယ် ။ အဲ့တာမှသာ လုပ်ဆောင်ရမယ့် အလုပ်တွေက စနစ်တကျ ပြီးမြောက်နေမှာဖြစ်ပါတယ် ။

 

ဥပမာ - စာမေးပွဲမနက်ဖြန်ရှိတယ် ။ ဒီနေ့ ဂိမ်းဆော့နေတယ် ။ ဒါဆို သင်က အဓိက နဲ့ သာမည မခွဲခြားတတ်တဲ့သူပါ။ ကဲ ဒါဆို စိတ်စွမ်းအင်မြင့်မားဖို့ ဘယ်အချက်လေးတွေ ကို သတိပြုဆောင်ထားရမလဲ သိကြလောက်ပြီထင်ပါတယ် ။

 

www.sayar.com.mm ရဲ့ စာဖတ်ပရိသတ်အားလုံးလည်း စိတ်စွမ်းအင်မြင့်မားသူများဖြစ်ကြပြီး အောင်မြင်အပေါင်း ရယူနိုင်ပါစေ . . .

 

 

အၿပိဳင္အဆိုင္ေတြမ်ားလြန္းတဲ့ေခတ္မွာ စိတ္စြမ္းအင္ျမင့္ေစဖို႔ အေလ့အက်င့္ေကာင္း ( ၆ ) ခ်က္

 

နည္းပညာေခတ္ေရာက္လာတာနဲ႔အမွ် အခြင့္အေရးေတြ အခြင့္အလမ္းေတြ မ်ားလာသေလာက္ အၿပိဳင္အဆိုင္ေတြလည္း အင္မတန္ေပါမ်ားလာပါတယ္ ။
သင့္အေနနဲ႔ ဒီ ေခတ္ေရစီးေၾကာင္းနဲ႔ အၿပိဳင္ မလိုက္ႏိုင္ဘူးဆိုရင္ ေသခ်ာေပါက္ သင္ေနာက္က်က်န္ခဲ့မွာပါ ။ ခတ္ေရစီးေၾကာင္းနဲ႔ အၿပိဳင္ လိုက္ႏိုင္ရင္ေတာ့ မတူညီတဲ့ ၿပိဳင္ဘက္မ်ိဳးစုံနဲ႔ ေတြ႕ႀကဳံရမွာပါ ။

 

ဒီေတာ့ ေနာက္က်က်န္ခံမလား? ႀကဳံလာတဲ့အရာေတြကို ရင္ဆိုင္ေက်ာ္ျဖတ္မလား?ဆိုတာ သင့္ဆုံးျဖတ္ခ်က္ပါ။ သင့္အေနနဲ႔ ဒီ အၿပိဳင္အဆိုင္ေတြၾကားထဲမွာ ေခါင္းေမာ့ရင္ေကာ့ၿပီး ေနဖို႔ အတြက္ စိတ္စြမ္းအင္ျမင့္မားေနဖို႔ လိုပါတယ္ ။

 

ဒါေၾကာင့္ စိတ္စြမ္းအင္ျမင့္မားေစဖို႔ အေလ့အက်င့္ေကာင္း ( ၆ ) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္ ။

( ၁ ) Stress ေတြကို ဘယ္လို ကိုင္တြယ္မလဲ သင္ယူပါ ။
ပထမဆုံး ကေတာ့ သင့္ရဲ႕ Stress Level ကို ကိုင္တြယ္ႏိုင္ရမယ္ ။ Stress ေတြ မ်ားလာေလ ခႏၶာကိုယ္ ရဲ႕ လုပ္ေဆာင္ခ်င္ေတြက ျမန္လာေလ ျဖစ္တာေၾကာင့္ စြမ္းအင္တြ အလဟႆကုန္ခမ္းရပါတယ္ ။ အဲတာေၾကာင့္ သုေတသီ ေတြက Stress ေတြ ပိလာတဲ့အခါ သက္ျပင္းမခ်မိေအာင္ သတိထားေနပါတဲ့။ ဒါက စိတ္စြမ္းအင္ျမႇင့္တင္ဖို႔ရန္ အေရးႀကီးတဲ့ ပထမဆုံး အခ်က္တစ္ခ်က္ ျဖစ္ပါတယ္ ။ မိမိရဲ႕ အေတြးထဲကို ဘယ္ဖိအား မွ ဝင္မလာႏိုင္ေစဖို႔ သက္ျပင္းမခ်ရတာပါ ။

 

( ၂ ) မိမိကိုယ္မိမိ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားပါ ။
မိမိကိုယ္မိမိ ထိန္းခ်ဳပ္ႏိုင္ဖို႔ ဆိုရင္ အရင္ဆုံး မိမိကိုယ္ကို ယုံၾကည္မႈရွိေအာင္ႀကိဳးစားဖို႔ အေရးႀကီးပါတယ္ ။ သင့္ကိုယ္သင္ ယုံၾကည္မႈရွိေနဖို႔ အတြက္ကေတာ့ ကိုယ္တာဝန္ယူထားတဲ့ တာဝန္ဝတၱရားအကုန္ၿပီးေျမာက္ေနရပါမယ္ ။ အဲ့တာေၾကာင့္ အလုပ္လုပ္တဲ့အခါ သင့္စြမ္းရည္ေတြကို မကန႔္သတ္ထားသင့္ပါဘူး ။


ကိုယ္မလုပ္ရဲတဲ့၊ ကိုယ္မကြၽမ္းက်င္တဲ့ အလုပ္တစ္ခု လုပ္ရေတာ့မဲ့ အခါ “ ငါမလုပ္ႏိုင္ဘူး “ လို႔ ကိုယ့္ကိုကိုယ္ သတ္မွတ္လိုက္တာထက္ “ ငါမလုပ္ဘူး “ လို႔ ရဲရဲဝံ့ဝံ့ ျငင္းႏိုင္ရပါမယ္လို႔ ပညာရွင္အခ်ိဳ႕ က ဆိုပါတယ္ ။ ကိုယ္မလုပ္ရဲတဲ့အရာဆိုတည္းက အဲ့မွာ သင့္စိတ္ တစ္ေခါက္ သိမ္ငယ္ေနရပါၿပီ ။ “ ငါမလုပ္ႏိုင္ဘူး “ ဆိုတဲ့အေတြး နဲ႔ ကိုယ့္ယုံၾကည္မႈကို ထပ္ မယိမ္းယိုင္ပါေစနဲ႔ ။

 

( ၃ ) သင့္ ဦးေႏွာက္ ေကာင္းေကာင္းဖြံ႕ၿဖိဳးဖို႔ အိပ္ခ်ိန္မွန္မွန္အိပ္ပါ ။
ေန႔စဥ္(၆)နာရီ မွ (၈)နာရီၾကား အိပ္တဲ့သူေတြက ဘဝမွာ တိုးတက္ေပ်ာ္႐ႊင္မႈေတြ ကို သိမ္းပိုက္ႏိုင္ၾကပါတယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္ ။ အဲ့တာေၾကာင့္ သင့္အေနနဲ႔ အိပ္ခ်ိန္မွန္မွန္ အိပ္ဖို႔ လိုပါတယ္ ။ အိပ္ခ်ိန္မွန္တာက ႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈကို အေထာက္အပံ့ေကာင္းေပးတာေၾကာင့္ စိတ္စြမ္းရည္ တိုးတက္ဖို႔ကိုလည္း တစ္ဖက္က အက်ိဳးျပဳေနတာျဖစ္ပါတယ္ ။

 

( ၄ ) တစ္ပတ္မွာတစ္ႀကိမ္ အနည္းဆုံးတရားထိုင္ပါ ။
Stress ေတြ ပိလာတဲ့ အခါ အေရးႀကီးဆုံးက စိတ္ထားတတ္ဖို႔ပါ ။ စိတ္ထားတတ္ဖို႔ က စိတ္ၿငိမ္ဖို႔ အေရးႀကီးပါတယ္ ။ အဲ့အတြက္ တရားထိုင္ရပါမယ္ ။ တရားထိုင္ျခင္း က သင့္စိတ္စြမ္းရည္ျမင့္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္ ။ အဲ့တာေၾကာင့္ တစ္ပတ္တစ္ခါ တရားထိုင္ဖို႔ လိုကို လိုအပ္ပါတယ္ ။

 

( ၅ ) ေလ့က်င့္ခန္းလုပ္ဖို႔ သတိရပါ ။
လူအမ်ားစုဟာ ေလ့က်င့္ခန္းလုပ္ဖို႔ ကို ေမ့ေနတတ္ၾကပါတယ္ ။ ေန႔စဥ္လႈပ္ရွားမႈေတြကို ေလ့က်င့္ခန္းလို႔သတ္မွတ္တတ္ၾကပါတယ္ ။ ေန႔စဥ္လႈပ္ရွားမႈေတြကလည္း ေလ့က်င့္ခန္း လို႔ သတ္မွတ္လို႔ရေပမဲ့ Focus မတူတဲ့အတြက္ မထိေရာက္ပါဘူး ။ အဲ့တာေၾကာင့္ ေလ့က်င့္ခန္းလုပ္ခ်ိန္ဆိုၿပီး သတ္သတ္မွတ္မွတ္ ထားဖို႔လိုပါတယ္ ။ ေလ့က်င့္ခန္းလုပ္တာ က တစ္ၿပိဳင္နက္တည္းမွာ ကိုယ္ခႏၶာနဲ႔ ဦးေႏွာက္ကို အလုပ္ေပးတာျဖစ္တဲ့အတြက္ စိတ္စြမ္းအင္ျမင့္မားေစတဲ့ အေလ့အက်င့္ေကာင္းတစ္ခုျဖစ္ပါတယ္ ။

 

( ၆ ) အဓိက နဲ႔ သာမည ခြဲျခားတတ္ပါေစ ။
ခုလက္ရွိ သင့္အတြက္ ဘာကအေရးႀကီးေနလဲဆိုတာကို သိရပါမယ္ ။ အေရးႀကီးတဲ့အရာကို အာ႐ုံစိုက္ဖို႔အတြက္ အေသးအမႊားေလးေတြကို ေနာက္ဆုတ္ထားရပါတယ္ ။ အဲ့တာမွသာ လုပ္ေဆာင္ရမယ့္ အလုပ္ေတြက စနစ္တက် ၿပီးေျမာက္ေနမွာျဖစ္ပါတယ္ ။

 

ဥပမာ - စာေမးပြဲမနက္ျဖန္ရွိတယ္ ။ ဒီေန႔ ဂိမ္းေဆာ့ေနတယ္ ။ ဒါဆို သင္က အဓိက နဲ႔ သာမည မခြဲျခားတတ္တဲ့သူပါ ။ ကဲ ဒါဆို စိတ္စြမ္းအင္ျမင့္မားဖို႔ ဘယ္အခ်က္ေလးေတြ ကို သတိျပဳေဆာင္ထားရမလဲ သိၾကေလာက္ၿပီထင္ပါတယ္ ။

 

www.sayar.com.mm ရဲ႕ စာဖတ္ပရိသတ္အားလုံးလည္း စိတ္စြမ္းအင္ျမင့္မားသူမ်ားျဖစ္ၾကၿပီး ေအာင္ျမင္အေပါင္း ရယူႏိုင္ပါေစ . . .

Read times
Rate this articles
(0 votes)