Success

Thursday, 19 November 2020

အောင်မြင်မှု နှင့် တစ်နာရီ

အောင်မြင်မှု နှင့် တစ်နာရီ

 

“ အချိန်မရှိဘူး ” ဆိုတဲ့ စကား ကို သင် အမြဲ ပြောနေမိသလား ။
ဒါဆိုရင်တော့ အနာဂတ်မှာ အောင်မြင်မဲ့သူတစ်ယောက်လုံးဝမဟုတ်ဘူး ဆိုတာ သတိရလိုက်ပါ ။

လူတိုင်းကိုယ်စီ ကိုယ်စီမှာ တစ်ရက်တာ ရုန်းကန်မှုတွေ က ရှိစမြဲ ပါ ။ ဒါပေမဲ့ သင့်အနေနဲ့ ၂၄ နာရီလုံး မှာ မှ ( ၁ ) နာရီလောက် သင့်ဘဝ အောင်မြင်ရေး အတွက် အချိန်မပေးဘူး ဆိုရင် သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ဆုံးရှုံးရဖို့က ၇၅ % သေချာပါတယ် ။

 

အဲ့တာကြောင့် ပညာရှင်ကြီး Franklin Field က “ အောင်မြင်ခြင်း နဲ့ ရှုံးနှိမ့်ခြင်းအကြား ခွဲခြားထားတဲ့ မဟာတံတိုင်းကြီး က စကားလုံး ( ၅ ) လုံးတည်းပါ ။ အဲ့တာကတော့ အချိန်မရှိဘူး ” ဆိုတဲ့ စကား ( ၅ ) လုံး ဖြစ်ပါတယ် ” လို့ မှတ်ချက်ချခဲ့ဖူးပါတယ် ။

 

“ ကျွန်တော် သိပ်ကိုအလုပ်များတယ် ။ တစ်နေ့လုံး မအားဘူး ။ အိမ်ပြန်လာတဲ့အခါ ပင်ပန်းနွမ်းနယ်နေပြီ ။ ” လို့ ပြောတာ က သင့်မှာ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက်မရှိသေးဘူး ဆိုတဲ့ အကြောင်း ရဲ့ သက်သေတစ်ရပ်ဖြစ်ပါတယ် ။

 

သင့်အနေနဲ့ လုပ်ချင်တဲ့ အလုပ် ကို တစ်နေ့တစ်နာရီနှုန်း သတ်မှတ်ပြီး အချိန်ပေးကြည့်ပါ ။ တစ်နေ့ တစ်နာရီ ဆို တစ်ပတ် ( ၇ ) နာရီ ၊ တစ်လ နာရီ ( ၃၀ )၊ တစ်နှစ် ( ၃၆၅ ) နာရီ နှုန်းနဲ့ အိပ်မက် ကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တစ်နေ့ကိုတစ်နာရီ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်လုပ်နေခြင်း လို့လည်း ပြောနိုင်ပါသေးတယ်။ ဒီ တစ်နာရီနည်းလမ်း ဟာ လူကြီး လူငယ်မရွေး လိုက်နာသင့်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

 

တစ်နာရီနည်းလမ်းကို အသုံးပြုပြီး ကြီးပွားသွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပါ။ ဒီတစ်နာရီ နည်းလမ်းကို ကျင့်ကြံဖို့အတွက် လိုအပ်တာက ခိုင်မာတဲ့ စိတ်ဓာတ် နဲ့ မလျော့တဲ့ ဇွဲ နှစ်ခုတည်း လိုတာပါ။ ဒါကြောင့် အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ “ အချိန်မရှိဘူး ” ဆိုတဲ့ စကား ကိုတွန်းလှန်ပြီး “ အချိန်မလောက်ဘူး ” ဆိုတဲ့ စကားပြောရဲတဲ့အထိ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။

 

 

 

 

 

ေအာင္ျမင္မႈ ႏွင့္ တစ္နာရီ

“ အခ်ိန္မရွိဘူး ” ဆိုတဲ့ စကား ကို သင္ အၿမဲ ေျပာေနမိသလား။ ဒါဆိုရင္ေတာ့ အနာဂတ္မွာ ေအာင္ျမင္မဲ့သူတစ္ေယာက္လုံးဝမဟုတ္ဘူး ဆိုတာ သတိရလိုက္ပါ။

လူတိုင္းကိုယ္စီ ကိုယ္စီမွာ တစ္ရက္တာ ႐ုန္းကန္မႈေတြ က ရွိစၿမဲ ပါ ။ ဒါေပမဲ့ သင့္အေနနဲ႔ ၂၄ နာရီလုံး မွာ မွ ( ၁ ) နာရီေလာက္ သင့္ဘဝ ေအာင္ျမင္ေရး အတြက္ အခ်ိန္မေပးဘူး ဆိုရင္ သင့္ရဲ႕ စိတ္ကူးအိပ္မက္ေတြကို ဆုံးရႈံးရဖို႔က ၇၅ % ေသခ်ာပါတယ္ ။

 

အဲ့တာေၾကာင့္ ပညာရွင္ႀကီး Franklin Field က “ ေအာင္ျမင္ျခင္း နဲ႔ ရႈံးႏွိမ့္ျခင္းအၾကား ခြဲျခားထားတဲ့ မဟာတံတိုင္းႀကီး က စကားလုံး ( ၅ ) လုံးတည္းပါ ။ အဲ့တာကေတာ့ အခ်ိန္မရွိဘူး ” ဆိုတဲ့ စကား ( ၅ ) လုံး ျဖစ္ပါတယ္ ” လို႔ မွတ္ခ်က္ခ်ခဲ့ဖူးပါတယ္ ။

 

“ ကြၽန္ေတာ္ သိပ္ကိုအလုပ္မ်ားတယ္ ။ တစ္ေန႔လုံး မအားဘူး ။ အိမ္ျပန္လာတဲ့အခါ ပင္ပန္းႏြမ္းနယ္ေနၿပီ ။ ” လို႔ ေျပာတာ က သင့္မွာ ခိုင္မာတဲ့ စိတ္ဆုံးျဖတ္ခ်က္မရွိေသးဘူး ဆိုတဲ့ အေၾကာင္း ရဲ႕ သက္ေသတစ္ရပ္ျဖစ္ပါတယ္ ။

သင့္အေနနဲ႔ လုပ္ခ်င္တဲ့ အလုပ္ ကို တစ္ေန႔တစ္နာရီႏႈန္း သတ္မွတ္ၿပီး အခ်ိန္ေပးၾကည့္ပါ ။ တစ္ေန႔ တစ္နာရီ ဆို တစ္ပတ္ ( ၇ ) နာရီ ၊ တစ္လ နာရီ ( ၃၀ )၊ တစ္ႏွစ္ ( ၃၆၅ ) နာရီ ႏႈန္းနဲ႔ အိပ္မက္ ကို ကိုယ္တိုင္ အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ တစ္ေန႔ကိုတစ္နာရီ ကိုယ္တိုင္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အလုပ္လုပ္ေနျခင္း လို႔လည္း ေျပာႏိုင္ပါေသးတယ္။ ဒီ တစ္နာရီနည္းလမ္း ဟာ လူႀကီး လူငယ္မေ႐ြး လိုက္နာသင့္တဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။

 

တစ္နာရီနည္းလမ္းကို အသုံးျပဳၿပီး ႀကီးပြားသြားတဲ့ ပုဂၢိဳလ္ေတြလည္း အမ်ားႀကီးပါ။ ဒီတစ္နာရီ နည္းလမ္းကို က်င့္ႀကံဖို႔အတြက္ လိုအပ္တာက ခိုင္မာတဲ့ စိတ္ဓာတ္ နဲ႔ မေလ်ာ့တဲ့ ဇြဲ ႏွစ္ခုတည္း လိုတာပါ ။ ဒါေၾကာင့္ အနာဂတ္မွာ ေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္ဖို႔ “ အခ်ိန္မရွိဘူး ” ဆိုတဲ့ စကား ကိုတြန္းလွန္ၿပီး “ အခ်ိန္မေလာက္ဘူး ” ဆိုတဲ့ စကားေျပာရဲတဲ့အထိ သင့္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္လိုက္ပါ ။

Read times
Rate this articles
(0 votes)