Success
Tuesday, 01 December 2020
သင့်ကိုယ်သင် Personal Branding ကောင်းကောင်းလုပ်တတ်ပြီလား?
သင့်ကိုယ်သင် Personal Branding ကောင်းကောင်းလုပ်တတ်ပြီလား?
Personal Branding ဆိုတဲ့ စကားလုံးလေးကို ကြားဖူးကြမှာပါ။
ကုန်ပစ္စည်းတွေကိုမှ Brand တစ်ခုဖြစ်အောင်တည်ဆောက်ရတာမျိုးမဟုတ်ပါဘူး။ လူပုဂ္ဂိုလ် တစ်ဉီးစီတိုင်းမှာလည်း ကိုယ့် Brand နဲ့ ကိုယ်ဖြစ်အောင် Personal Branding လုပ်တတ်ဖို့လိုအပ်ပါတယ်။
"သင်ဘယ်သူလဲ သင့်ရဲ့ Values(တန်ဖိုးထားမှု) တွေက ဘာတွေလဲ။" "အဲဒီ့ Values တွေကိုဘယ်လိုဖော်ပြနိုင်မလဲ" ဆိုတာတွေက Personal Branding ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ နယ်ပယ်တိုင်းမှာ သူတို့ရဲ့ Personal Brand ကို အကောင်းဆုံးတည်ဆောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။
ဥပမာ - မဟတ္တမဂန္ဒီ ၊ ဗိုလ်ချုပ်အောင်ဆန်း ၊ ရုပ်ရှင်မင်းသား ဒွေး အစရှိသဖြင့်ပေါ့။
Personal Branding က ဟိုးအရင် ခေတ်တွေတုန်းကလည်း အရေးပါသလိုအခု ဒစ်ဂျစ်တယ်ခေတ်မှာတော့ ပိုပြီး အရေးကြီးပါတယ်။
ကိုယ့်ရဲ့ Brand ( အမှတ်တံဆိပ် ) ကိုကောင်းကောင်းတည်ဆောက်နိုင်လေအခွင့်အရေးတွေ ပိုရလေဆိုတော့ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ Personal Brand ကအရေးကြီးပါတယ်။ Personal Brand ကိုကောင်းကောင်း တည်ဆောက်ထားတဲ့ ဝန်ထမ်းကို လုပ်ငန်းခွင်က ပိုယုံကြည်အားထားလာပြီးတော့ အဆိုပါ ဝန်းထမ်းရဲ့ Career အောင်မြင်မှုအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။"Personal Branding က သင့်ရဲ့ Career တစ်ခုလုံး ကို ပုံသွင်းနိုင်ပါတယ် "
သင့်ရဲ့ တန်ဖိုး ကိုတခြားသူတွေသိအောင် မပြခင် ကိုယ်တိုင်သိဖို့ အရေးကြီးပါတယ်။ “
ငါကဘယ်နေရာတွေမှာ ကျွမ်းကျင်လဲ၊ တခြားသူတွေ ချီးကျူး လေးစားတဲ့ ငါ့ရဲ့ အပြုအမူ တွေကဘာတွေလဲ။ ငါ့ရဲ့ အားနည်းချက်တွေကရော ဘာတွေလဲ။ ”
ဒီလိုမျိုးမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ပတ်ဝန်းကျင်ကလူတွေရဲ့ တုန့်ပြန်မှုတွေကနေ ကိုယ့်ရဲ့ Personality ကို ခန့်မှန်းပါ။ ကွဲပြားတဲ့ အမြင်တွေ ယူဆချက်တွေကနေကိုယ့်ရဲ့ Personality ကိုကောင်းကောင်းသိပြီး Branding လုပ်တဲ့နေရာမှာ အထောက်အကူပြုလာပါလိမ့်မယ်။
သင် က Specialist တစ်ယောက်ဖြစ်နေပါစေ။
သင် ကျက်စားမဲ့ လုပ်ငန်းခွင်နယ်ပယ် မှာ လိုအပ်တဲ့အရည်အချင်းတွေအားလုံး သင့်မှာရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ Up-to- Date Trend ဖြစ်နေတဲ့အရာတွေ ကိုယ့်ထက် ပိုတော်တဲ့ Seniors တွေ၊ Competitors တွေနဲ့ ရင်းနှီးအောင် ချဉ်းကပ်ထားရပါမယ်။ သင့်လုပ်ငန်းခွင်မှာ သင် က Hero တစ်ယောက်ဖြစ်နိုင်အောင် ကြိုးစားရပါမယ်။
တခြားသူတွေဆီကသင်ယူပါ။
Career ပိုင်းရော Branding ပိုင်းရောပါ တိုးတက်အောင်မြင်သွားတဲ့ သူတွေကို ရှာဖွေပါ။ သူတို့ တိုးတက်‌အောင်ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ဘယ်နေရာကနေဘယ်လိုစတင်ခဲ့လဲဆိုတာတွေကို လေ့လာပါ။ သင်ယူဖို့အတွက် အမြဲ တက်ကြွနေပါစေ။
သင့်ရဲ့ Brand Value ကိုတည်ဆောက်ပါ။
သင့်အနေနဲ့ သင့် ရဲ့ Brand Value ကို အခိုင်အမာတည်ဆောက်နိုင်ရပါမယ်။ သင့်ရဲ့ အများနဲ့မတူကွဲပြားနေတဲ့ အားသာချက်၊သင့် ရဲ့ စွမ်းဆောင်ရည်တွေကို အများ ယုံကြည်လာအောင် အခိုင်အမာ ပြသတည်ဆောက်နိုင်ရပါမယ်။
Social Platforms တွေကိုအသုံးပြုပါ။
သင့်ရဲ့ Career Development ကို အထောက်အကူပြုမဲ့ Social Platforms တွေကို ရွေးချယ်အသုံးပြုရပါမယ်။ ဒါပေမဲ့ ဘယ် Platform ကိုပဲသုံးသုံးကိုယ့်ရဲ့ Personal Brand ပုံရိပ်က တစ်သမတ်တည်း ဖြစ်နေဖို့ အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ လူတစ်ယောက်အောင်မြင်ဖို့အတွက် Network ကလည်း အရေးကြီးတာကြောင့် သက်ဆိုင်ရာ Fields တွေက Professional တွေနဲ့လည်း linkedin ကတစ်ဆင့်မိတ်ဆွေဖွဲ့ထားပါ။ 
ဒီအချက်တွေကတော့ Personal Branding လုပ်ဖို့အတွက် သင့်ကို အထောက်အကူပြုမဲ့ အချက်လေးတွေဖြစ်ပါတယ်။
Personal branding က ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ စနစ်တကျ တစ်ဆင့်ချင်း တည်ဆောက်ရင်တော့ အချိန်အတိုင်းအတာတစ်ခုမှာ သင့်ရဲ့ Personal Brand ကို သင် ကောင်းကောင်းကြီး တည်ဆောက်နိုင်မှာပါ။
" We are CEOs of our own companies "
Read times
Rate this articles
(0 votes)