Success
Wednesday, 02 December 2020
လူ့ဘဝအတွက် အရေးအကြီးဆုံး "Self-Love" (မိမိကိုယ်ကိုချစ်ခြင်း)
လူ့ဘဝအတွက် အရေးအကြီးဆုံး "Self-Love" (မိမိကိုယ်ကိုချစ်ခြင်း)
အိပ်ရာထဲမှာတစ်နေကုန်လဲပြီး “ ငါကလုံးဝအဆင်မပြေဘူး ငါ့ကိုယ်ငါမုန်းတယ် ငါက တန်ဖိုးမရှိဘူး “ ဆိုပြီး တွေးနေဖူးလား?
Self-love ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တွေတင်လာမိကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သင့်ကို စိတ်ပိုင်းဆိုင်ရာအင်အားတွေပေးမဲ့ Self-Love Quotes တွေ ပြင်ဆင်ထားပါတယ်။
( ၁ ) Self-love is not selfish; you cannot truly love another until you know how to love yourself.
ကိုယ့်ကိုယ်ကိုချစ်တာက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုချစ်ရမယ်ဆိုတာမသိသေးဘဲ တခြားသူကို သင်ချစ်ပေးနိုင်မှာမဟုတ်ပါဘူး။
( ၂ ) Owning our story and loving ourselves through that process is the bravest thing that we’ll ever do.
ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ်ပိုင်ဘဝတွ ပိုင်ဆိုင်တာက ငါတို့လုပ်ခဲ့သမျှအရာထဲက သတ္တိအရှိဆုံးလုပ်ရပ် ဖြစ်ပါတယ်။
( ၃ ) Be proud of who you are, and not ashamed of how someone else sees you.
ဘယ်သူတွေသင့်ကို ဘယ်လိုပဲမြင်မြင် သင့်ကိုယ်သင် ဂုဏ်ယူပါ။
( ၄ ) Be yourself. An original is so much better than a copy.
သင် က သင်ဖြစ်နေပါစေ။ဘယ်အရာမဆို မူရင်းက မိတ္တူထက် ပိုကောင်းပါတယ်။
( ၅ ) You can’t pour from an empty cup. Take care of yourself first.
ဘာမှမရှိတဲ့ခွက်ကနေ ဘယ်ကိုမှ ဖြည့်ပေးလို့မရပါဘူး။ ကိုယ့်ကိုယ်ကို အရင်ဖြည့်ပါ။
(ကိုယ်ကိုယ်တိုင်ပြည့်ဝနေမှသာ လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။)
( ၆ ) If you’re searching for that one person that will change your life, take a look in the mirror.
သင့်ဘဝကိုပြောင်းလဲပေးမယ့်လူကို သင်ရှာဖွေနေတာလား။ ဒါဆို မှန်ရှေ့ရပ်ကြည့်လိုက်ပါ။
( ၇ ) You are free, you are powerful, you are good, you are love, you have value, you have a purpose. All is well.
သင်က လွတ်လပ်တယ်။ အင်အားရှိတယ်။ တော်တယ်။ ချစ်ခံရဖို့ ထိုက်တန်တယ်။ သင်က တန်ဖိုးရှိတယ်။ ရည်ရွယ်ချက်လည်းရှိတယ်။ အားလုံးက အဆင်ပြေနေပါတယ်။
( ၈ ) Eat like you love yourself. Move like you love yourself. Speak like you love yourself. Act like your love yourself. Love yourself.
သင့်ကိုယ်သင်ချစ်တဲ့စိတ်နဲ့ စားပါ။ သင့်ကိုယ်သင်ချစ်တဲ့စိတ်နဲ့ ရွေ့လျားပါ။ သင့်ကိုယ်သင်ချစ်တဲ့စိတ်နဲ့ စကားပြောပါ။ သင့်ကိုယ်သင်ချစ်တဲ့စိတ်နဲ့နေပါ။ သင့်ကိုယ်သင်ချစ်ပါ။
( ၉ ) You were born to be real, not to be perfect.
ပြည့်စုံဖို့အတွက်မွေးဖွားလာတာမဟုတ်ပါဘူး။ စစ်မှန်ဖို့အတွက် မွေးဖွားလာတာပါ။
( ၁၀ ) You have to believe in yourself when no one else does – that makes you a winner right here.
ဘယ်သူမှ သင့်ကိုမယုံကြည်ရင်တောင် သင်ကိုယ်သင်ယုံကြည်ပါ။ ဒါက သင်အောင်မြင်ဖို့အတွက် လမ်းစပါ။
Read times
Rate this articles
(0 votes)