×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 08 December 2020

လုပ်ငန်းခွင်အတွက် အရေးအကြီးဆုံးသော Business Ethics

လုပ်ငန်းခွင်အတွက် အရေးအကြီးဆုံးသော Business Ethics

နယ်ပယ်တစ်ခုမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ဆိုရင် ပထမဦးဆုံးအချက် ကျင့်ဝတ်တွေကို စောင့်ထိန်းနိုင်ဖို့လိုပါတယ်။ ဒါမှသာ လုပ်ငန်းခွင်က တခြားလူတွေရော၊ ကိုယ်ပါ အလုပ်လုပ်ရတာအဆင်ပြေပျော်ရွှင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လုပ်ငန်းခွင်ဝင်နေတဲ့ စာဖတ်သူတွေအတွက် အရေးကြီးတဲ့ Business Ethics အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

 

Business Ethics မှာဘာတွေပါသလဲ?
(၁) ကိုယ်ကျင့်တရား ( Morality )
အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တဲ့အခါ ကိုယ်ကျင့်တရားကောင်းဖို့က သိပ်အရေးကြီးပါတယ်။ ကိုယ်ကျင့်တရားကောင်းမှ ကိုယ့်ကို တခြားသောလုပ်ဖော်ကိုင်ဖက်တွေက နှစ်လိုမှာဖြစ်ပြီး သင်နေထိုင်ရတာလည်း အားလုံးနဲ့အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကိုယုံကြည်လေးစားတဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်း သင်ဖန်တီးနိုင်လာပါလိမ့်မယ်။

 

(၂) ယုံကြည်စိတ်ချမှု ( Reliability )
ဒီအချက်ကလည်း သိပ်ကိုအရေးကြီးပါတယ်။ တစ်ခုခိုင်းလိုက်တယ်။ အဆင်မပြေဘူး။ ဒါမျိုးတွေ ခဏခဏမဖြစ်သင့်ပါဘူး။ မဖြစ်အောင် သင့်ဘက်က ဂရုစိုက်သင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို တစ်ခုခုခိုင်းလိုက်တဲ့အခါ သင်က “စိတ်ချလို့ရတယ်” ဆိုတဲ့ အတွေးနဲ့ သင့်ကိုအလုပ်ပေးတာမျိုး အမြဲဖြစ်နေပါစေ။

 

(၃) ယုံကြည်မှု ( Trust )
ဒါက ယုံကြည်စိတ်ချမှု နဲ့ ဆင်ကောင်းဆင်တူနိုင်ပါတယ်။ ဒါပေမယ့် Trust က သင့်ရဲ့ ကိုယ်ကျင့်တရားပေါ်ယုံကြည်မှုပါ။ သင်က စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို စောင့်ထိန်းနိုင်တာမလို့ သင့်ကိုယုံကြည်တယ်။ သင့်လုပ်ရပ်တွေကိုယုံကြည်တယ် ဆိုတာမျိုးပါ။ လုပ်ငန်းခွင်မှာ ယုံကြည်မှုက ဒုတိယမဏ္ဍိုင်ပါ။

 

(၄) ရွေးချယ်မှု ( Choice )
သင့်ရဲ့ရွေးချယ်မှုတွေကလည်း သင့်ရဲ့ Business Ethics ပါပဲ။ သင်ရွေးချယ်လိုက်တဲ့အရာတွေက ကောင်းသောရွေးချယ်မှုတွေလည်းဖြစ်နိုင်သလို၊ မကောင်းသောရွေးချယ်မှုတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျင့်ဝတ်ဘောင်ပြင်ပကနေတော့ သင်ရွေးချယ်လို့မရပါဘူး။

 

(၅) ကျင့်ဝတ်နိယာမ ( Principles )
ကျင့်ဝတ်နိယာမ မှာ (၅) မျိုးကွဲပါသေးတယ်။ အဲ့တာတွေကတော့
(၁) တန်ဖိုးထားယုံကြည်ခြင်း
(၂) ရိုးသားခြင်း
(၃) သမာဓိကောင်းခြင်း
(၄) သစ္စာရှိခြင်း
(၅) လေးစားခြင်း
တို့ဖြစ်ပါတယ်။ သင်က လုပ်ငန်းခွင်မှာ အားကိုးအားထားရတဲ့လူတစ်ယောက်ဖြစ်လိုရင် ဒီအချက်တွေကိုလည်း သင်မေ့လို့မရပါဘူး။

 

(၆) ပေါင်းသင်းဆက်ဆံရေး ( Relationship )
ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုပါတယ်။ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမှ သင့်အနေနဲ့လုပ်ငန်းခွင်မှာ အားလုံးနဲ့အဆင်ပြေပြီး သက်သောင့်သက်သာရှိတဲ့လုပ်ငန်းပတ်ဝန်းကျင်တစ်ခုကို သင်ဖန်တီးနိုင်မှာပါ။

 

(၇) တာဝန်ယူမှု၊တာဝန်ခံမှု ( Responsibility )
လုပ်ငန်းခွင်မှာ သင့်ရဲ့ တာဝန်ယူမှု၊တာဝန်ခံမှုကလည်း သိပ်ကိုအရေးကြီးပါတယ်။ တာဝန်ယူတတ်တဲ့စိတ်ရှိတဲ့ လူ ဟာ ခေါင်းဆောင်ကောင်းအရည်အချင်းရှိသူ ဖြစ်တဲ့အတွက် Business Ethics အနေနဲ့ အသေအချာမွေးမြူရမယ့်စိတ်ဓာတ်ကောင်းတစ်ရပ်ဖြစ်ပါတယ်။

 

(၈) အပြုအမူကောင်း ( Behavior )
စကားတွေထက် အပြုအမူ က ပိုပြီးစကားပြောပါတယ်။ ဒါကြောင့် အပြုအမူကောင်းတွေရှိဖို့လည်းအရေးကြီးပါတယ်။ လိုက်နာရမယ့် အခြေခံအပြုအမူကောင်းတွေကိုတော့ သင့်အနေနဲ့ သိကိုသိထားဖို့လိုပါလိမ့်မယ်။

 

 

လုပ္ငန္းခြင္အတြက္ အေရးအႀကီးဆံုးေသာ Business Ethics

နယ္ပယ္တစ္ခုမွာ အေကာင္းဆုံး ရွင္သန္ႏိုင္ဖို႔ဆိုရင္ ပထမဦးဆုံးအခ်က္ က်င့္ဝတ္ေတြကို ေစာင့္ထိန္းႏိုင္ဖို႔လိုပါတယ္။ ဒါမွသာ လုပ္ငန္းခြင္က တျခားလူေတြေရာ၊ ကိုယ္ပါ အလုပ္လုပ္ရတာအဆင္ေျပေပ်ာ္႐ႊင္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ လုပ္ငန္းခြင္ဝင္ေနတဲ့ စာဖတ္သူေတြအတြက္ အေရးႀကီးတဲ့ Business Ethics အေၾကာင္းကို ေဝမွ်ေပးလိုက္ပါတယ္။

 

Business Ethics မွာဘာေတြပါသလဲ?
(၁) ကိုယ္က်င့္တရား ( Morality )
အဖြဲ႕အစည္းတစ္ခုမွာ အလုပ္လုပ္တဲ့အခါ ကိုယ္က်င့္တရားေကာင္းဖို႔က သိပ္အေရးႀကီးပါတယ္။ ကိုယ္က်င့္တရားေကာင္းမွ ကိုယ့္ကို တျခားေသာလုပ္ေဖာ္ကိုင္ဖက္ေတြက ႏွစ္လိုမွာျဖစ္ၿပီး သင္ေနထိုင္ရတာလည္း အားလုံးနဲ႔အဆင္ေျပေခ်ာေမြ႕လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ကိုယုံၾကည္ေလးစားတဲ့ပတ္ဝန္းက်င္တစ္ခုကိုလည္း သင္ဖန္တီးႏိုင္လာပါလိမ့္မယ္။

 

(၂) ယုံၾကည္စိတ္ခ်မႈ ( Reliability )
ဒီအခ်က္ကလည္း သိပ္ကိုအေရးႀကီးပါတယ္။ တစ္ခုခိုင္းလိုက္တယ္။ အဆင္မေျပဘူး။ ဒါမ်ိဳးေတြ ခဏခဏမျဖစ္သင့္ပါဘူး။ မျဖစ္ေအာင္ သင့္ဘက္က ဂ႐ုစိုက္သင့္တဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္က သင့္ကို တစ္ခုခုခိုင္းလိုက္တဲ့အခါ သင္က “စိတ္ခ်လို႔ရတယ္” ဆိုတဲ့ အေတြးနဲ႔ သင့္ကိုအလုပ္ေပးတာမ်ိဳး အၿမဲျဖစ္ေနပါေစ။

 

(၃) ယုံၾကည္မႈ ( Trust )
ဒါက ယုံၾကည္စိတ္ခ်မႈ နဲ႔ ဆင္ေကာင္းဆင္တူႏိုင္ပါတယ္။ ဒါေပမယ့္ Trust က သင့္ရဲ႕ ကိုယ္က်င့္တရားေပၚယုံၾကည္မႈပါ။ သင္က ေစာင့္ထိန္းရမယ့္က်င့္ဝတ္ေတြကို ေစာင့္ထိန္းႏိုင္တာမလို႔ သင့္ကိုယုံၾကည္တယ္။ သင့္လုပ္ရပ္ေတြကိုယုံၾကည္တယ္ ဆိုတာမ်ိဳးပါ။ လုပ္ငန္းခြင္မွာ ယုံၾကည္မႈက ဒုတိယမ႑ိဳင္ပါ။

 

(၄) ေ႐ြးခ်ယ္မႈ ( Choice )
သင့္ရဲ႕ေ႐ြးခ်ယ္မႈေတြကလည္း သင့္ရဲ႕ Business Ethics ပါပဲ။ သင္ေ႐ြးခ်ယ္လိုက္တဲ့အရာေတြက ေကာင္းေသာေ႐ြးခ်ယ္မႈေတြလည္းျဖစ္ႏိုင္သလို၊ မေကာင္းေသာေ႐ြးခ်ယ္မႈေတြလည္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ က်င့္ဝတ္ေဘာင္ျပင္ပကေနေတာ့ သင္ေ႐ြးခ်ယ္လို႔မရပါဘူး။

 

(၅) က်င့္ဝတ္နိယာမ ( Principles )
က်င့္ဝတ္နိယာမ မွာ (၅) မ်ိဳးကြဲပါေသးတယ္။ အဲ့တာေတြကေတာ့
(၁) တန္ဖိုးထားယုံၾကည္ျခင္း
(၂) ႐ိုးသားျခင္း
(၃) သမာဓိေကာင္းျခင္း
(၄) သစၥာရွိျခင္း
(၅) ေလးစားျခင္း
တို႔ျဖစ္ပါတယ္။ သင္က လုပ္ငန္းခြင္မွာ အားကိုးအားထားရတဲ့လူတစ္ေယာက္ျဖစ္လိုရင္ ဒီအခ်က္ေတြကိုလည္း သင္ေမ့လို႔မရပါဘူး။

 

(၆) ေပါင္းသင္းဆက္ဆံေရး ( Relationship )
ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႔လည္း လိုပါတယ္။ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ လူေတြနဲ႔ေပါင္းသင္းဆက္ဆံတတ္ဖို႔ကလည္း အေရးႀကီးပါတယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းမွ သင့္အေနနဲ႔လုပ္ငန္းခြင္မွာ အားလုံးနဲ႔အဆင္ေျပၿပီး သက္ေသာင့္သက္သာရွိတဲ့လုပ္ငန္းပတ္ဝန္းက်င္တစ္ခုကို သင္ဖန္တီးႏိုင္မွာပါ။

 

(၇) တာဝန္ယူမႈ၊တာဝန္ခံမႈ ( Responsibility )
လုပ္ငန္းခြင္မွာ သင့္ရဲ႕ တာဝန္ယူမႈ၊တာဝန္ခံမႈကလည္း သိပ္ကိုအေရးႀကီးပါတယ္။ တာဝန္ယူတတ္တဲ့စိတ္ရွိတဲ့ လူ ဟာ ေခါင္းေဆာင္ေကာင္းအရည္အခ်င္းရွိသူ ျဖစ္တဲ့အတြက္ Business Ethics အေနနဲ႔ အေသအခ်ာေမြးျမဴရမယ့္စိတ္ဓာတ္ေကာင္းတစ္ရပ္ျဖစ္ပါတယ္။

 

(၈) အျပဳအမူေကာင္း ( Behavior )
စကားေတြထက္ အျပဳအမူ က ပိုၿပီးစကားေျပာပါတယ္။ ဒါေၾကာင့္ အျပဳအမူေကာင္းေတြရွိဖို႔လည္းအေရးႀကီးပါတယ္။ လိုက္နာရမယ့္ အေျခခံအျပဳအမူေကာင္းေတြကိုေတာ့ သင့္အေနနဲ႔ သိကိုသိထားဖို႔လိုပါလိမ့္မယ္။

Read times
Rate this articles
(0 votes)