×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Wednesday, 16 December 2020
စိန်ခေါ်မှုတွေကိုခွန်အားရှိရှိကျော်ဖြတ်နိုင်စေမယ့် အပြုသဘောစာသားလေးများ
စိန်ခေါ်မှုတွေကိုခွန်အားရှိရှိကျော်ဖြတ်နိုင်စေမယ့် အပြုသဘောစာသားလေးများ
“တစ်တောင်ပေါ်တစ်တောင်ဆင့်၊ တောင်အမြင့်ပတ်ခြံရံ ၊ တစ်တောင်ဆုံးပြန်တော့၊ တစ်လုံးကျန်ပေသမို့၊ ဖန်လေလေအားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်” ဆိုတဲ့ ဆရာမငွေတာရီ ရဲ့ “ထိပ်ဆုံးသို့” ကဗျာစာသားလေး ကို အားလုံးရင်းနှီးကြလိမ့်မယ်ထင်ပါတယ်။
ဘဝခရီးလမ်းကိုလျှောက်ကြရတဲ့အခါ အခက်အခဲ၊စိန်ခေါ်မှုတွေအများကြီးနဲ့ တွေ့ကြုံကြရပါတယ်။ စိန်ခေါ်မှုတစ်ခု၊ပန်းတိုင်တစ်ခုကို အောင်နိုင်ပြီဆိုတိုင်း ခရီးလမ်းကပြီးမသွားပါဘူး။ အခြားသောစိန်ခေါ်မှုတွေ၊အတားအဆီးတွေက လူမှုဝန်းကျင်မှာ အများကြီးပါ။ ဒါတွေကို ကျော်ဖြတ်ကြရင်း တစ်ခါတစ်လေမှာ ပင်ပန်းလာမယ်။ ညစ်ညူးလာမယ်။ ငြီးငွေ့လာမယ်။ ဒီလိုတွေ ဖြစ်တဲ့အခါ သင့်ကို အားပေးနိုင်မယ့် စကားလေးတစ်ခွန်း ဟာ သင့်အတွက် မဟာအင်အားတစ်ခုပါ။ စာရေးသူဆိုလည်း တစ်ခါတစ်လေမှာ စိတ်ကအားမရှိတော့ဘူး၊အရာရာကိုလက်လျော့ချင်လာတယ်။ ဒီလိုအချိန်ဆို ကိုယ့်ကို ကိုယ်ချင်းစာတဲ့ စကားလေးတစ်ခွန်းပဲဖြစ်ဖြစ်၊ အားပေးတဲ့ နွေးထွေးမှုလေးကိုတစ်ခုကို တောင့်တတတ်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတိုင်းကို အင်အားရှိရှိကျော်ဖြတ်နေကြတဲ့ စာဖတ်သူတွေအတွက် ခွန်းအားဖြစ်စေမယ့် Positive Vibe စာသားလေးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) “Success is not final; Failure is not fatal; It is the courage to continue that counts.”
အောင်မြင်ခြင်းက အဆုံးသတ်မဟုတ်ပါဘူး။ ကျရှုံးခြင်းကလည်း အမြဲဖြစ်မနေပါဘူး။ ဒါတွေက သင်ရှေ့ဆက်သွားဖို့အတွက် သတ္တိတွေပါပဲ။
1.Success_is_not_final_Failure_is_not_fatal__It_is_the_courage_to_continue_that_counts._copy.jpg
(၂) “Do not let the behavior of others destroy your inner peace.”
တခြားလူတွေရဲ့အပြုအမူတွေကြောင့် သင့်စိတ်ငြိမ်းချမ်းရာကို အပျက်ဆီးမခံပါနဲ့။
22222.jpg
(၃) “Either you run the day, or the day runs you.”
နေ့ရက်တွေကို သင်ကမခိုင်းစေရင်၊ နေ့ရက်တွေက သင့်ကိုပြန်ပြီးခိုင်းစေပါလိမ့်မယ်။
(အချိန်ရှိခိုက် လုံ့လစိုက်)
3.Either_you_run_the_days_or_the_day_runs_you._John_Rohn.jpg
(၄) “I never dreamed about success. I worked for it.”
ကျွန်တော် အောင်မြင်မှုအတွက် ဘယ်တော့မှအိပ်မက်မမက်ဘူး။ အောင်မြင်မှုရဖို့ပဲ အလုပ်လုပ်တယ်။
4.I_never_dreamed_about_success._I_worked_for_it._Estee_Lauder.jpg
(၅) “Difficult roads often lead to beautiful destinations.”
ခက်ခဲတဲ့လမ်းတွေက တစ်ခါတစ်ရံမှာ သင့်ကိုလှပတဲ့ပန်းတိုင်ဆီကို ဉီးတည်ပေးပါတယ်။
55555.jpg
(၆) “Leadership is not a position or a title, it is action and example.”
ခေါင်းဆောင်မှုဆိုတာ နေရာတစ်ခုမဟုတ်သလို ခေါင်းစဉ်တစ်ခုလည်းမဟုတ်ပါဘူး။ အပြုအမူနဲ့ စံပြတစ်ခုပဲဖြစ်ပါတယ်။
77777.jpg
ဒါဆို သင့်ရဲ့တစ်နေ့တာကို အကောင်းမြင်စိတ်ခွန်အားတွေနဲ့ စတင်လိုက်ပါ။
22222.jpg
55555.jpg
77777.jpg
Read times
Rate this articles
(0 votes)