×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 21 December 2020

မင်းရဲ့ စိတ်အားထက်သန်မှု (Passion)ကို ရှာတွေ့ပြီလား။

မင်းရဲ့ စိတ်အားထက်သန်မှု (Passion)ကို ရှာတွေ့ပြီလား။

Passion ဆိုသည်မှာ တစ်စုံတစ်ခုတွင် စိတ်ထက်သန်ပြင်းပြမှုရှိခြင်းဖြစ်သည်။ အတတ်ပညာတစ်ခုဖြစ်စေ၊ အလုပ်တစ်ခုတွင်ဖြစ်စေ အောင်မြင်မှုရရှိဖို့ စိတ်အားထက်သန်မှု (Passion) ရှိဖို့၊ ရူးသွပ်ဖို့လိုသည်။
Passion က ကြိုးစားအားထုတ်လိုစိတ်ကို နှိုးဆွပေးသလို  စိန်‌‌‌ခေါ်မှုများကြုံလာလျှင်လည်း ကျော်လွှားနိုင်ဖို့ တွန်းအားဖြစ်စေမည်ဖြစ်သည်။ သို့ဖြစ်ရာ Success အတွက် Passion သည် အဓိကကျသည်၊ အခြေခံဖြစ်သည်။


“ စိတ်မဝင်စားတဲ့အရာတစ်ခုကိုကြိုးစားဆောင်ရွက်ခြင်းက စိတ်ဖိစီးမှုဖြစ်ပြီး၊ စိတ်ဝင်စားတဲ့အရာအတွက် ကြိုးစားခြင်းက စိတ်အားထက်သန်မှု ( Passion )ဖြစ်ပါတယ်။”

 

ဒါဆို သင်ရော Passion ရှာတွေ့ပြီလား။
စာဖတ်သူတို့လည်း ကြားဖူးမှာပါ။ “ငါ Passion ပျောက်နေတယ်။ ငါဘာဖြစ်ချင်မှန်းမသိဘူး” ဆိုတဲ့စကားတွေကို ကြားဖူးကြမှာပါ။ Career တစ်ခုရွေးတဲ့အခါ Passion က သိပ်ကိုအရေးကြီးပါတယ်။ ဝါသနာနဲ့အလုပ် ထပ်တူကျဖို့က လွယ်တဲ့အရာတော့မဟုတ်ပေမယ့် လိုအပ်တဲ့အရာတော့ ဟုတ်ပါတယ်။

 

ဒါကြောင့် စာဖတ်သူတို့အတွက် Passion ကို ဘယ်လိုရှာမလဲ ဆိုတဲ့အကြောင်းတစ်ချို့ကို ဝေမျှပေးပါမယ်။
(၁) သင့်ရဲ့ဝါသနာကို တိတိကျကျထုတ်ဖော်ပါ။
ပထမဦးဆုံးလုပ်သင့်တဲ့အရာကတော့ သင်လုပ်ချင်တဲ့ အလုပ်တစ်ခုရှိသလားဆိုတာ သင့်ကိုယ်သင်မေးပါ။ သင်ကဘယ်နယ်ပယ်မှာ ရှင်သန်ချင်တာလဲ။ သင်က ဘာလုပ်နေရရင်ပျော်သလဲဆိုတာကို ထုတ်ဖော်ပါ။ လူတစ်ယောက်စီတိုင်းမှာ ဝါသနာက (၃)(၄) ခုမက ရှိနေတတ်ပါတယ်။ ဒီမှာ သင်သွားလိုတဲ့ လုပ်ငန်းနယ်ပယ်နဲ့ဆိုင်တဲ့ဝါသနာကို ဆိုလိုတာပါ။ ဘယ် Professional Field ကိုရွေးချယ်လိုသလဲ ဆိုတာသေချာအောင် ဆုံးဖြတ်ပါ။

 

(၂) သင်စိတ်ဝင်စားတဲ့အရာကိုအချိန်အကြာကြီးလေ့လာကြည့်ပါ။
ဆိုလိုတာက တစ်ခါတစ်လေမှာ လူဆိုတာဘယ်လောက်ပဲ ဝါသနာပါပါတယ် ပြောနေနေ လုပ်ရင်းလုပ်ရင်းငြီးငွေ့လာတာမျိုးတွေရှိတတ်ပါတယ်။ ဒါပေမယ့် တကယ့် Passion ဆိုတာက ဘယ်လောက်ပဲလုပ်လုပ်၊ ဘယ်လောက်ပဲလေ့လာလေ့လာ ပျော်နေတာမျိုးပါ။ ဒါကြောင့် သင်တကယ်စိတ်ဝင်စားတဲ့အရာတစ်ခု သင်ရွေးချယ်မိပြီးပြီဆိုရင်တော့ အဲ့အရာကို သေချာအတွင်းကျကျလေ့လာကြည့်ပါ။ သင်က အဲ့အရာကို လုံးဝမငြီးငွေ့ဘူး။ လုပ်ရတာပျော်နေတယ်ဆိုရင်တော့ သေချာပါပြီ။ သင် Passion ကို ရှာတွေ့ခါနီးပါပြီ။

 

(၃) ဦးနှောက်ကို အစွမ်းကုန် အသုံးချပါ။

ဒါကတော့ သင်လုံးဝ ဘာကိုစိတ်ဝင်စားလို့ဝင်စားမှန်း စဉ်းစားမရတဲ့အခါလုပ်ရမှာပါ။ Brainstorming ပေါ့။ ခေါင်းထဲက ဘာဆိုဘာမှ ထွက်မလာတဲ့အခါ စာရွက်တစ်ရွက်ယူပြီး အကုန်ချရေးလိုက်ပါ။ ရေးဖို့တော့လုပ်နေပြီ ခုထိဘာမှစဉ်းစားလို့မရဘူးဆိုရင် အိမ်ပတ်ဝန်းကျင်၊ စာအုပ်စင်၊ ကွန်ပျူတာ ရှိရှိသမျှ လိုက်ရှာပြီးတွေးမိသမျှသာရေးလိုက်ပါ။ ပြီးမှ အေးအေးဆေးဆေး သင်ရေးထားတာကို ကြည့်ပြီးအဖြေရှာကြည့်ပါ။

 

(၄) စမ်းကြည့်ပါ။
စမ်းကြည့်ဆိုတဲ့အတိုင်း သင်စိတ်အားထက်သန်တဲ့အလုပ်ကို အရင်ဆုံးချဉ်းကပ်ကြည့်ပါ။ တစ်ခါတည်းတန်းဝင်မသွားပါနဲ့။ သင့်ကိုယ်သင် ဆန်းစစ်နေတဲ့အဆင့်ဆိုတာကို မမေ့ပါနဲ့။ သင်က Passion ရှာဖွေနေသူတစ်ယောက်ဆိုတာမမေ့နဲ့နော်။

 

(၅) လေ့ကျင့်ပါ။
ဘယ်အလုပ်မှာမဆို ဆရာကျလာဖို့က လေ့ကျင့်ဖို့လိုပါတယ်။ သင်က အလုပ်တစ်ခုမှာ စိတ်အားတော့ထက်သန်နေပါရဲ့။ အပျင်းတစ်ပြီးဘာမှ မလေ့လာ၊မလေ့ကျင့်ရင်တော့ Career Life မှာ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

 

(၆) လွယ်လွယ်အရှုံးမပေးပါနဲ့။
Passion လေးတစ်ခုတွေ့လိုက် လုပ်ကြည့်လိုက်၊ သဘောမကျရင် ထားခဲ့လိုက် လုပ်နေရင်တော့ တစ်သက်လုံးအသက်သာကြီးသွားမယ်၊ သင့် Passion ကို သင်ရှာတွေ့မှာမဟုတ်ပါဘူး။ လွယ်တဲ့အလုပ်ဆိုတာတစ်ခုမှမရှိပါဘူး။ အဲ့တာကြောင့် သင့်အနေနဲ့ လွယ်လွယ်လက်မလျော့ဖို့လိုပါတယ်။

 

 

မင္းရဲ႕ စိတ္အားထက္သန္မႈ (Passion)ကို ရွာေတြ႕ၿပီလား။

Passion ဆိုသည္မွာ တစ္စုံတစ္ခုတြင္ စိတ္ထက္သန္ျပင္းျပမႈရွိျခင္းျဖစ္သည္။ အတတ္ပညာတစ္ခုျဖစ္ေစ၊ အလုပ္တစ္ခုတြင္ျဖစ္ေစ ေအာင္ျမင္မႈရရွိဖို႔ စိတ္အားထက္သန္မႈ (Passion) ရွိဖို႔၊ ႐ူးသြပ္ဖို႔လိုသည္။
Passion က ႀကိဳးစားအားထုတ္လိုစိတ္ကို ႏႈိးဆြေပးသလို  စိန္‌‌‌ေခၚမႈမ်ားႀကဳံလာလွ်င္လည္း ေက်ာ္လႊားႏိုင္ဖို႔ တြန္းအားျဖစ္ေစမည္ျဖစ္သည္။ သို႔ျဖစ္ရာ Success အတြက္ Passion သည္ အဓိကက်သည္၊ အေျခခံျဖစ္သည္။


“ စိတ္မဝင္စားတဲ့အရာတစ္ခုကိုႀကိဳးစားေဆာင္႐ြက္ျခင္းက စိတ္ဖိစီးမႈျဖစ္ၿပီး၊ စိတ္ဝင္စားတဲ့အရာအတြက္ ႀကိဳးစားျခင္းက စိတ္အားထက္သန္မႈ ( Passion )ျဖစ္ပါတယ္။”

 

ဒါဆို သင္ေရာ Passion ရွာေတြ႕ၿပီလား။
စာဖတ္သူတို႔လည္း ၾကားဖူးမွာပါ။ “ငါ Passion ေပ်ာက္ေနတယ္။ ငါဘာျဖစ္ခ်င္မွန္းမသိဘူး” ဆိုတဲ့စကားေတြကို ၾကားဖူးၾကမွာပါ။ Career တစ္ခုေ႐ြးတဲ့အခါ Passion က သိပ္ကိုအေရးႀကီးပါတယ္။ ဝါသနာနဲ႔အလုပ္ ထပ္တူက်ဖို႔က လြယ္တဲ့အရာေတာ့မဟုတ္ေပမယ့္ လိုအပ္တဲ့အရာေတာ့ ဟုတ္ပါတယ္။

 

ဒါေၾကာင့္ စာဖတ္သူတို႔အတြက္ Passion ကို ဘယ္လိုရွာမလဲ ဆိုတဲ့အေၾကာင္းတစ္ခ်ိဳ႕ကို ေဝမွ်ေပးပါမယ္။
(၁) သင့္ရဲ႕ဝါသနာကို တိတိက်က်ထုတ္ေဖာ္ပါ။
ပထမဦးဆုံးလုပ္သင့္တဲ့အရာကေတာ့ သင္လုပ္ခ်င္တဲ့ အလုပ္တစ္ခုရွိသလားဆိုတာ သင့္ကိုယ္သင္ေမးပါ။ သင္ကဘယ္နယ္ပယ္မွာ ရွင္သန္ခ်င္တာလဲ။ သင္က ဘာလုပ္ေနရရင္ေပ်ာ္သလဲဆိုတာကို ထုတ္ေဖာ္ပါ။ လူတစ္ေယာက္စီတိုင္းမွာ ဝါသနာက (၃)(၄) ခုမက ရွိေနတတ္ပါတယ္။ ဒီမွာ သင္သြားလိုတဲ့ လုပ္ငန္းနယ္ပယ္နဲ႔ဆိုင္တဲ့ဝါသနာကို ဆိုလိုတာပါ။ ဘယ္ Professional Field ကိုေ႐ြးခ်ယ္လိုသလဲ ဆိုတာေသခ်ာေအာင္ ဆုံးျဖတ္ပါ။

 

(၂) သင္စိတ္ဝင္စားတဲ့အရာကိုအခ်ိန္အၾကာႀကီးေလ့လာၾကည့္ပါ။
ဆိုလိုတာက တစ္ခါတစ္ေလမွာ လူဆိုတာဘယ္ေလာက္ပဲ ဝါသနာပါပါတယ္ ေျပာေနေန လုပ္ရင္းလုပ္ရင္းၿငီးေငြ႕လာတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒါေပမယ့္ တကယ့္ Passion ဆိုတာက ဘယ္ေလာက္ပဲလုပ္လုပ္၊ ဘယ္ေလာက္ပဲေလ့လာေလ့လာ ေပ်ာ္ေနတာမ်ိဳးပါ။ ဒါေၾကာင့္ သင္တကယ္စိတ္ဝင္စားတဲ့အရာတစ္ခု သင္ေ႐ြးခ်ယ္မိၿပီးၿပီဆိုရင္ေတာ့ အဲ့အရာကို ေသခ်ာအတြင္းက်က်ေလ့လာၾကည့္ပါ။ သင္က အဲ့အရာကို လုံးဝမၿငီးေငြ႕ဘူး။ လုပ္ရတာေပ်ာ္ေနတယ္ဆိုရင္ေတာ့ ေသခ်ာပါၿပီ။ သင္ Passion ကို ရွာေတြ႕ခါနီးပါၿပီ။

 

(၃) ဦးေႏွာက္ကို အစြမ္းကုန္ အသံုးခ်ပါ။

ဒါကေတာ့ သင္လုံးဝ ဘာကိုစိတ္ဝင္စားလို႔ဝင္စားမွန္း စဥ္းစားမရတဲ့အခါလုပ္ရမွာပါ။ Brainstorming ေပါ့။ ေခါင္းထဲက ဘာဆိုဘာမွ ထြက္မလာတဲ့အခါ စာ႐ြက္တစ္႐ြက္ယူၿပီး အကုန္ခ်ေရးလိုက္ပါ။ ေရးဖို႔ေတာ့လုပ္ေနၿပီ ခုထိဘာမွစဥ္းစားလို႔မရဘူးဆိုရင္ အိမ္ပတ္ဝန္းက်င္၊ စာအုပ္စင္၊ ကြန္ပ်ဴတာ ရွိရွိသမွ် လိုက္ရွာၿပီးေတြးမိသမွ်သာေရးလိုက္ပါ။ ၿပီးမွ ေအးေအးေဆးေဆး သင္ေရးထားတာကို ၾကည့္ၿပီးအေျဖရွာၾကည့္ပါ။

 

(၄) စမ္းၾကည့္ပါ။
စမ္းၾကည့္ဆိုတဲ့အတိုင္း သင္စိတ္အားထက္သန္တဲ့အလုပ္ကို အရင္ဆုံးခ်ဥ္းကပ္ၾကည့္ပါ။ တစ္ခါတည္းတန္းဝင္မသြားပါနဲ႔။ သင့္ကိုယ္သင္ ဆန္းစစ္ေနတဲ့အဆင့္ဆိုတာကို မေမ့ပါနဲ႔။ သင္က Passion ရွာေဖြေနသူတစ္ေယာက္ဆိုတာမေမ့နဲ႔ေနာ္။

 

(၅) ေလ့က်င့္ပါ။
ဘယ္အလုပ္မွာမဆို ဆရာက်လာဖို႔က ေလ့က်င့္ဖို႔လိုပါတယ္။ သင္က အလုပ္တစ္ခုမွာ စိတ္အားေတာ့ထက္သန္ေနပါရဲ႕။ အပ်င္းတစ္ၿပီးဘာမွ မေလ့လာ၊မေလ့က်င့္ရင္ေတာ့ Career Life မွာ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။

 

(၆) လြယ္လြယ္အရႈံးမေပးပါနဲ႔။
Passion ေလးတစ္ခုေတြ႕လိုက္ လုပ္ၾကည့္လိုက္၊ သေဘာမက်ရင္ ထားခဲ့လိုက္ လုပ္ေနရင္ေတာ့ တစ္သက္လုံးအသက္သာႀကီးသြားမယ္၊ သင့္ Passion ကို သင္ရွာေတြ႕မွာမဟုတ္ပါဘူး။ လြယ္တဲ့အလုပ္ဆိုတာတစ္ခုမွမရွိပါဘူး။ အဲ့တာေၾကာင့္ သင့္အေနနဲ႔ လြယ္လြယ္လက္မေလ်ာ့ဖို႔လိုပါတယ္။

Read times
Rate this articles
(1 Vote)