×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 28 December 2020

အသင်းအဖွဲ့လိုက် ဆန်းသစ်တဲ့အတွေးအခေါ်တွေကို စစ်ထုတ်နိုင်စေမယ့်နည်းလမ်းများ

အသင်းအဖွဲ့လိုက် ဆန်းသစ်တဲ့အတွေးအခေါ်တွေကို စစ်ထုတ်နိုင်စေမယ့်နည်းလမ်းများ

ဒီဘက်ခေတ်မှာ လူတွေတန်ဖိုးအထားဆုံးအရာက “တီထွင်ဆန်းသစ်မှု”ပါပဲ။ ဒါကြောင့် ဘယ်နယ်ပယ်မှာမဆို သူတို့နယ်ပယ်အလိုက် သူများနဲ့မတူတဲ့တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်အောင်အကြိတ်အနယ်ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ဆန်းသစ်တီထွင်မှုတွေကို ဖန်တီးနိုင်ဖို့က ဆန်းသစ်တဲ့အတွေးအခေါ်တွေကို စစ်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဆန်းသစ်တဲ့အတွေးအခေါ်တွေကို စစ်ထုတ်နိုင်စေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) Brainstorming : the Walt Disney Method
နာမည်ကြီးကာတွန်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Walt Disney ရဲ့ Brainstorming လုပ်တဲ့နည်းလမ်းက တကယ့်ကိုလက်တွေ့ဆန်ပြီးထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ သူတို့က Disney ဇာတ်ကောင်တစ်ခုကို ထုတ်တော့မယ်ဆိုရင် အရင်ဆုံး Role Player (၃)ခုကိုအရင်ခွဲလိုက်ပါတယ်။

အဲ့တာတွေကတော့ အတွေးသမား၊ လက်တွေ့သမား၊ ကြိုတွေးသမားပါပဲ။ အတွေးသမားတစ်ယောက်အမြဲစတွေးတဲ့မေးခွန်းက “အရာရာတိုင်းကဖြစ်နိုင်ရင် ငါကဘာလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ သူ့အတွေးက ထွက်လာတဲ့ အဖြေကိုတော့ လက်တွေ့သမားက လက်ဆင့်ကမ်းယူတယ်။ သူက အတွေးသမားရဲ့ အိပ်မက်ကို တကယ်အသက်သွင်းလိုသူမို့ “အဲ့အရာကို ငါဘယ်လိုရအောင်လုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက သူအမြဲအရင်စဉ်းစားတဲ့မေးခွန်းပါပဲ။ ကြိုတွေးသမား ကတော့ သူတို့တွေးတာထက်ကို ပိုပြီး “ဘာတွေဆက်ဖြစ်လာနိုင်မလဲ” ဆိုတဲ့ အတွေးနဲ့ ကောင်းခြင်း၊ဆိုးခြင်းအားလုံးကို ကြိုတင်ဝေဖန်ပိုင်းခြားပါတယ်တဲ့။ ဒီလိုနည်းနဲ့ Disney ဇာတ်ကောင်တွေကို ပုံဖော်ကြပါတယ်။

 

ဒီနည်းက တကယ့်ကိုထိရောက်တဲ့နည်းပါ။ သင်က ဆန်းသစ်တဲ့အတွေးတစ်ခုကိုလိုချင်တယ်ဆိုရင် သင့်ရဲ့ Team(အသင်းအဖွဲ့) နဲ့သော်လည်းကောင်း ဒီလို Role Player (၃) ခုခွဲပြီး ဇာတ်ကောင်တစ်ခုကို ၁၅မိနစ်စီလောက် ဆွေးနွေးကြည့်ပါ။ ဆန်းသစ်တီထွင်မှုဆိုတာ ရောနှောနေတဲ့အရာမဟုတ်တဲ့အတွက် သူ့ကိုရှာဖွေလိုရင်လည်း ရောရောနှောနှော သင်မရှာဖွေနိုင်ပါဘူး။

 

(၂) Empathy Mapping
ကျွန်တော်တို့က ရှာပဲရှာဖွေနေကြတာပါ။ ဒါပေမယ့် ရှာဖွေထားတဲ့ ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာမှုတော့မလုပ်ကြပါဘူး။ ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာလည်း အတွေး၊ခံစားချက်၊ နာကျင်ခြင်း၊ပျော်ရွှင်ခြင်း စတဲ့ လူ့ခံစားချက်ပေါ်မူတည်ပြီးခွဲခြမ်းစိတ်ဖြာတာက ရှားပါတယ်။ ဒီလို လူ့စိတ်ခံစားချက်တွေပေါ်မူတည်ပြီး ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်တာကို Empathy Mapping လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဒီ Empathy Map က Customer တွေဘာကိုလိုအပ်လဲ ဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရှာဖွေတွေ့ရှိချက်တွေအပေါ်မှာ Empathy Mapping နည်းနဲ့ထပ်မံဆန်းစစ်ရှာဖွေခြင်းကလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။

 

(၃) Remember The Future
ဒီနည်းလမ်းလေးကတော့ လွယ်ပါတယ်။ ကိုယ့်ဆီကထုတ်လိုက်မယ့်ပစ္စည်းအပေါ် Customer တွေက ဘယ်လိုသုံးသပ်မလဲဆိုတာကို ပုံဖော်တာဖြစ်ပါတယ်။ အသင်းမှာပါတဲ့ လူအားလုံးကို စာရွက်တစ်ရွက်စီလိုက်ပေးပြီး နောက်၅နှစ်အထိ ဒီပစ္စည်းကို သူတို့သုံးဖြစ်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေကို မျှော်မှန်းလဲဆိုပြီး သူတို့တွေးမိသမျှချရေးခိုင်းတာပါ။ ဘာသတ်မှတ်ချက်မှမရှိဘဲ စိတ်ကြိုက်ရေးခွင့်ပေးထားပြီးမှ အဲ့ထဲကနေ အဖြေရှာတာပါ။ ဒီနည်းရဲ့ အားသာချက်ကတော့ ကိုယ့် Customer တွေက အနာဂတ်မှာ ကိုယ့်ရဲ့ကုန်ပစ္စည်းအပေါ်ဘာတွေမျှော်လင့်နေလဲဆိုတာကို သိရှိနိုင်ဖို့ပါပဲ။

 

(၄) DMAIC Method
DMAIC ဆိုတာကကလည်း ဆန်းသစ်တီထွင်မှုကိုရှာဖွေတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီနည်းလမ်းမှာ အပိုင်း(၅)ခုပါဝင်ပါတယ်။
D (Define) – Customer ကိုသော်လည်းကောင်း၊ ကုမ္ပဏီကိုသော်လည်းကောင်း သက်ရောက်စေမယ့် ပြဿနာကို သတ်မှတ်ပါ။
M (Measure) - ပြဿနာရဲ့ အတိမ်အနက်ကိုတိုင်းတာပါ။
A (Analyze) - ပြဿနာရဲ့အရင်းအမြစ်ကိုဖော်ထုတ်ပါ။
I (Improve) - ပြဿနာကို ဖြေရှင်းဖို့အဖြေထုတ်ပါ။
C (Control) - ပြဿနာတစ်ရပ်လုံးကို ကောင်းကောင်းကိုင်တွယ်ပါ။


ဒီနည်းလမ်းတွေက ရုံးမှာ၊လုပ်ငန်းခွင်မှာ သင့်ကို ဆန်းသစ်တဲ့အတွေးအခေါ်တွေကို ညှစ်ထုတ်နိုင်စေမယ့် အသင်းအဖွဲ့လိုက် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။ မွေးတည်းက စွန့်ဦးတီထွင်တတ်တဲ့ ဉာဏ်ပါရမီပါရှိတဲ့ လူအရေအတွက်က ၄၀ ရာခိုင်နှုန်းပဲရှိပါတယ်။ ကျန်တဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းကတော့ ဒီလိုပါရမီကို လေ့ကျင့်ယူကြရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဆန်းသစ်တဲ့စွန့်ဦးတီထွင်သူတွေဖြစ်ဖို့ အထက်ပါနည်းလမ်းလေးတွေနဲ့ အကောင်းဆုံးကြိုးစားလိုက်ကြရအောင်။

 

 

 

အသင္းအဖြဲ႕လိုက္ ဆန္းသစ္တဲ့အေတြးအေခၚေတြကို စစ္ထုတ္ႏိုင္ေစမယ့္နည္းလမ္းမ်ား

ဒီဘက္ေခတ္မွာ လူေတြတန္ဖိုးအထားဆုံးအရာက “တီထြင္ဆန္းသစ္မႈ”ပါပဲ။ ဒါေၾကာင့္ ဘယ္နယ္ပယ္မွာမဆို သူတို႔နယ္ပယ္အလိုက္ သူမ်ားနဲ႔မတူတဲ့တီထြင္ဆန္းသစ္မႈေတြကို ဖန္တီးႏိုင္ေအာင္အႀကိတ္အနယ္ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ဆန္းသစ္တီထြင္မႈေတြကို ဖန္တီးႏိုင္ဖို႔က ဆန္းသစ္တဲ့အေတြးအေခၚေတြကို စစ္ထုတ္ႏိုင္ဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ဆန္းသစ္တဲ့အေတြးအေခၚေတြကို စစ္ထုတ္ႏိုင္ေစမယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) Brainstorming : the Walt Disney Method
နာမည္ႀကီးကာတြန္း႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ Walt Disney ရဲ႕ Brainstorming လုပ္တဲ့နည္းလမ္းက တကယ့္ကိုလက္ေတြ႕ဆန္ၿပီးထိေရာက္တဲ့ နည္းလမ္းတစ္ခုပါ။ သူတို႔က Disney ဇာတ္ေကာင္တစ္ခုကို ထုတ္ေတာ့မယ္ဆိုရင္ အရင္ဆုံး Role Player (၃)ခုကိုအရင္ခြဲလိုက္ပါတယ္။

အဲ့တာေတြကေတာ့ အေတြးသမား၊ လက္ေတြ႕သမား၊ ႀကိဳေတြးသမားပါပဲ။ အေတြးသမားတစ္ေယာက္အၿမဲစေတြးတဲ့ေမးခြန္းက “အရာရာတိုင္းကျဖစ္ႏိုင္ရင္ ငါကဘာလုပ္ရမလဲ”ဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။ သူ႔အေတြးက ထြက္လာတဲ့ အေျဖကိုေတာ့ လက္ေတြ႕သမားက လက္ဆင့္ကမ္းယူတယ္။ သူက အေတြးသမားရဲ႕ အိပ္မက္ကို တကယ္အသက္သြင္းလိုသူမို႔ “အဲ့အရာကို ငါဘယ္လိုရေအာင္လုပ္ရမလဲ” ဆိုတဲ့ ေမးခြန္းက သူအၿမဲအရင္စဥ္းစားတဲ့ေမးခြန္းပါပဲ။ ႀကိဳေတြးသမား ကေတာ့ သူတို႔ေတြးတာထက္ကို ပိုၿပီး “ဘာေတြဆက္ျဖစ္လာႏိုင္မလဲ” ဆိုတဲ့ အေတြးနဲ႔ ေကာင္းျခင္း၊ဆိုးျခင္းအားလုံးကို ႀကိဳတင္ေဝဖန္ပိုင္းျခားပါတယ္တဲ့။ ဒီလိုနည္းနဲ႔ Disney ဇာတ္ေကာင္ေတြကို ပုံေဖာ္ၾကပါတယ္။

 

ဒီနည္းက တကယ့္ကိုထိေရာက္တဲ့နည္းပါ။ သင္က ဆန္းသစ္တဲ့အေတြးတစ္ခုကိုလိုခ်င္တယ္ဆိုရင္ သင့္ရဲ႕ Team(အသင္းအဖြဲ႕) နဲ႔ေသာ္လည္းေကာင္း ဒီလို Role Player (၃) ခုခြဲၿပီး ဇာတ္ေကာင္တစ္ခုကို ၁၅မိနစ္စီေလာက္ ေဆြးေႏြးၾကည့္ပါ။ ဆန္းသစ္တီထြင္မႈဆိုတာ ေရာေႏွာေနတဲ့အရာမဟုတ္တဲ့အတြက္ သူ႔ကိုရွာေဖြလိုရင္လည္း ေရာေရာေႏွာေႏွာ သင္မရွာေဖြႏိုင္ပါဘူး။

 

(၂) Empathy Mapping
ကြၽန္ေတာ္တို႔က ရွာပဲရွာေဖြေနၾကတာပါ။ ဒါေပမယ့္ ရွာေဖြထားတဲ့ ရလဒ္ေတြကို ခြဲျခမ္းစိတ္ျဖာမႈေတာ့မလုပ္ၾကပါဘူး။ ခြဲျခမ္းစိတ္ျဖာတဲ့အခါမွာလည္း အေတြး၊ခံစားခ်က္၊ နာက်င္ျခင္း၊ေပ်ာ္႐ႊင္ျခင္း စတဲ့ လူ႔ခံစားခ်က္ေပၚမူတည္ၿပီးခြဲျခမ္းစိတ္ျဖာတာက ရွားပါတယ္။ ဒီလို လူ႔စိတ္ခံစားခ်က္ေတြေပၚမူတည္ၿပီး ခြဲျခမ္းစိတ္ျဖာမႈျပဳလုပ္တာကို Empathy Mapping လို႔ေခၚျခင္းျဖစ္ပါတယ္။ ဒီ Empathy Map က Customer ေတြဘာကိုလိုအပ္လဲ ဆိုတာကို ေဖာ္ထုတ္ေပးႏိုင္တဲ့အေကာင္းဆုံးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ရွာေဖြေတြ႕ရွိခ်က္ေတြအေပၚမွာ Empathy Mapping နည္းနဲ႔ထပ္မံဆန္းစစ္ရွာေဖြျခင္းကလည္း အက်ိဳးသက္ေရာက္မႈရွိေစပါတယ္။

 

(၃) Remember The Future
ဒီနည္းလမ္းေလးကေတာ့ လြယ္ပါတယ္။ ကိုယ့္ဆီကထုတ္လိုက္မယ့္ပစၥည္းအေပၚ Customer ေတြက ဘယ္လိုသုံးသပ္မလဲဆိုတာကို ပုံေဖာ္တာျဖစ္ပါတယ္။ အသင္းမွာပါတဲ့ လူအားလုံးကို စာ႐ြက္တစ္႐ြက္စီလိုက္ေပးၿပီး ေနာက္၅ႏွစ္အထိ ဒီပစၥည္းကို သူတို႔သုံးျဖစ္မယ္ဆိုရင္ ဘယ္လိုေကာင္းက်ိဳးေတြကို ေမွ်ာ္မွန္းလဲဆိုၿပီး သူတို႔ေတြးမိသမွ်ခ်ေရးခိုင္းတာပါ။ ဘာသတ္မွတ္ခ်က္မွမရွိဘဲ စိတ္ႀကိဳက္ေရးခြင့္ေပးထားၿပီးမွ အဲ့ထဲကေန အေျဖရွာတာပါ။ ဒီနည္းရဲ႕ အားသာခ်က္ကေတာ့ ကိုယ့္ Customer ေတြက အနာဂတ္မွာ ကိုယ့္ရဲ႕ကုန္ပစၥည္းအေပၚဘာေတြေမွ်ာ္လင့္ေနလဲဆိုတာကို သိရွိႏိုင္ဖို႔ပါပဲ။

 

(၄) DMAIC Method
DMAIC ဆိုတာကကလည္း ဆန္းသစ္တီထြင္မႈကိုရွာေဖြတဲ့ နည္းလမ္းတစ္ခုပါပဲ။ ဒီနည္းလမ္းမွာ အပိုင္း(၅)ခုပါဝင္ပါတယ္။
D (Define) – Customer ကိုေသာ္လည္းေကာင္း၊ ကုမၸဏီကိုေသာ္လည္းေကာင္း သက္ေရာက္ေစမယ့္ ျပႆနာကို သတ္မွတ္ပါ။
M (Measure) - ျပႆနာရဲ႕ အတိမ္အနက္ကိုတိုင္းတာပါ။
A (Analyze) - ျပႆနာရဲ႕အရင္းအျမစ္ကိုေဖာ္ထုတ္ပါ။
I (Improve) - ျပႆနာကို ေျဖရွင္းဖို႔အေျဖထုတ္ပါ။
C (Control) - ျပႆနာတစ္ရပ္လုံးကို ေကာင္းေကာင္းကိုင္တြယ္ပါ။


ဒီနည္းလမ္းေတြက ႐ုံးမွာ၊လုပ္ငန္းခြင္မွာ သင့္ကို ဆန္းသစ္တဲ့အေတြးအေခၚေတြကို ညႇစ္ထုတ္ႏိုင္ေစမယ့္ အသင္းအဖြဲ႕လိုက္ ေဆာင္႐ြက္ႏိုင္တဲ့ နည္းလမ္းေလးေတြျဖစ္ပါတယ္။ ေမြးတည္းက စြန႔္ဦးတီထြင္တတ္တဲ့ ဉာဏ္ပါရမီပါရွိတဲ့ လူအေရအတြက္က ၄၀ ရာခိုင္ႏႈန္းပဲရွိပါတယ္။ က်န္တဲ့ လူဦးေရ ၆၀ ရာခိုင္ႏႈန္းကေတာ့ ဒီလိုပါရမီကို ေလ့က်င့္ယူၾကရတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔လည္း ဆန္းသစ္တဲ့စြန႔္ဦးတီထြင္သူေတြျဖစ္ဖို႔ အထက္ပါနည္းလမ္းေလးေတြနဲ႔ အေကာင္းဆုံးႀကိဳးစားလိုက္ၾကရေအာင္။

Read times
Rate this articles
(0 votes)