၂၀၂၀ အတွင်းမှာ ဘာတွေတိုးတက်လာသလဲလို့ ကိုယ့်ကိုယ်ကို အမှတ်ပေးကြည့်ရအောင်။
အားလုံးပဲ နှစ်သစ်မှာရွှင်လန်းကြပါစေ လို့ ပထမဆုံးဆုတောင်းပေးလိုက်ပါတယ်။ ဒီနေ့က ၂၀၂၁ ရဲ့ပထမဆုံးနေ့လေးဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာတွေကို ပြန်ဆန်းစစ်ပြီး အင်အားမွေးဖို့အကောင်းဆုံးအချိန်လေးတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။
နှစ်တစ်နှစ်ကုန်ဆုံးသွားတဲ့အခါ ကိုယ်ဘာတွေတိုးတက်လာသလဲ။ ဘာတွေဆုံးရှုံးသွားသလဲ ဆိုတာတွေကို ပြန်ဆန်းစစ်ရပါမယ်။ ဒါမှ လာမယ့်နှစ်မှာ ဘာတွေလိုအပ်သလဲဆိုတာကို သင်သတိပြုမိမှာပါ။
ကဲ ဒါဆို ပုံထဲမှာ မေးခဲ့တဲ့မေးခွန်းလေးတွေကို အရိုးသားဆုံးဖြေကြည့်ပေးနော်။ ဘယ်လိုအမှတ်ပေးရမလဲဆိုတော့ကိုယ့်အတွက်လိုအပ်တဲ့ Skillset တွေကိုလေ့လာဖြစ်ခဲ့တယ်ဆိုတဲ့ မေးခွန်းကိုဖြေတဲ့အခါ
- ၂၀၂၀ အတွင်းမှာ သင်က သင်လေ့လာလိုတဲ့အရာတစ်ခုခုကို သင်လေ့လာဖြစ်ခဲ့တယ်။ မျှော်မှန်းထားသလောက်လည်း လေ့လာနှုန်းက ခရီးပေါက်ခဲ့တယ် ဆိုရင် ဂုဏ်ထူးမှတ်အနေနဲ့ (၇၀-၁၀၀) အတွင်း သင့်စိတ်ကြိုက် အားရရင်အားရသလောက်အမှတ်ပေးနိုင်ပါတယ်။
- သင်က လေ့လာဖြစ်ခဲ့ပေမယ့် လုပ်တစ်ခါ အလုပ်တစ်လှည့်နဲ့မလို့ ခရီးသိပ်မပေါက်ခဲ့ဘူးဆိုရင်တော့ အောင်မှတ်(၄၀-၇၀) အတွင်း သင့်စိတ်ကြိုက်အမှတ်ပေးနိုင်ပါတယ်။
- ဒီနှစ်အတွင်းမှာ သင်က ဘယ်အရာကိုမှ မလေ့လာဖြစ်ခဲ့ဘူး။ Skillset တိုးတက်မှုတွေမရှိဘူးဆိုရင်တော့ သင့်အနေနဲ့( ၂၀-၄၀) အတွင်း ကိုယ့်ကိုယ်ကို အမှတ်ပေးနိုင်ပါတယ်။
ဒီလို Self-assessment လုပ်ဖို့ကိုမရှက်ပါနဲ့။ ရိုးရိုးသားသားနဲ့အမှန်ကန်ဆုံးဖြေပါ။ ဒါက သင့်ကိုယ်သင်ဆန်းစစ်တာဖြစ်တဲ့အတွက် ရလဒ်ကို အရှိတိုင်းလက်ခံပြီး နောက်နှစ်အတွင်းမှာ အကောင်းဆုံးကြိုးစားလိုက်ပါ။
ပြီးတော့ ဖြေတဲ့အခါမှာ ဒီပုံလေးကို save ပြီး အမှတ်တွေထည့်ပြီးရင် Comment မှာလာကြွားပေးကြပါဦးနော်။
Myday လေးတွေတင်ပြီးလည်း ကိုယ့်ကိုယ်ကို အားပေးဂုဏ်ယူနိုင်ပါတယ်။
၂၀၂၀ အတြင္းမွာ ဘာေတြတိုးတက္လာသလဲလို႔ ကိုယ့္ကိုယ္ကို အမွတ္ေပးၾကည့္ရေအာင္။
အားလုံးပဲ ႏွစ္သစ္မွာ႐ႊင္လန္းၾကပါေစ လို႔ ပထမဆုံးဆုေတာင္းေပးလိုက္ပါတယ္။ ဒီေန႔က ၂၀၂၁ ရဲ႕ပထမဆုံးေန႔ေလးျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ကိုယ္လုပ္ေဆာင္ခဲ့တဲ့အရာေတြကို ျပန္ဆန္းစစ္ၿပီး အင္အားေမြးဖို႔အေကာင္းဆုံးအခ်ိန္ေလးတစ္ခုျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။
ႏွစ္တစ္ႏွစ္ကုန္ဆုံးသြားတဲ့အခါ ကိုယ္ဘာေတြတိုးတက္လာသလဲ။ ဘာေတြဆုံးရႈံးသြားသလဲ ဆိုတာေတြကို ျပန္ဆန္းစစ္ရပါမယ္။ ဒါမွ လာမယ့္ႏွစ္မွာ ဘာေတြလိုအပ္သလဲဆိုတာကို သင္သတိျပဳမိမွာပါ။
ကဲ ဒါဆို ပုံထဲမွာ ေမးခဲ့တဲ့ေမးခြန္းေလးေတြကို အ႐ိုးသားဆုံးေျဖၾကည့္ေပးေနာ္။ ဘယ္လိုအမွတ္ေပးရမလဲဆိုေတာ့
ကိုယ့္အတြက္လိုအပ္တဲ့ Skillset ေတြကိုေလ့လာျဖစ္ခဲ့တယ္ဆိုတဲ့ ေမးခြန္းကိုေျဖတဲ့အခါ
- ၂၀၂၀ အတြင္းမွာ သင္က သင္ေလ့လာလိုတဲ့အရာတစ္ခုခုကို သင္ေလ့လာျဖစ္ခဲ့တယ္။ ေမွ်ာ္မွန္းထားသေလာက္လည္း ေလ့လာႏႈန္းက ခရီးေပါက္ခဲ့တယ္ ဆိုရင္ ဂုဏ္ထူးမွတ္အေနနဲ႔ (၇၀-၁၀၀) အတြင္း သင့္စိတ္ႀကိဳက္ အားရရင္အားရသေလာက္အမွတ္ေပးႏိုင္ပါတယ္။
- သင္က ေလ့လာျဖစ္ခဲ့ေပမယ့္ လုပ္တစ္ခါ အလုပ္တစ္လွည့္နဲ႔မလို႔ ခရီးသိပ္မေပါက္ခဲ့ဘူးဆိုရင္ေတာ့ ေအာင္မွတ္(၄၀-၇၀) အတြင္း သင့္စိတ္ႀကိဳက္အမွတ္ေပးႏိုင္ပါတယ္။
- ဒီႏွစ္အတြင္းမွာ သင္က ဘယ္အရာကိုမွ မေလ့လာျဖစ္ခဲ့ဘူး။ Skillset တိုးတက္မႈေတြမရွိဘူးဆိုရင္ေတာ့ သင့္အေနနဲ႔( ၂၀-၄၀) အတြင္း ကိုယ့္ကိုယ္ကို အမွတ္ေပးႏိုင္ပါတယ္။
ဒီလို Self-assessment လုပ္ဖို႔ကိုမရွက္ပါနဲ႔။ ႐ိုး႐ိုးသားသားနဲ႔အမွန္ကန္ဆုံးေျဖပါ။ ဒါက သင့္ကိုယ္သင္ဆန္းစစ္တာျဖစ္တဲ့အတြက္ ရလဒ္ကို အရွိတိုင္းလက္ခံၿပီး ေနာက္ႏွစ္အတြင္းမွာ အေကာင္းဆုံးႀကိဳးစားလိုက္ပါ။
ၿပီးေတာ့ ေျဖတဲ့အခါမွာ ဒီပုံေလးကို save ၿပီး အမွတ္ေတြထည့္ၿပီးရင္ Comment မွာလာႂကြားေပးၾကပါဦးေနာ္။
Myday ေလးေတြတင္ၿပီးလည္း ကိုယ့္ကိုယ္ကို အားေပးဂုဏ္ယူႏိုင္ပါတယ္။