×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 12 January 2021

Disney ကာတွန်းကားလေးတွေကပေးတဲ့ ဘဝအတွေးစာစုလေးများ

Disney ကာတွန်းကားလေးတွေကပေးတဲ့ ဘဝအတွေးစာစုလေးများ
(1) Always let your conscience be your guide.”( Pinocchio )
ဒီစကားလေးက ပီနိုချီယိုဇာတ်ကားလေးထဲမှာ သစ်သားရုပ်လေးကို အသက်လာသွင်းပေးတဲ့နတ်သမီးလေးက ပြောခဲ့တာပါ။ “မင်းရဲ့ဟီရိ သြတ္တပ္ပစိတ်ကပဲ အမြဲတမ်းလမ်းပြဖြစ်ပါစေ” ဆိုတဲ့စကားလေးက တကယ့်ကိုတန်ဖိုးရှိတဲ့စကားလေးတစ်ခွန်းဖြစ်ပါတယ်။

disney_1.jpg

 

(2) “Just keep swimming.”( Nemo )
ဒီစကားလေးကတော့ ငါးကလေးနီမို ကားထဲက ငါးအပြာလေးဖြစ်တဲ့ ဒိုရီပြောခဲ့တဲ့စကားလေးပါ။ ဒိုရီလေးက တကယ့်ကိုအကောင်းမြင်စိတ်နဲ့ပဲ ရှင်သန်တဲ့ဇာတ်ကောင်မျိုးပေါ့နော်။ သူ့မှာသူမလိုချင်တဲ့အပိုင်းတွေအများကြီးရှိပေမယ့် အဲ့အရာတွေကြောင့် ဘယ်တော့မှစိတ်အနှောင့်အယှက်ဖြစ်မခံဘဲ အဲ့အစား သူကသူ့ရဲ့အနာဂတ်ကိုပဲသူရှေးရှုပြီးသူလုပ်နိုင်တဲ့အလုပ်ဖြစ်တဲ့ရေကူးခြင်းကိုပဲ အကောင်းဆုံးကြိုးစားပါမယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ တစ်ခါတစ်လေ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုအတွေးနဲ့ရှင်သန်ဖို့လည်းလိုအပ်ပါတယ်။

disney_2.jpg

 

(3) “The flower that blooms in adversity is the most rare and beautiful of all.”( Mulan )
ဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့ “အခက်အခဲတွေကြားကပွင့်ရတဲ့ပန်းလေးက တန်ဖိုးအရှိဆုံးနဲ့အလှဆုံးပါပဲ။” တဲ့။ ဒီစကားလေးက တရုတ်အင်ပါယာဘုရင်ကြီးက စစ်သူကြီးလီရှန်းကို ပြောခဲ့တဲ့စကားပါ။ ဘဝမှာ ကျွန်တော်တို့မလိုချင်တဲ့အခက်အခဲတွေရှိပေမယ့် ဒီအခက်အခဲတွေကြောင့်ပဲ ကျွန်တော်တို့ပိုတောက်ပနိုင်ရမှာဖြစ်ပါတယ်။

disney_3.jpg

 

(4) “Oh yes, the past can hurt. But the way I see it, you can either run from it or learn from it.”( The Lion King )
ဆမ်ဘာလေးကို သူ့ရဲ့ငယ်ဆရာမျောက်အိုကြီးက ပြောခဲ့တဲ့စကားပါ။ “ဟုတ်တယ်။ အတိတ်တွေကနာကျင်စေတယ်။ ဒါပေမယ့်ငါသိတဲ့နည်းကတော့ မင်းအဲ့အတိတ်ထဲကလွတ်မြောက်ဖို့ကြိုးစားရင်ကြိုးစား မဟုတ်ရင် အတိတ်ကနေသင်ယူဖို့ကြိုးစားပါ။” တဲ့။

disney_4.jpg

 

(5) “Ohana means family, family means nobody gets left behind.”( Lilo and Stitch )
ဒီစကားလေးကတော့ မိသားစုဆိုတဲ့အဓိပ္ပာယ်ကို ပိုလေးနက်စေတဲ့ ဒစ်စနေးကပေးတဲ့စကားလက်ဆောင်လေးပါ။ စတစ်ချ်လေးဝမ်းနည်းနေတဲ့အချိန်မှာ လီလိုနဲ့သူ့အစ်မက နှစ်သိမ့်ပေးခဲ့တဲ့စကားလေးပေါ့။ “အိုဟာနာ ဆိုတာ မိသားစုလို့ပြောတာ။ မိသားစုဆိုတာ ဘယ်သူ့ကိုမှမထားခဲ့ဘူး ဆိုတဲ့အဓိပ္ပာယ်ပဲ။”

disney_5.jpg

 

(6) “Our fate lives within us, you only have to be brave enough to see it.”( Brave )
Brave ဇာတ်ကားထဲမှာ မင်းသမီးလေး မယ်ရီဒါပြောခဲ့တဲ့စကားလေးပေါ့။ “ငါတို့မှာ အကြောက်တရားတွေဆိုတာရှိတာပဲ။ ဒါပေမယ့် မင်းအဲ့တာကို မြင်အောင်ကြည့်ရဲဖို့ပဲလိုတယ်။” တဲ့။ ဘယ်လောက်တောင် အားတက်ဖို့ကောင်းတဲ့စကားလေးလဲနော်။

disney_6.jpg

 

(7) “Success doesn’t come for free. You have to do whatever it takes to seize your moment.”( Coco )
Coco ဇာတ်ကားထဲမှာ အာနတ်စတို ပြောခဲ့တဲ့စကားလေးပါ။ သူက သူ့စကားကို အလွန်အကြူးမှန်ကန်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် လူသတ်သမားလူဆိုးဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ကောင်းတဲ့ဘက်ကကြည့်မယ်ဆို သူက သူ့အိပ်မက်ကို အရယူရဲခဲ့တဲ့လူလို့ ဆိုလို့ရပါတယ်။ ဒီစာသားလေးရဲ့ အဓိပ္ပာယ်က “အောင်မြင်မှုဆိုတာအလကားမရဘူး။ မင်းဆီခဏနဲ့ပဲရောက်လာတဲ့ အခွင့်အရေးကို မင်းသေချာဆုပ်ကိုင်နိုင်ရမယ်။” ပဲဖြစ်ပါတယ်။

disney_7.jpg

 

(8) “The only way to get what you want in this world is through hard work.”
Disney Princesses တိုင်းက မိုးကျရွှေကိုယ်တွေမဟုတ်ပါဘူး။ ဟိုးအောက်ခြေဘဝကနေ အလုပ်ကြိုးစားပြီးအိပ်မက်ကိုအကောင်အထည်ဖော်ခဲ့တဲ့ မင်းသမီးတစ်ပါးရှိပါတယ်။ သူကတော့ ဖားမင်းသမီးလေးပါ။ သူ့ကိုယ်သူအားပေးတဲ့စကားလေးကတော့ “ဒီလောကကြီးမှာ နင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့နည်းက ကြိုးစားခြင်းပဲရှိတယ်။”ဆိုတဲ့စကားလေးပါ။

disney_8.jpg

 

ဒီ Disney Quotes လေးတွေက စာဖတ်ပရိသတ်ကြီးကို အားအင်တွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အင်အားရှိရှိနဲ့ ဘဝနေ့ရက်တွေကို အကောင်းဆုံးဖြတ်ကျော်ကြမယ်နော်။

 

 

Disney ကာတြန္းကားေလးေတြကေပးတဲ့ ဘဝအေတြးစာစုေလးမ်ား
(1) Always let your conscience be your guide.”( Pinocchio )
ဒီစကားေလးက ပီႏိုခ်ီယိုဇာတ္ကားေလးထဲမွာ သစ္သား႐ုပ္ေလးကို အသက္လာသြင္းေပးတဲ့နတ္သမီးေလးက ေျပာခဲ့တာပါ။ “မင္းရဲ႕ဟီရိ ၾသတၱပၸစိတ္ကပဲ အၿမဲတမ္းလမ္းျပျဖစ္ပါေစ” ဆိုတဲ့စကားေလးက တကယ့္ကိုတန္ဖိုးရွိတဲ့စကားေလးတစ္ခြန္းျဖစ္ပါတယ္။

disney_1.jpg

 

(2) “Just keep swimming.”( Nemo )
ဒီစကားေလးကေတာ့ ငါးကေလးနီမို ကားထဲက ငါးအျပာေလးျဖစ္တဲ့ ဒိုရီေျပာခဲ့တဲ့စကားေလးပါ။ ဒိုရီေလးက တကယ့္ကိုအေကာင္းျမင္စိတ္နဲ႔ပဲ ရွင္သန္တဲ့ဇာတ္ေကာင္မ်ိဳးေပါ့ေနာ္။ သူ႔မွာသူမလိုခ်င္တဲ့အပိုင္းေတြအမ်ားႀကီးရွိေပမယ့္ အဲ့အရာေတြေၾကာင့္ ဘယ္ေတာ့မွစိတ္အေႏွာင့္အယွက္ျဖစ္မခံဘဲ အဲ့အစား သူကသူ႔ရဲ႕အနာဂတ္ကိုပဲသူေရွးရႈၿပီးသူလုပ္ႏိုင္တဲ့အလုပ္ျဖစ္တဲ့ေရကူးျခင္းကိုပဲ အေကာင္းဆုံးႀကိဳးစားပါမယ္ ဆိုတဲ့အဓိပၸာယ္ပါ။ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ ေလာကႀကီးမွာ ဒီလိုအေတြးနဲ႔ရွင္သန္ဖို႔လည္းလိုအပ္ပါတယ္။

disney_2.jpg

 

(3) “The flower that blooms in adversity is the most rare and beautiful of all.”( Mulan )
ဒီစကားေလးရဲ႕အဓိပၸာယ္ကေတာ့ “အခက္အခဲေတြၾကားကပြင့္ရတဲ့ပန္းေလးက တန္ဖိုးအရွိဆုံးနဲ႔အလွဆုံးပါပဲ။” တဲ့။ ဒီစကားေလးက တ႐ုတ္အင္ပါယာဘုရင္ႀကီးက စစ္သူႀကီးလီရွန္းကို ေျပာခဲ့တဲ့စကားပါ။ ဘဝမွာ ကြၽန္ေတာ္တို႔မလိုခ်င္တဲ့အခက္အခဲေတြရွိေပမယ့္ ဒီအခက္အခဲေတြေၾကာင့္ပဲ ကြၽန္ေတာ္တို႔ပိုေတာက္ပႏိုင္ရမွာျဖစ္ပါတယ္။

disney_3.jpg

 

(4) “Oh yes, the past can hurt. But the way I see it, you can either run from it or learn from it.”( The Lion King )
ဆမ္ဘာေလးကို သူ႔ရဲ႕ငယ္ဆရာေမ်ာက္အိုႀကီးက ေျပာခဲ့တဲ့စကားပါ။ “ဟုတ္တယ္။ အတိတ္ေတြကနာက်င္ေစတယ္။ ဒါေပမယ့္ငါသိတဲ့နည္းကေတာ့ မင္းအဲ့အတိတ္ထဲကလြတ္ေျမာက္ဖို႔ႀကိဳးစားရင္ႀကိဳးစား မဟုတ္ရင္ အတိတ္ကေနသင္ယူဖို႔ႀကိဳးစားပါ။” တဲ့။

disney_4.jpg

 

(5) “Ohana means family, family means nobody gets left behind.”( Lilo and Stitch )
ဒီစကားေလးကေတာ့ မိသားစုဆိုတဲ့အဓိပၸာယ္ကို ပိုေလးနက္ေစတဲ့ ဒစ္စေနးကေပးတဲ့စကားလက္ေဆာင္ေလးပါ။ စတစ္ခ်္ေလးဝမ္းနည္းေနတဲ့အခ်ိန္မွာ လီလိုနဲ႔သူ႔အစ္မက ႏွစ္သိမ့္ေပးခဲ့တဲ့စကားေလးေပါ့။ “အိုဟာနာ ဆိုတာ မိသားစုလို႔ေျပာတာ။ မိသားစုဆိုတာ ဘယ္သူ႔ကိုမွမထားခဲ့ဘူး ဆိုတဲ့အဓိပၸာယ္ပဲ။”

disney_5.jpg

 

(6) “Our fate lives within us, you only have to be brave enough to see it.”( Brave )
Brave ဇာတ္ကားထဲမွာ မင္းသမီးေလး မယ္ရီဒါေျပာခဲ့တဲ့စကားေလးေပါ့။ “ငါတို႔မွာ အေၾကာက္တရားေတြဆိုတာရွိတာပဲ။ ဒါေပမယ့္ မင္းအဲ့တာကို ျမင္ေအာင္ၾကည့္ရဲဖို႔ပဲလိုတယ္။” တဲ့။ ဘယ္ေလာက္ေတာင္ အားတက္ဖို႔ေကာင္းတဲ့စကားေလးလဲေနာ္။

disney_6.jpg

 

(7) “Success doesn’t come for free. You have to do whatever it takes to seize your moment.”( Coco )
Coco ဇာတ္ကားထဲမွာ အာနတ္စတို ေျပာခဲ့တဲ့စကားေလးပါ။ သူက သူ႔စကားကို အလြန္အၾကဴးမွန္ကန္ေအာင္ေဆာင္႐ြက္ခဲ့တဲ့အတြက္ လူသတ္သမားလူဆိုးျဖစ္ခဲ့ရတာပါ။ ဒါေပမယ့္ ေကာင္းတဲ့ဘက္ကၾကည့္မယ္ဆို သူက သူ႔အိပ္မက္ကို အရယူရဲခဲ့တဲ့လူလို႔ ဆိုလို႔ရပါတယ္။ ဒီစာသားေလးရဲ႕ အဓိပၸာယ္က “ေအာင္ျမင္မႈဆိုတာအလကားမရဘူး။ မင္းဆီခဏနဲ႔ပဲေရာက္လာတဲ့ အခြင့္အေရးကို မင္းေသခ်ာဆုပ္ကိုင္ႏိုင္ရမယ္။” ပဲျဖစ္ပါတယ္။

disney_7.jpg

 

(8) “The only way to get what you want in this world is through hard work.”
Disney Princesses တိုင္းက မိုးက်ေ႐ႊကိုယ္ေတြမဟုတ္ပါဘူး။ ဟိုးေအာက္ေျခဘဝကေန အလုပ္ႀကိဳးစားၿပီးအိပ္မက္ကိုအေကာင္အထည္ေဖာ္ခဲ့တဲ့ မင္းသမီးတစ္ပါးရွိပါတယ္။ သူကေတာ့ ဖားမင္းသမီးေလးပါ။ သူ႔ကိုယ္သူအားေပးတဲ့စကားေလးကေတာ့ “ဒီေလာကႀကီးမွာ နင္ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ႏိုင္တဲ့နည္းက ႀကိဳးစားျခင္းပဲရွိတယ္။”ဆိုတဲ့စကားေလးပါ။

disney_8.jpg

 

ဒီ Disney Quotes ေလးေတြက စာဖတ္ပရိသတ္ႀကီးကို အားအင္ေတြေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အင္အားရွိရွိနဲ႔ ဘဝေန႔ရက္ေတြကို အေကာင္းဆုံးျဖတ္ေက်ာ္ၾကမယ္ေနာ္။

Read times
Rate this articles
(0 votes)