×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 14 January 2021

အမျိုးသမီးထု၏လမ်းပြကြယ် သိပ္ပံပညာရှင်မာရီကျူရီ

အမျိုးသမီးထု၏လမ်းပြကြယ် သိပ္ပံပညာရှင်မာရီကျူရီ

 

အမျိုးသမီးသိပ္ပံပညာရှင် မာရီကျူရီက နိုဘယ်ဆု(၂)ဆုချီးမြှင့်ခြင်းခံထားရတဲ့ ပထမဆုံးအမျိုးသမီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူကထူးချွန်တဲ့အမျိုးသမီးဖြစ်ရုံသာမက သူ့ဘဝဇာတ်ကြောင်းအရလည်း သူက အမျိုးသမီးထုရဲ့ လမ်းပြကြယ်ဆိုလည်းမမှားပါဘူး။

မာရီကျူရီက ပိုလန်နိုင်ငံက ဆင်းရဲနွမ်းပါးတဲ့မိသားစုတစ်ခုကနေ နိုဝင်ဘာ ၇၊ ၁၈၆၇ တွင်မွေးဖွားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပိုလန်နိုင်ငံက ရုရှားရဲ့ နယ်ချဲ့အုပ်ချုပ်မှုအောက်မှာကျရောက်နေခဲ့တဲ့အတွက် တော်တော်မအေးချမ်းတဲ့ အချိန်ကာလတစ်ခုပါ။ ဒီလိုကာလမှာ ပညာသင်ကြားဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှားဆိုးတွေနဲ့လည်း ပြည့်နှက်နေတော့ အကျပ်အတည်းအတော်ဖြစ်ကြပါတယ်။

 


ဒါပေမယ့် သူမက ပိုလန်လျှိူ့ဝှက်ပညာသင်ကြားရေးစခန်းမှာ ပညာခိုးသင်ခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားက ပညာသင်ကြားရပေမယ့်လည်း သူမက အမြဲတမ်း အတန်းထဲမှာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူမ အသက်(၁၀)နှစ်ရောက်တော့ သူတို့စာသင်ကျောင်းလေးမှာ ကူးစက်ရောဂါပိုးပျံ့နှံ့မှုကြောင့် သူမ ရဲ့ မိခင်နဲ့ ညီမလေးတို့ သေဆုံးခဲ့ကြပါတယ်။ ဒီလိုငယ်ရွယ်တဲ့အသက်အရွယ်မှာ အဖြစ်အပျက်ဆိုးကြီးနဲ့ကြုံတွေ့လိုက်ရတော့ သူမစိတ်အလွန်ထိခိုက်ခဲ့ရပါတယ်။

 


ဆေးပညာတွေမတိုးတက်သေးလို့၊ သိပ္ပံပညာတွေမတိုးတက်သေးလို့ သူမရဲ့ မိခင်နဲ့ညီမငယ် မသေသင့်ဘဲသေရတယ်ဆိုတဲ့အတွေးကသူမကို အထူးချွန်ဆုံးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်အောင်တွန်းအားပေးခဲ့တယ်လို့ပဲ ဆိုရမှာပေါ့။

 


မာရီကျူရီက အထက်တန်းပြီးအောင်တော့ကျောင်းဆက်တက်ခဲ့ပေမယ့်သူမရဲ့ စိတ်ဝေဒနာအခြေအနေက ပိုပိုဆိုးရွားလာတာကြောင့် ပညာရေးစခန်းကနေ သူမရဲ့ဖခင်ထံကို ပြန်အပ်ခဲ့ရပါတယ်။ မာရီက သူမရဲ့စိတ်ရောဂါကို သူ့ရဲ့ကျေးရွာလေးမှာ ကုသခဲ့ရပါတယ်။ သူမ သက်သာလာတဲ့အခါ ဆယ့်ခုနစ်နှစ်အရွယ်ရောက်တော့ သူမက Warsaw တက္ကသိုလ်တွင် ပညာသင်ကြားခွင့်လျှောက်တော့ အမျိုးသမီးဖြစ်နေတာကြောင့် လျှောက်လွှာပယ်ချခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် သူမက ၁၈၉၁ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို စကော်လာနဲ့ ပညာသွားသင်ခဲ့ပါတယ်။

 


သူမက ၁၈၉၃ မှာ ရူပဗေဒပညာရပ်ဖြင့် ဒီဂရီဘွဲ့ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူမက သံလိုက်စွမ်းရည်နဲ့ စတီး၏ ဓာတ်ပြု၊ဓာတ်ပေါင်းစွမ်းရည်ကို လေ့လာစမ်းသပ်ရင်း သိပ္ပံပညာရှင် ပယ်ရီကျူရီနဲ့ ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ကြပါတယ်။

 


မာရီ က သူမရဲ့ လုပ်ငန်းသက်တမ်းတစ်လျှောက်မှာ သူမက အမျိုးသမီးဖြစ်တာကြောင့် များစွာသော တိုက်ခိုက်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်း ကို လည်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာဆိုလည်း သူမက တစ်ဦးတည်းသောအမျိုးသမီးဖြစ်ပါတယ်။

 


မာရီရဲ့ကြိုးစားမှုကြောင့် ဧပြီလ ၁၈၉၈ခုနှစ်မှာ သူမဟာ ယူရေနီယံသတ္တုတစ်မျိုးကထုတ်လွှတ်တဲ့ Becquerel ဓာတ်ရောင်ခြည်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ရေဒီယို သတ္တုကြွခြင်းဖြစ်စဉ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ၁၉၀၃ ခုနှစ်မှာ ပထမနိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းကလည်း နိုဘယ်အဖွဲ့အစည်းက သူမကို အမျိုးသမီးဖြစ်နေခြင်းကြောင့် ဆုရထိုက်သူစာရင်းကနေ ပယ်ထုတ်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 


ဒီအကြောင်းအရာတွေကြောင့် မာရီကျူရီက အမျိုးသမီးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လာရခြင်းပါ။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူပညာသင်ခွင့်ရှိကြောင်း၊ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေလိုပဲ တွေးခေါ်နိုင်စွမ်းရှိကြောင်း၊ အမျိုးသမီးတွေက ထူးချွန်ဆုတွေနဲ့ထိုက်တန်ကြောင်းတွေကို ပထမဦးဆုံးသက်သေထူပြခဲ့တဲ့ အမျိုးသမီးထုကြီးရဲ့ လမ်းပြကြယ်တစ်ပွင့်ဖြစ်ပါတယ်။

 


ဒါကြောင့် အမျိုသမီးတွေအားလုံး‌ လေးစားအတုယူအားကျစရာကောင်းတဲ့ နိုဘယ်ဆုရှင် မာရီကျူရီအကြောင်းကို ဂုဏ်ယူစွာဖော်ပြလိုက်ရပါတယ်။

 

 

အမ်ိဳးသမီးထု၏လမ္းျပၾကယ္ သိပၸံပညာရွင္မာရီက်ဴရီ

အမ်ိဳးသမီးသိပၸံပညာရွင္ မာရီက်ဴရီက ႏိုဘယ္ဆု(၂)ဆုခ်ီးျမႇင့္ျခင္းခံထားရတဲ့ ပထမဆုံးအမ်ိဳးသမီးပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။ သူကထူးခြၽန္တဲ့အမ်ိဳးသမီးျဖစ္႐ုံသာမက သူ႔ဘဝဇာတ္ေၾကာင္းအရလည္း သူက အမ်ိဳးသမီးထုရဲ႕ လမ္းျပၾကယ္ဆိုလည္းမမွားပါဘူး။

 

မာရီက်ဴရီက ပိုလန္ႏိုင္ငံက ဆင္းရဲႏြမ္းပါးတဲ့မိသားစုတစ္ခုကေန ႏိုဝင္ဘာ ၇၊ ၁၈၆၇ တြင္ေမြးဖြားခဲ့ပါတယ္။ အဲ့အခ်ိန္တုန္းက ပိုလန္ႏိုင္ငံက ႐ုရွားရဲ႕ နယ္ခ်ဲ႕အုပ္ခ်ဳပ္မႈေအာက္မွာက်ေရာက္ေနခဲ့တဲ့အတြက္ ေတာ္ေတာ္မေအးခ်မ္းတဲ့ အခ်ိန္ကာလတစ္ခုပါ။ ဒီလိုကာလမွာ ပညာသင္ၾကားဖို႔ဆိုတာမလြယ္ကူတဲ့ကိစၥရပ္တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ေရာဂါပိုးမႊားဆိုးေတြနဲ႔လည္း ျပည့္ႏွက္ေနေတာ့ အက်ပ္အတည္းအေတာ္ျဖစ္ၾကပါတယ္။

 


ဒါေပမယ့္ သူမက ပိုလန္လွ်ိဴ႕ဝွက္ပညာသင္ၾကားေရးစခန္းမွာ ပညာခိုးသင္ခဲ့ပါတယ္။ ဒီလို အခက္အခဲေတြၾကားက ပညာသင္ၾကားရေပမယ့္လည္း သူမက အၿမဲတမ္း အတန္းထဲမွာ ထူးခြၽန္သူတစ္ဦးျဖစ္ခဲ့ပါတယ္။ သူမ အသက္(၁၀)ႏွစ္ေရာက္ေတာ့ သူတို႔စာသင္ေက်ာင္းေလးမွာ ကူးစက္ေရာဂါပိုးပ်ံ႕ႏွံ႔မႈေၾကာင့္ သူမ ရဲ႕ မိခင္နဲ႔ ညီမေလးတို႔ ေသဆုံးခဲ့ၾကပါတယ္။ ဒီလိုငယ္႐ြယ္တဲ့အသက္အ႐ြယ္မွာ အျဖစ္အပ်က္ဆိုးႀကီးနဲ႔ႀကဳံေတြ႕လိုက္ရေတာ့ သူမစိတ္အလြန္ထိခိုက္ခဲ့ရပါတယ္။

 


ေဆးပညာေတြမတိုးတက္ေသးလို႔၊ သိပၸံပညာေတြမတိုးတက္ေသးလို႔ သူမရဲ႕ မိခင္နဲ႔ညီမငယ္ မေသသင့္ဘဲေသရတယ္ဆိုတဲ့အေတြးကသူမကို အထူးခြၽန္ဆုံးသိပၸံပညာရွင္တစ္ေယာက္ျဖစ္ေအာင္တြန္းအားေပးခဲ့တယ္လို႔ပဲ ဆိုရမွာေပါ့။

 


မာရီက်ဴရီက အထက္တန္းၿပီးေအာင္ေတာ့ေက်ာင္းဆက္တက္ခဲ့ေပမယ့္သူမရဲ႕ စိတ္ေဝဒနာအေျခအေနက ပိုပိုဆိုး႐ြားလာတာေၾကာင့္ ပညာေရးစခန္းကေန သူမရဲ႕ဖခင္ထံကို ျပန္အပ္ခဲ့ရပါတယ္။ မာရီက သူမရဲ႕စိတ္ေရာဂါကို သူ႔ရဲ႕ေက်း႐ြာေလးမွာ ကုသခဲ့ရပါတယ္။ သူမ သက္သာလာတဲ့အခါ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ေရာက္ေတာ့ သူမက Warsaw တကၠသိုလ္တြင္ ပညာသင္ၾကားခြင့္ေလွ်ာက္ေတာ့ အမ်ိဳးသမီးျဖစ္ေနတာေၾကာင့္ ေလွ်ာက္လႊာပယ္ခ်ျခင္းခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူမက ၁၈၉၁ ခုႏွစ္မွာ ျပင္သစ္ႏိုင္ငံကို စေကာ္လာနဲ႔ ပညာသြားသင္ခဲ့ပါတယ္။

 


သူမက ၁၈၉၃ မွာ ႐ူပေဗဒပညာရပ္ျဖင့္ ဒီဂရီဘြဲ႕ရရွိခဲ့ပါတယ္။ ဒီလိုနဲ႔ သူမက သံလိုက္စြမ္းရည္နဲ႔ စတီး၏ ဓာတ္ျပဳ၊ဓာတ္ေပါင္းစြမ္းရည္ကို ေလ့လာစမ္းသပ္ရင္း သိပၸံပညာရွင္ ပယ္ရီက်ဴရီနဲ႔ ခ်စ္ကြၽမ္းဝင္လက္ထပ္ခဲ့ၾကပါတယ္။

 


မာရီ က သူမရဲ႕ လုပ္ငန္းသက္တမ္းတစ္ေလွ်ာက္မွာ သူမက အမ်ိဳးသမီးျဖစ္တာေၾကာင့္ မ်ားစြာေသာ တိုက္ခိုက္မႈေတြ၊ အခက္အခဲေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒါ့အျပင္ အမ်ိဳးသား၊ အမ်ိဳးသမီး ခြဲျခားဆက္ဆံျခင္း ကို လည္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရပါတယ္။ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြၾကားမွာဆိုလည္း သူမက တစ္ဦးတည္းေသာအမ်ိဳးသမီးျဖစ္ပါတယ္။

 


မာရီရဲ႕ႀကိဳးစားမႈေၾကာင့္ ဧၿပီလ ၁၈၉၈ခုႏွစ္မွာ သူမဟာ ယူေရနီယံသတၱဳတစ္မ်ိဳးကထုတ္လႊတ္တဲ့ Becquerel ဓာတ္ေရာင္ျခည္ကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဒီလို ေရဒီယို သတၱဳႂကြျခင္းျဖစ္စဥ္ကိုရွာေဖြေတြ႕ရွိခဲ့တဲ့အတြက္ ၁၉၀၃ ခုႏွစ္မွာ ပထမႏိုဘယ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့အခ်ိန္တုန္းကလည္း ႏိုဘယ္အဖြဲ႕အစည္းက သူမကို အမ်ိဳးသမီးျဖစ္ေနျခင္းေၾကာင့္ ဆုရထိုက္သူစာရင္းကေန ပယ္ထုတ္ဖို႔ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

 


ဒီအေၾကာင္းအရာေတြေၾကာင့္ မာရီက်ဴရီက အမ်ိဳးသမီးေတြအတြက္ စံျပပုဂၢိဳလ္တစ္ဦးျဖစ္လာရျခင္းပါ။ အမ်ိဳးသမီးေတြဟာလည္း အမ်ိဳးသားေတြနဲ႔ တန္းတူပညာသင္ခြင့္ရွိေၾကာင္း၊ အမ်ိဳးသမီးေတြဟာလည္း အမ်ိဳးသားေတြလိုပဲ ေတြးေခၚႏိုင္စြမ္းရွိေၾကာင္း၊ အမ်ိဳးသမီးေတြက ထူးခြၽန္ဆုေတြနဲ႔ထိုက္တန္ေၾကာင္းေတြကို ပထမဦးဆုံးသက္ေသထူျပခဲ့တဲ့ အမ်ိဳးသမီးထုႀကီးရဲ႕ လမ္းျပၾကယ္တစ္ပြင့္ျဖစ္ပါတယ္။

 


ဒါေၾကာင့္ အမ်ိဳသမီးေတြအားလုံး‌ ေလးစားအတုယူအားက်စရာေကာင္းတဲ့ ႏိုဘယ္ဆုရွင္ မာရီက်ဴရီအေၾကာင္းကို ဂုဏ္ယူစြာေဖာ္ျပလိုက္ရပါတယ္။

Read times
Rate this articles
(0 votes)