×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 14 January 2021

ပြဿနာအားလုံးအတွက် အကောင်းဆုံးအဖြေကိုရှာဖွေပေးနိုင်မယ့် Six Thinking Hats

ပြဿနာအားလုံးအတွက် အကောင်းဆုံးအဖြေကိုရှာဖွေပေးနိုင်မယ့် Six Thinking Hats

Six Thinking Hats ကို ကြားဖူးပါသလား? Six Thinking Hats ဆိုတာ Problem Solving (ပြဿနာဖြေရှင်းခြင်း) အတွက် သိပ်ကိုအရေးပါတဲ့ Brainstorming Technique တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့ Critical Thinking (စိတ်ဖြာတွေးတောခြင်း) ကို အားကောင်းလာစေပြီး ပြဿနာတစ်ခုကို အဖြေရှာတဲ့အခါ မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ စနစ်တကျစဉ်းစားစေတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တွေကိုလည်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ချနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

 

Six Thinking Hats ဆိုတာဘာလဲ?
အမှန်တကယ်ကတော့ Six Thinking Hats က ၁၉၈၅ ခုနှစ်လောက်က ထုတ်ဝေခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။ စာရေးဆရာကြီး Edward de Bono ရေသားခဲ့ပြီး သိပ်ကိုကျော်ကြားခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

 

Six Thinking Hats တွေကဘာတွေလဲ?
Thinking Hats ဆိုတဲ့အတိုင်း တွေးခေါ်ပုံ၊ တွေးခေါ်နည်းတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူတိုင်းမှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိကြပါတယ်။ ဒီ ကိုယ်ရည်ကိုယ်သွေးတွေအရပဲ သူတို့ တွေးခေါ်ပုံတွေက တစ်ဦးနဲ့တစ်ဦးမတူညီကြပါဘူး။ မတူညီတဲ့ တွေးခေါ်နည်းတွေကို လေ့လာဆန်းစစ်လိုက်တဲ့အခါ ဒီ (၆) မျိုးထွက်လာတာကို တွေ့ရပါတယ်။

 

အဆိုပါ Six Thinking Hats တွေကတော့
(၁) White Thinking Hat (Facts)
(၂) Yellow Thinking Hat (Positivity )
(၃) Black Thinking Hat (Judgment)
(၄) Red Thinking Hat (Feelings)
(၅) Green Thinking Hat (Creativity)
(၆) Blue Thinking Hat (Analysis) တို့ဖြစ်ပါတယ်။

 

(၁) White Thinking Hat (Facts)
ဒီလိုတွေးခေါ်ပုံမျိုးကို “စုံထောက်ဉာဏ်” လို့ ဆိုကြပါတယ်။ သူက ပြဿနာတစ်ရပ်ကို တိကျရေရာတဲ့ အချက်အလက်တွေစုပြီး အဖြေရှာတဲ့သဘောပေါ့နော်။ သူက တိကျတဲ့အချက်အလက်တွေကို စုတယ်၊ ဝေဖန်တယ်၊ ခွဲခြားတယ်၊ ပြီးမှ ဘယ်အရာကလိုအပ်နေသလဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကို ထုတ်ပါတယ်။ ဒါက ပြဿနာကို ချဉ်းကပ်တဲ့နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် သင့်အနေနဲ့တော့ ဘယ်လိုအချိန်၊ ဘယ်လိုပြဿနာမျိုးမှာ အဖြူရောင်ဦးထုပ်ကိုဆောင်းမလဲဆိုတာကိုတော့ ရွေးချယ်တတ်ဖို့လိုပါတယ်။

 

(၂) Yellow Thinking Hat (Positivity)
အဝါရောင်အတွေးဦးထုပ်ကကျတော့ စိတ်အားထက်သန်ခြင်းနဲ့ အကောင်းမြင်ခြင်းကို ကိုယ်စားပြုပါတယ်။ နေသာပြီးတောက်ပတဲ့နေ့ရက်တွေမှာတော့ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေနဲ့ အသစ်အသစ်သောအတွေးတွေကို ဖမ်းဆုပ်ဖို့အတွက် အကောင်းဆုံးဦးထုပ်ပါ။ အဝါရောင်အတွေးဦးထုပ်ကို ဆောင်းမယ်ဆိုရင် သူက အကျိုးနဲ့တန်ဖိုးတွေကိုပဲရှာဖွေပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အထက်ကပြောခဲ့သလိုပဲ ဘယ်လိုပြဿနာမျိုးကိုဖြေရှင်းတဲ့အချိန်မှာ အသုံးပြုမလဲ ဆိုတာကိုတော့ သင်ကိုယ်တိုင်နားလည်ဖို့လိုပါတယ်။

 

(၃) Black Thinking Hat (Judgment)
Judgment ဆိုတဲ့အတိုင်းပဲ သူကတော့ မကောင်းခြင်း၊ မပြည့်စုံခြင်းတွေကိုပဲ ဦးတည်တွေးခေါ်ခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်တွေကို သေချာရှာဖွေနိုင်ဖို့လိုပါတယ်။ ဒီလိုအချိန်မျိုးမှာဆို Black Hat ကိုရွေးချယ်တာအကောင်းဆုံးပါ။ Black hat က အားနည်းချက်တွေ၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ လိုအပ်ချက်တွေကို ဖော်ထုတ်ပေးနိုင်တာဖြစ်တဲ့အတွက် အပေါ်က Yellow Hat နဲ့ တွဲဖက်ဝတ်ဆင်ရင်တော့ လုံးဝပြီးပြည့်စုံခြင်းပဲပေါ့ခင်ဗျာ။

 

(၄) Red Thinking Hat (Feelings)
အကယ်၍ ကျွန်တော်တို့ အနီရောင်အတွေးဦးထုပ်ကို ဝတ်ဆင်မိကြတဲ့အခါ ကျွန်တော်တို့ရဲ့ အစီအစဉ်အားလုံးက အလိုလိုသိခြင်း၊ ခံစားချက်တွေပေါ်မှာပဲ အခြေခံပြီး ဖြစ်တည်လာပါတော့တယ်။ ဒီတွေးခေါ်ပုံမျိုးကကျတော့ ပြဿနာကို ရိုးရိုးသားသားချဉ်းကပ်ပြီး ပွင့်ပွင့်လင်းလင်းအဖြေရှာခြင်းမျိုးပါ။ ဆိုလိုတာက ကိုယ့် Product ကိုအသုံးပြုမယ့် လူတွေရဲ့ လိုအပ်နေတဲ့ ခံစားချက်ကဘာလဲ။ သူတို့ကို နှစ်သက်စေမယ့် ခံစားချက်မျိုးကို ဘယ်လိုပေးစွမ်းမလဲ ဆိုတဲ့အချက်တွေပေါ်မူတည်ပြီး စဉ်းစားအဖြေရှာခြင်းမျိုးဖြစ်ပါတယ်။

 

(၅) Green Thinking Hat (Creativity)
အစိမ်းရောင်အတွေးဦးထုပ်ကတော့ ကျွန်တော်တို့ကို ဖြစ်နိုင်ချေတွေရဲ့ ပြင်ပကို ဆွဲခေါ်ထုတ်ပြီးအဖြေရှာခိုင်းခြင်းပါ။ အစိမ်းရောင်ဦးထုပ်ကိုဆောင်းရမယ့်အချိန်ကတော့ ဆန်းပြားတဲ့အတွေးတွေကို ရှာဖွေနိုင်ဖို့အတွက် အားလုံးရဲ့ ပြင်ပကို ခဏထွက်လိုက်ရချိန်မှာ ဆောင်းသင့်တာဖြစ်ပါတယ်။

 

(၆) Blue Thinking Hat (Analysis)
အပြာရောင်ဦးထုပ်ကတော့ အခြေအနေအရ လိုအပ်တဲ့စီမံခန့်ခွဲမှုမျိုးတွေကိုရှာဖွေတဲ့အခါမှာ ဆောင်းသင့်တဲ့ဦးထုပ်ပါ။ ကျွန်တော်တို့က အပြာရောင်ဦးထုပ်ကို ဆောင်းလိုက်တဲ့အခါ ကျွန်တော်တို့အလုပ်က တခြားသောဦးထုပ်ကိုဆောင်းထားတဲ့သူတွေဆီက ရလာတဲ့ အကြံဉာဏ်အားလုံးကို သေချာဆန်းစစ်ပြီး ပြဿနာဖြေရှင်းတဲ့အခါတကယ်အကျိုးသက်ရောက်မှုရှိစေမယ့် အဖြေတစ်ခုကို ရှာဖွေရမှာပဲဖြစ်ပါတယ်။

 

Six Thinking Hats မှာပါဝင်တဲ့ ဦးထုပ်တစ်ခုစီတိုင်းမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြဿနာတစ်ခုကိုရှာဖွေတဲ့အခါမှာ မတူညီတဲ့ရှုထောင့်ပေါင်းစုံကနေပြီးတော့ အဖြေတစ်ခုကိုရှာဖွေကြရပါတယ်။ လူတိုင်းမှာတော့ အားသန်ရာသန်ရာဦးထုပ်တွေရှိကြပေမယ့် တစ်ခုသတိထားရမှာက ဘယ်အချိန်၊ဘယ်အခြေအနေမှာ အသုံးပြုသင့်တယ်ဆိုတာမျိုးကိုတော့ သိထားဖို့လိုပါတယ်။

 

ဒါကြောင့် Brainstorming လုပ်ကြတဲ့အခါ အသင်းအဖွဲ့ထဲက လူတစ်ယောက်စီကို ဒီလို ရှုထောင့်တစ်ခုစီကနေ သုံးသပ်အဖြေရှာခိုင်းခြင်းက ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ Six Thinking Hats က အကောင်းဆုံးပြဿနာဖြေရှင်းခြင်းနည်းလမ်းတစ်ခုအဖြစ် အသတ်မှတ်ခံထားရခြင်းဖြစ်ပါတယ်။

 

 

 

ျပႆနာအားလုံးအတြက္ အေကာင္းဆုံးအေျဖကိုရွာေဖြေပးႏိုင္မယ့္ Six Thinking Hats

Six Thinking Hats ကို ၾကားဖူးပါသလား? Six Thinking Hats ဆိုတာ Problem Solving (ျပႆနာေျဖရွင္းျခင္း) အတြက္ သိပ္ကိုအေရးပါတဲ့ Brainstorming Technique တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ဒီနည္းလမ္းက ကြၽန္ေတာ္တို႔ရဲ႕ Critical Thinking (စိတ္ျဖာေတြးေတာျခင္း) ကို အားေကာင္းလာေစၿပီး ျပႆနာတစ္ခုကို အေျဖရွာတဲ့အခါ မတူညီတဲ့ ရႈေထာင့္ေပါင္းစုံကေန စနစ္တက်စဥ္းစားေစတဲ့ နည္းလမ္းတစ္ခုျဖစ္တဲ့အတြက္ ဆုံးျဖတ္ခ်က္ေတြကိုလည္း မွန္မွန္ကန္ကန္ ျမန္ျမန္ဆန္ဆန္ခ်ႏိုင္ေအာင္ ကူညီေပးမွာျဖစ္ပါတယ္။

 

Six Thinking Hats ဆိုတာဘာလဲ?
အမွန္တကယ္ကေတာ့ Six Thinking Hats က ၁၉၈၅ ခုႏွစ္ေလာက္က ထုတ္ေဝခဲ့တဲ့ စာအုပ္တစ္အုပ္ပါ။ စာေရးဆရာႀကီး Edward de Bono ေရသားခဲ့ၿပီး သိပ္ကိုေက်ာ္ၾကားခဲ့တဲ့စာအုပ္တစ္အုပ္ျဖစ္ပါတယ္။

 

Six Thinking Hats ေတြကဘာေတြလဲ?
Thinking Hats ဆိုတဲ့အတိုင္း ေတြးေခၚပုံ၊ ေတြးေခၚနည္းေတြပဲ ျဖစ္ပါတယ္။ ကမာၻေပၚက လူတိုင္းမွာ မတူညီတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြရွိၾကပါတယ္။ ဒီ ကိုယ္ရည္ကိုယ္ေသြးေတြအရပဲ သူတို႔ ေတြးေခၚပုံေတြက တစ္ဦးနဲ႔တစ္ဦးမတူညီၾကပါဘူး။ မတူညီတဲ့ ေတြးေခၚနည္းေတြကို ေလ့လာဆန္းစစ္လိုက္တဲ့အခါ ဒီ (၆) မ်ိဳးထြက္လာတာကို ေတြ႕ရပါတယ္။

 

အဆိုပါ Six Thinking Hats ေတြကေတာ့
(၁) White Thinking Hat (Facts)
(၂) Yellow Thinking Hat (Positivity )
(၃) Black Thinking Hat (Judgment)
(၄) Red Thinking Hat (Feelings)
(၅) Green Thinking Hat (Creativity)
(၆) Blue Thinking Hat (Analysis) တို႔ျဖစ္ပါတယ္။

 

(၁) White Thinking Hat (Facts)
ဒီလိုေတြးေခၚပုံမ်ိဳးကို “စုံေထာက္ဉာဏ္” လို႔ ဆိုၾကပါတယ္။ သူက ျပႆနာတစ္ရပ္ကို တိက်ေရရာတဲ့ အခ်က္အလက္ေတြစုၿပီး အေျဖရွာတဲ့သေဘာေပါ့ေနာ္။ သူက တိက်တဲ့အခ်က္အလက္ေတြကို စုတယ္၊ ေဝဖန္တယ္၊ ခြဲျခားတယ္၊ ၿပီးမွ ဘယ္အရာကလိုအပ္ေနသလဲ။ ဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ အေျဖကို ထုတ္ပါတယ္။ ဒါက ျပႆနာကို ခ်ဥ္းကပ္တဲ့နည္းလမ္းတစ္ခုပါ။ ဒါေပမယ့္ သင့္အေနနဲ႔ေတာ့ ဘယ္လိုအခ်ိန္၊ ဘယ္လိုျပႆနာမ်ိဳးမွာ အျဖဴေရာင္ဦးထုပ္ကိုေဆာင္းမလဲဆိုတာကိုေတာ့ ေ႐ြးခ်ယ္တတ္ဖို႔လိုပါတယ္။

 

(၂) Yellow Thinking Hat (Positivity)
အဝါေရာင္အေတြးဦးထုပ္ကက်ေတာ့ စိတ္အားထက္သန္ျခင္းနဲ႔ အေကာင္းျမင္ျခင္းကို ကိုယ္စားျပဳပါတယ္။ ေနသာၿပီးေတာက္ပတဲ့ေန႔ရက္ေတြမွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းအင္ေတြနဲ႔ အသစ္အသစ္ေသာအေတြးေတြကို ဖမ္းဆုပ္ဖို႔အတြက္ အေကာင္းဆုံးဦးထုပ္ပါ။ အဝါေရာင္အေတြးဦးထုပ္ကို ေဆာင္းမယ္ဆိုရင္ သူက အက်ိဳးနဲ႔တန္ဖိုးေတြကိုပဲရွာေဖြေပးမွာျဖစ္ပါတယ္။ ဒါေပမယ့္ အထက္ကေျပာခဲ့သလိုပဲ ဘယ္လိုျပႆနာမ်ိဳးကိုေျဖရွင္းတဲ့အခ်ိန္မွာ အသုံးျပဳမလဲ ဆိုတာကိုေတာ့ သင္ကိုယ္တိုင္နားလည္ဖို႔လိုပါတယ္။

 

(၃) Black Thinking Hat (Judgment)
Judgment ဆိုတဲ့အတိုင္းပဲ သူကေတာ့ မေကာင္းျခင္း၊ မျပည့္စုံျခင္းေတြကိုပဲ ဦးတည္ေတြးေခၚျခင္းျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔အေနနဲ႔ လိုအပ္ခ်က္ေတြကို ေသခ်ာရွာေဖြႏိုင္ဖို႔လိုပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆို Black Hat ကိုေ႐ြးခ်ယ္တာအေကာင္းဆုံးပါ။ Black hat က အားနည္းခ်က္ေတြ၊ ျဖစ္လာႏိုင္တဲ့ အႏၲရာယ္ေတြ၊ လိုအပ္ခ်က္ေတြကို ေဖာ္ထုတ္ေပးႏိုင္တာျဖစ္တဲ့အတြက္ အေပၚက Yellow Hat နဲ႔ တြဲဖက္ဝတ္ဆင္ရင္ေတာ့ လုံးဝၿပီးျပည့္စုံျခင္းပဲေပါ့ခင္ဗ်ာ။

 

(၄) Red Thinking Hat (Feelings)
အကယ္၍ ကြၽန္ေတာ္တို႔ အနီေရာင္အေတြးဦးထုပ္ကို ဝတ္ဆင္မိၾကတဲ့အခါ ကြၽန္ေတာ္တို႔ရဲ႕ အစီအစဥ္အားလုံးက အလိုလိုသိျခင္း၊ ခံစားခ်က္ေတြေပၚမွာပဲ အေျခခံၿပီး ျဖစ္တည္လာပါေတာ့တယ္။ ဒီေတြးေခၚပုံမ်ိဳးကက်ေတာ့ ျပႆနာကို ႐ိုး႐ိုးသားသားခ်ဥ္းကပ္ၿပီး ပြင့္ပြင့္လင္းလင္းအေျဖရွာျခင္းမ်ိဳးပါ။ ဆိုလိုတာက ကိုယ့္ Product ကိုအသုံးျပဳမယ့္ လူေတြရဲ႕ လိုအပ္ေနတဲ့ ခံစားခ်က္ကဘာလဲ။ သူတို႔ကို ႏွစ္သက္ေစမယ့္ ခံစားခ်က္မ်ိဳးကို ဘယ္လိုေပးစြမ္းမလဲ ဆိုတဲ့အခ်က္ေတြေပၚမူတည္ၿပီး စဥ္းစားအေျဖရွာျခင္းမ်ိဳးျဖစ္ပါတယ္။

 

(၅) Green Thinking Hat (Creativity)
အစိမ္းေရာင္အေတြးဦးထုပ္ကေတာ့ ကြၽန္ေတာ္တို႔ကို ျဖစ္ႏိုင္ေခ်ေတြရဲ႕ ျပင္ပကို ဆြဲေခၚထုတ္ၿပီးအေျဖရွာခိုင္းျခင္းပါ။ အစိမ္းေရာင္ဦးထုပ္ကိုေဆာင္းရမယ့္အခ်ိန္ကေတာ့ ဆန္းျပားတဲ့အေတြးေတြကို ရွာေဖြႏိုင္ဖို႔အတြက္ အားလုံးရဲ႕ ျပင္ပကို ခဏထြက္လိုက္ရခ်ိန္မွာ ေဆာင္းသင့္တာျဖစ္ပါတယ္။

 

(၆) Blue Thinking Hat (Analysis)
အျပာေရာင္ဦးထုပ္ကေတာ့ အေျခအေနအရ လိုအပ္တဲ့စီမံခန႔္ခြဲမႈမ်ိဳးေတြကိုရွာေဖြတဲ့အခါမွာ ေဆာင္းသင့္တဲ့ဦးထုပ္ပါ။ ကြၽန္ေတာ္တို႔က အျပာေရာင္ဦးထုပ္ကို ေဆာင္းလိုက္တဲ့အခါ ကြၽန္ေတာ္တို႔အလုပ္က တျခားေသာဦးထုပ္ကိုေဆာင္းထားတဲ့သူေတြဆီက ရလာတဲ့ အႀကံဉာဏ္အားလုံးကို ေသခ်ာဆန္းစစ္ၿပီး ျပႆနာေျဖရွင္းတဲ့အခါတကယ္အက်ိဳးသက္ေရာက္မႈရွိေစမယ့္ အေျဖတစ္ခုကို ရွာေဖြရမွာပဲျဖစ္ပါတယ္။

 

Six Thinking Hats မွာပါဝင္တဲ့ ဦးထုပ္တစ္ခုစီတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ကိုယ္စီရွိၾကပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ျပႆနာတစ္ခုကိုရွာေဖြတဲ့အခါမွာ မတူညီတဲ့ရႈေထာင့္ေပါင္းစုံကေနၿပီးေတာ့ အေျဖတစ္ခုကိုရွာေဖြၾကရပါတယ္။ လူတိုင္းမွာေတာ့ အားသန္ရာသန္ရာဦးထုပ္ေတြရွိၾကေပမယ့္ တစ္ခုသတိထားရမွာက ဘယ္အခ်ိန္၊ဘယ္အေျခအေနမွာ အသုံးျပဳသင့္တယ္ဆိုတာမ်ိဳးကိုေတာ့ သိထားဖို႔လိုပါတယ္။

 

ဒါေၾကာင့္ Brainstorming လုပ္ၾကတဲ့အခါ အသင္းအဖြဲ႕ထဲက လူတစ္ေယာက္စီကို ဒီလို ရႈေထာင့္တစ္ခုစီကေန သုံးသပ္အေျဖရွာခိုင္းျခင္းက ထိေရာက္တဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Six Thinking Hats က အေကာင္းဆုံးျပႆနာေျဖရွင္းျခင္းနည္းလမ္းတစ္ခုအျဖစ္ အသတ္မွတ္ခံထားရျခင္းျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)