Success

Friday, 15 January 2021

အရောင်းဖြစ်စဉ်

အရောင်းဖြစ်စဉ်

ကမ္ဘာ့နိုင်ငံတွေရဲ့ အနာဂတ်ဟာ အရောင်းပါ။ ကိုယ့်နိုင်ငံကိုယ့် တိုင်းပြည်ဖွံ့ဖြိုးဖို့၊ တိုး တက်ဖို့ ငွေလိုပါတယ်။ အဲဒီငွေကိုရနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းဟာ အရောင်း ပါပဲ။ ရောင်းနိုင်မှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ချမ်းသာမယ်။ ချမ်းသာ မှ ကိုယ့်နိုင်ငံအတွက် လိုအပ် သမျှ အသုံးအဆောင်တွေ ဝယ်နိုင်မယ်။ ဒါကြောင့် ရောင်းရပါမယ်။ ဒီနေ့နိုင်ငံတကာ အစိုးရ အသီးသီးရဲ့ သံအမတ်ကြီးတွေကို သူ တာဝန်ကျရာနိုင်ငံတွေကို မလွှတ်ခင်မှာ သမ္မတတွေ က ဩဝါဒပေးကြတဲ့အခါ အဓိကမှာ လိုက်တဲ့စကားက “ဈေးရောင်းဖို့” ပါပဲ။ ကိုယ့်နိုင်ငံက ရောင်းကုန်ကို အသိ ပေးဝယ်ချင်လာအောင်လုပ် ဆိုတာဟာ အဓိကအမှာစကားပါ။

 

“ရောင်းရေး” ကို စဉ်းစားကြည့်ရင် “ရောင်းကုန်” ဆိုတာကို အရင်ဆုံးမြင်မိမှာပါ။ ဘာရောင်း မလဲ၊ ဘယ်သူ့ကိုရောင်းမလဲ ဘယ်လိုရောင်းမလဲ၊ ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာ တွေက နောက်ဆက်တွဲစဉ်းစား စရာတွေပါ။ ရောင်းကုန်ဟာ ပစ္စည်း၊ ဒါမှမဟုတ် အစွမ်းအစ၊ ဒါမှမဟုတ် အကြံအစည်၊ ဒါမှမဟုတ် ဝန်ဆောင်မှု၊ ဒါမှမဟုတ် အတွေ့အကြုံ၊ ဒါမှမဟုတ်၊ သမိုင်းဆိုတာတွေထဲက တစ်ခုခု ဖြစ်ကြရပါတယ်။

 

ပစ္စည်းဆိုတာက မြင်သာတယ်၊ ကိုင်ကြည့်လို့ရတယ်၊ စမ်းကြည့်လို့ရတယ်။ ကိုင် ကြည့် စမ်းကြည့် ကြိုက်မှဝယ်။ အစွမ်း အစဆိုတာကမမြင်သာဘူး။ လူမှာပဲရှိ တယ်။ လူစွမ်း လူစကို မေးကြည့်ရုံနဲ့လည်းမရ၊ တစ်ဆင့်စကားနဲ့လည်း သိနိုင်တယ်။ ဘောလုံး ကန် တတ် တာချင်းအတူတူ တန်ဖိုးချင်းမတူ ဘူးလေ။ အကြံအစည်ဆိုတာလည်း ထိ တွေ့ ကိုင် တွယ် လို့မရဘူး။ ဒါပေမဲ့ အကောင် အထည်ဖော်လို့ရတဲ့ အကြံအစည်ကို မြင်သာအောင် ချရေး ထားလို့ရတယ်။ ဝန်ဆောင်မှုကို ကိုင်တွယ်ထိတွေ့ဖို့ ခက်တတ် ပေမဲ့ ခံစားလို့ရ တယ်။ ပင်ပန်းညောင်းညာနေတဲ့အချိန်မှာ အနှိပ်ခံလိုက်ရင် ဝန်ဆောင်မှုဆိုတာကို ခံစား လို့ရသွားတယ်။ အတွေ့အကြုံကတော့ ကိုယ်ကိုယ်တိုင် ထိတွေ့ခဲ့ဖူး ပြီးသားဖြစ်နေရမယ်။ သူများအတွေ့အကြုံကို တစ်ဆင့်ရောင်းစားလို့မရနိုင်ဘူး။

 

တောင်တက်ဖူးတဲ့အတွေ့ အကြုံ၊ မြစ်ရေကြမ်းကြမ်းမှာ ဖောင်စုန်ဖူးတဲ့ အတွေ့အကြုံ၊ တောထဲတောင်ထဲမှာ သားရဲတိရိစ္ဆာန် ကို အမဲလိုက်ဖူးတဲ့အတွေ့အကြုံ၊ စစ်တိုက်ဖူးတဲ့ အတွေ့ အကြုံ ဒါတွေလည်း ရောင်းလို့ရတယ်။ သမိုင်းရောင်းလို့ရတာပေါ့ဗျာ။ ခိုင်မာတိကျပြီး ထင်ရှားတဲ့ သမိုင်းရှိတဲ့နေရာကို လည်ပတ် သွားလာခွင့်ဆိုတာ ရောင်းကုန် ပေါ့။ ဘိုးစဉ်ဘောင်ဆက် ပါးစပ်ဆင့် ကမ်းလာခဲ့တဲ့ ဒဏ္ဍာရီတောင် ရောင်းလို့ရသေးတာ စနစ်တကျပြုစု ထားတဲ့ သမိုင်းဟာ ရောင်းလို့ရတာပေါ့။ နောက်တစ်မျိုးက သမိုင်းရှိတဲ့ကုန်စည်၊ ဥပမာ- ပုဂံမှာပုန်းရည် ကြီး ရောင်းတယ်။ အဲဒါဟာ ပုန်းရည်ကြီးဆို တဲ့စားဖွယ်ကိုရောင်းတာ မဟုတ်ဘူး။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂံနိုင်ငံတော်ဆိုတာ ရှိတယ်။ အဲဒီ ပုဂံနိုင်ငံတော်ကြီးကို အုပ်စိုးခဲ့ကြတဲ့ ပြည့်ရှင်ဘုရင်တွေ ပွဲတော်တည်တဲ့အခါ မရှိမဖြစ်ပါရတဲ့ ဟင်းအမယ် (အမည်) တစ်ခုက ပုန်းရည်ကြီးဖြစ် တယ်။ ဒါကြောင့် ပဲကချက်တဲ့ပုန်းရည်ကြီးဆိုတဲ့ အာဟာရစား ဖွယ်တစ်မျိုးဟာ သမိုင်းဝင် အစားအစာတစ်ခုဖြစ်တယ်။ အဲဒီသမိုင်းကို ရောင်းတာ။ ပုန်းရည်ကြီးချင်းတူရင် ပုဂံက ပုန်းရည်ကြီးကို ဝယ်မယ်။ သူ့မှာ သမိုင်းရှိတယ်။

 

အဲဒီလို ရောင်းကုန်တွေကို ရောင်းကြတဲ့အခါ ကိုယ့်ပစ္စည်း၊ ကိုယ့်ကုန်စည် ဘယ်လောက် ကောင်းပါတယ် ဆိုတာကို အမွှမ်းတင်ပြီးရောင်းကြရပါတယ်။ အဲဒါ ကိုပဲ ကြော်ငြာတယ်တို့၊ အထူးအခွင့်အရေး ပေးတယ်တို့၊ လက်ဆောင်ပါတယ် တို့၊ ကန့်သတ်ကာလအတွင်း ဈေး လျှော့မယ်တို့ဆိုတဲ့ ဆွဲဆောင်မှုတွေနဲ့ အမွှမ်း တင်ကြတယ်။ ဒါပေမဲ့ အမွှမ်းတင်တိုင်း ရောင်း ကောင်းတာ တော့မဟုတ်ပါဘူး။ ရောင်းကောင်းချင်ရင် ကိုယ့်ရောင်းကုန်ကို ဝယ်သူ ကြိုက်အောင် သေသေချာချာ ပြင်ဆင်ထားဖို့ လိုပါတယ်။ ထပ်တလဲလဲ ဖြစ်စဉ်တွေကို ရှောင်ဖို့လိုပါတယ်။

 

နည်းသစ်တွေကို စဉ်းစားဖို့လိုပါတယ်။ မသိမသာပြောင်းလဲတဲ့ အပြောင်း လုပ်တတ်ဖို့လိုပါတယ်။ ဒီနေ့ ကမ္ဘာ ကျော်ကုန်စည်တွေဟာ သူတို့ရဲ့ အမှတ် တံဆိပ် တွေကို တဖြည်းဖြည်းနဲ့ မသိမသာ ပြောင်းယူ လာတာတွေ့နိုင်ပါတယ်။ နောက် လည်းပြောင်းဦးမှာပါပဲ။ ဒါဟာ သူတို့ပစ္စည်း သူတို့ကုန်စည်ရဲ့ ဈေးကွက် နေရာ ရမှုသမိုင်းပါပဲ။ အဲဒီသမိုင်းကို သူတို့ဆက်ပြီး တည်ဆောက်သွားကြမှာပါ။ သမိုင်း ရှိသွားတဲ့ကုန် စည်ဟာ ခိုင်မာတဲ့ဈေးကွက်ဝေစုကိုရနိုင် ပါတယ်။ ဒါဆိုရင် ခိုင်မာ တဲ့ ဈေးကွက်ဝေစု ရအောင် ဘယ်လိုရောင်းမလဲ။ နိုင်ငံတကာလှည့်ပြီး ဈေး ရောင်းနေကြတဲ့ အရောင်း သမားကောင်းတွေဟာ ဒီနည်းစဉ်ကို သုံးကြပါတယ်။ Lead-Demand-Prospect- Opportunity- Purchase ဆိုတဲ့နည်းစဉ်ပါ။

 


Lead ဆိုတာကို အရောင်းနယ်ပယ်မှာ Lead လို့ပဲသုံးပါတယ်။ လမ်းပြတာ၊ လမ်းထွင် တာပါ။ သူမပါဘဲနဲ့ ဘယ်ရောင်းကုန်မှ ရောင်းမထွက်ပါဘူး။ အဲဒီ အဆင့်ဟာ လမ်းရှာ ရတဲ့အဆင့်ပါ။ အရောင်းကို ဦးဆောင်မယ့်သူက သူ့ကုန်စည် ရောင်းရနိုင် မယ့်အခြေအနေ အားလုံးကို သုံးသပ်ပြီးလမ်း ကြောင်းရှာ လမ်းပြရ တာပါ။ အဲဒီအဆင့်မှာ အရောင်း ဦးဆောင်သူဟာ သူ့ကုန်စည်ကို ဝယ်နိုင်မယ့်၊ ဝယ်ချင်မယ့်အလားအလာ ရှိသူတွေကို စာရင်းပြုစုရပါတယ်။ အဲဒီ အလားအလာ ရှိနိုင်တဲ့ ဝယ်ယူသူတွေကို ချဉ်းကပ်ရာမှာ ဘယ်သူကနေတစ်ဆင့်ဝင်ရ ထွက်ရ မလဲဆိုတဲ့ စာရင်းလည်း လုပ်ရပါတယ်။ ပြီးရင် သူ့ကုန်စည်အကြောင်းကို ကြော်ငြာရပါတယ်။ ပြီးတော့ ဘယ်သူ တွေက သူ့ကုန်စည် အကြောင်းကို ဘာတွေ ပြောနေသလဲ ဆိုတာကိုလည်း လေ့လာရ ပါတယ်။ အဲဒီအခြေ ခံတွေကို လေ့လာတဲ့ လုပ်ငန်းစဉ်ကို Lead လို့ခေါ်တာပါ။

 


အဲဒီပထမဖြစ်စဉ်ကနေ လိုချင်တဲ့ အချက်အလက်တွေ စုဆောင်းပြီးပြီဆိုရင် ဖြစ်နိုင်ခြေကို ခွဲခြမ်းစိတ်ဖြာလေ့လာရပြန် ပါတယ်။ အဲဒီအဆင့်ကို ပြီးမြောက် တော့မှ ဒုတိယ ခြေလှမ်း ဖြစ်တဲ့ ဝယ်သူလိုချင်စိတ် ဖြစ်လာအောင် လုပ်ရတာပါ။ အဲဒါက Demand ဖြစ်ပါတယ်။ ကိုယ့်ကုန်စည်က ဈေးကွက်ထဲမှာ ရှိမနေ သေး ပါဘူး။ ဝယ်နိုင် ခြေရှိသူတွေဆီကို ကိုယ်တိုင်ဖုန်းဆက်တွေ့ ခွင့်တောင်း၊ သပ်သပ်ရပ်ရပ် ဝတ်စားပြီး ကိုယ်တိုင်အရောက်သွား မိတ်ဆက်၊ မိတ်ဖွဲ့ပြီးခင် အောင်ပေါင်း ကိုယ့်ရောင်းကုန်အကြောင်း ပြောပြ၊ ဝယ်ဖို့အလား အလာရှိတဲ့ သူဘာတွေ ကြိုက်တတ်သလဲဆိုတာ ကြိုလေ့လာထား ပြီး သူ့အကြိုက် တွေပြော၊ တစ်ဖက်လူက လိုလိုလားလားရှိပုံပြပြီး စကားပြန်ပြောပြီ ဆိုရင် သေသေချာချာ စိတ်ဝင်တစားနား ထောင်။ ကိုယ်သိပြီးသားဖြစ်ပေမဲ့ မသိသေး ယောင်ဆောင်ပြီး (သူဖြေနိုင်မယ့်) မေးခွန်း တချို့မေး။ အဲဒီထဲကနေ အချက်အလက် တွေမှတ်လာ။ သိပ်ကိုကျေးဇူးတင်ပါ ကြောင်း၊ အကြံပေးတာတွေကိုလိုက်နာလုပ် ဆောင်မယ့် အကြောင်းပြော။ နောက်ထပ် ဆုံချင်ပါသေးကြောင်း၊ ပညာတွေယူချင်ပါ သေးကြောင်းပြော။ ဒါဆိုတစ်ဆင့်အောင် ပါပြီ။ အဲဒီအဆင့်မှာ လူများများနဲ့စကား ပြောနိုင်ရပါမယ်။ စိတ်ရှည်ရ ပါမယ်။ အဲဒီ ပညာရပ်တွေသင်ပေးတဲ့သင်တန်းတွေ စုံ အောင်တက်ထားဖို့လိုပါတယ်။ စကားပြော နည်းသင်တန်းတို့၊ ကိုယ်အမူအရာ လေယူ လေသိမ်းအဖြတ်အတောက် စတာတွေကို သင်ပေးတဲ့သင်တန်းတို့၊ အဝတ်အစားဝတ် ဆင်နည်းသင်တန်းတို့၊ အစားအသောက်ကို ပုံပမ်းကျကျ စားနည်းသင်တန်းတို့ တက် ထားပြီး လေ့ကျင့်ထားရ ပါမယ်။

 


ပြီးတော့မှ နောက်တစ်ဆင့်ဖြစ်တဲ့ တကယ့်အလားအလာ (Prospect) ရှိသူ တွေကို ဆန်ခါ တင်ထပ်ရွေး။ အဲဒီလူတွေ ကမှ ကိုယ့်ရဲ့ပစ်မှတ်ဖြစ်လာမှာ။ ဒီအဆင့် ကိုရောက်ရင် ဝယ်လို အားတွေ၊ ဝယ်နိုင်ခြေ တွေရှိတိုင်းဝယ်မှာမဟုတ်ဘူး။ အဲဒါ ဟာ Demand အဆင့်မှာ ထားခဲ့ရမှာ။ Prospect ကတော့ တကယ့်ကို သေချာ ပေါက် ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ဝယ်မယ့် အလားအလာပါ။ သူ့ကို အပြည့်အဝ ဂရုစိုက်ပါ။ ကိုယ့်ဘက်က နည်းနည်းလေးမှ ချို့ယွင်း သွားလို့မဖြစ်ပါဘူး။ ခြေ ချော်လက်ချော်နဲ့ ချို့ယွင်းသွားခဲ့ရင်လည်း လက်လွှတ် လိုက်ရမှာပါ။ တောင်းပန်ဖို့ မစဉ်းစားပါနဲ့တော့။ Prospect တွေဟာ ကွဲလွယ်ကြေ လွယ် ပါတယ်။ ကိုယ် တကယ် ရောင်းမယ့်ဈေးကို အပြီးသတ်ညှိနှိုင်းရမှာလည်း အဲဒီအလား အလာ အရှိဆုံးပုဂ္ဂိုလ် (Prospect) နဲ့ပါပဲ။ သူ့အတွက် အချိန်ပေးရ ပါမယ်။ စိတ်ရှည်ရ ပါမယ်။ ဒါဆိုရင် နောက်တစ်ဆင့်ဖြစ်တဲ့ ဈေးရောင်းခွင့်အခွင့်အလမ်း (Opportunity) ဆီကိုရောက်ပါပြီ။ အဲဒီအဆင့်မှာ တကယ်ဝယ်မယ့် Prospect ဆီကအခွင့် အလမ်းကို ကိုယ်လိုပဲရှာဖွေချဉ်းကပ်နေသူ တွေရှိနေမှာပါ။ အဲဒီ အခွင့်အလမ်း ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိဖို့ သိပ်အရေးပါပါတယ်။ ကိုယ့်ရောင်း ကုန်ကို ရောင်းခွင့်ရဖို့ နောက်ဆုံး အား ထုတ်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီအဆင့်မှာ သတိထားရမယ့်အရာက Social Skills လို့ခေါ်တဲ့ လူမှုဆက်ဆံ ရေးပါပဲ။ တကယ်ဝယ်မယ့်သူ (Prospect) ရဲ့စိတ်ထဲမှာ ကိုယ့်ကို အရောင်းသမားတစ် ယောက်လို့မမြင်တော့ဘဲ သူနဲ့နှစ်ပေါင်းများစွာကတည်းက ခင်မင် လာတဲ့ မိတ်ဖက် မိတ်aဆွတစ်ယောက်အဖြစ် သူ့အကျိုးကိုလိုလား သူအဖြစ် မြင်သွား အောင် Social Skills က တတ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့နိုင်ငံတကာမှာ အရောင်း သမားတွေကို Social Skills ဘာသာရပ်ကို အထူးပြုပြီးသင်ကြား ပေးကြပါတယ်။

 


နောက်ဆုံးမှာတော့ ရောင်းချခွင့် အခွင့်အလမ်းဟာ ကိုယ့်လက်ထဲကို ရောက်လာပါပြီ။ ကိုယ့်ရဲ့ရောင်းကုန်ကိုဝယ်ယူဖို့ Prospect က သဘောတူလိုက်ပါပြီ။ ဝယ်ယူလိုက်ပါပြီ။ Purchase ဆိုတဲ့အဆင့်မှာ တကယ့်ဖြစ်စဉ်အမှန်က ကိုယ်ကရောင်း လိုက်တာပါ။ ဒါပေမဲ့ အလားအလာရှိသူ (Prospect) ရဲ့အမြင်မှာ တော့ တန်လွန်းလို့၊ ကောင်းလွန်းလို့ ဝယ် ယူလိုက်တာပါ။ ဝယ်တတ်လိုက်တာ၊ အဆင်ပြေလိုက်တာ၊ တန်လိုက်တာ၊ အရတော် လိုက်တာဆိုတဲ့ စိတ်ဝင် သွားပါ တော့တယ်။ ဒါကြောင့် ဒီအဆင့်ကို ရောင်းတယ်လို့ မပြောဘဲ ဝယ်တယ်လို့ ပြောရခြင်းပါ။ Prospect က ဝယ်ယူလိုက်ရလို့ ကျေနပ်တယ်။ အရောင်းသမား က ပိုက်ဆံရလိုက်လို့ ကျေနပ်တယ်။ တကယ် တော့ ဝယ်သူနဲ့ရောင်းသူ ကြည်ဖြူ ကြဖို့ပဲ မဟုတ်ပါလားခင်ဗျာ။

 

 

Credit- B2B Myanmar

 

 

အေရာင္းျဖစ္စဥ္

ကမာၻ႔ႏိုင္ငံေတြရဲ႕ အနာဂတ္ဟာ အေရာင္းပါ။ ကိုယ့္ႏိုင္ငံကိုယ့္ တိုင္းျပည္ဖြံ႕ၿဖိဳးဖို႔၊ တိုး တက္ဖို႔ ေငြလိုပါတယ္။ အဲဒီေငြကိုရႏိုင္တဲ့ တစ္ခုတည္းေသာလမ္းေၾကာင္းဟာ အေရာင္း ပါပဲ။ ေရာင္းႏိုင္မွ ပိုက္ဆံရမယ္။ ပိုက္ဆံရမွ ခ်မ္းသာမယ္။ ခ်မ္းသာ မွ ကိုယ့္ႏိုင္ငံအတြက္ လိုအပ္ သမွ် အသုံးအေဆာင္ေတြ ဝယ္ႏိုင္မယ္။ ဒါေၾကာင့္ ေရာင္းရပါမယ္။ ဒီေန႔ႏိုင္ငံတကာ အစိုးရ အသီးသီးရဲ႕ သံအမတ္ႀကီးေတြကို သူ တာဝန္က်ရာႏိုင္ငံေတြကို မလႊတ္ခင္မွာ သမၼတေတြ က ဩဝါဒေပးၾကတဲ့အခါ အဓိကမွာ လိုက္တဲ့စကားက “ေဈးေရာင္းဖို႔” ပါပဲ။ ကိုယ့္ႏိုင္ငံက ေရာင္းကုန္ကို အသိ ေပးဝယ္ခ်င္လာေအာင္လုပ္ ဆိုတာဟာ အဓိကအမွာစကားပါ။

 

“ေရာင္းေရး” ကို စဥ္းစားၾကည့္ရင္ “ေရာင္းကုန္” ဆိုတာကို အရင္ဆုံးျမင္မိမွာပါ။ ဘာေရာင္း မလဲ၊ ဘယ္သူ႔ကိုေရာင္းမလဲ ဘယ္လိုေရာင္းမလဲ၊ ဘယ္ေလာက္နဲ႔ ေရာင္းမလဲဆိုတာ ေတြက ေနာက္ဆက္တြဲစဥ္းစား စရာေတြပါ။ ေရာင္းကုန္ဟာ ပစၥည္း၊ ဒါမွမဟုတ္ အစြမ္းအစ၊ ဒါမွမဟုတ္ အႀကံအစည္၊ ဒါမွမဟုတ္ ဝန္ေဆာင္မႈ၊ ဒါမွမဟုတ္ အေတြ႕အႀကဳံ၊ ဒါမွမဟုတ္၊ သမိုင္းဆိုတာေတြထဲက တစ္ခုခု ျဖစ္ၾကရပါတယ္။

 

ပစၥည္းဆိုတာက ျမင္သာတယ္၊ ကိုင္ၾကည့္လို႔ရတယ္၊ စမ္းၾကည့္လို႔ရတယ္။ ကိုင္ ၾကည့္ စမ္းၾကည့္ ႀကိဳက္မွဝယ္။ အစြမ္း အစဆိုတာကမျမင္သာဘူး။ လူမွာပဲရွိ တယ္။ လူစြမ္း လူစကို ေမးၾကည့္႐ုံနဲ႔လည္းမရ၊ တစ္ဆင့္စကားနဲ႔လည္း သိႏိုင္တယ္။ ေဘာလုံး ကန္ တတ္ တာခ်င္းအတူတူ တန္ဖိုးခ်င္းမတူ ဘူးေလ။ အႀကံအစည္ဆိုတာလည္း ထိ ေတြ႕ ကိုင္ တြယ္ လို႔မရဘူး။ ဒါေပမဲ့ အေကာင္ အထည္ေဖာ္လို႔ရတဲ့ အႀကံအစည္ကို ျမင္သာေအာင္ ခ်ေရး ထားလို႔ရတယ္။ ဝန္ေဆာင္မႈကို ကိုင္တြယ္ထိေတြ႕ဖို႔ ခက္တတ္ ေပမဲ့ ခံစားလို႔ရ တယ္။ ပင္ပန္းေညာင္းညာေနတဲ့အခ်ိန္မွာ အႏွိပ္ခံလိုက္ရင္ ဝန္ေဆာင္မႈဆိုတာကို ခံစား လို႔ရသြားတယ္။ အေတြ႕အႀကဳံကေတာ့ ကိုယ္ကိုယ္တိုင္ ထိေတြ႕ခဲ့ဖူး ၿပီးသားျဖစ္ေနရမယ္။ သူမ်ားအေတြ႕အႀကဳံကို တစ္ဆင့္ေရာင္းစားလို႔မရႏိုင္ဘူး။

 

ေတာင္တက္ဖူးတဲ့အေတြ႕ အႀကဳံ၊ ျမစ္ေရၾကမ္းၾကမ္းမွာ ေဖာင္စုန္ဖူးတဲ့ အေတြ႕အႀကဳံ၊ ေတာထဲေတာင္ထဲမွာ သားရဲတိရိစာၦန္ ကို အမဲလိုက္ဖူးတဲ့အေတြ႕အႀကဳံ၊ စစ္တိုက္ဖူးတဲ့ အေတြ႕ အႀကဳံ ဒါေတြလည္း ေရာင္းလို႔ရတယ္။ သမိုင္းေရာင္းလို႔ရတာေပါ့ဗ်ာ။ ခိုင္မာတိက်ၿပီး ထင္ရွားတဲ့ သမိုင္းရွိတဲ့ေနရာကို လည္ပတ္ သြားလာခြင့္ဆိုတာ ေရာင္းကုန္ ေပါ့။ ဘိုးစဥ္ေဘာင္ဆက္ ပါးစပ္ဆင့္ ကမ္းလာခဲ့တဲ့ ဒ႑ာရီေတာင္ ေရာင္းလို႔ရေသးတာ စနစ္တက်ျပဳစု ထားတဲ့ သမိုင္းဟာ ေရာင္းလို႔ရတာေပါ့။ ေနာက္တစ္မ်ိဳးက သမိုင္းရွိတဲ့ကုန္စည္၊ ဥပမာ- ပုဂံမွာပုန္းရည္ ႀကီး ေရာင္းတယ္။ အဲဒါဟာ ပုန္းရည္ႀကီးဆို တဲ့စားဖြယ္ကိုေရာင္းတာ မဟုတ္ဘူး။

 

သမိုင္းမွာ ထင္ရွားခဲ့တဲ့ ပုဂံႏိုင္ငံေတာ္ဆိုတာ ရွိတယ္။ အဲဒီ ပုဂံႏိုင္ငံေတာ္ႀကီးကို အုပ္စိုးခဲ့ၾကတဲ့ ျပည့္ရွင္ဘုရင္ေတြ ပြဲေတာ္တည္တဲ့အခါ မရွိမျဖစ္ပါရတဲ့ ဟင္းအမယ္ (အမည္) တစ္ခုက ပုန္းရည္ႀကီးျဖစ္ တယ္။ ဒါေၾကာင့္ ပဲကခ်က္တဲ့ပုန္းရည္ႀကီးဆိုတဲ့ အာဟာရစား ဖြယ္တစ္မ်ိဳးဟာ သမိုင္းဝင္ အစားအစာတစ္ခုျဖစ္တယ္။ အဲဒီသမိုင္းကို ေရာင္းတာ။ ပုန္းရည္ႀကီးခ်င္းတူရင္ ပုဂံက ပုန္းရည္ႀကီးကို ဝယ္မယ္။ သူ႔မွာ သမိုင္းရွိတယ္။

 

အဲဒီလို ေရာင္းကုန္ေတြကို ေရာင္းၾကတဲ့အခါ ကိုယ့္ပစၥည္း၊ ကိုယ့္ကုန္စည္ ဘယ္ေလာက္ ေကာင္းပါတယ္ ဆိုတာကို အမႊမ္းတင္ၿပီးေရာင္းၾကရပါတယ္။ အဲဒါ ကိုပဲ ေၾကာ္ျငာတယ္တို႔၊ အထူးအခြင့္အေရး ေပးတယ္တို႔၊ လက္ေဆာင္ပါတယ္ တို႔၊ ကန႔္သတ္ကာလအတြင္း ေဈး ေလွ်ာ့မယ္တို႔ဆိုတဲ့ ဆြဲေဆာင္မႈေတြနဲ႔ အမႊမ္း တင္ၾကတယ္။ ဒါေပမဲ့ အမႊမ္းတင္တိုင္း ေရာင္း ေကာင္းတာ ေတာ့မဟုတ္ပါဘူး။ ေရာင္းေကာင္းခ်င္ရင္ ကိုယ့္ေရာင္းကုန္ကို ဝယ္သူ ႀကိဳက္ေအာင္ ေသေသခ်ာခ်ာ ျပင္ဆင္ထားဖို႔ လိုပါတယ္။ ထပ္တလဲလဲ ျဖစ္စဥ္ေတြကို ေရွာင္ဖို႔လိုပါတယ္။

 

နည္းသစ္ေတြကို စဥ္းစားဖို႔လိုပါတယ္။ မသိမသာေျပာင္းလဲတဲ့ အေျပာင္း လုပ္တတ္ဖို႔လိုပါတယ္။ ဒီေန႔ ကမာၻ ေက်ာ္ကုန္စည္ေတြဟာ သူတို႔ရဲ႕ အမွတ္ တံဆိပ္ ေတြကို တျဖည္းျဖည္းနဲ႔ မသိမသာ ေျပာင္းယူ လာတာေတြ႕ႏိုင္ပါတယ္။ ေနာက္ လည္းေျပာင္းဦးမွာပါပဲ။ ဒါဟာ သူတို႔ပစၥည္း သူတို႔ကုန္စည္ရဲ႕ ေဈးကြက္ ေနရာ ရမႈသမိုင္းပါပဲ။ အဲဒီသမိုင္းကို သူတို႔ဆက္ၿပီး တည္ေဆာက္သြားၾကမွာပါ။ သမိုင္း ရွိသြားတဲ့ကုန္ စည္ဟာ ခိုင္မာတဲ့ေဈးကြက္ေဝစုကိုရႏိုင္ ပါတယ္။ ဒါဆိုရင္ ခိုင္မာ တဲ့ ေဈးကြက္ေဝစု ရေအာင္ ဘယ္လိုေရာင္းမလဲ။ ႏိုင္ငံတကာလွည့္ၿပီး ေဈး ေရာင္းေနၾကတဲ့ အေရာင္း သမားေကာင္းေတြဟာ ဒီနည္းစဥ္ကို သုံးၾကပါတယ္။ Lead-Demand-Prospect- Opportunity- Purchase ဆိုတဲ့နည္းစဥ္ပါ။

 


Lead ဆိုတာကို အေရာင္းနယ္ပယ္မွာ Lead လို႔ပဲသုံးပါတယ္။ လမ္းျပတာ၊ လမ္းထြင္ တာပါ။ သူမပါဘဲနဲ႔ ဘယ္ေရာင္းကုန္မွ ေရာင္းမထြက္ပါဘူး။ အဲဒီ အဆင့္ဟာ လမ္းရွာ ရတဲ့အဆင့္ပါ။ အေရာင္းကို ဦးေဆာင္မယ့္သူက သူ႔ကုန္စည္ ေရာင္းရႏိုင္ မယ့္အေျခအေန အားလုံးကို သုံးသပ္ၿပီးလမ္း ေၾကာင္းရွာ လမ္းျပရ တာပါ။ အဲဒီအဆင့္မွာ အေရာင္း ဦးေဆာင္သူဟာ သူ႔ကုန္စည္ကို ဝယ္ႏိုင္မယ့္၊ ဝယ္ခ်င္မယ့္အလားအလာ ရွိသူေတြကို စာရင္းျပဳစုရပါတယ္။ အဲဒီ အလားအလာ ရွိႏိုင္တဲ့ ဝယ္ယူသူေတြကို ခ်ဥ္းကပ္ရာမွာ ဘယ္သူကေနတစ္ဆင့္ဝင္ရ ထြက္ရ မလဲဆိုတဲ့ စာရင္းလည္း လုပ္ရပါတယ္။ ၿပီးရင္ သူ႔ကုန္စည္အေၾကာင္းကို ေၾကာ္ျငာရပါတယ္။ ၿပီးေတာ့ ဘယ္သူ ေတြက သူ႔ကုန္စည္ အေၾကာင္းကို ဘာေတြ ေျပာေနသလဲ ဆိုတာကိုလည္း ေလ့လာရ ပါတယ္။ အဲဒီအေျခ ခံေတြကို ေလ့လာတဲ့ လုပ္ငန္းစဥ္ကို Lead လို႔ေခၚတာပါ။

 


အဲဒီပထမျဖစ္စဥ္ကေန လိုခ်င္တဲ့ အခ်က္အလက္ေတြ စုေဆာင္းၿပီးၿပီဆိုရင္ ျဖစ္ႏိုင္ေျခကို ခြဲျခမ္းစိတ္ျဖာေလ့လာရျပန္ ပါတယ္။ အဲဒီအဆင့္ကို ၿပီးေျမာက္ ေတာ့မွ ဒုတိယ ေျခလွမ္း ျဖစ္တဲ့ ဝယ္သူလိုခ်င္စိတ္ ျဖစ္လာေအာင္ လုပ္ရတာပါ။ အဲဒါက Demand ျဖစ္ပါတယ္။ ကိုယ့္ကုန္စည္က ေဈးကြက္ထဲမွာ ရွိမေန ေသး ပါဘူး။ ဝယ္ႏိုင္ ေျခရွိသူေတြဆီကို ကိုယ္တိုင္ဖုန္းဆက္ေတြ႕ ခြင့္ေတာင္း၊ သပ္သပ္ရပ္ရပ္ ဝတ္စားၿပီး ကိုယ္တိုင္အေရာက္သြား မိတ္ဆက္၊ မိတ္ဖြဲ႕ၿပီးခင္ ေအာင္ေပါင္း ကိုယ့္ေရာင္းကုန္အေၾကာင္း ေျပာျပ၊ ဝယ္ဖို႔အလား အလာရွိတဲ့ သူဘာေတြ ႀကိဳက္တတ္သလဲဆိုတာ ႀကိဳေလ့လာထား ၿပီး သူ႔အႀကိဳက္ ေတြေျပာ၊ တစ္ဖက္လူက လိုလိုလားလားရွိပုံျပၿပီး စကားျပန္ေျပာၿပီ ဆိုရင္ ေသေသခ်ာခ်ာ စိတ္ဝင္တစားနား ေထာင္။ ကိုယ္သိၿပီးသားျဖစ္ေပမဲ့ မသိေသး ေယာင္ေဆာင္ၿပီး (သူေျဖႏိုင္မယ့္) ေမးခြန္း တခ်ိဳ႕ေမး။ အဲဒီထဲကေန အခ်က္အလက္ ေတြမွတ္လာ။ သိပ္ကိုေက်းဇူးတင္ပါ ေၾကာင္း၊ အႀကံေပးတာေတြကိုလိုက္နာလုပ္ ေဆာင္မယ့္ အေၾကာင္းေျပာ။ ေနာက္ထပ္ ဆုံခ်င္ပါေသးေၾကာင္း၊ ပညာေတြယူခ်င္ပါ ေသးေၾကာင္းေျပာ။ ဒါဆိုတစ္ဆင့္ေအာင္ ပါၿပီ။ အဲဒီအဆင့္မွာ လူမ်ားမ်ားနဲ႔စကား ေျပာႏိုင္ရပါမယ္။ စိတ္ရွည္ရ ပါမယ္။ အဲဒီ ပညာရပ္ေတြသင္ေပးတဲ့သင္တန္းေတြ စုံ ေအာင္တက္ထားဖို႔လိုပါတယ္။ စကားေျပာ နည္းသင္တန္းတို႔၊ ကိုယ္အမူအရာ ေလယူ ေလသိမ္းအျဖတ္အေတာက္ စတာေတြကို သင္ေပးတဲ့သင္တန္းတို႔၊ အဝတ္အစားဝတ္ ဆင္နည္းသင္တန္းတို႔၊ အစားအေသာက္ကို ပုံပမ္းက်က် စားနည္းသင္တန္းတို႔ တက္ ထားၿပီး ေလ့က်င့္ထားရ ပါမယ္။

 


ၿပီးေတာ့မွ ေနာက္တစ္ဆင့္ျဖစ္တဲ့ တကယ့္အလားအလာ (Prospect) ရွိသူ ေတြကို ဆန္ခါ တင္ထပ္ေ႐ြး။ အဲဒီလူေတြ ကမွ ကိုယ့္ရဲ႕ပစ္မွတ္ျဖစ္လာမွာ။ ဒီအဆင့္ ကိုေရာက္ရင္ ဝယ္လို အားေတြ၊ ဝယ္ႏိုင္ေျခ ေတြရွိတိုင္းဝယ္မွာမဟုတ္ဘူး။ အဲဒါ ဟာ Demand အဆင့္မွာ ထားခဲ့ရမွာ။ Prospect ကေတာ့ တကယ့္ကို ေသခ်ာ ေပါက္ ကိုယ္ေရာင္းခ်င္တဲ့ေဈးနဲ႔ ဝယ္မယ့္ အလားအလာပါ။ သူ႔ကို အျပည့္အဝ ဂ႐ုစိုက္ပါ။ ကိုယ့္ဘက္က နည္းနည္းေလးမွ ခ်ိဳ႕ယြင္း သြားလို႔မျဖစ္ပါဘူး။ ေျခ ေခ်ာ္လက္ေခ်ာ္နဲ႔ ခ်ိဳ႕ယြင္းသြားခဲ့ရင္လည္း လက္လႊတ္ လိုက္ရမွာပါ။ ေတာင္းပန္ဖို႔ မစဥ္းစားပါနဲ႔ေတာ့။ Prospect ေတြဟာ ကြဲလြယ္ေၾက လြယ္ ပါတယ္။ ကိုယ္ တကယ္ ေရာင္းမယ့္ေဈးကို အၿပီးသတ္ညႇိႏႈိင္းရမွာလည္း အဲဒီအလား အလာ အရွိဆုံးပုဂၢိဳလ္ (Prospect) နဲ႔ပါပဲ။ သူ႔အတြက္ အခ်ိန္ေပးရ ပါမယ္။ စိတ္ရွည္ရ ပါမယ္။ ဒါဆိုရင္ ေနာက္တစ္ဆင့္ျဖစ္တဲ့ ေဈးေရာင္းခြင့္အခြင့္အလမ္း (Opportunity) ဆီကိုေရာက္ပါၿပီ။ အဲဒီအဆင့္မွာ တကယ္ဝယ္မယ့္ Prospect ဆီကအခြင့္ အလမ္းကို ကိုယ္လိုပဲရွာေဖြခ်ဥ္းကပ္ေနသူ ေတြရွိေနမွာပါ။ အဲဒီ အခြင့္အလမ္း ကိုယ့္လက္ထဲမွာ ဆုပ္ကိုင္မိဖို႔ သိပ္အေရးပါပါတယ္။ ကိုယ့္ေရာင္း ကုန္ကို ေရာင္းခြင့္ရဖို႔ ေနာက္ဆုံး အား ထုတ္ျခင္းလည္း ျဖစ္ပါတယ္။ အဲဒီအဆင့္မွာ သတိထားရမယ့္အရာက Social Skills လို႔ေခၚတဲ့ လူမႈဆက္ဆံ ေရးပါပဲ။ တကယ္ဝယ္မယ့္သူ (Prospect) ရဲ႕စိတ္ထဲမွာ ကိုယ့္ကို အေရာင္းသမားတစ္ ေယာက္လို႔မျမင္ေတာ့ဘဲ သူနဲ႔ႏွစ္ေပါင္းမ်ားစြာကတည္းက ခင္မင္ လာတဲ့ မိတ္ဖက္ မိတ္aဆြတစ္ေယာက္အျဖစ္ သူ႔အက်ိဳးကိုလိုလား သူအျဖစ္ ျမင္သြား ေအာင္ Social Skills က တတ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ႏိုင္ငံတကာမွာ အေရာင္း သမားေတြကို Social Skills ဘာသာရပ္ကို အထူးျပဳၿပီးသင္ၾကား ေပးၾကပါတယ္။


ေနာက္ဆုံးမွာေတာ့ ေရာင္းခ်ခြင့္ အခြင့္အလမ္းဟာ ကိုယ့္လက္ထဲကို ေရာက္လာပါၿပီ။ ကိုယ့္ရဲ႕ေရာင္းကုန္ကိုဝယ္ယူဖို႔ Prospect က သေဘာတူလိုက္ပါၿပီ။ ဝယ္ယူလိုက္ပါၿပီ။ Purchase ဆိုတဲ့အဆင့္မွာ တကယ့္ျဖစ္စဥ္အမွန္က ကိုယ္ကေရာင္း လိုက္တာပါ။ ဒါေပမဲ့ အလားအလာရွိသူ (Prospect) ရဲ႕အျမင္မွာ ေတာ့ တန္လြန္းလို႔၊ ေကာင္းလြန္းလို႔ ဝယ္ ယူလိုက္တာပါ။ ဝယ္တတ္လိုက္တာ၊ အဆင္ေျပလိုက္တာ၊ တန္လိုက္တာ၊ အရေတာ္ လိုက္တာဆိုတဲ့ စိတ္ဝင္ သြားပါ ေတာ့တယ္။ ဒါေၾကာင့္ ဒီအဆင့္ကို ေရာင္းတယ္လို႔ မေျပာဘဲ ဝယ္တယ္လို႔ ေျပာရျခင္းပါ။ Prospect က ဝယ္ယူလိုက္ရလို႔ ေက်နပ္တယ္။ အေရာင္းသမား က ပိုက္ဆံရလိုက္လို႔ ေက်နပ္တယ္။ တကယ္ ေတာ့ ဝယ္သူနဲ႔ေရာင္းသူ ၾကည္ျဖဴ ၾကဖို႔ပဲ မဟုတ္ပါလားခင္ဗ်ာ။

 

 

Credit- B2B Myanmar

Read times
Rate this articles
(0 votes)