×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 27 January 2021

ကိုယ့်ရဲ့ Productivity ကို အကောင်းဆုံးမြှင့်တင်တဲ့အနေနဲ့ အလုပ်မှာ အာရုံပိုစူးစိုက်နိုင်စေဖို့

ကိုယ့်ရဲ့ Productivity ကို အကောင်းဆုံးမြှင့်တင်တဲ့အနေနဲ့ အလုပ်မှာ အာရုံပိုစူးစိုက်နိုင်စေဖို့

အလုပ်မှာသေချာအာရုံစိုက်ပြီး ဘယ်ကိုမှစိတ်မလွှင့်သွားဘဲအလုပ်လုပ်နိုင်ခြင်းက လူတိုင်းအတွက်စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တစ်ပတ်မှာ နာရီ ၄၀ အလုပ်လုပ်ရရင် တစ်ရက်မှာ အနည်းဆုံး သင် အလုပ်မှာအာရုံမစိုက်နိုင်တဲ့အချိန် ၂ နာရီလောက်ရှိမှာပါ။ ဒါဆို အလုပ်တော့လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ကမပြီးမြောက်ဘူးဆိုတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ ဒီလို အလုပ်မပြီးမြောက်ခြင်းတွေကို တိုက်ထုတ်ပေးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါ့မယ်။

 

(၁) အလုပ်ခုံကို သေချာစနစ်တကျထားပါ။
ဒီစကားက ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့ မြင်နေရတဲ့အရာတော်တော်များများ ကျွန်တော်တို့ကို Distraction တွေဖြစ်စေတာပါ။ ဒါကြောင့် စားပွဲပေါ်မှာ မလိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေကို အကုန်ရှင်းလင်းထားပါ။ အထူးသဖြင့်ကတော့ ဖုန်းပေါ့။ Facebook လေးခဏကြည့်လိုက်မယ်လို့ တွေးရာကနေ ၂ နာရီခွဲလောက်မှာ ဖုန်းနဲ့အချိန်ကုန်သွားတာမျိုးမဖြစ်ရအောင် သေချာစနစ်တကျထားပါ။ပစ္စည်းတွေကို နေရာတကျ ရှင်းရှင်းလင်းလင်းထားခြင်းအားဖြင့် မိမိရဲ့အလုပ်လုပ်တဲ့ အလုပ်ခုံကို သေချာစနစ်တကျ ရှိပါစေ။

 

(၂) အလုပ်လုပ်တဲ့အချိန်တွေကို မှတ်သားပါ။
ဥပမာ- သင်က Client နဲ့ ဖုန်းပြောရမယ်ဆိုပါစို့။ ဒါဆို အချိန် ၅ မိနစ်ဆို ၅ မိနစ်၊ ၁ နာရီဆို ၁ နာရီ သေချာသတ်မှတ်ပြီး အဲ့အချိန်အတွင်းမှာ ဝင်အောင် ကိုယ်လိုချင်တဲ့အကြောင်းကို ပြောရမှာပါ။ ဆိုလိုတာာက အချိန်တွေကို မဖြုန်းတီးမိဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုရတာပါ။ ဘာအလုပ်ပဲဖြစ်ဖြစ် ယူသင့်တဲ့အချိန်ထက်ပို မယူမိအောင် ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ Time Tracking လုပ်ထားသင့်ပါတယ်။

 

(၃) ပိုအာရုံစိုက်နိုင်ဖို့ကြိုးစားပါ။
အလုပ်တစ်ခုကိုလုပ်ဆောင်တဲ့အခါ အဲ့ အလုပ်တာဝန် အောင်အောင်မြင်မြင်နဲ့ပြီးဆုံးဖို့ အာရုံစိုက်အားက တအားအရေးကြီးပါတယ်။ အကယ်၍ သင်က အာရုံပြန့်နှံ့တတ်သူဆိုရင် အာရုံစူးစိုက်နိုင်စေတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပေးသင့်ပါတယ်။ ဉပမာ- Paper Clip Technique လို အလုပ်တစ်ခုပြီးတိုင်း ကလစ်တစ်ခုကို ခွက်လေးထဲထည့်တာမျိုးပေါ့။ အလုပ်သိမ်းတဲ့အချိန်မှာ ဒီ Paper Click လေးတွေကိုကြည်ခြင်းအားဖြင့် ကိုယ် ဒီနေ့ အလုပ်ဘယ်လောက်ပြီးလဲဆိုတာကို သိနိုင်တာပေါ့။

 

(၄) အလုပ်တွေကို ပေါ့ပေါ့ပါးပါးလုပ်နိုင်အောင်ကြိုးစားပါ။
ကိုယ်လုပ်ကိုင်နေရတဲ့ အလုပ်တွေကို တာဝန်ကြီးတစ်ခုလို မခံစားပါနဲ့။ ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစားပါ။ ဒါမှ အလုပ်မှာပျော်လာပြီး အလုပ်နဲ့ကိုယ် တစ်သားတည်းဖြစ်လာမှာပါ။ ဒီနည်းလမ်းကလည်း သင့်ကို အလုပ်မပြီးမြောက်ခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပါလိမ့်မယ်။

 

(၅) တစ်နေ့တာက အကောင်းဆုံးအခြအနေတစ်ခုမှာပြီးဆုံးပါစေ။
တစ်နေကုန်ကိုယ်ထိုင်ပြီး အလုပ်လုပ်ခဲ့သမျှက အလုပ်ဆင်းချိန်ရောက်တဲ့အခါ ငါဒီနေ့အလုပ်အများကြီးလုပ်တာပဲ ဆိုတဲ့ ခံစားချက်နဲ့အဆုံးသတ်ပါစေ။ အချိန်တွေကုန်ပြီး အလုပ်တွေမပြီးမြောက်ခြင်းက သင့်ရဲ့ လုပ်နိုင်စွမ်းတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်တစ်နေ့တာပြီးမြောက်သွားတဲ့အခါ သင်လည်း အကောင်းဆုံးအခြေအနေတစ်ခုမှာ ပြီးဆုံးပါစေ။

 

ဒီ အချက်လေးတွေကတော့ အလုပ်လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အလုပ်မပြီးမြောက်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်အဖြေလေးတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ Productivity ကို အကောင်းဆုံးမြှင့်တင်တဲ့အနေနဲ့ အလုပ်မှာ အာရုံပိုစူးစိုက်နိုင်အောင် ကြိုးစားကြမယ်နော်။

 

 

ကိုယ့္ရဲ႕ Productivity ကို အေကာင္းဆုံးျမႇင့္တင္တဲ့အေနနဲ႔ အလုပ္မွာ အာ႐ုံပိုစူးစိုက္ႏိုင္ေစဖို႔

အလုပ္မွာေသခ်ာအာ႐ုံစိုက္ၿပီး ဘယ္ကိုမွစိတ္မလႊင့္သြားဘဲအလုပ္လုပ္ႏိုင္ျခင္းက လူတိုင္းအတြက္စိန္ေခၚမႈတစ္ခုျဖစ္ပါတယ္။ တစ္ပတ္မွာ နာရီ ၄၀ အလုပ္လုပ္ရရင္ တစ္ရက္မွာ အနည္းဆုံး သင္ အလုပ္မွာအာ႐ုံမစိုက္ႏိုင္တဲ့အခ်ိန္ ၂ နာရီေလာက္ရွိမွာပါ။ ဒါဆို အလုပ္ေတာ့လုပ္ေနတယ္။ ဒါေပမဲ့ အလုပ္ကမၿပီးေျမာက္ဘူးဆိုတဲ့အေျခအေနေတြျဖစ္လာႏိုင္ပါတယ္။ ဒီလို အလုပ္မၿပီးေျမာက္ျခင္းေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးပါ့မယ္။

 

(၁) အလုပ္ခုံကို ေသခ်ာစနစ္တက်ထားပါ။
ဒီစကားက ထူးဆန္းေကာင္းထူးဆန္းေနပါလိမ့္မယ္။ ဒါေပမဲ့ ျမင္ေနရတဲ့အရာေတာ္ေတာ္မ်ားမ်ား ကြၽန္ေတာ္တို႔ကို Distraction ေတြျဖစ္ေစတာပါ။ ဒါေၾကာင့္ စားပြဲေပၚမွာ မလိုအပ္တဲ့စာ႐ြက္စာတမ္းေတြ၊ ပစၥည္းေတြကို အကုန္ရွင္းလင္းထားပါ။ အထူးသျဖင့္ကေတာ့ ဖုန္းေပါ့။ Facebook ေလးခဏၾကည့္လိုက္မယ္လို႔ ေတြးရာကေန ၂ နာရီခြဲေလာက္မွာ ဖုန္းနဲ႔အခ်ိန္ကုန္သြားတာမ်ိဳးမျဖစ္ရေအာင္ ေသခ်ာစနစ္တက်ထားပါ။ပစၥည္းေတြကို ေနရာတက် ရွင္းရွင္းလင္းလင္းထားျခင္းအားျဖင့္ မိမိရဲ႕အလုပ္လုပ္တဲ့ အလုပ္ခံုကို ေသခ်ာစနစ္တက် ရွိပါေစ။

 

(၂) အလုပ္လုပ္တဲ့အခ်ိန္ေတြကို မွတ္သားပါ။
ဥပမာ- သင္က Client နဲ႔ ဖုန္းေျပာရမယ္ဆိုပါစို႔။ ဒါဆို အခ်ိန္ ၅ မိနစ္ဆို ၅ မိနစ္၊ ၁ နာရီဆို ၁ နာရီ ေသခ်ာသတ္မွတ္ၿပီး အဲ့အခ်ိန္အတြင္းမွာ ဝင္ေအာင္ ကိုယ္လိုခ်င္တဲ့အေၾကာင္းကို ေျပာရမွာပါ။ ဆိုလိုတာာက အခ်ိန္ေတြကို မျဖဳန္းတီးမိဖို႔အတြက္ ဒီနည္းလမ္းကို အသုံးျပဳရတာပါ။ ဘာအလုပ္ပဲျဖစ္ျဖစ္ ယူသင့္တဲ့အခ်ိန္ထက္ပို မယူမိေအာင္ ကိုယ့္ကိုယ္ကို သတိေပးတဲ့အေနနဲ႔ Time Tracking လုပ္ထားသင့္ပါတယ္။

 

(၃) ပိုအာ႐ုံစိုက္ႏိုင္ဖို႔ႀကိဳးစားပါ။
အလုပ္တစ္ခုကိုလုပ္ေဆာင္တဲ့အခါ အဲ့ အလုပ္တာဝန္ ေအာင္ေအာင္ျမင္ျမင္နဲ႔ၿပီးဆုံးဖို႔ အာ႐ုံစိုက္အားက တအားအေရးႀကီးပါတယ္။ အကယ္၍ သင္က အာ႐ုံျပန႔္ႏွံ႔တတ္သူဆိုရင္ အာ႐ုံစူးစိုက္ႏိုင္ေစတဲ့ နည္းလမ္းေလးေတြကို အသုံးျပဳေပးသင့္ပါတယ္။ ဉပမာ- Paper Clip Technique လို အလုပ္တစ္ခုၿပီးတိုင္း ကလစ္တစ္ခုကို ခြက္ေလးထဲထည့္တာမ်ိဳးေပါ့။ အလုပ္သိမ္းတဲ့အခ်ိန္မွာ ဒီ Paper Click ေလးေတြကိုၾကည္ျခင္းအားျဖင့္ ကိုယ္ ဒီေန႔ အလုပ္ဘယ္ေလာက္ၿပီးလဲဆိုတာကို သိႏိုင္တာေပါ့။

 

(၄) အလုပ္ေတြကို ေပါ့ေပါ့ပါးပါးလုပ္ႏိုင္ေအာင္ႀကိဳးစားပါ။
ကိုယ္လုပ္ကိုင္ေနရတဲ့ အလုပ္ေတြကို တာဝန္ႀကီးတစ္ခုလို မခံစားပါနဲ႔။ ေပါ့ေပါ့ပါးပါးနဲ႔ အေကာင္းဆုံးလုပ္ႏိုင္ေအာင္ႀကိဳးစားပါ။ ဒါမွ အလုပ္မွာေပ်ာ္လာၿပီး အလုပ္နဲ႔ကိုယ္ တစ္သားတည္းျဖစ္လာမွာပါ။ ဒီနည္းလမ္းကလည္း သင့္ကို အလုပ္မၿပီးေျမာက္ျခင္းေတြမျဖစ္ေအာင္ကာကြယ္ေပးပါလိမ့္မယ္။

 

(၅) တစ္ေန႔တာက အေကာင္းဆုံးအျခအေနတစ္ခုမွာၿပီးဆုံးပါေစ။
တစ္ေနကုန္ကိုယ္ထိုင္ၿပီး အလုပ္လုပ္ခဲ့သမွ်က အလုပ္ဆင္းခ်ိန္ေရာက္တဲ့အခါ ငါဒီေန႔အလုပ္အမ်ားႀကီးလုပ္တာပဲ ဆိုတဲ့ ခံစားခ်က္နဲ႔အဆုံးသတ္ပါေစ။ အခ်ိန္ေတြကုန္ၿပီး အလုပ္ေတြမၿပီးေျမာက္ျခင္းက သင့္ရဲ႕ လုပ္ႏိုင္စြမ္းေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အလုပ္တစ္ေန႔တာၿပီးေျမာက္သြားတဲ့အခါ သင္လည္း အေကာင္းဆုံးအေျခအေနတစ္ခုမွာ ၿပီးဆုံးပါေစ။

 

ဒီ အခ်က္ေလးေတြကေတာ့ အလုပ္လုပ္တဲ့အခါ ႀကဳံေတြ႕ရတဲ့ အလုပ္မၿပီးေျမာက္ျခင္းျပႆနာကို အေကာင္းဆုံးေျဖရွင္းေပးႏိုင္မယ့္အေျဖေလးေတြျဖစ္ပါတယ္။ ကိုယ့္ရဲ႕ Productivity ကို အေကာင္းဆုံးျမႇင့္တင္တဲ့အေနနဲ႔ အလုပ္မွာ အာ႐ုံပိုစူးစိုက္ႏိုင္ေအာင္ ႀကိဳးစားၾကမယ္ေနာ္။

Read times
Rate this articles
(0 votes)