အကောင်းဆုံးယတြာများ
၁။ ဝင်ငွေမ ကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။
၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အကောင်းဆုံးယတြာ။
၃။ ရန်လိုနေတဲ့လူနဲ့ ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။
၄။ ဒေါသထွက်စရာ ကြုံတဲ့အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင်ထွက်သွားခြင်းဟာ အကောင်းဆုံးယတြာ။
၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင် ကံကံရဲ့အကျိုးကိုလက်ခံနိူင်အောင် ကြိုးစားတာ အကောင်းဆုံးယတြာ။
၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာကြီးပွားကြောင်းအတွက် အကောင်းဆုံးယတြာ။
၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ အသိအလိမ္မာတိုးတက်စေဖို့အတွက် အကောင်းဆုံးယတြာ။
၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည် ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေရောက်စေဖို့အတွက် အကောင်းဆုံးယတြာ။
၉။ တစ်စုံတစ်ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မမေ့အပ်တာ အကောင်းဆုံးယတြာ။
၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာလုပ်တာ အကောင်းဆုံးယတြာ။
၁၁။ ရှေ့နောက်မြော်မြင်တတ်တဲ့ ပညာရှိလူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အကောင်းဆုံးယတြာ။
၁၂။ မရသေးတဲ့ဥစ္စာကို အပူတပြင်းမတောင့်တ မလိုချင်တာ စိတ်ချမ်းသာစေဖို့အတွက် အကောင်းဆုံးယတြာ။
၁၃။ တတ်နိုင်သလောက် စုဆောင်းသွားတာဟာ အနာဂတ်ခရီးအတွက် အကောင်းဆုံးယတြာ။
၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင် သတိထားမွေးမြူခြင်းဟာ မိမိ မပျက်စီးဖို့အတွက် အကောင်းဆုံးယတြာ။
၁၅။စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။
၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်းဟာ နောင်ရေးအတွက် အကောင်းဆုံး ယတြာ။
၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့အတွက် အကောင်းဆုံးယတြာ။
၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမပြောတာ နောင်မှနောင်တရတယ်ဆိုတဲ့ အဖြစ်မျိုးကို မရောက်ဖို့ အတွက် အကောင်းဆုံးယတြာ။
၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့ စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာ နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက် အကောင်းဆုံးယတြာ။
၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ နောင်အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့အတွက် အကောင်းဆုံးယတြာ။
၂၁။ သူ့ဘက်ကိုယ့်ဘက်မျှမျှတတ ကြည့်တာ၊ စဉ်းစားတာ၊ လုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက် အကောင်းဆုံးယတြာ။
၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာ အသက်ရှည်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၃။မိမိကိုယ်ကိုအမှန်ရှု့ထောင့်မှ ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၄။ ဒေါသကို အပြင် မထွက်အောင် ထိန်းနိုင်တာဟာ အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက် အကောင်းဆုံးယတြာ။
၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ အမှားများကို ဆင်ခြင်သုံးသပ်ပြီး ချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက် အကောင်းဆုံးယတြာ။
၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ မပူဆွေး။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန်။ ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၇။ အကောင်းမြင်ဝါဒနဲ့ ဘဝခရီးကိုဆက်ခြင်းဟာ အကောင်းဆုံးယတြာ။
၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင်ရှားတာဟာ အသက်ရှည် ကျန်းမာစေဖို့အတွက် အကောင်းဆုံးယတြာပါ။
နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာအထူးချေစရာမလိုပါဘူး လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။
ဒါ့ကြောင့်—- ”အဖိုးတန်တဲ့လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့”
Credit : ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ။
(အရှင်နာယက)
အေကာင္းဆုံးယၾတာမ်ား
၁။ ဝင္ေငြမ ေကာင္းတဲ့အခါ ေခြၽတာသုံးစြဲတာ အေကာင္းဆုံးယၾတာ။
၂။ လမ္းသြားတဲ့အခါ ႀကီးမားတဲ့ဝီရိယထားျခင္းဟာ အႏၲရာယ္ကင္းဖို႔ အတြက္ အေကာင္းဆုံးယၾတာ။
၃။ ရန္လိုေနတဲ့လူနဲ႔ ဖက္ၿပိဳင္ၿပီးမျငင္းတာ အေကာင္းဆုံးယၾတာ။
၄။ ေဒါသထြက္စရာ ႀကဳံတဲ့အခါ စိတ္ေျဖသာတဲ့ေနရာကို ေရွာင္ထြက္သြားျခင္းဟာ အေကာင္းဆုံးယၾတာ။
၅။ မနာလိုဝန္တိုစိတ္ကိုမေမြးေအာင္ ကံကံရဲ႕အက်ိဳးကိုလက္ခံႏိူင္ေအာင္ ႀကိဳးစားတာ အေကာင္းဆုံးယၾတာ။
၆။ စိတ္ေကာင္းထားျခင္း ႐ိုးသားမႈရွိျခင္းဟာ ႀကီးပြားရာႀကီးပြားေၾကာင္းအတြက္ အေကာင္းဆုံးယၾတာ။
၇။ အားလပ္ခ်ိန္မွာ စာဖတ္တဲ့အက်င့္ကို ေမြးျမဴျခင္းဟာ အသိအလိမၼာတိုးတက္ေစဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၈။ ကံဆိုးခ်ိန္မွာ ရတနာသုံးပါးကိုအထူးတလည္ ဆည္းကပ္ကိုးကြယ္တာသည္ ကံေကာင္းေတြေရာက္ေစဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၉။ တစ္စုံတစ္ရာ ေကြၽးေမြးေပးအပ္သူကို ေက်းဇူးရွင္ တစ္ဦးအျဖစ္ မေမ့အပ္တာ အေကာင္းဆုံးယၾတာ။
၁၀။ သူ႔တာဝန္ ကိုယ့္တာဝန္ကို တိတိက်က် ခြဲျခားၿပီး တာဝန္ေက်ပြန္စြာလုပ္တာ အေကာင္းဆုံးယၾတာ။
၁၁။ ေရွ႕ေနာက္ေျမာ္ျမင္တတ္တဲ့ ပညာရွိလူႀကီးမိဘရဲ႕ ဆိုဆုံးမမႈကို လိုက္နာတာ အေကာင္းဆုံးယၾတာ။
၁၂။ မရေသးတဲ့ဥစၥာကို အပူတျပင္းမေတာင့္တ မလိုခ်င္တာ စိတ္ခ်မ္းသာေစဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၁၃။ တတ္ႏိုင္သေလာက္ စုေဆာင္းသြားတာဟာ အနာဂတ္ခရီးအတြက္ အေကာင္းဆုံးယၾတာ။
၁၄။ ဘဝအေရးနိမ့္တဲ့ကာလမွာ စိတ္ဓါတ္ကိုႀကံ့ႀကံ့ခံႏိုင္ေအာင္ သတိထားေမြးျမဴျခင္းဟာ မိမိ မပ်က္စီးဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၁၅။စီးပြားျဖစ္တဲ့အခါ ေအာက္ေျခမလြတ္ေအာင္ သတိတရားနဲ႔ေနထိုင္တာ အေကာင္းဆုံးယၾတာ။
၁၆။ ငယ္စဥ္အခါ ပညာသင္ခ်ိန္မွာ ပညာတတ္ေရးတစ္ခုတည္းကို ေရွ႕ရႈ႕ၿပီးတစိုက္မတ္မတ္ ႀကိဳးစားျခင္းဟာ ေနာင္ေရးအတြက္ အေကာင္းဆုံး ယၾတာ။
၁၇။အခြင့္အလမ္းေပၚလာတဲ့အခါ လုံ႔လဝီရီယကို ေရွ႕တန္းတင္ၿပီး အမိအရဆုပ္ကိုင္ လိုက္ျခင္းဟာ ေအာင္ျမင္ႀကီးပြားဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၁၈။ ဘာကိုမွမစဥ္းစားပဲ မလုပ္တာမေျပာတာ ေနာင္မွေနာင္တရတယ္ဆိုတဲ့ အျဖစ္မ်ိဳးကို မေရာက္ဖို႔ အတြက္ အေကာင္းဆုံးယၾတာ။
၁၉။သုံးႏိုင္တဲ့အေျခအေနရွိရက္နဲ႔ စိတ္ကိုလႊတ္ေပးၿပီး အရမ္းမဲ့မသုံးစြဲတာဟာ ေနာင္ စိတ္ဆင္းရဲစရာ မႀကဳံဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၀။ ေဘးရွိတဲ့စကား ၾကမ္းတမ္းတဲ့စကားကိုမဆိုျခင္းဟာ ေနာင္အခါျပႆနာအရႈပ္အရွင္းနဲ႔ ရင္မဆိုင္ရဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၁။ သူ႔ဘက္ကိုယ့္ဘက္မွ်မွ်တတ ၾကည့္တာ၊ စဥ္းစားတာ၊ လုပ္ကိုင္တာသည္ ေရရွည္လက္တြဲဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၂။ မႏိုင္တဲ့ဝန္ကို မထမ္းတာဟာ အသက္ရွည္ဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၃။မိမိကိုယ္ကိုအမွန္ရႈ႕ေထာင့္မွ ေဝဖန္သုံးသပ္တာဟာ ေရွ႕ေလွ်ာက္ရမယ့္ဘဝခရီးမွာ ပန္းခင္းလမ္းျဖစ္ဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၄။ ေဒါသကို အျပင္ မထြက္ေအာင္ ထိန္းႏိုင္တာဟာ အစစအရာရာ ျပႆနာနည္းပါးေစဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၅။ ေက်ာ္ျဖတ္ ရတဲ့ဘဝခရီးမွ အမွားမ်ားကို ဆင္ျခင္သုံးသပ္ၿပီး ခ်က္ခ်င္းျပဳျပင္ သြားတာ ေရွ႕ခရီး ေခ်ာေမာဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၆။ အတိတ္ကို ျပန္ေတြးၿပီးလဲ မပူေဆြး။ အနာဂတ္အေရးကို လွမ္းေမွ်ာ္ၿပီးလည္းမပူပန္။ ပစၥဳပၸန္တည့္တည့္မွာသာရပ္ၿပီး လုပ္သင့္လုပ္ထိုက္တာေတြကို လုပ္ကိုင္သြားတာဟာ တိုးတက္ဖို႔အတြက္ အေကာင္းဆုံးယၾတာ။
၂၇။ အေကာင္းျမင္ဝါဒနဲ႔ ဘဝခရီးကိုဆက္ျခင္းဟာ အေကာင္းဆုံးယၾတာ။
၂၈။ က်န္းမာေရးယိုယြင္းေစတဲ့ အေပ်ာ္အပါး လိုက္စားမႈ မူးယစ္ေဆးဝါးနဲ႔အရက္ ေသစာကို ေရွာင္ရွားတာဟာ အသက္ရွည္ က်န္းမာေစဖို႔အတြက္ အေကာင္းဆုံးယၾတာပါ။
ေန႔စဥ္ဒီအခ်က္ကေလးေတြနဲ႔အညီ က်င့္ႀကံေနထိုင္သြားၾကမယ္ဆိုရင္ေတာ့ ယၾတာဆိုတာအထူးေခ်စရာမလိုပါဘူး လို႔ ေျပာခ်င္ပါတယ္ သူငယ္ခ်င္းတို႔။
ဒါ့ေၾကာင့္—- ”အဖိုးတန္တဲ့လူသားတစ္ေယာက္ ဘဝကိုရဖို႔ ေန႔စဥ္ယၾတာေခ်ၾကစို႔”
Credit : ကိုးဘြဲ႕ရဆရာေတာ္ အရွင္အာစာရာလကၤာရ။
(အရွင္နာယက)