×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 12 July 2021

ပညာစီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း

ပညာစီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း

"Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကောင်းဆုံး၊ အထိရောက်ဆုံး၊ ရလဒ်အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖော်နိုင်ပါလိမ့်မည်၊ အရင်းအမြစ် များစွာရှိသည်၊ အများသိသော အရင်း အမြစ်များမှာ လူ၊ အချိန်၊ ငွေ စသည်တို့ဖြစ်၏။ ကဏ္ဍ များစွာ၊ ပညာရပ် များစွာအပေါ်လည်း စီမံခန့်ခွဲကြရပြန်သည်။ Political Management, Social Management စသည်ဖြင့် နောက်ဆုံးတွင် အားလုံးထက် ပို၍အရေးပါသော အရာတစ်ခု ပေါ်လာသည်၊ ၎င်းကို ပညာအပေါ် စီမံခန့်ခွဲခြင်း ဟူသော Knowledge Management (KM) ဖြစ်သည်။ အချို့သော ခေတ်နှင့်ရင်ဘောင်တန်းလိုက်ကြသည့် ကော်ပိုရေးရှင်းကြီးများတွင် (CFO – Chief Financial Officer) ဟူသကဲ့သို့ (CKO – Chief Knowledge Officer) ဟူ၍ ဖွဲ့စည်းလာ၏။ ထိုကော်ပိုရေးရှင်းကြီး၏ ပညာအသုံးချမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အဓိက တာဝန်ယူရသည့်အပြင် အတိုင်ပင်ခံချုပ် Think Tank အဖြစ်လည်း တာဝန်ထမ်းဆောင်ကြရသည်။

 

 

ကျွမ်းကျင်မှုနှင့်ပညာမတူပါ

များသောအားဖြင့် ကျွမ်းကျင်မှု (Skill) နှင့် ပညာ (Knowledge) ကို မှားယွင်းတတ်လေ့ရှိသည်။ ကျွမ်းကျင်မှု (Skill) ဆိုသည်မှာ မည်သို့ ဆောင်ရွက် ရမည်ကိုသိခြင်း Knowing 'how' to do ဖြစ်ပြီး၊ ပညာ Knowledge မှာ မည်သည်ကိုဆောင်ရွက်ရမည့်အပေါ်သိခြင်း Knowing 'what' to do ဟု အလွယ်တကူ ခွဲခြားနိုင်ပါလိမ့်မည်။ ကျွမ်းကျင်မှုတွင်ပင်လျှင်Soft Skill, Hard Skill နှင့် Smart Skill ဟူ၍ ရှိလာ၏။ Smart Skill ဖြစ်လာလျှင် ပညာ Knowledge ဘက်သို့ နီးစပ်လာပြီဟု ယေဘုယျ သတ်မှတ်နိုင်ပါလိမ့်မည်။

 

 

ပညာနှင့်ပညာမတူပြန်

Knowledge ဟူသည်မှာ ပညာရှိခြင်း၊ ပညာသိခြင်းဖြစ်ကာ Education ဟူသည်ကို စာတတ်ခြင်း၊ စာသိခြင်းဟု သတ်မှတ်သည်၊ သို့သော် လည်း Education ကို မြန်မာမှုနယ်ပယ်တွင် ယေဘုယျအားဖြင့် “ပညာ” ဟုသာ သုံးတတ်ပြန်သည်။ Educated Person ဟုဆိုလျှင် ဘွဲ့တစ်ခုခုရပြီးသူ၊ တက္ကသိုလ်ပညာအဆင့်ပြီးမြောက်သူဟု အလိုအလျောက် သိကြသည်။ သို့သော်လည်း “ပြန်လည်အသုံးချနိုင်သောအဆင့်” “အမှားအမှန် ပိုင်းခြားနိုင်သောအဆင့်” “အမြင့်ဆုံးထိရောက်ရလဒ်ရအောင် စွမ်းဆောင် နိုင်သောအဆင့်” မဟုတ်သေးပါ၊ လောက၏ အတွေ့အကြုံများ Experiences ကို ရယူပြီး ပေါင်းစပ်ကာ ဆောင်ရွက်နိုင်ပါမှ ပညာသိ Know- ledge ဟူသောအဆင့်သို့ ရောက်လာပါလိမ့်မည်။

 

 

ယေဘုယျအားဖြင့် အဆင့်(၅) ဆင့် ခွဲခြားထားနိုင်သည်ဟု ယူဆပါသည်။

(၁) Education (စာသိ)
(၂) Experience (အတွေ့အကြုံသိ)
(၃) Knowledge (သုတသိ)
(၄) Wisdom (ထိုးထွင်းသိ)
(၅) Enlightenment (တပ်အပ်သိ) ဟူ၍ဖြစ်သည်။

 

 

အမှန်တကယ် “ပညာဖြစ်” သောအဆင့်မှာပင် Knowledge သည် ပညာ၏ မူလတန်းအဆင့်မျှသာ ဖြစ်ပြီး၊ Wisdom က အလယ်တန်း အဆင့် ပညာရှိခြင်းဟု ခွဲခြားနိုင်ပြီး၊ Enlightenment အဆင့်ကသာ အထက်တန်း အဆင့်ပညာဟု ယူဆနိုင်ပါသည်။ Knowledge သည် “သုတ” ပေါ် အခြေခံ၍ ဖြစ်လာသော ပညာဖြစ်သဖြင့် သုတသိပညာဟု မြန်မာမှု ပြုလိုပါသည်၊ Wisdom အဆင့်မှာ အတွေ့အကြုံ၊ အတွေး အခေါ်များကို ထပ်မံပေါင်းထည့် ထားပြီးဖြစ်၍ ဖုံးကွယ်ထားသောအရာ များကိုပင် ဖော်ယူသိနိုင်စွမ်းရှိသဖြင့် “ထိုးထွင်းသိ ပညာ” ဟု မြန်မာမှု ပြုပါသည်။ အမြင့်ဆုံးသောပညာဖြစ်သည့် Enlightenment မှာ အရာရာ ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိနိုင်သော “အလင်းပေါက် ပညာသိ” ဖြစ်၍ မငြင်းနိုင်တမ်း တပ်အပ်သေချာမှုရှိသဖြင့် တပ်အပ်သေချာသိ ပညာဟု မြန်မာမှုပြုလိုပါသည်။

 

 

သင်ကြားပညာရေးအခြေခံ

ဘာသာရပ်များစွာကို ငယ်စဉ်က သင်ကြားပေးနေသော ကျောင်းပညာရေး၊ စာသင်ခန်း ပညာရေးမှာ အခြေခံ များစွာကျသည်ဟု မြင်သည်၊ မတူညီသော ဘာသာရပ်များအလိုက် စဉ်းစားပုံ၊ တွေးခေါ်ပုံ တွေးခေါ်နည်း၊ အသိရပုံရနည်းများ ကွဲပြားခြားနားခြင်းဖြင့် မိမိတို့၏ ပညာဖြစ်စေမှုဖြစ်သည့် ဦးနှောက်ကို တစ်စုံ တစ်ရာ လေ့ကျင့်ရင့်ကျက် စေပါသည်။ ယေဘုယျ နားလည်လွယ်ရန် ခပ်ကြမ်း ကြမ်း သရုပ်ခွဲထုတ်လျှင်


(၁) Education - Learning
(၂) Experiences - Education +Learning
(၃) Knowledge - Education +Experiences ( +Learning)
(၄) Wisdom - Knowledge + Experiences ( + Learning)
(၅) Wisdom - Knowledge + Experiences( + Learning)


ဟူ၍ တွေ့ရပါမည်။ သုတသိမှ ထိုးထွင်းသိ၊ တပ်အပ်သိပညာအဆင့်သို့ တိုးတက်သွားရာတွင် အတွေ့အကြုံဟူသော Experiences က အမြဲ ပါဝင်နေလေ့ရှိပါသည်။ လေ့ကျင့်ခြင်းတစ်မျိုး၊ ရယူခြင်းတစ်မျိုး၊ ဆည်းပူးခြင်း တစ်မျိုးလည်း ဖြစ်သည်။ လောကုတ္တရာနယ်ပယ်တွင်မှာပင် ပရိယတ်္တိ၊ ပဋိပတ်္တိဟူ၍ ရှိနေပြီး၊ “အလုပ်လုပ်ပါ” ဟူသည် တရားကို ရှုမှတ်လေ့ကျင့် (အတွေ့အကြုံထပ်ဆင့်) စေခြင်းဖြစ်၍ အတွေ့အကြုံသည် မည်မျှအရေး ပါသည်ကို တွေ့နိုင်ပါ၏။ သာမန်အားဖြင့် လူ့လောကထဲရောက်လာ သောအခါ အသက် (၂၀)ကျော်မျှအထိ စာသင်ခန်းတွင်း စာသင်ကြရ၏။ Education ဟူသော ကျောင်းစာသင်ခန်းမှ ပညာကို အနှစ် (၂၀) မျှ သင်ကြားပြီး၊ အလုပ်လုပ်ကြရသည်၊ ထိုမှ အတွေ့အကြုံ ရှာကြရသည်။ အတွေ့အကြုံ ကို လောကကြီးထဲမှရသောပညာဟု တင်စားကြသည်၊ မကုန်နိုင် မခမ်းနိုင်အောင်ရသော ပညာဖြစ်သလို၊ ယူတတ်သလောက် ရသောပညာ လည်း ဖြစ်သည်။ သုတပညာဆင့်တွင် သင်ကြားခဲ့ရသော အတန်းပညာကို ပြင်ပ မှရသော အတွေ့အကြုံဖြင့် ချိန်ညှိပြီး ပညာဖြစ်လာ၏။တစ်ဆင့်တက်သော Wisdom အဆင့် ထိုးထွင်းသိပညာတွင် လည်း သုတပညာ (Knowledge) ကို အတွေ့အကြုံဖြင့်ပင် ထပ်၍ ပေါင်းစပ်ထားရသည်ကို တွေ့နိုင်သည်။ Enlightenment ဟူသော ပညာ ၏ အမြင့်ဆုံးအဆင့်တွင်လည်း ွျှငျိသာ နှင့် အတွေ့အကြုံကို ပေါင်းစပ် ထားသဖြင့် အတွေ့အကြုံဟူသော Wisdom ၏ အရေးပါပုံကို ခန့်မှန်းနိုင်ပါလိမ့်မည်။

 

 

အားလုံးသင်ရန်မလို

အချို့သောပညာများမှာ ပတ်ဝန်းကျင်ကို လေ့လာခြင်းဖြင့် ရရှိနိုင်ကြသည်။ အရာအားလုံးကို သင်ကြားပေးရန် မလိုချေ။ Tacit Knowledge ဟူသည်မှာ သင်ရန်မလိုသောပညာ ဖြစ်သည်။ အချိန်တန် အရွယ် ရောက်၍ သမီးရည်းစားထားခြင်းကို သီးခြားသင်ကြားရန် မလိုသလို၊ မိဘများကို သားသမီးများက သိတတ်ခြင်းအတွက်လည်း သင်ကြားရန် မလိုချေ။ Tacit Knowledge အတွက် Education + Learning + Experience ဟုဆိုသော် ရလောက်သည်။ မိမိလေ့လာမှုနှင့် အတွေ့အကြုံ များအရ လုပ်သင့်လုပ်ထိုက် သည်များကို မည်သူ၏ တိုက်တွန်းမှုမှမပါဘဲ အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင် သည်မျိုးဖြစ်၏။ နောက်တစ်မျိုးက Explicit Knowledge ဖြစ်သည်။ ဤပညာမျိုးကို မူ တစ်ဦးတစ်ယောက်ထံမှ ရယူရသည်။ ဥပမာအားဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ ကန့်သတ်ချက်များကို တစ်ဦးတစ်ယောက်က ရှင်းလင်းပြောပြမှသာ သိရှိလိုက်နာနိုင်သည့်သဘောမျိုးဖြစ်သည်။ Implicit Knowledge အမျိုးအစား ကမူ တစ်မျိုးဖြစ်၏။ တိုက်ရိုက် သင်ကြားပြောဆိုမှုမဟုတ်၊ တစ်ဦး တစ်ယောက်၏ ပြုမူဆောင်ရွက်ပုံကို မြင်တွေ့ရပြီး၊ သို့မဟုတ် သွယ်ဝိုက် ပြောဆို မှုမှတစ်ဆင့် သိလာရသောအသိမျိုး ဖြစ်သည်။

 

 

ထွေပြားစွာသိကြလျှင်

အချို့က ကျောင်းပြီး၍ဘွဲ့ရလျှင် ပညာရှိပြီ၊ တတ်ပြီဟုယူဆကြသည်။ အမှန်က ပညာတတ်ခြင်းမျှသာ ဖြစ်ပြီး၊ ပညာရှိခြင်း (ပြန်လည် အသုံးချနိုင်ခြင်း) မဖြစ်သေးချေ။ Education နှင့် Graduation မတူ၊ ထို့အတူ အချို့က သတင်း စကားဖြန့်ဝေနိုင်ခြင်းကို Knowledge ဖြစ်ပြီဟု ထင်ကြပြန်သည်။ သတင်း စကားဖြန့်ဝြေခင်းတွင် မိမိ၏ ဦးနှောက်အသုံးချမှု ဘာမှပါဝင်သည်မဟုတ်၊ ကြားရသည်ကို မှတ်ထားပြီး ပြန်ပြောပြခြင်းမျှသာ ဖြစ်သည်။ သို့သော် သတင်း မရသူများ၏ အထင်ကြီးမှုကို ခံစားရင်း၊ “ငါ့လောက်သူတို့မသိ” ဟူသော စိတ် ဖြစ်ကာ ကိုယ့်ကိုယ်ကို ပညာရှိဟု ယူဆသွားကြသူများ မနည်းပါးကြသည် ကို တွေ့ရပါ၏။ Data ဟူသည် မှာ အချက်အလက်မျှသာဖြစ်၍ Information ဟူသော သတင်းထက် နိမ့်ပါးပါသည်။ ထို့အတူ Information ဟူသောသတင်းမှာ အချက်အလက်များ၏အစုအပေါင်း (Summarizing and Analyzing) မျှသာဖြစ်၍ Knowledge ဟူသော ပညာအဆင့် မဟုတ်ပြန်၊ Knowledge ဟူသည် မှာ သုတသိတို့အပေါ် အခြေခံသော ပညာဖြစ်ပြီး၊ Synthesize လုပ်ခြင်း (ပေါင်းစပ်ညှိနှိုင်း) ကာ အခြေအနေအရပ်ရပ်နှင့် အမှားအမှန်ကို ခွဲခြားနိုင်သော ပညာဆင့်ဖြစ်သည်။ Wisdom အဆင့်သည် Knowledge အဆင့်ထက် မြင့်သောပညာ ဖြစ်သည်။ ရှုပ်ထွေးခက်ခဲသော အခြေအနေ များကိုပင် ထိုးထွင်းသိမြင်နိုင်သောအဆင့်ဖြစ်သည်။ Talent အ ဟူသော ပါရမီပါ မြင့်မားသောဉဏ်စွမ်းရည်ကိုပါ ပိုင်ဆိုင်ကြသူများ ဖြစ်သည်။ မဟာဗျူဟာအဆင့် ဆောင်ရွက်နိုင်စွမ်းကြသောသူများလည်း ဖြစ်သည်၊ ရှေးအခါက မဟောသဓာပညာရှိကို ဤ Wisdom အဆင့်မျိုးဖြင့် ပညာကြီးသူအဖြစ် ထင်ရှားခဲ့သည်။

 

ပညာတွင် အမြင့်ဆုံးဖြစ်သော Enlightenment မှာမူ အသိအလင်း ပေါက်အောင် ပညာကြီးကြသူများဖြစ်သည်။ ဆင်ခြင်လျှင် သိနိုင် ကြ သောသူများ ဖြစ်သည်။ အချက်အလက်၊ သတင်းပြည့်စုံမှု မရှိသည့် တိုင် အောင် ဆင်ခြင်မှုဖြင့် အဖြေထုတ်နိုင်ကြသည့်အဆင့်ဖြစ်၏။ ဗုဒ္ဓခေတ် က ဓာတ်ခွဲခန်းများမပေါ်သေး၊ သို့သော်လည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဟူသော ဓာတ်ကြီး (၄) ပါးဖြင့်သာ အရာရာကို ဖွဲ့စည်းထားသည် ဟူသည် ကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သည်။ ဗုဒ္ဓမတိုင်ပင် ကျယ်ပြန့်စွာ လက်ခံထားသော အတ်္တကို ဗုဒ္ဓက အနတ္တဖြင့် တော်လှန်ခဲ့၏။

 

ခေတ်သစ်တွင် ကမ္ဘာကျော်သိပ်္ပံပညာရှင်ကြီးများဖြစ်ကြသည့် အဲလ် ဘတ်အိုင်းစတိုင်းသည် ဓာတ်ခွဲခန်း၊ စမ်းသပ်ခန်း ကောင်းကောင်းမရှိပါ ဘဲလျက် E = MC2 ကို တွက်ချက်ခဲ့ပြီး၊ သင်ပုန်းပေါ်တွင် ညီမျှခြင်းများဖြင့် တွက်ချက်ကာ ကမ္ဘာနှင့်လအကွာအဝေးကို ထုတ်ဖော်ခဲ့သည်။ ထို့အပြင် စကြဝဠာ၏အစ၊ ကျယ်ပြန့်လာပုံ မွေးဖွားလာပုံကို ဆင်ခြင်သိဖြင့် အယူအဆသစ်များ ထုတ်ဖော်နိုင် ခဲ့၏၊ တွင်းနက်ကြီးများ (Black Hole)၊ တွင်းဖြူကြီးများ (White Hole)၊ Warm Hole စသော အယူအဆများကို ပညာအလင်းပေါက်သောကြောင့် ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ စမ်းသပ်ချက်များအရလည်း မှန်ကန်ကြ သည်ကို တွေ့ရပြန်သည်။

ခေတ်သစ်သည် ပညာကို ရေကုန်ရေခန်း အသုံးချရသောခေတ် ဖြစ်လာ၏။ မဟာဗျူဟာကောင်းများဖြင့် ယှဉ်ပြိုင်ရသောခေတ် ဖြစ်လာ၏။ ထို့ကြောင့် မြန်မာ တို့ခေတ်ကို အမှီလိုက်နိုင်ရန် ပညာကို ကြီးမားစွာ အသုံးချရုံမှတစ်ပါး အခြားလမ်း မရှိချေ။ ပညာကို ပညာလို မြင်နိုင်ရန် လိုသည်။ ကြက်တူရွေး သာလိကာလို Information ကို ရွတ်ပြရုံဖြင့် ပညာမဖြစ်၊ ပညာဟုလည်း မယူဆသင့်၊ လိုအပ်သောပညာများကို လက်တွေ့အသုံးချနေသောနိုင်ငံများမှ ရယူခြင်းဖြင့် ရယူဖြည့်ဆည်းနိုင်ကြရန်လိုပါသည်။

 

 

Original Writer - ဆရာနေဇင်လတ်
JOB seekers Journal Vol.2,No.51

 

 

ပညာစီမံခန္႔ခြဲမႈ (သို႔) အထက္ျမက္ဆုံး ေဆာင္႐ြက္ျခင္း

"Management" ဟူေသာ စီမံခန္႔ခြဲမႈသည္ အရင္းအျမစ္မ်ားကို အေကာင္းဆုံး၊ အထိေရာက္ဆုံး၊ ရလဒ္အျမင့္ဆုံးရေအာင္ ေဆာင္႐ြက္ျခင္း ဟု အဓိပၸာယ္ေဖာ္ႏိုင္ပါလိမ့္မည္၊ အရင္းအျမစ္ မ်ားစြာရွိသည္၊ အမ်ားသိေသာ အရင္း အျမစ္မ်ားမွာ လူ၊ အခ်ိန္၊ ေငြ စသည္တို႔ျဖစ္၏။ က႑ မ်ားစြာ၊ ပညာရပ္ မ်ားစြာအေပၚလည္း စီမံခန္႔ခြဲၾကရျပန္သည္။ Political Management, Social Management စသည္ျဖင့္ ေနာက္ဆုံးတြင္ အားလုံးထက္ ပို၍အေရးပါေသာ အရာတစ္ခု ေပၚလာသည္၊ ၎ကို ပညာအေပၚ စီမံခန္႔ခြဲျခင္း ဟူေသာ Knowledge Management (KM) ျဖစ္သည္။ အခ်ိဳ႕ေသာ ေခတ္ႏွင့္ရင္ေဘာင္တန္းလိုက္ၾကသည့္ ေကာ္ပိုေရးရွင္းႀကီးမ်ားတြင္ (CFO – Chief Financial Officer) ဟူသကဲ့သို႔ (CKO – Chief Knowledge Officer) ဟူ၍ ဖြဲ႕စည္းလာ၏။ ထိုေကာ္ပိုေရးရွင္းႀကီး၏ ပညာအသုံးခ်မႈဆိုင္ရာ ဖြံ႕ၿဖိဳးေရးအတြက္ အဓိက တာ၀န္ယူရသည့္အျပင္ အတိုင္ပင္ခံခ်ဳပ္ Think Tank အျဖစ္လည္း တာ၀န္ထမ္းေဆာင္ၾကရသည္။

 

 

ကြၽမ္းက်င္မႈႏွင့္ပညာမတူပါ

မ်ားေသာအားျဖင့္ ကြၽမ္းက်င္မႈ (Skill) ႏွင့္ ပညာ (Knowledge) ကို မွားယြင္းတတ္ေလ့ရွိသည္။ ကြၽမ္းက်င္မႈ (Skill) ဆိုသည္မွာ မည္သို႔ ေဆာင္႐ြက္ ရမည္ကိုသိျခင္း Knowing 'how' to do ျဖစ္ၿပီး၊ ပညာ Knowledge မွာ မည္သည္ကိုေဆာင္႐ြက္ရမည့္အေပၚသိျခင္း Knowing 'what' to do ဟု အလြယ္တကူ ခြဲျခားႏိုင္ပါလိမ့္မည္။ ကြၽမ္းက်င္မႈတြင္ပင္လွ်င္Soft Skill, Hard Skill ႏွင့္ Smart Skill ဟူ၍ ရွိလာ၏။ Smart Skill ျဖစ္လာလွ်င္ ပညာ Knowledge ဘက္သို႔ နီးစပ္လာၿပီဟု ေယဘုယ် သတ္မွတ္ႏိုင္ပါလိမ့္မည္။

 

 

ပညာႏွင့္ပညာမတူျပန္

Knowledge ဟူသည္မွာ ပညာရွိျခင္း၊ ပညာသိျခင္းျဖစ္ကာ Education ဟူသည္ကို စာတတ္ျခင္း၊ စာသိျခင္းဟု သတ္မွတ္သည္၊ သို႔ေသာ္ လည္း Education ကို ျမန္မာမႈနယ္ပယ္တြင္ ေယဘုယ်အားျဖင့္ “ပညာ” ဟုသာ သုံးတတ္ျပန္သည္။ Educated Person ဟုဆိုလွ်င္ ဘြဲ႕တစ္ခုခုရၿပီးသူ၊ တကၠသိုလ္ပညာအဆင့္ၿပီးေျမာက္သူဟု အလိုအေလ်ာက္ သိၾကသည္။ သို႔ေသာ္လည္း “ျပန္လည္အသုံးခ်ႏိုင္ေသာအဆင့္” “အမွားအမွန္ ပိုင္းျခားႏိုင္ေသာအဆင့္” “အျမင့္ဆုံးထိေရာက္ရလဒ္ရေအာင္ စြမ္းေဆာင္ ႏိုင္ေသာအဆင့္” မဟုတ္ေသးပါ၊ ေလာက၏ အေတြ႕အႀကဳံမ်ား Experiences ကို ရယူၿပီး ေပါင္းစပ္ကာ ေဆာင္႐ြက္ႏိုင္ပါမွ ပညာသိ Know- ledge ဟူေသာအဆင့္သို႔ ေရာက္လာပါလိမ့္မည္။

 

 

ေယဘုယ်အားျဖင့္ အဆင့္(၅) ဆင့္ ခြဲျခားထားႏိုင္သည္ဟု ယူဆပါသည္။

(၁) Education (စာသိ)
(၂) Experience (အေတြ႕အႀကဳံသိ)
(၃) Knowledge (သုတသိ)
(၄) Wisdom (ထိုးထြင္းသိ)
(၅) Enlightenment (တပ္အပ္သိ) ဟူ၍ျဖစ္သည္။

 

အမွန္တကယ္ “ပညာျဖစ္” ေသာအဆင့္မွာပင္ Knowledge သည္ ပညာ၏ မူလတန္းအဆင့္မွ်သာ ျဖစ္ၿပီး၊ Wisdom က အလယ္တန္း အဆင့္ ပညာရွိျခင္းဟု ခြဲျခားႏိုင္ၿပီး၊ Enlightenment အဆင့္ကသာ အထက္တန္း အဆင့္ပညာဟု ယူဆႏိုင္ပါသည္။ Knowledge သည္ “သုတ” ေပၚ အေျခခံ၍ ျဖစ္လာေသာ ပညာျဖစ္သျဖင့္ သုတသိပညာဟု ျမန္မာမႈ ျပဳလိုပါသည္၊ Wisdom အဆင့္မွာ အေတြ႕အႀကဳံ၊ အေတြး အေခၚမ်ားကို ထပ္မံေပါင္းထည့္ ထားၿပီးျဖစ္၍ ဖုံးကြယ္ထားေသာအရာ မ်ားကိုပင္ ေဖာ္ယူသိႏိုင္စြမ္းရွိသျဖင့္ “ထိုးထြင္းသိ ပညာ” ဟု ျမန္မာမႈ ျပဳပါသည္။ အျမင့္ဆုံးေသာပညာျဖစ္သည့္ Enlightenment မွာ အရာရာ ကို ေကာင္းစြာ ရွင္းရွင္းလင္းလင္း သိရွိႏိုင္ေသာ “အလင္းေပါက္ ပညာသိ” ျဖစ္၍ မျငင္းႏိုင္တမ္း တပ္အပ္ေသခ်ာမႈရွိသျဖင့္ တပ္အပ္ေသခ်ာသိ ပညာဟု ျမန္မာမႈျပဳလိုပါသည္။

 

 

သင္ၾကားပညာေရးအေျခခံ

ဘာသာရပ္မ်ားစြာကို ငယ္စဥ္က သင္ၾကားေပးေနေသာ ေက်ာင္းပညာေရး၊ စာသင္ခန္း ပညာေရးမွာ အေျခခံ မ်ားစြာက်သည္ဟု ျမင္သည္၊ မတူညီေသာ ဘာသာရပ္မ်ားအလိုက္ စဥ္းစားပုံ၊ ေတြးေခၚပုံ ေတြးေခၚနည္း၊ အသိရပုံရနည္းမ်ား ကြဲျပားျခားနားျခင္းျဖင့္ မိမိတို႔၏ ပညာျဖစ္ေစမႈျဖစ္သည့္ ဦးေႏွာက္ကို တစ္စုံ တစ္ရာ ေလ့က်င့္ရင့္က်က္ ေစပါသည္။ ေယဘုယ် နားလည္လြယ္ရန္ ခပ္ၾကမ္း ၾကမ္း သ႐ုပ္ခြဲထုတ္လွ်င္

(၁) Education - Learning
(၂) Experiences - Education +Learning
(၃) Knowledge - Education +Experiences ( +Learning)
(၄) Wisdom - Knowledge + Experiences ( + Learning)
(၅) Wisdom - Knowledge + Experiences( + Learning)


ဟူ၍ ေတြ႕ရပါမည္။ သုတသိမွ ထိုးထြင္းသိ၊ တပ္အပ္သိပညာအဆင့္သို႔ တိုးတက္သြားရာတြင္ အေတြ႕အႀကဳံဟူေသာ Experiences က အၿမဲ ပါ၀င္ေနေလ့ရွိပါသည္။ ေလ့က်င့္ျခင္းတစ္မ်ိဳး၊ ရယူျခင္းတစ္မ်ိဳး၊ ဆည္းပူးျခင္း တစ္မ်ိဳးလည္း ျဖစ္သည္။ ေလာကုတၱရာနယ္ပယ္တြင္မွာပင္ ပရိယတ္ၱိ၊ ပဋိပတ္ၱိဟူ၍ ရွိေနၿပီး၊ “အလုပ္လုပ္ပါ” ဟူသည္ တရားကို ရႈမွတ္ေလ့က်င့္ (အေတြ႕အႀကဳံထပ္ဆင့္) ေစျခင္းျဖစ္၍ အေတြ႕အႀကဳံသည္ မည္မွ်အေရး ပါသည္ကို ေတြ႕ႏိုင္ပါ၏။ သာမန္အားျဖင့္ လူ႔ေလာကထဲေရာက္လာ ေသာအခါ အသက္ (၂၀)ေက်ာ္မွ်အထိ စာသင္ခန္းတြင္း စာသင္ၾကရ၏။ Education ဟူေသာ ေက်ာင္းစာသင္ခန္းမွ ပညာကို အႏွစ္ (၂၀) မွ် သင္ၾကားၿပီး၊ အလုပ္လုပ္ၾကရသည္၊ ထိုမွ အေတြ႕အႀကဳံ ရွာၾကရသည္။ အေတြ႕အႀကဳံ ကို ေလာကႀကီးထဲမွရေသာပညာဟု တင္စားၾကသည္၊ မကုန္ႏိုင္ မခမ္းႏိုင္ေအာင္ရေသာ ပညာျဖစ္သလို၊ ယူတတ္သေလာက္ ရေသာပညာ လည္း ျဖစ္သည္။ သုတပညာဆင့္တြင္ သင္ၾကားခဲ့ရေသာ အတန္းပညာကို ျပင္ပ မွရေသာ အေတြ႕အႀကဳံျဖင့္ ခ်ိန္ညႇိၿပီး ပညာျဖစ္လာ၏။တစ္ဆင့္တက္ေသာ Wisdom အဆင့္ ထိုးထြင္းသိပညာတြင္ လည္း သုတပညာ (Knowledge) ကို အေတြ႕အႀကဳံျဖင့္ပင္ ထပ္၍ ေပါင္းစပ္ထားရသည္ကို ေတြ႕ႏိုင္သည္။ Enlightenment ဟူေသာ ပညာ ၏ အျမင့္ဆုံးအဆင့္တြင္လည္း ႊၽင်ိသာ ႏွင့္ အေတြ႕အႀကဳံကို ေပါင္းစပ္ ထားသျဖင့္ အေတြ႕အႀကဳံဟူေသာ Wisdom ၏ အေရးပါပုံကို ခန္႔မွန္းႏိုင္ပါလိမ့္မည္။

 

အားလုံးသင္ရန္မလို

အခ်ိဳ႕ေသာပညာမ်ားမွာ ပတ္၀န္းက်င္ကို ေလ့လာျခင္းျဖင့္ ရရွိႏိုင္ၾကသည္။ အရာအားလုံးကို သင္ၾကားေပးရန္ မလိုေခ်။ Tacit Knowledge ဟူသည္မွာ သင္ရန္မလိုေသာပညာ ျဖစ္သည္။ အခ်ိန္တန္ အ႐ြယ္ ေရာက္၍ သမီးရည္းစားထားျခင္းကို သီးျခားသင္ၾကားရန္ မလိုသလို၊ မိဘမ်ားကို သားသမီးမ်ားက သိတတ္ျခင္းအတြက္လည္း သင္ၾကားရန္ မလိုေခ်။ Tacit Knowledge အတြက္ Education + Learning + Experience ဟုဆိုေသာ္ ရေလာက္သည္။ မိမိေလ့လာမႈႏွင့္ အေတြ႕အႀကဳံ မ်ားအရ လုပ္သင့္လုပ္ထိုက္ သည္မ်ားကို မည္သူ၏ တိုက္တြန္းမႈမွမပါဘဲ အသိစိတ္ဓာတ္ျဖင့္ ေဆာင္႐ြက္ႏိုင္ သည္မ်ိဳးျဖစ္၏။ ေနာက္တစ္မ်ိဳးက Explicit Knowledge ျဖစ္သည္။ ဤပညာမ်ိဳးကို မူ တစ္ဦးတစ္ေယာက္ထံမွ ရယူရသည္။ ဥပမာအားျဖင့္ လုပ္ထုံးလုပ္နည္းမ်ား၊ ဥပေဒမ်ား၊ ကန္႔သတ္ခ်က္မ်ားကို တစ္ဦးတစ္ေယာက္က ရွင္းလင္းေျပာျပမွသာ သိရွိလိုက္နာႏိုင္သည့္သေဘာမ်ိဳးျဖစ္သည္။ Implicit Knowledge အမ်ိဳးအစား ကမူ တစ္မ်ိဳးျဖစ္၏။ တိုက္႐ိုက္ သင္ၾကားေျပာဆိုမႈမဟုတ္၊ တစ္ဦး တစ္ေယာက္၏ ျပဳမူေဆာင္႐ြက္ပုံကို ျမင္ေတြ႕ရၿပီး၊ သို႔မဟုတ္ သြယ္ဝိုက္ ေျပာဆို မႈမွတစ္ဆင့္ သိလာရေသာအသိမ်ိဳး ျဖစ္သည္။

 

ေထြျပားစြာသိၾကလွ်င္

အခ်ိဳ႕က ေက်ာင္းၿပီး၍ဘြဲ႕ရလွ်င္ ပညာရွိၿပီ၊ တတ္ၿပီဟုယူဆၾကသည္။ အမွန္က ပညာတတ္ျခင္းမွ်သာ ျဖစ္ၿပီး၊ ပညာရွိျခင္း (ျပန္လည္ အသုံးခ်ႏိုင္ျခင္း) မျဖစ္ေသးေခ်။ Education ႏွင့္ Graduation မတူ၊ ထို႔အတူ အခ်ိဳ႕က သတင္း စကားျဖန္႔ေဝႏိုင္ျခင္းကို Knowledge ျဖစ္ၿပီဟု ထင္ၾကျပန္သည္။ သတင္း စကားျဖန္႔ေျဝခင္းတြင္ မိမိ၏ ဦးေႏွာက္အသုံးခ်မႈ ဘာမွပါ၀င္သည္မဟုတ္၊ ၾကားရသည္ကို မွတ္ထားၿပီး ျပန္ေျပာျပျခင္းမွ်သာ ျဖစ္သည္။ သို႔ေသာ္ သတင္း မရသူမ်ား၏ အထင္ႀကီးမႈကို ခံစားရင္း၊ “ငါ့ေလာက္သူတို႔မသိ” ဟူေသာ စိတ္ ျဖစ္ကာ ကိုယ့္ကိုယ္ကို ပညာရွိဟု ယူဆသြားၾကသူမ်ား မနည္းပါးၾကသည္ ကို ေတြ႕ရပါ၏။ Data ဟူသည္ မွာ အခ်က္အလက္မွ်သာျဖစ္၍ Information ဟူေသာ သတင္းထက္ နိမ့္ပါးပါသည္။ ထို႔အတူ Information ဟူေသာသတင္းမွာ အခ်က္အလက္မ်ား၏အစုအေပါင္း (Summarizing and Analyzing) မွ်သာျဖစ္၍ Knowledge ဟူေသာ ပညာအဆင့္ မဟုတ္ျပန္၊ Knowledge ဟူသည္ မွာ သုတသိတို႔အေပၚ အေျခခံေသာ ပညာျဖစ္ၿပီး၊ Synthesize လုပ္ျခင္း (ေပါင္းစပ္ညႇိႏႈိင္း) ကာ အေျခအေနအရပ္ရပ္ႏွင့္ အမွားအမွန္ကို ခြဲျခားႏိုင္ေသာ ပညာဆင့္ျဖစ္သည္။ Wisdom အဆင့္သည္ Knowledge အဆင့္ထက္ ျမင့္ေသာပညာ ျဖစ္သည္။ ရႈပ္ေထြးခက္ခဲေသာ အေျခအေန မ်ားကိုပင္ ထိုးထြင္းသိျမင္ႏိုင္ေသာအဆင့္ျဖစ္သည္။ Talent အ ဟူေသာ ပါရမီပါ ျမင့္မားေသာဉဏ္စြမ္းရည္ကိုပါ ပိုင္ဆိုင္ၾကသူမ်ား ျဖစ္သည္။ မဟာဗ်ဴဟာအဆင့္ ေဆာင္႐ြက္ႏိုင္စြမ္းၾကေသာသူမ်ားလည္း ျဖစ္သည္၊ ေရွးအခါက မေဟာသဓာပညာရွိကို ဤ Wisdom အဆင့္မ်ိဳးျဖင့္ ပညာႀကီးသူအျဖစ္ ထင္ရွားခဲ့သည္။

 

ပညာတြင္ အျမင့္ဆုံးျဖစ္ေသာ Enlightenment မွာမူ အသိအလင္း ေပါက္ေအာင္ ပညာႀကီးၾကသူမ်ားျဖစ္သည္။ ဆင္ျခင္လွ်င္ သိႏိုင္ ၾက ေသာသူမ်ား ျဖစ္သည္။ အခ်က္အလက္၊ သတင္းျပည့္စုံမႈ မရွိသည့္ တိုင္ ေအာင္ ဆင္ျခင္မႈျဖင့္ အေျဖထုတ္ႏိုင္ၾကသည့္အဆင့္ျဖစ္၏။ ဗုဒၶေခတ္ က ဓာတ္ခြဲခန္းမ်ားမေပၚေသး၊ သို႔ေသာ္လည္း ပထဝီ၊ ေတေဇာ၊ အာေပါ၊ ဝါေယာ ဟူေသာ ဓာတ္ႀကီး (၄) ပါးျဖင့္သာ အရာရာကို ဖြဲ႕စည္းထားသည္ ဟူသည္ ကို ေဖာ္ထုတ္ႏိုင္ခဲ့သူ ျဖစ္သည္။ ဗုဒၶမတိုင္ပင္ က်ယ္ျပန္႔စြာ လက္ခံထားေသာ အတ္ၱကို ဗုဒၶက အနတၱျဖင့္ ေတာ္လွန္ခဲ့၏။

 

ေခတ္သစ္တြင္ ကမာၻေက်ာ္သိပ္ၸံပညာရွင္ႀကီးမ်ားျဖစ္ၾကသည့္ အဲလ္ ဘတ္အိုင္းစတိုင္းသည္ ဓာတ္ခြဲခန္း၊ စမ္းသပ္ခန္း ေကာင္းေကာင္းမရွိပါ ဘဲလ်က္ E = MC2 ကို တြက္ခ်က္ခဲ့ၿပီး၊ သင္ပုန္းေပၚတြင္ ညီမွ်ျခင္းမ်ားျဖင့္ တြက္ခ်က္ကာ ကမာၻႏွင့္လအကြာအေဝးကို ထုတ္ေဖာ္ခဲ့သည္။ ထို႔အျပင္ စၾက၀ဠာ၏အစ၊ က်ယ္ျပန္႔လာပုံ ေမြးဖြားလာပုံကို ဆင္ျခင္သိျဖင့္ အယူအဆသစ္မ်ား ထုတ္ေဖာ္ႏိုင္ ခဲ့၏၊ တြင္းနက္ႀကီးမ်ား (Black Hole)၊ တြင္းျဖဴႀကီးမ်ား (White Hole)၊ Warm Hole စေသာ အယူအဆမ်ားကို ပညာအလင္းေပါက္ေသာေၾကာင့္ ထုတ္ေဖာ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ယေန႔ စမ္းသပ္ခ်က္မ်ားအရလည္း မွန္ကန္ၾက သည္ကို ေတြ႕ရျပန္သည္။

 

ေခတ္သစ္သည္ ပညာကို ေရကုန္ေရခန္း အသုံးခ်ရေသာေခတ္ ျဖစ္လာ၏။ မဟာဗ်ဴဟာေကာင္းမ်ားျဖင့္ ယွဥ္ၿပိဳင္ရေသာေခတ္ ျဖစ္လာ၏။ ထို႔ေၾကာင့္ ျမန္မာ တို႔ေခတ္ကို အမွီလိုက္ႏိုင္ရန္ ပညာကို ႀကီးမားစြာ အသုံးခ်႐ုံမွတစ္ပါး အျခားလမ္း မရွိေခ်။ ပညာကို ပညာလို ျမင္ႏိုင္ရန္ လိုသည္။ ၾကက္တူေ႐ြး သာလိကာလို Information ကို ႐ြတ္ျပ႐ုံျဖင့္ ပညာမျဖစ္၊ ပညာဟုလည္း မယူဆသင့္၊ လိုအပ္ေသာပညာမ်ားကို လက္ေတြ႕အသုံးခ်ေနေသာႏိုင္ငံမ်ားမွ ရယူျခင္းျဖင့္ ရယူျဖည့္ဆည္းႏိုင္ၾကရန္လိုပါသည္။

 

Original Writer - ဆရာေနဇင္လတ္
JOB seekers Journal Vol.2,No.51

Read times
Rate this articles
(1 Vote)