×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 06 October 2021

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ

သင်ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ
++++++++++++++++++++++++++

 

၁။ ဆင်ခြေအရမ်းများတယ်။
တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

 

၂။ တစ်ခုခု ကို အမြဲကြောက်တယ်။
ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။ သူများဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာကိုကြောက်တယ် . . . စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံသရာကနေ ရုန်းမထွက်တော့ပါဘူး။

 

၃။ သင်ယူဖို့ ငြင်းဆန်တယ်။
လုပ်လည်းမလုပ်တတ်ဘူး၊ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

၄။ ချီတုံချတုံ ဖြစ်တယ်။
နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

 

၅။ အချိန်ဆွဲတယ်။
မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

 

၆။ ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။
ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

 

၇။ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။
သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

 

၈။ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။
ဟိုအလုပ်တော့ မသင့်တော်ဘူး၊ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။

 

၉ ။ လက်တွေ့မဆန်ဘူး။
အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြသနာပါ။ ကံကောင်းမူတွေ၊ လဘ်လာဘတွေ တစ်ခါထဲ နတ်သိကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

 

ကျွန်တော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ၊ ပြုပြင်ရတော့မှာပေါ့၊ သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား။

 

Credit - Sayar Aung Ko Latt

 

 

သင္ဘာလို႔ ထြန္းထြန္းေပါက္ေပါက္ မျဖစ္ေသးတာလဲ
++++++++++++++++++++++++++

 

၁။ ဆင္ေျခအရမ္းမ်ားတယ္။
တစ္ခုခုကို မလုပ္ခ်င္ရင္၊ လုပ္လိုစိတ္မရွိရင္ အေၾကာင္းျပခ်က္ေတြ၊ ဆင္ေျခေတြ ရာေထာင္မက ရွာေတြ႕ႏိုင္ပါတယ္။ တကယ့္လုပ္ခ်င္တဲ့လူေတြအတြက္က်ေတာ့ နည္းလမ္းအၿမဲရွာေတြ႕ပါတယ္။

 

၂။ တစ္ခုခု ကို အၿမဲေၾကာက္တယ္။
ဆုံး႐ူံးမွာေၾကာက္တယ္။ ဂုဏ္ငယ္မွာေၾကာက္တယ္။ သူမ်ားဟားမွာကို ေၾကာက္တယ္။ အဆင္မေျပမွာ ေၾကာက္တယ္။ ေခတ္ပ်က္မွာက္ိုေၾကာက္တယ္ . . . စသည္ျဖင့္ ေၾကာက္ျခင္းမ်ားစြာနဲ႔ ဘယ္ေတာ့မွ အေၾကာက္သံသရာကေန ႐ုန္းမထြက္ေတာ့ပါဘူး။

 

၃။ သင္ယူဖို႔ ျငင္းဆန္တယ္။
လုပ္လည္းမလုပ္တတ္ဘူး၊ သင္ဖို႔လည္းအခ်ိန္မေပးခ်င္ဘူး။ ပိုက္ဆံေတာ့ မ်ားမ်ားရခ်င္တယ္။ အခုေရတြင္းတူး၊ အခုေရၾကည္ေသာက္ခ်င္တယ္။

 

၄။ ခ်ီတုံခ်တုံ ျဖစ္တယ္။
နားေယာင္လြယ္တယ္။ သူမ်ားကို အႀကံေတာင္းလြန္းတယ္။ ဟိုလိုလို ဒီလိုလို ခ်ီတုံခ်တုံ ျဖစ္တယ္။

 

၅။ အခ်ိန္ဆြဲတယ္။
မၿပီးဆုံးႏိုင္ေတာ့တဲ့ မနက္ဖန္မ်ားစြာနဲ႔ ဘယ္ေတာ့မွ မစျဖစ္ေတာ့ပါဘူး။

 

၆။ ေကာက္႐ိုးမီးဆန္တယ္။ အဖ်ား႐ူးတယ္။
ဘာလုပ္လုပ္၊ အစပိုင္းအရမ္းတက္ႂကြတယ္။ ေကာက္႐ိုးမီးလိုပါပဲ၊ ခဏေလးေတာက္တယ္။ အဖ်ား႐ူး႐ူးသြားတယ္။

 

၇။ သူမ်ားျငင္းဆိုမွာကို အၿမဲစိုးရိမ္တယ္။
သူမ်ား No ေျပာမွာကို အရမ္းေၾကာက္တယ္။ အရမ္းစိုးရိမ္ႀကီးတယ္။ မစခင္မွာပဲ လက္ေလွ်ာ့သြားတတ္တယ္။

 

၈။ ကိုယ့္ကိုယ္ကို ေဘာင္ခတ္တယ္။
ဟိုအလုပ္ေတာ့ မသင့္ေတာ္ဘူး၊ ဒီအလုပ္ေတာ့ ငါ့အဆင့္နဲ႔ဆိုရင္ သိမ္ငယ္တယ္။ ခရီးေဝးေဝးသြားဖို႔ မိဘနဲ႔ မခြဲႏိုင္ဘူး။ အနီးအနား စက္႐ုံေတြက်ေတာ့ လုပ္ခနည္းတယ္။ မ်က္နာငယ္မွာ ဆိုးလို႔၊ အမ်ိဳးေျပာမွာေၾကာက္လို႔ စသည္ျဖင့္ ေဘာင္အမ်ိဳးမ်ိဳး ကေန ႐ုန္းမထြက္ေတာ့ပါဘူး။

 

၉ ။ လက္ေတြ႕မဆန္ဘူး။
အၿမဲစိတ္ကူးယဥ္တယ္။ စိတ္ကူးယဥ္တာအျပစ္မေျပာလိုေပမဲ့ ပထမေျခလွမ္း မစျဖစ္တာကျပသနာပါ။ ကံေကာင္းမူေတြ၊ လဘ္လာဘေတြ တစ္ခါထဲ နတ္သိၾကားဆီက က်လာေတာ့မဲ့အတိုင္းပါပဲ။ ကံေကာင္းေအာင္ အၿမဲေမ်ာ္လင့္ေနတဲ့လူစားမ်ိဳးပါ။ ေဗဒင္ေမး ဝါသနာပါတဲ့လူစားမ်ိဳးပါ။ အၿမဲထီထိုးတတ္ပါတယ္။

 

ကၽြန္ေတာ္ကတာ့ အခ်ိဳ႕အခ်က္ေတြၿငိေနသလိုပဲ၊ ျပဳျပင္ရေတာ့မွာေပါ့၊ သင္ေကာ တစ္ခ်က္ခ်က္နဲ႔ တိုက္ဆိုင္မိပါသလား။

 

Credit - Sayar Aung Ko Latt

Read times Last modified on Wednesday, 06 October 2021 08:58
Rate this articles
(0 votes)