×
Warning
JUser: :_load: Unable to load user with ID: 723
Success
Monday, 23 October 2017
သင်ဘာကြောင့် အောင်မြင်မှုနဲ့ ဝေးနေတာလဲ
သင်ဘာကြောင့် အောင်မြင်မှုနဲ့ ဝေးနေတာလဲ google.com
မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
၁။ ပိုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။
၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကိုမှ မလေ့ကျင့်ဘူးဆိုရင် ဘယ်သူက မွေးကတတည်းက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက် အချိုးကျ တတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်း လှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။
၎။ အချိန်မရှိလို့။ မှားတယ်။ တစ်ရက်တစ်ရက် ဖုန်းသုံးတဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ် လောက်မှတ်ပြီးရင် ကို်ယ်မှတ်ထားတာကို ပြန်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေ တောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ် ပါတယ်။
၅။ ၀ါသနာမပါလို့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀ါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူ ၀ါသနာပါမှာလဲ။ ၀ါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီး မြောက်ခြင်းရဲ့ အရသာကို ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။
[Unicode Version]
ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုုမှာ ဒီလိုုပြောသွားပါတယ်။ သင်ဘာလိုု့ မအောင်မြင်သေးတာလဲ။ သင်ရေစုုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်း နေပါတယ်။ တိုုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုုက်ဆံမရှိဘူး၊ မျက်နာကျတော့ အသေလုုိချင်တယ်။ မိဘနဲ့ ခွဲရမှာကိုုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကိုု အမြဲနားယောင်တယ်။ ကိုုယ့်ကိုုယ်ကိုု ဘယ်တော့မှ ဆုုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုုတာကိုု အကြောင်းပြုပြီး ရှေးရိုုးစွဲတယ်။ ဘဝကိုု ကံကြမ္မာပေးတဲ့ အတိုုင်းပဲ အသက်ရှင်ချင်တယ်။ ထိုုးဖောက်ဖိုု့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
အရင်းမစိုုက်ထုုတ်ပဲ အမြတ်များများရတဲ့ အလုုပ်ပဲလုုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လဘ်လာဘ ကောင်းကင်ပေါ်ကနေ ကျလာမှာကိုု မျှော်လင့်နေတယ်။ ထီပေါက်ဖိုု့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။အခွင့်အရေး မကြံုဘူးလိုု့ ခဏခဏ ပြစ်တင်ပြောဆိုုတယ်။ တကယ်အခွင့် ကြံုလာပြန်တော့လည်း သင်မဖမ်းထားနိုုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုုတော့ သင်ဖမ်းကိုု မဖမ်းတတ်လိုု့ပါ။ ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုုတ် တွန့်ဆုုတ် ဖြစ်တယ်။ ဘာဆုုိဘာမှ မလုုပ်ရဲတော့ဘူး။ ဘာတစ်ခုုခုုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုုးဘဝသံသရာကြီးထဲမှာ ဒီလိုုပဲ တဝဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုုန်း တစ်ခုုခုုတော့ လုုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုုယ့်ကိုုယ်ကိုု အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုုတ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံုနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံုးတွေ့တတ်တဲ့ ဥပမာများကတော့…
၁။ ပိုုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလိုု့ပါ။ စုုလည်းမစုုဆောင် းတတ်လိုု့။ ကိုုယ့်ကိုုယ်ကိုုလည်း တန်ဖိုုးတက်အောင် မလုုပ်လိုု့၊ ဝေးဝေး လည်းမစဉ်းစားတတ်လ်ိုု့။
Recommended for you - ဘွဲ့မရပေမယ့်လည်း အောင်မြင်နိုင်ပါတယ်။
၂။ အရည်အချင်းမရှိလိုု့ ။ မှားတယ်။ ကိုုယ့်ကိုုယ်ကိုုမှ မလေ့ကျင့်ဘူးဆိုုရင် ဘယ်သူက မွေးကတတည်းက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုုပ်လုုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုုင်းအတာဟာ ဆုံုးရူံးခဲ့တဲ့ ပမာဏနဲ့ တိုုက်ရိုုက် အချိုးကျ တတ်ပါတယ်။ အလုုပ်ကိုု နည်းနည်း လုုပ်ရုံုနဲ့ ပျင်းသွားတယ်။ စာတစ်အုုပ်ကိုု အရွက်နည်းနည်း လှန်ဖတ်လိုုက်ရုံုနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုုင်မှာလဲ။
၃။ စကားမပြောတတ်လိုု့။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလိုု့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။
၄။ အချိန်မရှိလိုု့။ မှားတယ်။ တစ်ရက်တစ်ရက် ဖုန်းသုံးတဲ့ အချိန်ကိုုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကိုု တွက်ကြည့်လိုုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကိုု စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံုးဖြစ်တယ်။ မယုံုရင် အချိန်မှတ်တမ်းလေးတစ်ခုု မှတ်ကြည့်ပါ။ ကိုုယ်ဘာလုုပ်လုုပ်၊ အချိန်ကိုု မှတ်ကြည့်၊ နှစ်ပတ် လောက်မှတ်ပြီးရင် ကိုု်ယ်မှတ်ထားတာကိုု ပြန်ဆန်းစစ်ကြည့်၊ အလုုပ်အရမ်းများပါတယ်ဆိုုတဲ့ လူတွေ တောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုုကုုန်နေတာကိုု တွေ့ရတတ် ပါတယ်။
Recommended for you - တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်များ
၅။ ၀ါသနာမပါလိုု့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုုင်ထိုုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆိုု ၀ါသနာပါမှာပဲ။ အလုုပ်ကိုု ပင်ပင်ပမ်းပမ်းလုုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုုးစီးမယ်။ ဘယ်သူ ၀ါသနာပါမှာလဲ။ ၀ါသနာဆိုုတာ တစ်ခုုခုုကိုု ကြိုးကြိုးစားစား လုုပ်လိုုက်လိုု့ ပြီးမြောက်သွားရင် အဲဒီပြီး မြောက်ခြင်းရဲ့ အရသာကိုု ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုုတာ ပျိုးထောင်ရင် ရပါတယ်။
၆။ စဉ်းစားကြည့်အုုံးမယ်။ ဒါအမှားဆုံုးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုုက်တတ်တဲ့ လူတန်းစား အတွက် ပြောတာပါ။ ဘာပဲလုုပ်လုုပ်၊ တဝက်သေချာတယ်လိုု့ ထင်ရင်စလိုု့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိ စောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုုသွားတဲ့လူတွေ မနည်းလှတော့ပါ။
သင်က ဂီတကို ဝါသနာပါသူတစ်ယောက်လား ဒါမှမဟုတ် ဘာသာစကားလေ့လာရတာ တခြားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့တွေကို လေ့လာရတာ ကြိုက်နှစ်သက်တယ်ဆိုရင် sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ရပါတယ်ခင်ဗျာ။
Credit; sayar aung ko latt
Read times Last modified on Monday, 30 December 2019 15:16
Rate this articles
(2 votes)