×

Warning

JUser: :_load: Unable to load user with ID: 723


Success

Thursday, 07 December 2017

ကုိယ္က အရွဳံးမေပးမခ်င္း မရွံုးပါဘူး

ကုိယ္က အရွဳံးမေပးမခ်င္း မရွံုးပါဘူး google.com

အရွံုး မွားယြင္းမွဳ စိတ္ဓါတ္က်ျခင္း ဒါေတြက ဘဝခရီးလမ္းမွာ တစ္ေကြ႔ မဟုတ္ တစ္ေကြ႕ေတာ့ ၾကံဳရမွာပါ။ ဒါကလူတိုင္းၾကံဳရမွာပါ။ ဒါေပမယ့္ လူတိုင္းေတာ့ မရွဳံးနိမ့္ပါဘူး ဘာျဖစ္လို႔လဲ… ရွံဳးနိမ့္မွဳကို လက္ခံပံု ျခင္းမတူတဲ့အေတြက္ေၾကာင့္ပါ။ ဘယ္လုိ အခက္အခဲေတြပဲ ၾကံဳေနပါေစ ကုိယ္ကအရွံဳးမေပးမခ်င္း မရွံုးပါဘူး။

 

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ေလာက္ကပါ။ စိတ္ပညာရွင္တစ္ေယာက္ရဲ႕ ေလ့လာသံုးသပ္ခ်က္တစ္ခုကို တိုင္းမ္မဂၢဇင္းက ေဖာ္ျပခဲ့ပါတယ္။ သူက စက္ရံုတစ္ရံုအပိတ္ခံရတဲ့အခ်ိန္မွာ အလုပ္သံုးၾကိမ္ျပဳတ္ဖူးတဲ့ လူေတြကို ေလ့လာဆန္းစစ္ခဲ့တာ ျဖစ္ပါတယ္။ ေတြ႔ရွိတာနဲ႕ပက္သက္ျပီး သူတို႔ကိုယ္တိုင္ အံ့အားသင့္ခဲ့ ၾကရတယ္။

အလုပ္ျပဳတ္သြားတဲ့ လူေတြဆိုေတာ့ သူတို႔ဟာ ရိုက္ခ်ိဳးခံထားရတယ္။ စိတ္ဓါတ္ေတြက်ဆင္းေန မယ္လို႔ ထင္ထားခဲ့ပါတယ္။ ဒါေပမယ့္အဲ့လိုျဖစ္ရမယ့္အစား သူတို႔ဟာ အံ့အားသင့္ေလာက္ေအာင္ ဒူေပနာေပ ခံနိုင္ၾကတယ္ဆိုတာ ေတြ႔လုိက္ၾကရတယ္။

Recommended for you - ဘယ္လိုအေျခအေနေတြက သင့္ကို ေနာက္ဆုတ္ဖို႔ သတိေပးေနတာလဲ

ဒီလိုဘာေၾကာင့္ျဖစ္ရတာလဲ။

ဆင္းရဲဒုကၡေတြကို ခဏခဏခံရတဲ့လူေတြဟာ ဘယ္လိုျပန္ကန္ရမယ္ဆိုတာ သင္ယူတတ္ေျမာက္သြားၾက တယ္လို႔ ေနာက္ဆံုးမွာ မွတ္ခ်က္ခ်ၾကတယ္။ အလုပ္ျပဳတ္ျပီး အလုပ္သစ္ျပန္ရတာ ႏွစ္ၾကိမ္ၾကံဳခဲ့ဖူးတဲ့ လူေတြဟာ တစ္ေနရာတည္းမွာပဲ အလုပ္လုပ္ျပီး ဘာဒုကၡမွ မၾကံဳဖူးတဲ့သူေတြထက္ ပိုျပီးဒုကၡကို ရင္ဆိုင္နိုင္စြမ္း ရွိၾကတယ္။

အထင္နဲ႔ အျမင္ တျခားစီျဖစ္ေကာင္းျဖစ္နိုင္တယ္။ ဒါေပမယ့္ ကိုယ္က က်ရွံုးမွဳေတြ အမ်ားၾကီးေတြ႔ၾကံဳဖူးရင္ မၾကံဳဖူးတဲ့ လူေတြထက္ကိုယ္က ေအာင္ျမင္မွဳရဖုိ႔ အေျခအေနပိုသာတယ္။ ကုိယ္ကက်ရွဳံးတယ္၊ ထပ္က်ရွံဳးတယ္၊ ထပ္က်ရွံဳးတယ္၊ ေနာက္ကိုယ့္ေျခေထာက္နဲ႕ ကိုယ္ျပန္ထတယ္။ ထပ္ခါျပန္ထတယ္။

Recommended for you - စာဖတ္ျခင္းက သင့္ကို ဘယ္လိုထူးျခားတဲ့စြမး္အင္ေတြ ေပးနိုင္တယ္လို႔ထင္ပါသလဲ

က်ရွံဳးမွဳကေန ဆက္တုိက္သင္ယူေနတယ္၊ အဲဒါဟာကိုယ္က အင္အားေတြ၊ ဇြဲလံု႕လေတြ၊ အေတြ႔အၾကံဳေတြ၊ အသိပညာေတြကို တည္ေဆာက္ေနတာပဲ ျဖစ္တယ္။ ဒီအရည္အခ်င္းေတြ တိုးတက္ေအာင္ လုပ္တဲ့လူေတြဟာ ေကာင္းတာေတြ ေစာေစာလာ၊ ျမန္ျမန္လာတတ္တဲ့ လူေတာ္ေတာ္မ်ားမ်ားနဲ႕ မတူၾကပဲ ေအာင္ျမင္မွဳကို ထိန္းသိမ္းထားနိုင္ၾကတယ္။

ကိုယ္ကအရွဳံးမေပးမခ်င္း တကယ့္ေနရာေကာင္းကို ကိုယ္ေရာက္ေနတာပဲ ျဖစ္တယ္။

အထင္နဲ႕အျမင္ လြဲေကာင္းလြဲနိုင္တယ္။ ဒါေပမဲ့ ကိုယ္က အမ်ားၾကီးက်ရွဳံးခဲ့ရင္ ဒါကို ေအာင္ပြဲခံလိုက္ပါ။

 

ကိုကို (စက္မွဳတကၠသိုလ္)

[Unicode Version]

အရှုံး မှားယွင်းမှု စိတ်ဓါတ်ကျခြင်း ဒါတွေက ဘဝခရီးလမ်းမှာ တစ်ကွေ့ မဟုတ် တစ်ကွေ့တော့ ကြံုရမှာပါ။ ဒါကလူတိုင်းကြံုရမှာပါ။ ဒါပေမယ့် လူတိုင်းတော့ မရှုံးနိမ့်ပါဘူး ဘာဖြစ်လို့လဲ… ရှံုးနိမ့်မှုကို လက်ခံပုံ ခြင်းမတူတဲ့အတွေက်ကြောင့်ပါ။ ဘယ်လို အခက်အခဲတွေပဲ ကြံုနေပါစေ ကိုယ်ကအရှံုးမပေးမချင်း မရှံုးပါဘူး။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပါ။ စိတ်ပညာရှင်တစ်ယောက်ရဲ့ လေ့လာသုံးသပ်ချက်တစ်ခုကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ သူက စက်ရုံတစ်ရုံအပိတ်ခံရတဲ့အချိန်မှာ အလုပ်သုံးကြိမ်ပြုတ်ဖူးတဲ့ လူတွေကို လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိတာနဲ့ပက်သက်ပြီး သူတို့ကိုယ်တိုင် အံ့အားသင့်ခဲ့ ကြရတယ်။
အလုပ်ပြုတ်သွားတဲ့ လူတွေဆိုတော့ သူတို့ဟာ ရိုက်ချိုးခံထားရတယ်။ စိတ်ဓါတ်တွေကျဆင်းနေ မယ်လို့ ထင်ထားခဲ့ပါတယ်။ ဒါပေမယ့်အဲ့လိုဖြစ်ရမယ့်အစား သူတို့ဟာ အံ့အားသင့်လောက်အောင် ဒူပေနာပေ ခံနိုင်ကြတယ်ဆိုတာ တွေ့လိုက်ကြရတယ်။

Recommended for you - ဘယ်လိုအခြေအနေတွေက သင့်ကို နောက်ဆုတ်ဖို့ သတိပေးနေတာလဲ
ဒီလိုဘာကြောင့်ဖြစ်ရတာလဲ။
ဆင်းရဲဒုက္ခတွေကို ခဏခဏခံရတဲ့လူတွေဟာ ဘယ်လိုပြန်ကန်ရမယ်ဆိုတာ သင်ယူတတ်မြောက်သွားကြ တယ်လို့ နောက်ဆုံးမှာ မှတ်ချက်ချကြတယ်။ အလုပ်ပြုတ်ပြီး အလုပ်သစ်ပြန်ရတာ နှစ်ကြိမ်ကြံုခဲ့ဖူးတဲ့ လူတွေဟာ တစ်နေရာတည်းမှာပဲ အလုပ်လုပ်ပြီး ဘာဒုက္ခမှ မကြံုဖူးတဲ့သူတွေထက် ပိုပြီးဒုက္ခကို ရင်ဆိုင်နိုင်စွမ်း ရှိကြတယ်။
အထင်နဲ့ အမြင် တခြားစီဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ကျရှံုးမှုတွေ အများကြီးတွေ့ကြံုဖူးရင် မကြံုဖူးတဲ့ လူတွေထက်ကိုယ်က အောင်မြင်မှုရဖို့ အခြေအနေပိုသာတယ်။ ကိုယ်ကကျရှုံးတယ်၊ ထပ်ကျရှံုးတယ်၊ ထပ်ကျရှံုးတယ်၊ နောက်ကိုယ့်ခြေထောက်နဲ့ ကိုယ်ပြန်ထတယ်။ ထပ်ခါပြန်ထတယ်။

Recommended for you - စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမး်အင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ
ကျရှံုးမှုကနေ ဆက်တိုက်သင်ယူနေတယ်၊ အဲဒါဟာကိုယ်က အင်အားတွေ၊ ဇွဲလုံ့လတွေ၊ အတွေ့အကြံုတွေ၊ အသိပညာတွေကို တည်ဆောက်နေတာပဲ ဖြစ်တယ်။ ဒီအရည်အချင်းတွေ တိုးတက်အောင် လုပ်တဲ့လူတွေဟာ ကောင်းတာတွေ စောစောလာ၊ မြန်မြန်လာတတ်တဲ့ လူတော်တော်များများနဲ့ မတူကြပဲ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ကြတယ်။
ကိုယ်ကအရှုံးမပေးမချင်း တကယ့်နေရာကောင်းကို ကိုယ်ရောက်နေတာပဲ ဖြစ်တယ်။
အထင်နဲ့အမြင် လွဲကောင်းလွဲနိုင်တယ်။ ဒါပေမဲ့ ကိုယ်က အများကြီးကျရှုံးခဲ့ရင် ဒါကို အောင်ပွဲခံလိုက်ပါ။
ကိုကို (စက်မှုတက္ကသိုလ်)

Read times Last modified on Monday, 30 December 2019 15:52
Rate this articles
(0 votes)