×
Warning
JUser: :_load: Unable to load user with ID: 723
Success
Friday, 29 December 2017
သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ?
သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ? google.com
သူမှာ ရှိတဲ့အကြံဥာဏ်ကလည်း သူ့သူငယ်ချင်းတွေ ကြိုက်တဲ့ ကြက်ကြော်နည်းပဲရှိတယ် ။ 
[Unicdoe Version]
ကိုလိုနယ် စဲန်ဒါး ဟာ သူ့ အသက် ၆၅ နှစ်မှာ ပထမဆုံး လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ ၉၉ ဒေါ်လာကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ ငွေကြေးချို.တဲ့နေပြီး အိမ်ငယ်လေးတလုံးနဲ့ ကားအစုတ်ကလေး တစ်စီးသာ ရှိခဲ့တယ်။ သူဟာ ဒီလိုနေသွားလို့ မဖြစ်တော့ဘူး ပြောင်းလဲမှုတခုခုလုပ်ဖို့ ဆုံးဖြတ်ချက်ချ ခဲ့တယ်။
သူမှာ ရှိတဲ့အကြံဉာဏ်ကလည်း သူ့သူငယ်ချင်းတွေ ကြိုက်တဲ့ ကြက်ကြော်နည်းပဲရှိတယ် ။
အဲ့ဒီ အကြံဉာဏ်ကပဲ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့တယ်။သူဟာ ကင်တပ်ကီ ပြည်နယ်မှာ ရှိတဲ့ သူ့ရဲ့အိမ်ကို စွန့်ခွါခဲ့ပြီး အမေရိကန်မှာရှိတဲ့ ပြည်နယ်များစွာကို သူ့အကြံဉာဏ်ကို ရောင်းဖို့ ခရီးထွက် ခဲ့တယ်။ သူက စားသောက်ဆိုင် ပိုင်ရှင်တွေကို လူတွေကြိုက်မဲ့ ကြက်ကြော်နည်းရှိတယ် ထိုကြက်ကြော် နည်းကို အလကားပေးမယ်လို့ ပြောခဲ့တယ် ။အပေးအယူ အဖြစ် သူပြန်လိုချင်ခဲ့တာကတော့ ကြက်ကြော်ရောင်းလို့ ရတဲ့ ငွေကနေ သူ့ကို ရာခိုင်နှုန်း အနည်းငယ် ပေးဖို့ပဲဖြစ်တယ်။
သူဟာ စားသောက်ဆိုင် အတော်များများရဲ့ ငြင်းပယ်ခြင်းကို ခံရပေမဲ့ လက်မလျှော့ခဲ့ဘူး။ ဘယ်လောက်ထိ တောင် ငြင်းပယ်ခံရသလဲဆိုရင် အကြိမ် ၁၀၀၀ ကျော်အောင် ငြင်းပယ်ခံခဲ့ရတယ် ။ သူဟာ ပထမဆုံး သူ့ရဲ့အကြံဉာဏ်ကို လက်မခံခင် အကြိမ်ပေါင်း ၁၀၀၉ ကြိမ် ငြင်းပယ်ခံခဲ့ရတယ်။
Recommended for you - အတွေ့အကြုံမှ ရရှိခဲ့တဲ့ စကားလုံးများ
အဲ့ဒီ ပထမဆုံး လက်ခံမှုကို ရရှိခြင်းနှင့်အတူ ကိုလိုနယ် ဟတ်လဲန်း ဆဲန်ဒါး ဟာ KFC လို့ လူသိများတဲ့ ကင်တပ်ကီ ကြက်ကျော် နဲ့ ကမ္ဘာကြီးရဲ့ အစာစားသောက်မှု အလေ့အကျင့်တခုကို ပြောင်းလဲပစ်ခဲ့တယ်။ ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက်လောက်ကများ အကြိမ်တထောင် ငြင်းပယ်ခံရလောက်အောင် အခွင့်အရေးတခုအတွက် ြ
ကိုးစားဘူးကြပါသလဲ ။
သိပ်များမယ်လို့တော့ မထင်ပါဘူး ။ ဘာလို့လည်းဆိုတော့ ကိုလိုနယ် ဆဲန်ဒါးလို အောင်မြင်တဲ့သူတွေ သိပ်မရှိလို့ပါ။ အောင်မြင်မှုနဲ့ စီးပွားရေးမှာ အသက်အရွယ်ဟာ အတားအဆီးမဟုတ်ပါဘူး။ အမှန်တကယ် လိုအပ်တာက ရရှိတဲ့ အကြံဉာဏ်ကို လက်တွေ.အကောင်အထည်ဖေါ်ပြီး မှန်မှန်ကန်ကန် အစီအစဉ်ချမှတ်ဖို့နဲ့ မဆုတ်မနစ် ကြိုးစားဖို့ပဲလိုပါတယ် ။
မြန်မာနိုင်ငံတွင် ပထမဆုံးသော online တွင် ဆရာရှာဖွေနိုင်သော website sayar.com.mm တွင် ဘာသာရပ်ပေါင်း ငါးဆယ်ကျော်ကို သင်ကြာပေးနိုင်သော ဆရာ ဆရာမ များကို ရှာဖွေနိုင်ပါတယ်။
သင်ကိုယ်တိုင်ဆရာတစ်ယောက်ဆိုရင်တော့ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source; May Dim’s Notebook
Read times Last modified on Friday, 03 January 2020 10:25
Rate this articles
(0 votes)