×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 06 April 2018

စိတ်ဓာတ် ကျတိုင်း ပြန်ကောက်ပါ

စိတ်ဓာတ် ကျတိုင်း ပြန်ကောက်ပါ google.com

ကျွန်တော်ရော သင်ရော အမြဲတမ်းစိတ်ဓာတ်တက်ကြွနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တခါတလေမှာ လောကဓံရဲ့ ရိုက်ချက်တွေထဲမှာ ကျွန်တော်တို့ သင်တို့ရဲ့ စိတ်ဓာတ်တွေ ယိမ်းယိုင်လဲပြိုသွားတတ်ပါတယ်။ ဘဝဆိုတဲ့ ခရီးလမ်းမဆုံးသေးသရွေ့တော့ သင်ကိုယ်တိုင်ကပဲ သင့်ရဲ့စိတ်ဓာတ်တွေကို ပဲ့ထိန်းပြီး ပြန်လည်လျှောက်လှမ်းရမှာပါ။ ဒါကြောင့် စိတ်ဓာတ်ကျတိုင်း ပစ်မထားပါနဲ့ ပြန်ကောက်ပါ။

 လောကမှာ ငါပဲကံဆိုးနေတာလားတွေးမိရင်

ကမ္ဘာပေါ်က ဒုက္ခမျိုးစုံရောက်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ။

ဖိနပ်မရှိတိုင်း ငိုနေမိရင် 

ခြေထောက်မါတဲ့သူကို သတိရပါ

အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင် 

ထမင်းငတ်နေသူတွေကို သတိရပါ

လင်မယားနှစ်ယောက်ကြား စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ

Recommended for you - “အသက် (၃၀) အရွယ်မှာစတင်ရမည့်အရာများ”

ချစ်သူက စွန့်ပစ်သွားလို့ အသည်းကွဲမိရင်

အစွန့်ပစ်ခံခဲ့ရသော မိဘမဲ့ကလေးများ၏ ဝေဒနာကို ခံစားကြည့်ပါ

အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေမိရင်

အလုပ်လက်မဲ့ဖြစ်နေသာ လူတွေကို သတိရလိုက်ပါ

စက်ဘီးစီးနေရတဲ့ ဘဝကို စိတ်ဓာတ်ကျမိရင် 

လမ်းလျှောက်နေရသူတွေကို သတိထားကြည့်လိုက်ပါ။ 

ကိုးကား ဇင်းနစ် မကွေး

Recommended for you - သင့်ရဲ့မှတ်ဥာဏ်စွမ်းရည်တွေ ထိခိုက်နေပြီလား ?

 

Read times Last modified on Tuesday, 07 January 2020 17:59
Rate this articles
(4 votes)