×

Warning

JUser: :_load: Unable to load user with ID: 723


Success

Monday, 23 April 2018

ကြိုးစားနေတဲ့ လူငယ်များအတွက် အကောင်းဆုံးမနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်မယ့် လမ်းညွှန်များ

ကြိုးစားနေတဲ့ လူငယ်များအတွက် အကောင်းဆုံးမနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်မယ့် လမ်းညွှန်များ google.com

ဒီနေ့ကသင့်အတွက်အခက်ခဲဆုံးဆိုရင် မနက်ဖြန်က သင့်အတွက်အောင်မြင်ခြင်းတွေနဲ့စောင့်မျှော်နေမှာပါ။ ဒါပေမယ့် သင်ကိုယ်တိုင်က မနက်ဖြန်အထိတောင့်ခံနိုင်ဖို့ လိုပါတယ်။ ကြိုးစားနေတဲ့ လူတိုင်းအတွက် သူ့ကြိုးစားမှုနဲ့ ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုတော့ ဆွတ်ခူးနိုင်မှာပါ။

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။

၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။

၃။ ရတာထက် ပိုမသုံးနဲ့။

၎။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံစေချင်သလို ဆက်ဆံပါ။

၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။

၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။

၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။

၈။အမှားကို ဝန်ခံပါ။

Recommended for you - သင်လိုချင်တဲ့ဘဝတစ်ခုကို သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ

၉။ ရဲရင့်ပါ။ မရဲသော် ရဲယောင်ဆောင်ပါ။ ဘယ်သူမှ ခွဲခွဲခြားခြား မသိပါ။

၁၀။ ဘယ်တော့မှ လိမ်လည်လှည့်ဖျားမှု မလုပ်ပါနဲ့။

၁၁။ နားထောင်တတ်ပါစေ။ အခွင့်အလမ်းဟာ တခါတရံမှာတံခါးကို အင်မတန် ညင်သာစွာ ခေါက်တာပါ။

၁၂။ တခြားလူတွေရဲ့ မျှော်လင့်ချက်တွေကို မပိတ်ပင်ပါနှင့်။ သူတို့မှာ အဲဒါပဲရှိတာ ဖြစ်နိုင်ပါတယ်။

၁၃။အသိပညာ နဲ့ သတိ ရှိဖို့ပဲ ဆုတောင်းပါ။

၁၄။ အချိန်မှန်ပါ။ သူများကိုလည်း အချိန်မှန်ဖို့ တိုက်တွန်းပါ။

၁၅။ အတင်းမပြောပါနှင့်။

၁၆။ ဘာမှ ဆုံးရူံးစရာ မရှိသူကို သတိထားပါ။

၁၇။ ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။

၁၈။ လူရှေ့ ၊ သူရှေ့ ချီးကျူးပါ။

၁၉။ နှစ်ယောက်ခြင်း ဝေဖန်ပါ။

၂၀။ အပေါင်းအဖော်တွေကို မေ့ထားလိုက်ပါ။ မြင့်မြတ်တဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့ စိတ်ကူးတွေဟာ တစ်ယောက်တည်း စဉ်းစားဥာဏ်ကွန့်မြူးခြင်းကနေ ရောက်ရှိလာတာဖြစ်ပါတယ်

၂၁။ အချိန်မဆွဲပါနှင့်။ လုပ်ဖို့လိုအပ်တဲ့ အချိန်မှာ လုပ်ရမှာကို လုပ်ပါ။

၂၂။ မသိဘူးလို့ ပြောရမှာ မကြောက်ပါနှင့်။

၂၃။ တောင်းပန်ပါတယ်လို့ ပြောဖို့ မကြောက်ပါနှင့်။

၂၄။ မသေခင်တွေ့ကြုံခံစားချင်တဲ့အရာ နှစ်ဆယ့်ငါးခုကို စားရင်းလုပ် ၊ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထား။ မကြာခဏ ကြည့်ပေးပါ။

Credit: thutazone

Recommended for you - ကမ္ဘာမှာ အထူးဆန်းဆုံး ပုစ္ဆာတစ်ပုဒ်ဖြစ်စေခဲ့သော လူဆယ်ဦး

Read times Last modified on Wednesday, 08 January 2020 11:34
Rate this articles
(6 votes)