×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Thursday, 21 June 2018

အိမ်ခြေရာမဲ့ဘဝမှ ဟားဗတ်ဘွဲ့ရဖြစ်လာခဲ့တဲ့ နယူးယောခ့်နိုင်ငံရဲ့ နှင်းဆီပွင့်လေး

အိမ်ခြေရာမဲ့ဘဝမှ ဟားဗတ်ဘွဲ့ရဖြစ်လာခဲ့တဲ့ နယူးယောခ့်နိုင်ငံရဲ့ နှင်းဆီပွင့်လေး google.com

သူမရဲ့ အမည်က လဇ်မာရေး(Liz Murray) ဖြစ်ပါတယ်။ သူမအသက် ၁၅ နှစ်အရွယ်မှာ သူမရဲ့ မိခင်ဖြစ်သူက HIV ရာဂါနဲ့ကွယ်လွန်ပြီး ဖခင်ဖြစ်သူက အိမ်ခြေရာမဲ့များကို စောင့်ရှောက်တဲ့ ဂေဟာကို ပြောင်းရွေ့လိုက်တာကြောင့် သူမလည်း အိမ်ခြေရာမဲ့တစ်ယောက် ဖြစ်လာပါတယ်။ လူအများစုအတွက်တော့ အဲ့ဒလိုအခြေအနေဟာ ဘာမှဆက်လုပ်လို့မရတော့တဲ့ လက်ငင်းအဖြစ်ကိုပဲကြည့်ပြီး စိတ်ဓာတ်ကျချင်စရာပါ။

 

ဒါပေမယ့် လဇ်ကတော့ စိတ်ဇာတ်ကျရမဲ့အစား ပိုကောင်းတဲ့လမ်းတစ်ခုကို ရှာဖွေခဲ့တယ်။ သူမဟာ နှစ်နှစ်အတွင်းမှာပဲ ပြည်တွင်းအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရောက်ပြီး ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရအောင်ယူခဲ့တယ်။ ပြီးတော့ စာရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။

 New York Times မှာ စာအုပ်ရောင်းအားအကောင်းဆုံးစာရေးဆရာအဖြစ် ဖော်ပြခံရသလို သူမရေးသားခဲ့တဲ့ Breaking Night: A Memoir of Forgiveness, Survival, and My Journey from Homeless to Harvard တွဟာလည်း တီဗွီဇာတ်လမ်းတွေအဖြစ် ရိုက်ကူးခံရပါတယ်။ လဇ်ဟာ အခက်အခဲတွေကြောင့် သူမရဲ့အနာဂတ်ကိုပျက်စီးမခံဘဲ ပိုအောင်မြင်အောင် ကြိုးစားခဲ့တယ်။

 နယူးယောခ့်နိုင်ငံရဲ့ လမ်းတွေပေါ်က နှင်းဆီပွင့်လေးလို့ဆိုကြတဲ့ လဇ်ဟာ နိုင်ငံတကာ ဟောပြောကောင်းသူတစ်ဦး၊ စာရေးသူတစ်ဦးဖြစ်လာတဲ့အပြင် တခြားသူတွေရဲ့ ဘဝလမ်းညွှန်နည်းပြတစ်ယောက်အထိပါ ဖြစ်လာခဲ့ပါတယ်။

ဒီနေ့မှာဆိုရင် လဇ်ဟာ သူမရဲ့မျှော်လင့်ချက်တွေအကြောင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအကြောင်း လူထုဟောပြောပွဲတွေနဲ့ ပုဂ္ဂလိကဆိုင်ရာလုပ်ငန်းခွင်တွေကတစ်ဆင့် ကမ္ဘာအနှံ့ပျံ့နှံ့အောင် ဖြန့်ကျက်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ သူမဘဝအတွက် လေ့လာသင်ယူမှုတွေကိုလည်း ရပ်တန့်ပစ်ခြင်းမရှိသေးပါဘူး။ မြင့်မားတဲ့ရည်မှန်းချက်စာရင်းတွေ တစ်သီကြီးရှိနေဆဲဖြစ်ပါတယ်။

 

သူမပြောလေ့ရှိတာက " အခုဆိုရင် ကျွန်မမှာ တိုက်ခန်းရှိပြီ။ နေစရာ၊ အိပ်စရာ၊ စားစရာလည်း မပူရတော့ဘူး။ ဒီလိုအခြေအနေမှာ ကျွန်မရဲ့ကြိုးစားမယ်ဆိုတဲ့ တက်ကြွမှုတွေလည်းအရင်ကလို လွယ်လွယ်နဲ့ရောက်မလာတော့ပါဘူး။ ဒါကြောင့်ကျွန်မအနေနဲ့ကျေနပ်ရောင့်ရဲစိတ်ကို မမွေးဘူး။ အဲ့ဒီစိတ်ကသာ ကျွန်မရဲ့ တိုးတက်ကြီးပွားမှုကို ဖော်ဆောင်ပေးမယ့်အဓိကအရင်းအမြစ်ဖြစ်တယ်။ ကျွန်မကို ပိုကောင်းတဲ့နေရာတွေဆီ ရောက်ရှိစေမယ့် လှေကားထစ်တွေလည်း ဖြစ်တယ်လေ" တဲ့။

 

ဒါ့အပြင် … " လူတိုင်းဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့အလုပ်တွေ၊ အိမ်တွေ၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးမှာကို ကြောက်ကြတယ်။တကယ်ဆုံးရှုံးသွားတော့လည်း ဘာမှမတတ်နိုင်ပါဘူး။ လက်ခံကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က လူသားတွေမို့ပါ။ ကျွန်မပြောချင်တာက အားလုံးကို ဆုံးရှုံးသွားရင်တောင် သင့်မှာ သင်ရှိသေးတယ်။ သင်အသက်ရှူနေသေးတယ်။သင် မတ်တပ်ရပ်နိုင်သေးတယ်။ ပြီးတော့ သင့်နှလုံးလည်း ခုန်နေပါသေးတယ်။ အဲ့ဒီကနေ သတ္တိခွန်အားကို ယူပါ။ဘဝက ကျောက်သင်ပုန်းအလွတ်လိုပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ရေးဆွဲပုံဖော်လိုက်ပါ " လို့လည်း သူမက တိုက်တွန်းထားပါသေးတယ်။




Credit; ဂန္တဝင် မဂ္ဂဇင်း

 

Recommended for you - သက်လတ်ပိုင်းတွင် စိတ်ဖိစီးမှုများခြင်းကြောင့် သက်ကြီးပိုင်း၌ မှတ်ဥာဏ်ဆုံးရှုံးနိုင်

Read times Last modified on Wednesday, 08 January 2020 15:36
Rate this articles
(4 votes)