×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 03 August 2018

ဘဝအောင်မြင်မှုအတွက် ငွေကြေးထက်အရေးပါတဲ့အရာများ

ဘဝအောင်မြင်မှုအတွက် ငွေကြေးထက်အရေးပါတဲ့အရာများ google.com

၁။ အချိန်

အချိန်ဆိုတာ အောင်မြင်မှုအတွက် ရတနာတစ်ပါးပါပဲ။ အချိန်ကို ဖြုန်တီးပစ်ရင် ဘဝကို ထိခိုက်ပျက်ဆီးစေပါတယ်။ အချိန်ကို ကောင်းစွာအသုံးချရင်တော့ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘဲ အောမြင်မှုတွေကို ဆွတ်ခူးရှိစေပါတယ်။


၂။ ကျဆုံးမှု

ကျဆုံးမှုဆိုတာလည်း စိတ်အားထက်သန်မှုတွေကို လှုံ့ဆော်ပေးတဲ့ အဓိကတွန်းအားတစ်ခု ဖြစ်ပါတယ်။ လူတိုင်းဟာ ဗိုက်ဆာနေချိန်မှာ ငွေရဖို့အတွက် အလုပ်ကို အားသွန်ခွန်စိုက်ကြိုးစားမှာပါပဲ။ ဒါကြောင့် အောင်မြင်ဖို့ဆိုရင် ကျဆုံးမှုဆိုတဲ့ တွန်းအားတွေကလည်း အရေးကြီးပါတယ်။


၃။ ကြံ့ခိုင်တဲ့စိတ်ဓာတ်

အောင်မြင်ဖို့အတွက်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ကလည်း အရေးကြီးလှပါတယ်။ တစ်ကြိမ်ရှုံးရင် နှစ်ကြိမ်ကြိုးစားမယ်ဆိုတာက အောင်မြင်လိုသူတိုင်းမှာ ရှိသင့်တဲ့ အရေးကြီးဆုံးစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။


၎။ ဇွဲသတ္တိ

ဇွဲသတ္တိဆိုတာ အောင်မြင်မှုအတွက် မရှိမဖြစ်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို ဇွဲသတ္တိမရှိဘဲ ကျော်လွှားလို့မရနိုင်ပါဘူး။ ဒါကြောင့် ဘဝမှာ အောင်မြင်ဖို့ဆိုရင် ငွေထက်အရေးကြီးတဲ့ ဇွဲသတ္တိကိုလည်း ဖက်တွယ်ထားဖို့ လိုအပ်ပါတယ်။


၅။ ရည်မှန်းချက်

ပြင်းပြထက်သန်တဲ့ရည်မှန်းချက်ကလည်း ဘဝအောင်မြင်မှုအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါတယ်။ ငွေဘယ်လောက်ရှိရှိ ရည်မှန်းချက်မရှိရင် အောင်မြင်မှုဆီ ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရည်မှန်းချက်ကိုလည်း ဆုပ်ကိုင်ထားသင့်ပါတယ်။

 

Recommended fo you - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာအကြောင်း


၆။ ယုံကြည်မှု

ယုံကြည်မှုဆိုတာလည်း ဘဝအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။ ငွေကြေးချမ်းသာပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် အောင်မြင်မှုဆိုတာလည်း အနှစ်သာရကင်းမဲ့နေမှာ ဖြစ်ပါတယ်။


၇။ စဉ်းစားဥာဏ်

လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် လုပ်အားသက်သက်နဲ့မဖြစ်နိုင်ပါဘူး။ စဉ်းစားတတ်တဲ့ ဥာဏ်ပညာနဲ့ ဦးဆောင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် အောင်မြင်မှုအတွက် အလုပ်လုပ်ရာမှာ ငွေကြေးနဲ့အတူ စဉ်းစားဥာဏ်ကိုလည်း သေသေချာချာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။


၈။ သန့်စင်တဲ့စိတ်နှလုံးသားနဲ့ အကျင့်သိက္ခာ

စိတ်နှလုံးသားနဲ့ ကိုယ်ကျင့်သိက္ခာဆိုတာ မမြင်နိုင်တဲ့မှော်စွမ်းအားနဲ့ တူပါတယ်။ အဲ့ဒီစွမ်းအားတွေက လူတွေကို ဆုံးဖြတ်ချက်တွေချမှတ်ပေးတယ်။ ကြိုးစားမှုတွေ ဖန်တီးပေးတယ်။ အဲ့ဒီအရာတွေကို ငွေနဲ့ဝယ်ယူလို့မရပါဘူး။ ဒါကြောင့် အောင်မြင်ပြီး အကျိုးရှိတဲ့ဘဝဖြစ်စေဖို့ စိတ်နှလုံးသားနဲ့ ကိုယ်ကျင့်သိက္ခာသန့်စင်မှုကလည်း အရေးပါလှပါတယ်။


၉။ ကိုယ်ရည်ကိုယ်သွေး

လူတိုင်းဟာ ဆင်းရဲရဲချမ်းသာသာ ကိုယ်ရည်ကိုယ်သွေးကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးကတော့ ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးတွေ၊ မြင့်မားတဲ့တိုးတက်မှုတွေဆီကို ခေါ်ဆောင်ပေးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ဖို့ကလည်း ဘဝမှာ ငွေကြေးထက်အရေးပါပါတယ်။

 

Recommended for youသိုးကျောင်းသမ ဘဝမှ နှစ်ပေါင်း ၂၀ကြာပြီးနောက် နိုင်ငံရဲ့ပညာရေးဝန်ကြီးဖြစ်လာခဲ့သူ

 

Recommended for you - ရန်ကုန်အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများ၏ စာစဉ်တင်ရက် တိုးမြှင့်

 

Credit; Gandawin

Read times Last modified on Friday, 10 January 2020 11:32
Rate this articles
(1 Vote)