အောင်မြင်တဲ့ သူတွေမှာ ဒီလိုအမူအကျင့်တွေရှိကြပါတယ်။
၁။ သိချင် တတ်ချင်စိတ်
============
တစ်ခုခုဆိုရင် အောင်မြင်တဲ့သူ အများစုဟာ သိချင်တတ်ချင်စိတ် ရှိကြတယ်။ ဒါကြောင့် သူတို့ရဲ့ အမြဲတမ်းဖြစ်ပေါ်နေတဲ့ သိချင်၊ တတ်ချင်စိတ်က အောင်မြင်ဖို့အတွက် များစွာ အထောက်အကူပြုပါလိမ့်မယ်။
၂။ ဝေဖန်မှုကို ခံနိုင်တယ်
=============
မိမိမအောင်မြင်က မိမိကိုယ် အခြားသူတွေက ဝေဖန်လိမ့်မယ်။ ကဲ့ရဲ့လိမ့်မယ်။ အဲဒီဝေဖန်မှုတွေကဲ့ရဲ့မှုတွေကို ကြံ့ကြံ့ခိုင်နိုင်အောင် ကြိုးစားမှသာမိမိလိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိပါလိမ့်မယ်။ အထူးသဖြင့် အောင်မြင်သွားတဲ့ သူတွေဟာ ဝေဖန်ကဲ့ရဲ့
တာကို ခံနိုင်ကြပါတယ်။
Recommended for you - ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုရ ကျောင်းသား/သူများစာရင်းထုတ်ပြန်
၃။ မပျင်းဘူး အလုပ်မှာပျော်တယ်
=================
အရမ်းပျင်းမယ် အလုပ်လုပ်ရတာ မပျော်ဘူးဆိုရင်တော့ အောင်မြင်ဖို့ မလွယ်ကူပါ။ မိမိပျော်မယ့် အလုပ်ကို ပြောင်းပါ။ မပျင်းပါနဲ့။ အောင်မြင်သူတွေဟာ အလုပ်မှာပျော်ကြတယ်။ မပျင်းကြဘူး။
၎။ အချိန်ပိုနေတယ် ဆိုတာ ရှားတယ်
===================
အောင်မြင်သူတွေဟာ သူတို့ရဲ့ တစ်နေ့တာ ပိုင်ဆိုင်တဲ့အချိန်တွေကို အကျိုးရှိအောင် အသုံးချကြပါတယ်။ ဒီအချက်ဟာလည်း အောင်မြင်သူတွေဆီမှာ မြင်တွေ့ရမယ့် အချက်တစ်ခုပါ။
၅။ စွန့်စားရမှာ မကြောက်ဘူး
===============
တစ်ခုခုဆိုရင် စွန့်စားရဲတယ်။ လုပ်ရဲတယ်။ ဒါဟာလည်း အောင်မြင်တဲ့သူတွေ အတော်များများမှာ ရှိကြတဲ့ အချက်တွေပင်ဖြစ်ပါတယ်။
Recommended for you - ကမ္ဘာ့လစာ အကောင်းဆုံး ဆရာ/ဆရာမများ
Recommended for you - နေ့ဘက်စာလုပ်တာနဲ့ညဘက်စာလုပ်တာ ဘယ်ချိန်ပိုကောင်းတယ်ထင်လဲ
Credit; ကျော်လင်းနိုင် (ရိုးရာလေး)