ကြိုးစားရင်ဘုရားတောင်ဖြစ်တယ်ဆိုတဲ့လွန်ကျူးတဲ့စကားတွေနဲ့လူငယ်တွေကိုအားပေးတဲ့အခါ ဘုရားဖြစ်မလာတဲ့လူငယ်တွေအများကြီးရှိလာတယ်။ ကြိုးစားတိုင်းလည်းမဖြစ်ပါလားဆိုပြီးစိတ်ညစ်ကုန်ကြပြီ။ ရလဒ်အပေါ်မှာ လူငယ်တွေရဲ့စိတ်ဟာယိုင်ကုန်ကြပြီ။ ကြိုးစားမှု အပေါ်ကိုသံသယဝင်လာကြပြီ။
ဒီအချိန်မှာ ဘာကြောင့်မို့ ဥာဏ်ခြင်းတူရင် ဝီရိယရှိသူကသာ၊ ဝီရိယခြင်းတူ ကံကသာ၊ ကံခြင်းတူရင် ပါရမီရှိသူကသာ၊ ပါရမီခြင်းတူရင် ဘုန်းသမ္ဘာကသာ တွေလျှောက်ပြောနေကြတာလဲ။ ကြိုးစားနေမှုတန်ဖိုးတွေကို ဘာကြောင့်လျှော့ချနေချင်ကြတာလဲ။ ဘာကြောင့် လူငယ်တွေရဲ့အနာဂါတ်တွေကို စကားလုံးတွေနဲ့ သတ်ချင်နေကြတာလဲ။
အဲတော့ရောင့်ရဲခြင်းဆိုတဲ့ စကားပေါ်လာတယ်..။ မြောက်ပေးလိုက် ရိုက်ချလိုက်နဲ့ လူငယ်တွေအပေါ်ကို ဟာသလုပ်သလိုဖြစ်နေတယ်။ အဆုံးစွန်သောအားပေးမှုနဲ့ . .အဆုံးစွန်းသောနှစ်သိမ့်မှုဖြစ်နေတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေက ရှုပ်ထွေးမှုတွေပေးနေတယ်။ ရည်မှန်းချက်တွေဟာ ခန်းနားနေသလောက်. . .ရည်မှန်းချက်ကိုသွားရာလမ်းကြောင်း မှေးမှိန်ထားသလိုဖြစ်နေတယ်။
သွားရာလမ်းကြောင်းဖြစ်တဲ့ ကြိုးစားခြင်းရဲ့တန်ဖိုးကို လူငယ်တွေသိအောင်ပြောပြကြရတော့မယ်။ အောင်မြင်မှုဆိုတာ ရလဒ်တစ်ခုထက်မပိုပါဘူး။ ကြိုးစားနေမှုကသာ အောင်မြင်မှုထက် တန်ဖိုးရှိတာပါ။ အောင်မြင်မှုဆိုတာ ဘာကိုခေါ်တာလဲ။ ပိုက်ဆံအများကြီးရှိမှ၊ ထင်ပေါ်ကျော်ကြားမှ၊ အောင်မြင်မှုလို့သတ်မှတ်မှာလား။
Recommended for you - အမေရိကန်နိုင်ငံ၌ကျင်းပသော စက်ရုပ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၆)ဖြင့် ဆုရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း
အောင်မြင်မှုကို ရိုးရိုးလေးသတ်မှတ်ရရင် ၂ ချက်ပဲရှိမယ်။ ပထမက မိမိပျော်ရွှင်နေရမယ်၊ ဒုတိယက အများကိုအကျိုးပြုနေရမယ်။ ဒါဆိုရင် အောင်မြင်နေတဲ့လူပါပဲ။ ဘယ်သူကမှ မိမိရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကို ဖျက်ဆီးလို့မရဘူး။ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစားနေတာထက် ကြိုးစားမှုနဲ့ထိုက်တန်တဲ့ရလဒ်တွေကိုသာ လက်ခံတတ်လာမယ်ဆိုရင် ဘဝတစ်လျှောက်လုံး သေသည်ထိ နိုင်သလောက်ဝန်အတွက် ကြိုးစားရင်း အောင်မြင်တဲ့ရလဒ်တွေကို ပိုင်ဆိုင်ပျော်ရွှင်ရမှာပါ။
ကြိုးစားနေမှုကသာ တန်ဖိုးရှိတာပါ. . .နှစ်လိုဖွယ်ကောင်းတာပါ။ လူငယ်တွေကြိုးစားနေရင်း....ပျော်ရွှင်ကြပါစေဗျာ။
Recommended for you - ကမ္ဘာကြီးကို ပိုမို တိုးတက်အောင် ပြောင်းလဲခဲ့တဲ့ ပုဂ္ဂိုလ်များ
Recommended for you - ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၀၀)ကျော်၌ ရှိနေ
Credit; မှတ်စုကြမ်း