တစ်ချိန်တုန်းက ဘီလ်ဂိတ်နဲ့ ဝါရင်းဘက်ဖက်တို့ဟာ စားပွဲခုံတစ်ခုမှာ အတူတူထိုင်ပြီး၊ သူတို့ ဘယ်လိုအချက်တွေကြောင့် အောင်မြင်လာတယ်ဆိုတာ နှစ်ယောက်လုံး စာရွက်ပေါ်မှာ ရေးပြီး ဖြေကြားခဲ့ပါတယ်။
ထူးဆန်းစွာပဲ ဘက်ဖက်နဲ့ ဂိတ် တို့နှစ်ယောက် စာရွက်ပေါ်မှာ ဖြေကြားလိုက်တဲ့ စကားလုံးက တူညီနေပါတယ်။ “ Focus ” အာရုံစူးစိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ လူအများလက်ခံထားတဲ့ အောင်မြင်ရေးလျှို့ဝှက်ချက်က အာရုံစူးစိုက် လုပ်ဆောင်နိုင်ခြင်းပါပဲ။ အာရုံစူးစိုက် လုပ်ဆောင်တတ်အောင် ဘာတွေလိုအပ်တယ်ဆိုတာ ဖော်ပြပေးပါ့မယ်။
ခိုင်မာတဲ့ ပန်းတိုင်တစ်ခု သတ်မှတ်ထားပါ
သင်က ကျောင်းသားတစ်ယောက်ဖြစ်စေ၊ ဘွဲ့ရပြီးလို့ အလုပ်ဝင်နေတဲ့ လူတစ်ယောက်ဖြစ်စေ၊ သင့်မှာ ခိုင်မာတဲ့ ပန်းတိုင်တစ်ခု ရှိသင့်ပါတယ်။ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ Plan တွေ ရေးဆွဲထားပြီး Milestone တွေ သက်မှတ်ထားသင့်ပါတယ်။ ပန်းတိုင်မရောက်ခင် လမ်းလွဲမသွားအောင် အထူးဂရုစိုက်ပါ။ အခုလို ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု သက်မှတ်ထားခြင်းက သင့်ရဲ့ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။
ကိုယ်ပိုင်လမ်းကြောင်းအတိုင်းသာ ရှေ့ဆက်ပါ
ဝါရင်းဘက်ဖက်ဟာ အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အခြားရင်းနှီးမြုပ်နှံသူတွေရဲ့ ပုံစံအတိုင်းမသွားပဲ၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ ရှေ့ဆက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မိမိရဲ့ လိုအပ်ချက်နဲ့ အားသာချက်တွေကို မိမိကိုယ်တိုင်သာသိတဲ့အတွက် တခြားသူတွေရဲ့ လမ်းကြောင်းအတိုင်း တစ်ပုံစံတည်း လိုက်လုပ်စရာမလိုဘူးလို့ ဆိုထားပါတယ်။
Recommended for you - မူကြိုကျောင်းအပ်ဖို့ဆိုရင် ဒီလိုအချက်တွေကို စုံစမ်းပါ
စည်းမျဉ်း၊ စည်းကမ်းတွေကို နားလည်အောင် ကြိုးစားပါ
အိုင်းစတိုင်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ “ ကစားနည်းတစ်ခုရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို နားလည်တဲ့ လူတစ်ယောက်ဟာ အခြားသူတွေထက် ပိုကောင်းအောင် ကစားနိုင်တယ် ” လို့ ဆိုထားပါတယ်။ အလုပ်တစ်ခုလုပ်ရင် အဲ့ဒီအလုပ်အပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ရှိရမယ်လို့ ဆိုထားခြင်းပဲဖြစ်ပါတယ်။ အလုပ်ကိုသာ အာရုံစူးစိုက်ပြီး၊ လေ့လာမှုတွေ သင်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေသင့်တယ်လို့ ဆိုထားပါတယ်။
Focus ထားနေတဲ့အရာတွေပေါ်မှာသာ အချိန်ကုန်ပါ
နေ့စဉ်ဘဝမှာ အခွင့်အလမ်းတွေ အများကြီးရှိသလို၊ သင့်ကို စိတ်အနှောက်အယှက်ပေးမယ့် အရာတွေလဲ အများကြီးပါပဲ။ သင် အခုလုပ်နေတဲ့ အရာတစ်ခုက သင့်ပန်းတိုင်အတွက် အထောက်အကူ မဖြစ်ဘူးဆိုရင် အဲ့ဒီအလုပ်ကို ဆက်မလုပ်ပါနဲ့တော့။ သင် အာရုံစူးစိုက်နေတဲ့ အရာအတွက်သာ အချိန်ကုန်သင့်ပါတယ်။
သင်ဟာ ဘီလ်ဂိတ်နဲ့ ဝါရင်းဘက်ဖက်တို့လို အရမ်းမချမ်းသာချင်ဘူးဆိုရင်တောင်၊ အလုပ်တစ်ခု အောင်မြင်စွာ ပြီးမြောက်ဖို့အတွက် အာရုံစူးစိုက်မှုက အဓိကလိုအပ်တယ်ဆိုတာတော့ သိထားသင့်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် အမြဲတမ်း အာရုံစူးစိုက်နေဖို့ လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
Recommended for you - ဘဝမှာပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေရရှိဖို့ လုပ်သင့်အချက် (၅)ချက်
Recommended for you - တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူများ န၀မတန်းအောင်မြင်ခြင်း ရှိ၊ မရှိ သေချာစိစစ်ရမည်
Credit; လင်းလင်းမောင်