Thursday, 17 October 2019 10:35
"ဒေါသကို အမြန်တိုက်ဖျက်နိုင်မယ့် နည်းလမ်းများ"
ZAWGYI
ဒေါသထွက်နေတဲ့ တစ်မိနစ်တိုင်းမှာ သင်ဟာ ပျော်ရွှင်ခြင်း စက္ကန့် ၆၀ ဆုံးရှုံးနေတယ်လို့ အီမာဆင်က ပြောခဲ့ဖူးပါတယ်။
Tuesday, 08 October 2019 15:02
"အောင်မြင်ဖို့အတွက် ဘာကြောင့်စိတ်ဓာတ်ခိုင်မာဖို့လိုအပ်တာလဲ"
<<< Unicode >>> 
စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကိုပိုပြီး ကောင်းမွန်တဲ့ပန်းတိုင်နဲ့၊ ပိုပြီးကြီးမားတဲ့ပန်းတိုင်ကို ရောက်ရှိစေနိုင်ပါတယ်။
Monday, 07 October 2019 11:15
"(၇) နှစ်ကြာ သုတေသန ပြုလုပ်ပြီးမှ သိရှိခဲ့တဲ့ အောင်မြင်မှုရဲ့ လျို့ဝှက်ချက်များ"
<<< Unicode >>>
Richard St. John ဟာ တစ်နေ့မှာ TED Conference တစ်ခုကို တက်ရောက်ဖို့အတွက် လေယာဉ်စီးပြီး သွားခဲ့ပါတယ်။
Tuesday, 01 October 2019 14:54
"ဘဝမှာ သင်ကိုယ်တိုင်တည်ဆောက်ယူရမယ့်စိတ်ထားများ"
“I am the master of my fate; I am the captain of my soul.”
Tuesday, 01 October 2019 13:59
"လူငယ်တွေ အနေနဲ့ခေတ်သစ်ရဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေစေဖို့"
<<< Unicode >>>
ဒီနေ့ခေတ်ရဲ့ သရုပ်သကန်တစ်ခုကို ပြောပါဆိုရင် ‘Hyper-competition’ ယှဉ်ပြိုင်မှု များလာတာပဲ။
Monday, 30 September 2019 18:22
ဘယ်လိုလူမျိုးတွေ အလုပ်ကောင်းကောင်း ရကြသလဲ?
<<< Unicode >>>
ပြိုင်ဆိုင်မှုတွေ များနေတဲ့ခေတ်မှာ ဘွဲ့ရရုံနဲ့ အလုပ် မရနိုင်သေးပါဘူး။ လစာကောင်းတဲ့ အလုပ်ဆိုရင် ပိုပြီး ခက်ပါတယ်။ပိုပြီး ရုန်းကန်ရပါတယ်။
Monday, 30 September 2019 10:51
Graphic designer တစ်ယောက်ဖြစ်လာဖို့ ဘာတွေစတင်လေ့လာထားရမလဲ
<<< Unicode Version >>>
ပထမဦးစွာ သင်က ဘယ်လို designer မျိုးဖြစ်ချင်တာလဲဆိုတာ အရင်ဆုံးစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်။
Friday, 27 September 2019 11:34
"အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ"
<<< Unicode Version >>>
၁။ အပေါစားအဝတ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ 
လူငယ်ဘာသာသဘာ၀ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီသင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကိုလိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ အသက်၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကိုမလိုက်တော့ပဲကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီးလုပ်ငန်းခွင်မှာလည်းအများလေးစားခံရပြီးစတိုင်ကျတဲ့သူဖြစ်ဖို့ကိုယ်ဝတ်ဆင်မယ့်အဝတ်အစားတွေမှာရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက်အဝတ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစားအဲဒီပိုက်ဆံတွေကိုစုပြီးနှစ်လတစ်ခါလောက်မှဝယ်။
အရည်အသွေးကောင်းပြီးသင့်ကိုစတိုင်ကျစေမယ့်အဝတ်အစားမျိုးဝယ်ပါ။
၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ
ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာသိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအကုန်မခံပါနဲ့။ကိုယ့်ဘဝလက်တွဲဖော်ဆီကဘယ်လိုအချက်တွေလိုချင်လဲဆိုတာချရေးပါ။
အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကို ကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။
ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုးပါနဲ့။ ကိုယ့်ကိုမပျော်ရွှင်စေတဲ့လူနဲ့ အတူရှိနေမယ့်အစား Single ဘဝကို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြီး ဖြတ်သန်းကြည့်စမ်းပါ။
၃။ လူတွေရဲ့အထင်အမြင်တွေကိုအရမ်းဂရုစိုက်လွန်းနေတာကိုရပ်တန်းကရပ်ပါ
ကိုယ့်ကိုလူတွေဘယ်လိုထင်မြင်မလဲဆိုတာကိုဂရုစိုက်တတ်တာလူ့သဘာဝပါ။တချို့ဆို အဲဒီလိုသူများကိုဂရုစိုက်ရင်းနဲ့ကိုယ့်ဘဝရည်မှန်းချက်တွေကိုစတေးလိုက်ရတာတွေတောင်ရှိတယ်။
ဥပမာ ဆေးကုရတာလုံးဝဝါသနာမပါတဲ့သူ။ဒါပေမဲ့ကိုယ်တိုင်ကရော.ကိုယ့်အသိုင်းအဝိုင်းကပါဆရာဝန်ဆိုတဲ့ဂုဏ်ပုဒ်ကိုလိုချင်တော့ ၊လူတွေရဲ့အထင်ကြီးလေးစားမှုကိုလိုချင်တော့မချစ်သော်လည်း အောင့်ကာနမ်းနေရတာတွေရှိတယ်။လူ့ဘဝကြီးကတိုတောင်းပါတယ်။
ကိုယ့်ရင်ထဲကနှစ်နှစ်ကာကာဖြစ်ချင်တာကိုလုပ်ပါ။တပါးသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုလျစ်လျူရူပြီးကိုယ်တကယ်လုပ်ချင်တာကိုပဲဦးစားပေးလုပ်ပါ။
Recommended For You >>> HR တစ်ယောက်မှာရှိရမည့် အရည်အချင်းတွေက ဘာတွေလဲ
၄။ မိဘတွေကိုအပြစ်တင်တာကိုရပ်ပါ
ငါ့မိဘကမချမ်းသာလို့ငါကားကောင်းကောင်းမစီးရတာ။ငါ့မိဘကအရင်းအနှီးထုတ်မပေးနိုင်လို့ငါလစာနည်းနည်းနဲ့သူများဝန်ထမ်းလုပ်နေရတာ။အဲဒါတွေကကိုယ့်မိဘလုပ်ပေးမှဖြစ်မှာလား။
ကိုယ့်ဘာသာကိုယ်ရော မဖန်တီးနိုင်ဘူးလား။ငါ့မိဘတွေကဘယ်သူဆိုတာထက်ငါကဘယ်သူဆိုတာလက်မထောင်ပြီး ပြောနိုင်အောင်ကြိုးစားစမ်းပါ။
၅။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ပူဆွေးနေရတာကို ရပ်တန့်ပါ
အခုပဲဝင်ငွေတိုးအောင်လုပ်နိုင်မယ့်နည်းလမ်းကိုစဉ်းစားပါ။လစာတိုးအောင်လိုအပ်တဲ့သင်တန်းတွေတက်တာမျိုး ၊ကိုယ်ကျွမ်းကျင်တဲ့အလုပ်တစ်ခုနဲ့အချိန်ပိုင်းဝင်ငွေရအောင်လုပ်တာမျိုးစဉ်းစားကြည့်ပါ။
အခွင့်အရေးကို စောင့်မျှော်နေသူ၊အမြဲတမ်းကြံဆနေသူအတွက်အခွင့်အရေးကအမြဲတမ်းတံခါးလာခေါက်ပါတယ်။
၆။ လူတိုင်းအပေါ် အရမ်းကောင်းနေတာမျိုးကို ရပ်တန့်ပါ
တစ်ခါတလေ ပြုံးပြုံးရွှင်ရွှင်နဲ့ ငြင်းတတ်အောင်ကြိုးစားပါ။ကိုယ်မအားတဲ့အချိန် အကူအညီတစ်ခုခုလာတောင်းတဲ့အခါအကျိုးအကြောင်းပြောပြီး ငြင်းတတ်ပါစေ။
လူတကာလိုအပ်ချက်တွေကိုလိုက်ဖြည့်ဆည်းပေးနေဖို့သင့်မှာတာဝန်မရှိပါဘူး။
၇။ အင်တာနက်မှာ အချိန်တွေအရမ်းဖြုန်းနေတာကို ရပ်တန့်ပါ
ခေတ်က နည်းပညာခေတ်ဆိုတော့ကိုယ်အင်တာနက်မှမသုံးရင် ခေတ်နောက်ကျမှာပေါ့။မှန်ပါတယ်။ဒါပေမဲ့အသုံးနဲ့အဖြုန်းကို ခွဲခြားသိတတ်ပါစေ။
၁၅ မိနစ်ခြားတစ်ခါလောက်အွန်လိုင်းပေါ်တက်ပြီး social media တွေကိုစိတ်ဝင်တစားကြည့်မိနေပြီဆိုရင်တော့သင်အချိန်ဖြုန်းတာပါ။
၈။ ကျန်းမာရေးကို လစ်လျူရူနေတာကို ရပ်တန်းကရပ်ပါ
လူလတ်ပိုင်းအရွယ်ကိုရောက်လာတဲ့အခါ ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့အချိန်တန်ပါပြီ။ ကျန်းမာကြံ့ခိုင်ဖို့သင့်တော်ကောင်းမွန်တဲ့အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။
အနေအထိုင်ဆင်ခြင်ပါ။ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်းပုံမှန်စလုပ်ပါတော့။
၉။ စည်းကမ်းမဲ့နေထိုင်တာကို ရပ်တန့်ပါ
ပိုက်ဆံအိတ်ဘယ်နားထားမိမှန်းမသိလို့ရှာရပြန်ပြီလား။ သော့ပျောက်လို့ရှာရပြန်ပြီလား။တစ်ညလုံးကိုယ်အလုပ်လုပ်ထားတဲ့ဖိုင်တွဲကိုအလုပ်သွားတော့အိမ်မှာမေ့ကျန်ခဲ့ပြီလား။သတိထားပြီးအရာရာကိုစနစ်တကျလုပ်တတ်ကိုင်တတ်အောင်စတင် ကြိုးစားပါတော့။စည်းစနစ်တကျနဲ့ နေ့စဉ်ဘဝကိုရင့်ကျက်တည်ငြိမ်စွာစတင်ဖြတ်သန်းပါတော့။
မိမိသင်ကြားလိုသော ဘာသာရပ်များနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေရာတည်းတွင် လွယ်လွယ်ကူကူ၊ စုံစုံလင်လင် သိရှိလို ပါက  တွင် sayar.com.mm  အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။
<<< Zawgyi >>>
Tuesday, 24 September 2019 09:48
သင်ဟာ ဧည့်လမ်းညွှန်ကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေရှိဖို့လိုအပ်မလဲ?
<<< Zawgyi >>>
ခရီးတွေသွားပြီး အရာရာကိုစူးစမ်းလေ့လာနေရတာကို လူတိုင်းနှစ်သက်ကြတယ်ပါတယ်။
Monday, 23 September 2019 11:26
"စာဖတ်သည့် အလေ့အကျင့်ရစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၆) ချက်"
<<< Unicode Version >>>
စာဖတ်ခြင်း အလေ့အထဟာ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ရုံသာမက အကျိုးကျေးဇူးများစွာ ရှိပါတယ်။
Page 3 of 8