Monday, 25 May 2020 15:15
အာရှတိုက် အချမ်းသာဆုံး ပုဂ္ဂိုလ်၏ အောင်မြင်ရေးနည်းလမ်း ၁၁ ချက်
လီကာရှင်း ဟာ အာရှ တိုက်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး တရုတ်ပြည်ရဲ့ စူပါမန်းအဖြစ်လူသိများပါတယ်, Li မှာ အာရှတွင်ဒေါ်လာ ၃၀ ဘီလီယံ ချမ်းသာပြီး Li ဟာ CK Hutchison Holdings လုပ်ငန်းစုကြီးရဲ့ပဲ့ကိုင်ရှင်ပါ။လီ ဟာ လက်လီလက်ကားဆိုင်ကြီးတွေရဲ့ ပိုင်ရှင်ဖြစ်သလို ကျန်းမာရေးနှင့် အလှအပ ပစ္စည်းဆိုင်ရာ ဖြန့်ချီသူကြီးဆိုရင်လဲ မမှားပါဘူး။
၁။ အကယ်၍ သင်သာ စိတ်ကောင်းနှလုံးကောင်းမရှိလျှင်သင် ဘယ်တော့ မှ အောင်မြင်မည်မဟုတ်ပါ။
၂။ သင့်စိတ်ဓာတ်နှင့် သင့်လုပ်ငန်းစုရဲ့ ကောင်းမွန်တဲ့ ဂုဏ်သိက္ခာဟာ ငွေစာရင်းမှာ ဖော်ညွှန်း တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါ။
၃။ မြေတွေကို ဝယ်ယူခြင်းဟာ ရှေးဟောင်းပစ္စည်းတွေကို ဝယ်ယူထားမိသလိုရောင်းချရခက်သော ကိစ္စရပ်မျိုးမဟုတ်ပါဘူး။
၄။ အမြင်ကောင်းတွေက ကျွန်တော်တို့အတွက် ခွန်အားပါ၊ပိုပြီးတော့ ကြံခိုင်လာစေတယ်၊ သင့်အမြင်တွေကိုပုံမသွင်းသင့်ပါဘူး။
၅။ ကျွန်တော်ကံမကောင်းခဲ့ဘူး , ကျွန်တော့်ရည်မှန်းချက်တွေ အောင်မြင်ဖို့ အလုပ်ပဲကြိုးစားခဲ့တယ်၊ကိုယ့်ကိုပုံသွင်းမိခဲ့တယ်။
၆။ အကယ်၍ သင်ဟာ Feng shui သဘောတရားကို ယုံကြည်ချင်တယ်ဆိုယုံကြည်လို့ရပါတယ်၊ တချို့လူတွေကတော့ ကံတရားကို ပုံအပ်နေကြတာမျိုးလည်းရှိတယ်။
၇။ သင့်ကိုသင် ဂရုစိုက်ပါ ၊ အကောင်းဆုံးတွေက သင့် အတွက်ဖြစ်ပါစေ၊ဒါမှသာ သင်ကိုယ်တိုင် မဖြစ်နိုင်သေးတာတွေကို ဖြစ်နိုင်အောင်လုပ်ချင်လာပါလိမ့်မယ်။
၈။ သင်အမြဲ အရှေ့ကို ကြိုတွေးပါ၊ အမြင်ကျယ်ပေးပါ ဒါဟာ ကျွန်တော့်ရဲ့ခံယူချက်ပဲ။
၉။ ဂုဏ်သတင်းဆိုတာ အောင်မြင်ခြင်းအတွက်သော့ချက်တွေပါပဲ၊ သင့်ကို အားပေးတဲ့ ဖောက်သည်တွေ အပေါ်သစွာရှိပါ။
၁၀။ သင်ဟာ ဘယ်လောက်ပဲ အောင်မြင်နေနေ လူအများကို ညှာတာ စိတ်ထားပါ၊ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုတည်ဆောက်ပါ။
၁၁။ အကယ်၍ သင်သာ ကြိုတင်ပြင်ဆင်တတ်မယ်ဆို သင့်မှာဆိုးရိမ်ကြောင့်ကျမှု့ကင်းဝေးနေမယ်။
ယခုရေးသားဖော်ပြသော လီကာရှင်း ရဲ့ အောင်မြင်ရေးနည်းလမ်း ၁၁ ချက် မှာ လူတိုင်းလိုက်နာကျင့်သုံးရန်သင့်သော အချက်များဖြစ်ပါတယ်။
ဘဝကိုတွေဝေနေမဲ့အစား ယခုကတည်းက ထိုအချက်များကိုစတင်လိုက်နာကြပါလို့ တိုက်တွန်းချင်ပါတယ်။
<<< Zawgyi >>>
-------------------------------------------------------------------------
Ref : Life Hacks