Wednesday, 01 April 2020 09:24

အောင်မြင်သူတို့ ကျူးလွန်လေ့မရှိသောအမှားများ

ကျွန်တော်တို့ ဖြတ်သန်းလာသောဘဝခရီး တစ်လျှောက်တွင် အလုပ်တော်တော်များများလုပ်ခဲ့ဖူးပါလိမ့်မယ်။ အဲ့လို ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်တွင်လည်း လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ဖူးကြမှာပါ။

Wednesday, 22 January 2020 12:40

ထက်မြက်ထူးချွန်တဲ့ လူငယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဘာလိုskill တွေလိုအပ်သလဲ

အသက်၂၀ ကျော် လာပြီဆိုတာနဲ့ တချို့ကလည်း ဘွဲ့ရ၊တချို့ကလည်း၊ လုပ်ငန်းခွင်တွေဝင်နေကြပါပြီ။

Saturday, 15 June 2019 14:49

"ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် (၆) ချက်"

အမျိုးသမီးတစ်ယောက်ဟာ လွတ်လပ်ပြီး ထက်မြက်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်ကလေးများကို ဖော်ပြပေးလိုက်ပါတယ်။

Saturday, 15 June 2019 11:20

"သင်ဟာ တစ်နေ့အောင်မြင်မယ့်သူဆိုတာ ရှေ့ပြေးပြသနေတဲ့ လက္ခဏာများ"

ဘဝမှာကိုယ်ဟာ ကြိုးစားနေသူတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ အရာမထင်ဘူးလို့ ခံစားရတဲ့အချိန်တွေရှိမှာပါ။

Monday, 29 April 2019 16:49

"ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်တော့မှမလုပ်သင့်တဲ့အချက် (၂၀)"

၁။ အနိုင်လိုချင်စိတ် လွန်ကဲခြင်း။

Monday, 08 April 2019 16:55

ဘဝမှာဒီအချက်တွေကိုမဖြစ်မနေလုပ်ပါ

လူတစ်ယောက်ဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေသည်ဖြစ်စေ မိမိဘဝတိုးတက်ဖို့ အတွက်ကြိုက်သလိုဆုံးဖြတ်ခွင့်၊ စဉ်းစားခွင့်တွေ ရှိပါတယ်။ အလုပ်တစ်ခုလုပ်သည်ဖြစ်စေ၊ မိမိတစ်ဘဝလုံးစာ

တွက်ပဲဖြစ်စေဒီအချက်လေးတွေကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။

 

>>ရည်ရွယ်ချက်ထားပါ<<

ဥပမာ .အလုပ်တစ်ခု လုပ်မယ်ဆိုပါစို့ ။ ဒီအလုပ်ကို ဘယ်လောက်ထိအောင်မြင်အောင်လုပ်မယ်၊ ဘယ်လိုအောင်မြင်အောင်လုပ်မယ်.အစရှိသဖြင့်ပေါ့။ အဲ့ လိုမှမဟုတ်ဘူးဆိုရင်တော့ အလုပ်သာလုပ်နေတယ်.ဘာမှတိုးတက်မှုမရှိပဲ သဲထဲရေသွန်သလိုဖြစ်နေပါလိမ့်မယ်။

 

>>အစီစဉ်ချပါ<<

မိမိလုပ်နေတဲ့အလုပ်တစ်ခုကို ဘာပီးရင်ဘာလုပ်မယ်။ ဘယ်အရာကဘယ်နေရာမှာသင့်တော်မယ်။ လုပ်ငန်းတစ်ခုလုပ်နေသူ မှမဟုတ်ပါဘူး ဘယ်သူပဲဖြစ်ဖြစ် ဘဝအစီစဉ်တွေချသင့်ပါတယ်။

ဥပမာ ..အသက် ၂၀ လောက်ထိပညာကိုလေ့လာမယ်၊ အသက် ၂၀ ကျော်ရင် လုပ်ငန်းခွင်ဝင်ပြီး.အလုပ်နဲ့ ပက်သက်တာတွေလေ့လာမယ်။ အသက် ၃၀ ကျော်ရောက်ရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်ရမယ် အစရှိသဖြင့်ပေါ့။

 

>>အာရုံစိုက်မှုမှန်ကန်ပါ<<

ကိုယ်မသိသေးတဲ့အရာတစ်ခုကိုစူစမ်းချင်ရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ပင်ကိုယ် အရည်ချင်းကိုတိုးတက်လာအောင်လုပ်ချင်လို့ ပဲဖြစ် ဖြစ် အသစ်အသစ်သော အရာတွေကို အတွေ့ အကြုံယူ စူးစမ်းချင်တာမျိုး ဖြစ်လာမယ်ဆိုရင် ပျောက်ပျက်မသွားအောက်ထိန်းသိမ်းထားရပါမယ်။ ဒီအဆင့်ပြီးရင်တော့ သေချာလေ့လာဖြစ်အောင်လုပ်ရပါမယ်။ ကိုယ့်မှာ အသိပညာတွေတိုးတက် လာတဲ့အပေါ်မှာပဲအာရုံစိုက်ပါ။

တခြားလူတွေသက်မှတ်ပေးတဲ့ရလဒ်အပေါ်အာရုံမစိုက်ပါနဲ့ ။ရလဒ်ပေါ်မှာအာရုံစိုက်မိတဲ့အခါ စိတ်အားထက်သန်မှုက အချိန်မခါ မဟုတ်ပဲရွာတဲ့မိုးလို ခဏလေးနဲ့ပီးသွားပါလိမ့်မယ်၊ စဉ်စက်မပျက် ကိုယ့်အရည်အချင်းတွေကို တိုးတက်အောင်ပဲအာရုံစိုက်ထားပါ။

 

>>အလုပ်ကိုပြင်းပြန်ထန်ထန်ကြိုးစားလုပ်ပါ<<

မိမိလုပ်တဲ့အလုပ်တစ်ခုကို မခိုမကပ် ပဲကြိုးစားလုပ်ပါ။"အလုပ်ကြိုးစား တဲ့အခါဂုဏ်ယူတယ်။စိတ်ကျေနပ်မှုခံစားရတယ်။ စိတ်ကျေနပ်မှုက အလုပ်ကိုနှစ်သက်လာစေတယ်။ အလုပ်ကြိုးစားချင်းက နာမည်ကောင်းလဲရစေတယ်။"

 

>>အောင်မြင်မှုရယူပါ<<

မိမိလုပ်တဲ့ဘယ်အလုပ်မဆို အောင်မြင်မှုရယူနိုင်အောင်လုပ်ပါ။ အလုပ်ကြီး၊ အလုပ်ငယ်မခွဲခြားပဲ အလုပ်တိုင်းမှာအောင်မြင်အောင်လုပ်ပါ။

 

>>မိမိကိုယ်ကို နှိမ့်ချပါ။<<

မိမိရဲ့ အယူအဆ၊နေရာကို မပြောင်းလဲဘဲ မနေဘဲ တစ်ဖက်သားပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီးနောက်ပြန်ဆုတ်ပါ။ အရိုအသေတန်မှာ အရှက်ရမှာ မစိုးရိမ်ပါနဲ့။ သင်ဟာ တယူသန် ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။သူတပါးအား မထီမဲ့မြင် မလေးမစား ပြုမူ မဆက်ဆံပါနဲ့။ မိမိအတွက်လည်း မကောင်းပါ။ ပြဿနာတစ်ခုခုရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်ပါ။ရန်စကို ထိန်းချုပ်ပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဆန့်ကျင် တိုက်ခိုက်လာရင်လည်း ချက်ချင်း မတုံ့ပြန်ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှားပါလာတတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့် အရေး ရလာပါလိမ့်မယ်။