Thursday, 18 April 2019 15:33

”ကိုလူပျင်းနဲ့ ခြေနှစ်ဖက်ပြတ် ဝံပုလွေ” ပုံပြင်ကပေးသွားတဲ့ သင်ခန်းစာ

တစ်ခါက ရွာတစ်ရွာမှာ အရမ်းပျင်းတဲ့ ကိုလူပျင်းတစ်ယောက်ရှိသတဲ့။

Wednesday, 10 April 2019 16:18

``ဓားတိုနေရင် ဓားရှည်မတောင်တနဲ့ ရှေ့တစ်လှမ်း တိုးခုတ်ပါ´´

"အားနည်းချက်က အင်အားကိုမချိနဲ့စေဘူးအားငယ်စိတ်ကသာ အားနည်းစေတာပါ"

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကိုစွယ်စုံဆင်လို့ခေါ်တယ်၊ အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။ ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့နှာမောင်းကိုသန်အောင်လုပ်ရတယ် သူ့မှာနှာမောင်းပဲအားကိုစရာရှိတော့တာကို။

တောထဲမှာစွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ် အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်သစ်လုပ်သားတွေကပြောဖူးတယ်...တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင် ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့ ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရိုးတောင်ထင်တယ်တဲ့ ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့ သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်ပါ။

ပြောချင်တာက.."သင်တို့မှာ ဘာချို့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့ တစ်ဖက်မှာအားနည်းရင်တစ်ဖက်ဖက်မှာအားသာလာအောင်ကြိုးစားကြ ။" အထက်ပါစကားသည် ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်တယ်။

အားနည်းချက်တွေရှိပေမယ့် လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ အနည်းငယ် ထုတ်ပြချင်ပါတယ်

မီးသီးကိုစတင်တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်ဟာ ကျောင်းစာအရမ်းညံ့တယ် ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ် နောက်ဆုံးမှာ စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊ ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့ သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်..အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်

ဒါပေမယ့်သူဝါသနာထုံတဲ့ တီထွင်မှုကို တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်းသိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်

နီကိုလပ်စ်ဂျိမ်းဗျူဂျက်ဆစ် သူကမွေးကတည်းက ခြေလက်လေးဘက်စလုံးမပါဘူး လူစင်မမှီတဲ့ခြေထောက်အတိုလေးပါတယ်အဲ့ခြေထောက်နဲ့ ကွန်ပြူတာကိုင်တယ် စာရေးတယ် အသက် ၂၁မှာ စီးပွားရေးကုန်သွယ်ဘွဲ့ကိုရတယ် စာအုပ် ၇အုပ်တိတိလည်းရေးသားထုတ်ဝေခဲ့တယ် လူငယ်တွေအတွက်လည်း ဟောပြောပွဲတွေမှာ ဟောပြောမှုတွေလုပ်ခဲ့တယ်.

ဘုရားဇီးသမ္မတဟောင်း လူလာဒါဆီလ်ဗား သူများဖိနပ်ကိုအငှါးတိုက်ပေးတဲ့ကလေးဘဝကနေ သမ္မတဖြစ်ခဲ့တယ်

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ လက်နှစ်ဖက်မပါဘူး သူရဲ့အားထုတ်မှုကြောင့် ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ အသုံးပြုလို့ရခဲ့တယ်. သိပ္ပံဘွဲ့ရတယ်အံ့အားသင့်စရာအကောင်းဆုံးက လေယဉ်မှုးဖြစ်သွားတာပဲ လက်မပါတဲ့လေယဉ်မှူးတဲ့ဗျာ သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်နိုင်ဘူး လူတွေရဲ့တံတွေးခွက်ထဲကနေ သူတို့တွေကြိုးစားခဲ့ရပုံတွေကတော့ သူတို့တွေရဲ့ အထုပ္ပတ္တိသာဖတ်ကြည့်ပါ.

ကျွန်တော်ပြောချင်တာက အားနည်းချက်ကိုယ်စီရှိပေမယ့် ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ လောကကြီးမှအများကြီးပါပဲလွယ်လွယ်နဲ့မရပါဘူးသူများခြေတစ်လှမ်း လှမ်းရင် သူတို့နှစ်လှမ်းလှမ်းရတယ်အားနည်းချက်၊ ချို့ယွင်းချက်ကြောင့်စိတ်ပျက်အားငယ်နေမယ်ဆိုရင် အင်အားချိနဲ့နေယုံပဲရှိမှာပါ

ခင်ဗျားအတွက်နေရာကောင်းတစ်ခုရှိပါတယ်."အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး ။ အားငယ်စိတ်ကသာ အားနည်းစေတာပါပြဿနာကပြဿနာမဟုတ်ဘူပြဿနာကိုမဖြေရှင်းတတ်တာဖြေရှင်းနိုင်မယ့်နည်းလမ်းမရှာတာကသာပြဿနာအစစ်ပါ။

ထိပ်တန်းကိုရောက်နေသူတိုင်းဟာ ဥုံဖွဆိုပြီးဖြစ်လာတာမဟုတ်ဘူးသူတို့လည်းအခက်အခဲတွေကြားကကုန်းရုန်းထခဲ့တဲ့သူတွေချည်းပါပဲ ဘဝမှာအောင်မြင်သူဖြစ်ချင်ရင် ရိုးရိုးကန်မရရင် ရုန်း၍သာကန်ပစ်လိုက်ပါ။ သင်အောင်မြင်မှာပါ..

သင့်ရဲ့ ဘဝကို ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး ပွဲတစ်ပွဲရဲ့အဖြေဟာ သင့် လက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်

" ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ "

Credit to original writer.

source အတွေးအမြင်​အယူအဆ

ခရီးသည်

Monday, 08 April 2019 16:55

ဘဝမှာဒီအချက်တွေကိုမဖြစ်မနေလုပ်ပါ

လူတစ်ယောက်ဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေသည်ဖြစ်စေ မိမိဘဝတိုးတက်ဖို့ အတွက်ကြိုက်သလိုဆုံးဖြတ်ခွင့်၊ စဉ်းစားခွင့်တွေ ရှိပါတယ်။ အလုပ်တစ်ခုလုပ်သည်ဖြစ်စေ၊ မိမိတစ်ဘဝလုံးစာ

တွက်ပဲဖြစ်စေဒီအချက်လေးတွေကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။

 

>>ရည်ရွယ်ချက်ထားပါ<<

ဥပမာ .အလုပ်တစ်ခု လုပ်မယ်ဆိုပါစို့ ။ ဒီအလုပ်ကို ဘယ်လောက်ထိအောင်မြင်အောင်လုပ်မယ်၊ ဘယ်လိုအောင်မြင်အောင်လုပ်မယ်.အစရှိသဖြင့်ပေါ့။ အဲ့ လိုမှမဟုတ်ဘူးဆိုရင်တော့ အလုပ်သာလုပ်နေတယ်.ဘာမှတိုးတက်မှုမရှိပဲ သဲထဲရေသွန်သလိုဖြစ်နေပါလိမ့်မယ်။

 

>>အစီစဉ်ချပါ<<

မိမိလုပ်နေတဲ့အလုပ်တစ်ခုကို ဘာပီးရင်ဘာလုပ်မယ်။ ဘယ်အရာကဘယ်နေရာမှာသင့်တော်မယ်။ လုပ်ငန်းတစ်ခုလုပ်နေသူ မှမဟုတ်ပါဘူး ဘယ်သူပဲဖြစ်ဖြစ် ဘဝအစီစဉ်တွေချသင့်ပါတယ်။

ဥပမာ ..အသက် ၂၀ လောက်ထိပညာကိုလေ့လာမယ်၊ အသက် ၂၀ ကျော်ရင် လုပ်ငန်းခွင်ဝင်ပြီး.အလုပ်နဲ့ ပက်သက်တာတွေလေ့လာမယ်။ အသက် ၃၀ ကျော်ရောက်ရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်ရမယ် အစရှိသဖြင့်ပေါ့။

 

>>အာရုံစိုက်မှုမှန်ကန်ပါ<<

ကိုယ်မသိသေးတဲ့အရာတစ်ခုကိုစူစမ်းချင်ရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ပင်ကိုယ် အရည်ချင်းကိုတိုးတက်လာအောင်လုပ်ချင်လို့ ပဲဖြစ် ဖြစ် အသစ်အသစ်သော အရာတွေကို အတွေ့ အကြုံယူ စူးစမ်းချင်တာမျိုး ဖြစ်လာမယ်ဆိုရင် ပျောက်ပျက်မသွားအောက်ထိန်းသိမ်းထားရပါမယ်။ ဒီအဆင့်ပြီးရင်တော့ သေချာလေ့လာဖြစ်အောင်လုပ်ရပါမယ်။ ကိုယ့်မှာ အသိပညာတွေတိုးတက် လာတဲ့အပေါ်မှာပဲအာရုံစိုက်ပါ။

တခြားလူတွေသက်မှတ်ပေးတဲ့ရလဒ်အပေါ်အာရုံမစိုက်ပါနဲ့ ။ရလဒ်ပေါ်မှာအာရုံစိုက်မိတဲ့အခါ စိတ်အားထက်သန်မှုက အချိန်မခါ မဟုတ်ပဲရွာတဲ့မိုးလို ခဏလေးနဲ့ပီးသွားပါလိမ့်မယ်၊ စဉ်စက်မပျက် ကိုယ့်အရည်အချင်းတွေကို တိုးတက်အောင်ပဲအာရုံစိုက်ထားပါ။

 

>>အလုပ်ကိုပြင်းပြန်ထန်ထန်ကြိုးစားလုပ်ပါ<<

မိမိလုပ်တဲ့အလုပ်တစ်ခုကို မခိုမကပ် ပဲကြိုးစားလုပ်ပါ။"အလုပ်ကြိုးစား တဲ့အခါဂုဏ်ယူတယ်။စိတ်ကျေနပ်မှုခံစားရတယ်။ စိတ်ကျေနပ်မှုက အလုပ်ကိုနှစ်သက်လာစေတယ်။ အလုပ်ကြိုးစားချင်းက နာမည်ကောင်းလဲရစေတယ်။"

 

>>အောင်မြင်မှုရယူပါ<<

မိမိလုပ်တဲ့ဘယ်အလုပ်မဆို အောင်မြင်မှုရယူနိုင်အောင်လုပ်ပါ။ အလုပ်ကြီး၊ အလုပ်ငယ်မခွဲခြားပဲ အလုပ်တိုင်းမှာအောင်မြင်အောင်လုပ်ပါ။

 

>>မိမိကိုယ်ကို နှိမ့်ချပါ။<<

မိမိရဲ့ အယူအဆ၊နေရာကို မပြောင်းလဲဘဲ မနေဘဲ တစ်ဖက်သားပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီးနောက်ပြန်ဆုတ်ပါ။ အရိုအသေတန်မှာ အရှက်ရမှာ မစိုးရိမ်ပါနဲ့။ သင်ဟာ တယူသန် ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။သူတပါးအား မထီမဲ့မြင် မလေးမစား ပြုမူ မဆက်ဆံပါနဲ့။ မိမိအတွက်လည်း မကောင်းပါ။ ပြဿနာတစ်ခုခုရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်ပါ။ရန်စကို ထိန်းချုပ်ပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဆန့်ကျင် တိုက်ခိုက်လာရင်လည်း ချက်ချင်း မတုံ့ပြန်ပါနဲ့။ ဒေါသထွက်ရင် စကားထဲက အမှားပါလာတတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့် အရေး ရလာပါလိမ့်မယ်။