×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 21 July 2017

ရေဒီယိုကနေ အင်္ဂလိပ်စာလေ့လာကြရအောင်

ရေဒီယိုကနေ အင်္ဂလိပ်စာလေ့လာကြရအောင် google.com

သင့်အနေနဲ့ ကိုယ်ဘယ်တော့မှ ပြီးအောင်မဖတ်နိုင်တဲ့ အင်္ဂလိပ်စာအုပ်တွေတပုံကြီးနဲ့ မဖတ်ဖြစ်ဘဲ စိတ်ပျက်နေပါသလား။ ဒါမှမဟုတ်လည်း ကွန်ပြုတာအရှေ့ မှာ တစ်နေ့ ကို ၈ နာရီလောက်ထိုင်ပြီး လေ့လာနေတာတောင်မှ ကိုယ့်အတွက် မလုံလောက်သေးသလို ဖြစ်နေလား။

ဒါဆိုရင်တော့ သင့်အနေနဲ့ အင်္ဂလိပ်စာကို ရေဒီယိုကနေတဆင့်ပဲ လေ့လာသင့်နေတဲ့အချိန်ရောက်လာပြီ ဆိုရပါမယ်။ ဒီအလေ့အကျင့်က သင့်ပြဿနာတွေအားလုံးအတွက် လွယ်ကူရိုးရှင်းပြီး ဘယ်အချိန် ၊ ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့ အဖြေတစ်ရပ်ဖြစ်လာပါမယ် ။ ဒီနည်းက ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကို သိရင် တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့နည်းလည်း ဖြစ်ပါတယ်။

သင့်အကြိုက်ဆုံး ခေါင်းစဉ်အကြောင်းအရာတွေကနေ စတင်လေ့လာပါ

နည်းစနစ်အသစ်တစ်ခုကို ချက်ချင်းအကျွမ်းတဝင်ဖြစ်သွားဖို့ ကတော့ မလွယ်ဘူးပေါ့။ ဒါ့ကြောင့်ပဲ သင်ဟာအင်္ဂလိပ်စာလေ့လာရေးလုပ်တဲ့အခါ ကိုယ့်အကြိုက်ဆုံးခေါင်းစဉ်တွေဖြစ်တဲ့ ဥပမာ ဂီတ ၊ ဖျော်ဖြေရေး ၊ ခရီးသွားလုပ်ငန်းစသဖြင့် အဲ့ဒီခေါင်းစဉ်အကြောင်းအရာတွေကို စတင်လေ့လာသင့်ပါတယ်။ နည်းနည်းကြာလာရင်တော့ ဒီအကြောင်းတွေအပြင် နိုင်ငံရေး ၊ မိုးလေဝသ ခန့်မှန်းချက်နဲ့ အားကစား အကြောင်းတွေ တင်ဆက်တဲ့ အခြားရေဒီယို ကွန်ရက်လိုင်းတွေကို စမ်းနားထောင် ကြည့်သင့်ပါတယ်။ သင့်မှာ အချိန်အကန့် အသတ်ရှိတာတို့၊ ရေဒီယိုလက်ထဲမရှိတာတို့ ဆိုရင်လည်း အခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်နားထောင်နိုင်တဲ့၊ ရုပ်သံလိုင်းတွေလိုပဲ အကြောင်းအရာ ကဏ္ဍစုံထုတ်လွှင့်ပေးနေတဲ့ အွန်လိုင်းရေဒီယိုတွေကို နားထောင်နေနိုင်ပြီ ဖြစ်ပါတယ်။ Google မှာ ရှာဖွေချင်ရင်လည်း keywords တွေဖြစ်တဲ့ “English + radio + (topic)” စသဖြင့်ခေါင်းစဉ်ရိုက်ထည့်ပြီး ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။

ကိုယ့်အင်္ဂလိပ်စာအဆင့်နဲ့ သင့်တော်တဲ့ အစီအစဉ်ကို ရွေးချယ်ပါ

သင့်အနေနဲ့ မူရင်းအင်္ဂလိပ်စကားပြောသူ native speakers တွေရဲ့ အသံထွက်ကို နားလည်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်လည်း ဘာသာစကား လေ့လာလိုသူတွေအတွက် ရိုးရိုးရှင်းရှင်း သတင်းတွေကို တင်ဆက်တဲ့ ရေဒီယိုလိုင်းတွေကို ဦးစားပေးလေ့လာသင့်ပါတယ်။ သင် ဦးစားပေး စဉ်းစားသင့်တဲ့ရေဒီယိုလိုင်းနှစ်ခုကတော့ BBC news နဲ့  VOA (Voice of America) တို့ ဖြစ်ပါတယ်။ ဒီရေဒီယိုလိုင်းတွေမှာက အင်္ဂလိပ်စာအဆင့်အမျိုးမျိုးနဲ့  ထုတ်လွှင့်နေပြီး သင့်အင်္ဂလိပ်စကား နားထောင်နိုင်စွမ်းအရည်အသွေး တိုးတက်လာတာနဲ့ အမျှ အဆင့် level ကို ခက်ခဲတဲ့အဆင့်တွေအထိ တဖြည်းဖြည်းတိုးမြှင့် နားထောင်ပြီး လေ့လာနိုင်ပါတယ်။ အခုမှ အင်္ဂလိပ်စာကို အသစ်အနေနဲ့ လေ့လာလိုသူတွေအတွက်ကတော့ “radio news for kids”ဆိုပြီး ရှာကြည့်ပါ။ သင် စိတ်ပိုင်းဖြတ်ပြီး အလေးထားပြီး လေ့လာနိုင်သမျှကာလပတ်လုံး  ရေရှည်အတွက်ဆိုရင် ဒီလိုနားထောင်တာက လုံးဝအဆင်ပြေစေပြီး အခုမှ အနိမ့်ဆုံးအဆင့်က စတင်လေ့လာမယ့်သူတွေအတွက်ကောင်းပါတယ်။

READ - အင်္ဂလိပ်စာ လေ့လာသူများ အသံအနိမ့်အမြင့် မှန်ကန်တိုးတက်အောင် ဘယ်လိုလုပ်မလဲ???

 

ဝက်ဘ်ဆိုက်မှာ ပြန်နားထောင်ခြင်း

ရေဒီယိုလိုင်းအများစုဟာ အခုဆိုရင် သူတို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကိုလည်း အင်တာနက်ပေါ် လွှင့်တင်ထားလာကြပါတယ်။ အဲ့ဒီနေရာတွေမှာ သင့်အနေနဲ့ ရေဒီယိုအစီအစဉ်တွေ သတင်းတွေကို အချိန်မရွေး ပြန်နားထောင်နိုင်ပါတယ် ။ သင်အလုပ်များလို့ အချိန်မပေးနိုင်တဲ့အခါ အစီအစဉ်တွေကို လွတ်သွားမှာစိတ်ပူစရာ မလိုပါဘူး။အင်တာနက်ကနေ ရေဒီယိုအစီအစဉ်တွေကို အချိန်မရွေးပြန် နားထောင်လို့ ရပါတယ်။ ပိုအရေးကြီးတာကတော့ ဝက်ဘ်ဆိုက်ထဲမှာ အင်္ဂလိပ်စကားနားထောင် နိုင်စွမ်းရည်လေ့ကျင့်တာက သင့်အတွက် အင်္ဂလိပ်စာလေ့လာရေးကို တကယ့်ကို အထောက်အကူ ရပါတယ်။ တချို့သော ရေဒီယိုအစီအစဉ်တွေက (အနည်းဆုံး မိတ်ဆက်စာသားတွေ ဖေါ်ပြထားတာ ပါသလို ) ပြောစကားအားလုံးကို စာနဲ့ ပြန်ဖေါ်ပြထားတွေလည်း ပါတာမို့ သတင်းတွေကို နားထောင်ရင်း စာကိုလည်းလျင်မြန်စွာဖတ်နိုင်တာမို့ အထောက်အကူရပါတယ် ။ ဒီအချက်ဟာ အခုမှစတင် လေ့လာသူ  beginners တွေနဲ့ အင်္ဂလိပ်စကားကို အချိန်အကြာကြီး ပြောဆိုခဲ့ဖူးခြင်းမရှိသူတွေအတွက် အပိုဆုပါ ။

 

READ - အပျင်းလည်းပြေ ဗဟုသုတလည်းရ အင်္ဂလိပ်စာလည်း လေ့လာပြီးသားဖြစ်အောင် English novel လေးတွေဖတ်ကြမယ်~~~~

 

နေ့ စဉ် လက်တွေ့ လေ့ကျင့်ခြင်း

သင့်အနေနဲ့ အင်္ဂလိပ်စာနဲ့ပိုပြီး အကျွမ်းတဝင်ဖြစ်ချင်ရင် ရေဒီယိုကို နေ့တိုင်းနားထောင်တဲ့ အလေ့အကျင့်လုပ်ရပါမယ်။ တစ်နေ့ကို ၁-၂ နာရီလောက်အထိ လုပ်စရာမလိုပါဘူး။ တစ်နေ့ကို ၁၅ မိနစ်အချိန်လောက်ပဲနားထောင်ရုံနဲ့ လုံလောက်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်အနေနဲ့ အင်္ဂလိပ်စကားကို ရေဒီယိုကနေ နားထောင်တဲ့အကျင့်တစ်ခုကို တည်ဆောက်မိပြီးသားဖြစ်သလို ၊ ပျော်စရာတောင်ကောင်းလာတာကို တွေ့နိုင်မှာဖြစ်ပါတယ် ။ အင်္ဂလိပ်စာလေ့လာရေးဟာ ခရီးစဉ် တစ်ခုဖြစ်တယ်ဆိုတာ သတိရပါ။ သင့်အနေနဲ့ ကိုယ့်အကြိုက်ဆုံး ရေဒီယိုအစီအစဉ်ကို နားထောင်နေရချိန်မှာ သင်ကိုယ်တိုင်ဘယ်လောက်တောင်မှ စိတ်အားထက်သန်နေတယ် ဆိုတာကိုလည်း နားလည်နိုင်မယ် မဟုတ်ပါဘူး။

အသုံးများသောစကားလုံးများကို ချရေးထားပါ

နောက်ဆုံးမှာတော့ သင်ဟာ အင်္ဂလိပ်စာကို ပိုပြီးလေ့လာလာတာနဲ့ အမျှ ၊ ထပ်ခါထပ်ခါနားထောင်ရင်း မှတ်မိတဲ့စကားလုံးတွေကလည်း ပိုများလာပါလိမ့်မယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ အကြောင်းအရာ ကဏ္ဍတစ်ခုချင်းစီတိုင်းဟာ သူ့ကိုယ်ပိုင်အသုံးများတဲ့စကားလုံး ၊ ပုဒ်စုတွေရှိသလို သတင်းတင်ဆက် နေကျသတင်းထောက်တွေကလည်း ဒီအတိုင်းပဲ သုံးနေကျစကားလုံးတွေကို ထပ်ခါထပ်ခါ သုံးတတ် ကြလို့ပါ။ဒီတော့ ဒီလိုသော့ချက်စကားလုံးတွေကို မှတ်စုချရေးထားဖို့ သေချာလုပ်ရင် ဒီစကားလုံးတွေက တကယ့်လက်တွေ့ အခြေအနေတွေဖြစ်တဲ့ သူငယ်ချင်းတွေနဲ့အတူ လူကြိုက်များနာမည်ကြီး နေတဲ့ သီချင်းတွေအကြောင်း ဆွေးနွေးခြင်း ၊ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေ ခရီးထွက်ရင် လမ်းညွှန်ပေးနိုင်ခြင်း စတဲ့ တကယ့်လက်တွေ့ အခြေအနေတွေမှာလည်း အသုံးတည့်တာကို တွေ့ ရပါမယ် ။ အင်္ဂလိပ်စာကို ရေဒီယိုက လေ့လာတာဟာ ကောင်းပါတယ် ။ ဒါပေမဲ့ ပိုကောင်းတာက အဲ့ဒီအသိပညာကို ကိုယ့်ရဲ့နေ့စဉ်ဘဝ ထဲမှာလည်းအသုံးချနိုင်တာပါ ။ ဒီနည်းဟာဖြင့် တစ်နေ့ ချင်းတစ်နေ့ ချင်းမှာ သင့်အင်္ဂလိပ်စာအဆင့် ဘယ်လိုမြင့်မားလာတယ်ဆိုတာကို အတိအကျပြသမှာ ဖြစ်ပါတယ်။

credit;wallstreetenglish

Read times Last modified on Saturday, 28 December 2019 13:45
Rate this articles
(2 votes)